၁၅ မေ ၂၀၂၁ - ၁၉:၂၂
 ရုရှားက အမေရိကန် နှင့် ချက်သမ္မတ နိုင်ငံ တို့အား unfriendly နိုင်ငံများ စာရင်း တွင် ထည့်သွင်း သတ်မှတ်

အမေရိကန်နှင့် ရုရှားကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် ရုရှားအစိုးရသည် မေလ ၁၄ ရက်က အမေရိကန်နှင့် ချက်သမ္မတနိုင်ငံတို့အား unfriendly နိုင်ငံများ စာရင်းတွင် တရားဝင် ထည့်သွင်းသတ်မှတ်ခဲ့သည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


အမေရိကန်နှင့် ရုရှားကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် ရုရှားအစိုးရသည် မေလ ၁၄ ရက်က အမေရိကန်နှင့် ချက်သမ္မတနိုင်ငံတို့အား unfriendly နိုင်ငံများ စာရင်းတွင် တရားဝင် ထည့်သွင်းသတ်မှတ်ခဲ့သည်။

ရုရှားဝန်ကြီးချုပ် မီဟိုင်း မီရှုစင်က လက်မှတ်ရေးထိုးခဲ့သည့် ယင်းကြေညာချက်တွင် ရုရှားနိုင်ငံ၊ ရုရှားနိုင်ငံသားများ သို့မဟုတ် ရုရှား အဖွဲ့အစည်းများကို ဆန့်ကျင်သည့် မိတ်ဆွေမဆန်သည့် လုပ်ရပ်များကို လုပ်ဆောင်သည့် unfriendly နိုင်ငံများစာရင်းကို ရုရှားအစိုးရက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုအခါတွင် ယင်းစာရင်းတွင် အမေရိကန်နှင့် ချက်သမ္မတနိုင်ငံတို့ပါ ပါဝင်လာခဲ့သည်။

ရုရှားနိုင်ငံရှိ ချက်သံရုံးအနေဖြင့် ရုရှားနိုင်ငံသား ၁၉ ဦးထက်မပိုသည့် အရေအတွက်ဖြင့် အလုပ်ခန့်ခွင့်ရရှိမည်ဖြစ်ပြီး အမေရိကန် သံရုံးတွင်မူ ရုရှားနိုင်ငံသားတစ်ဦးမျှ အလုပ်ခန့်ခွင့်ရှိမည်မဟုတ်ဟု ရုရှားအစိုးရက ပြောကြားခဲ့သည်။

ရုရှားအစိုးရအနေဖြင့် ဆွေးနွေးညှိနှိုင်းရန် အသင့်ရှိနေပြီး ရုရှား၏ unfriendly နိုင်ငံများစာရင်းတွင် နှစ်နိုင်ငံသာ ရှိနေသည်ဟု ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က မေလ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

ချက်အစိုးရကမူ ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် ရုရှားအစိုးရနှင့် ချက်၊ ဥရောပ သမဂ္ဂနှင့် ၎င်း၏ မဟာမိတ်များကြား တင်းမာမှုများကို ပိုမိုမြင့်တက်စေလိမ့်မည်ဟု ပြောကြားခဲ့သည်။

“ရုရှားနိုင်ငံဟာ ကိုယ့်ကိုယ်ကိုယ် အထိခိုက်ခံပြီး ထိတ်တိုက်တွေ့တဲ့ လမ်းပေါ်ကို တက်လာတဲ့အတွက် ကျွန်တော်တို့ ဝမ်းနည်းမိပါတယ်” ဟု ချက်နိုင်ငံခြားရေးဝန်ကြီးဌာနက အစီရင်ခံစာထုတ်ပြန်ပြီး ပြောကြားခဲ့သည်။

“အခုလိုလုပ်ဆောင်တာဟာ နှစ်နိုင်ငံကြားက သာမန်ပြည်သူတွေ၊ ခရီးသွားကဏ္ဍနဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိလာပါလိမ့်မယ်” ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ဥရောပသမဂ္ဂ အကြီးအကဲ ချားလ်စ် မီရှဲလ်ကမူ ဥရောပသမဂ္ဂသည် ချက်နိုင်ငံနှင့် တစ်သားတည်းရှိနေကြောင်း Twitter တွင် ရေးသားဖော်ပြခဲ့ပြီး ရုရှား၏ လုပ်ဆောင်ချက်သည် သံတမန်ဆက်ဆံရေးများကို လျော့ပါးစေနိုင်သည်ဟု ပြောကြားခဲ့သည်။

“ဥရောပသမဂ္ဂကို သွေးခွဲဖို့ကြိုးပမ်းတဲ့ အားထုတ်ကြိုးပမ်းမှုတွေဟာ အချဉ်းနှီးပဲ ဖြစ်ပါတယ်” ဟု မီရှဲလ်က ရေးသားခဲ့သည်။

ယူကရိန်းနယ်စပ်တွင် ရုရှားစစ်သားများ ဖြန့်ကျက်ချထားမှု၊ အမေရိကန်ရွေးကောက်ပွဲတွင် ကြားဝင်စွက်ဖက်မှုအပါအဝင် အခြားအရေးကိစ္စများကြောင့် ရုရှားနှင့် အနောက်နိုင်ငံများကြား မကြာသေးမီလများအတွင်း တင်းမာမှုများ မြင့်တက်ခဲ့သည်။

အမေရိကန် သမ္မတသစ် ဂျိုးဘိုင်ဒင်သည် ဇန်နဝါရီလတွင် သမ္မတအဖြစ် စတင်ရုံးထိုင်ခဲ့ပြီးကတည်းက ရုရှားနိုင်ငံအပေါ် ဖိအားများတိုးမြှင့်ခဲ့ပြီးနောက် အမေရိကန်-ရုရှားဆက်ဆံရေးမှာလည်း လျင်မြန်စွာ ယိုယွင်းလာခဲ့သည်။

ဧပြီလတွင် အမေရိကန်အစိုးရသည် ၂၀၂၀ သမ္မတရွေးကောက်ပွဲအတွင်း ရုရှားက ကြားဝင်စွက်ဖက်ခဲ့ကြောင်းနှင့် ဆိုက်ဘာ တိုက်ခိုက်မှုများတွင် ရုရှားပါဝင်ခဲ့ကြောင်း စွပ်စွဲခဲ့ပြီး ရုရှားသံတမန် ၁၀ ဦးကို နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့သည်။

ရုရှားနိုင်ငံကလည်း တုံ့ပြန်သည့်အနေဖြင့် အမေရိကန်သံတမန် ၁၀ ဦးကို ပြန်လည်နှင်ထုတ်ခဲ့ပြီး အမေရိကန်ထိပ်သီးအရာရှိများကို ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့ကာ ရုရှားရှိ အမေရိကန်သံရုံးတွင် ပြည်ပနိုင်ငံသားများ အလုပ်ခန့်အပ်မှုကို ပိတ်ပင်ခဲ့သည်။

*****************************************************************
END / 251