၂၂ ဧပြီ ၂၀၂၁ - ၁၉:၂၃
မြန်မာ့ အကျပ် အတည်း ဖြေရှင်း မလား သို့မဟုတ် အာဆီယံ ရဲ့ပထမဆုံး ကျရှုံး နိုင်ငံ အဖြစ်ခံ မလားလို့  ဒေသ တွင်း ခေါင်းဆောင်တွေ ကို မလေး အကြံပေး အဖွဲ့ သတိပေး

ဒီတစ်ပတ် ဂျာကာတာမှာ ကျင်းပပြုလုပ်သွားမဲ့ စည်းဝေးပွဲမှာ ပြင်းထန်ထိရောက်တဲ့ခေါင်းဆောင်ပိုင်းဆုံးဖြတ်ချက်တွေချမှတ်သွားဖို့နဲ့ အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်တန့်ဖို့ တောင်းဆိုမှုတွေဟာ အာဆီယံခေါင်းဆောင်တွေ အတွက် ထိပ်တန်းဦးစားပေးတွေဖြစ်ရမှာဖြစ်ပြီး အဲ့လိုမှမဟုတ်ရင် မြန်မာနိုင်ငံဟာ ဒေသတွင်းရဲ့ပထမဆုံးကျရှုံးနိုင်ငံဖြစ်လာလိမ့်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားအကြံပေးအဖွဲ့က ပြောကြားခဲ့ပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ



ဒီတစ်ပတ် ဂျာကာတာမှာ ကျင်းပပြုလုပ်သွားမဲ့ စည်းဝေးပွဲမှာ ပြင်းထန်ထိရောက်တဲ့ခေါင်းဆောင်ပိုင်းဆုံးဖြတ်ချက်တွေချမှတ်သွားဖို့နဲ့ အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်တန့်ဖို့ တောင်းဆိုမှုတွေဟာ အာဆီယံခေါင်းဆောင်တွေ အတွက် ထိပ်တန်းဦးစားပေးတွေဖြစ်ရမှာဖြစ်ပြီး အဲ့လိုမှမဟုတ်ရင် မြန်မာနိုင်ငံဟာ ဒေသတွင်းရဲ့ပထမဆုံးကျရှုံးနိုင်ငံဖြစ်လာလိမ့်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားအကြံပေးအဖွဲ့က ပြောကြားခဲ့ပါတယ်။


“မြန်မာနိုင်ငံရဲ့လက်ရှိမတည်မငြိမ်ဖြစ်နေမှုတွေကို ထုတ်ဖော်ပြောကြားခြင်းမရှိဘူးဆိုရင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေကိုပါ ရိုက်ခတ်လာတာကိုမြင်တွေ့ရနိုင်သလို နောက်ထပ်စော်ကားမှုတွေ ရာဇဝတ်မှုတွေ အမြောက်အများမြင်တွေ့ရနိုင်တယ်” လို့ အကြံပေးအဖွဲ့ဥက္ကဌ တန်ဆရီဆာယိဒ်ဟာမစ်အလ်ဘာက ပြောကြားခဲ့ပါတယ်။


“၁၉၆၇ခုနှစ်မှာ စတင်ထူထောင်ပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် အာဆီယံဟာ သူတို့ရဲ့အဖွဲ့ဝင်တစ်နိုင်ငံ ပြိုလဲပြီးကျရှုံးနိုင်ငံတစ်ခုဖြစ်လာနိုင်တဲ့ အခြေအနေတွေနဲ့ရင်ဆိုင်နေရပါတယ်။ နိုင်ငံကျရှုံးမှုသက်ရောက် မှုတွေဟာ မြန်မာနယ်စပ်တွေကိုကျော်လွန်ပြီး ဒေသတွင်းငြိမ်းချမ်းရေးနဲ့ လုံခြုံရေးပိုင်းအတွက် ရိုက်ခတ်မှုတွေနဲ့ အမှန်တကယ်ခြိမ်းခြောက်မှုဖြစ်လာပါလိမ့်မယ်” လို့ သူကပြောကြားခဲ့ပါတယ်။ “မြန်မာနိုင်ငံ ကျရှုံးနိုင်ငံမဖြစ်စေရေး ကာကွယ်တားဆီးဖို့ အာဆီယံရဲ့ချက်ခြင်းလုပ်ဆောင်ရမဲ့ ကာလရှည်ကြာအကျိုးစီးပွားဖြစ်ပါတယ်” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။


မြန်မာနိုင်ငံကအခြေအနေတွေ တည်ငြိမ်စေရေးနဲ့ ဒေသတွင်းတစ်ခုလုံးပေါ်မှာ အနုတ်လက္ခဏာဆောင်တဲ့သက်ရောက်မှုတွေကိုထုတ်ဖော်ပြောကြားရင်း မြန်မာနိုင်ငံကို တည်ငြိမ်ရေး ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးလမ်းကြောင်းပေါ်ပြန်လျှောက်ဖို့ ညွှန်ကြားဖို့ ပြင်းထန်ထိရောက်တဲ့ ဒေသတွင်းခေါင်းဆောင်ပိုင်းဆုံးဖြတ်ချက်တွေနဲ့ သံတမန်ရေးပိုင်း အရေးတကြီးလုပ်ဆောင်သွားဖို့ လိုအပ်ပါတယ် လို့ ဆာယိဒ်ဟာမစ်က ဒီကနေ့ထုတ်ပြန်ချက်ထဲမှာရေးသားခဲ့ပါတယ်။


“မြန်မာနိုင်ငံကအရပ်သားလူထုရဲ့လုံခြုံရေးနဲ့ သူတို့ကိုကာကွယ်ပေးဖို့က ဒီထိပ်သီးစည်းဝေးပွဲရဲ့ထိပ်တန်းဦးစားပေးဖြစ်ရပါမယ်” လို့ ဆာယိဒ်ဟာမစ်ကဆိုပါတယ်။ တပ်မတော်အစိုးရရဲ့ အုပ်စိုးမှုတွေဟာ ဒေသတွင်းတည်ငြိမ်ရေးကို သွယ်ဝိုက်ပြီးဂယက်ရိုက်ခတ်မှုတွေ ရှိတာကို အစည်းအဝေးအနေနဲ့နားလည်ထားဖို့နဲ့ နိုင်ငံထိခိုက်ပျက်ဆီးမှုတွေအတွက် သူတို့ကိုအရေးယူမှုတွေလုပ်ဆောင်ဖို့ သူတို့ကအကြံပေးခဲ့ပါတယ်။ “အဖွဲ့ဝင်နိုင်ငံကျရှုံးမှုဟာ ဒေသတွင်းတည်ငြိမ်ရေးအတွက်ဆိုးရွားတဲ့ခြိမ်းခြောက်မှုတစ်ခုဆိုတာ အာဆီယံအနေနဲ့ရှင်းရှင်းလင်းလင်းသိနားလည်ရပါမယ် တပ်မတော်အနေနဲ့တာဝန်ခံယူပြီး ဒီအကျပ် အတည်းပဋိပက္ခကိုဖြေရှင်းဖို့နဲ့ နောက်ထပ်အခြေအနေတွေပိုမိုဆိုးရွားလာခြင်းမရှိအောင် ကာကွယ်တားဆီးဖို့ အာဆီယံနဲ့ လက်တွဲလုပ်ဆောင်ရပါမယ်” လို့သူတို့ကဆိုပါတယ်။


ဒါ့အပြင်လူသားချင်းစာနာထောက်ထားရေးအစီအစဉ် မြန်မာနိုင်ငံတစ်ဝန်းအကောင်အထည်ဖော်လုပ်ဆောင်ဖို့ အခြေအနေတွေကိုခေတ္တရပ်ဆိုင်းဖို့နဲ့ ထိခိုက်သက်ရောက်မှုဒေသတွေက လိုအပ်တဲ့နေရာမှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်ဖို့ အာဆီယံအရေးပေါ်တုံ့ပြန်ရေးအသင်းအဖွဲ့စေလွှတ်ဖို့ ဆာယိဒ်ဟာမစ်က တောင်းဆိုခဲ့ပါတယ်။ အဲဒီထဲမှာ ကုလသမဂ္ဂ နိုင်ငံတကာကြက်ခြေနီအဖွဲ့တွေနဲ့ တစ်ခြားNGOs အဖွဲ့တွေကိုပါ ဝင်ရောက်ခွင့်ပြုသွားဖို့ပါ သူကတောင်းဆိုထားပါတယ်။ မြန်မာအရေးကြားဝင်စေ့စပ်ဖို့ အာဆီယံခေါင်းဆောင်တွေအတွက် နောက်ထပ်ခြေလှမ်းကတော့ ဒေသတွင်းအဖွဲ့ဝင်နိုင်ငံတွေနဲ့ စစ်အစိုးရတို့ကြား ပဏာ မဆွေးနွေးပြောဆိုဖို့ အထူးသံတမန်ခန့်အပ်သွားဖို့ပဲဖြစ်တယ် လို့ သူကဆိုပါတယ်။


“တည်ငြိမ်ရေး လူသားချင်းစာနာထောက်ထားရေး ဖွံ့ဖြိုးတိုးတက်ရေးအကူအညီတွေနဲ့ မြန်မာနိုင်ငံကစီးပွားရေးပြန်လည်နလံထူစေရေး အစီအစဉ်တွေအဖြစ် ဒေသတွင်းပုဂ္ဂလိကကဏ္ဍတွေအပါအဝင် အာဆီယံအနေနဲ့ ကုလနဲ့ နိုင်ငံတကာအသိုင်းအဝန်းနဲ့ထိပ်တိုက်ဆွေးနွေးအဖြေရှာသင့်ပါတယ်။ အရပ်သားတွေကိုကာကွယ်ပေးရေးနဲ့ မရှိမဖြစ်ဝန်ဆောင်မှုကဏ္ဍတွေပြန်လည် အကောင်အထည်ဖော်ဆောင်ရွက်မှုတွေဟာ ဒီအစီအစဉ်တွေရဲ့ အဓိကအကျဆုံးဦးစားပေးဖြစ်ရမယ်” လို့သူကအခိုင်အမာပြောကြားခဲ့ပါတယ်။


မြန်မာနိုင်ငံကျရှုံးမှုဟာ ဒေသတစ်ဝန်း ရာဇဝတ်မှုတွေမြင့်တက်လာစေနိုင်ကြောင်း အဲဒီထဲမှာ လက်နက်မှောင်ခိုသွင်းတာ မူးယစ်မှောင်ခို လူမှောင်ခို တရားမဝင်လောင်းကစားလုပ်ငန်းတွေ တရားမဝင် သားရိုင်းတိရစ္ဆာန်ကုန်သွယ်မှုတွေ တရားမဝင်သံယံဇာတကုန်သွယ်မှုတွေစတဲ့ မှောင်ခိုလုပ်ငန်းတွေမြင့်တက်လာနိုင်ကြောင်း သူကသတိပေးခဲ့ပါတယ်။ “အာဆီယံနိုင်ငံတွေနဲ့ တရုတ်နဲ့ အိန္ဒိယလိုနိုင်ငံတွေအနေနဲ့ ဒီလိုရာဇဝတ်မှုကွန်ရက်တွေမြင့်တက်လာနိုင်တာကို ကာကွယ်တားဆီးဖို့ အတူတကွလက်တွဲလုပ်ဆောင်သင့်ပါတယ်” လို့ သူကပြောကြားခဲ့ပါတယ်။


Malay Mail သတင်းဌာနပါ Emmanuel Santa Maria Chin ရေးသားသည့် “Resolve Myanmar crisis or risk it bbecoming Asean’s first failed state, Syed Hamid tells regional leaders ahead of weekend summit” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။


*****************************************************************
END / 251