အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
အီရန်နိုင်ငံ အပေါ် အဓိကကျသည့် အရေးယူပိတ်ဆို့ထားမှုများကို ပြန်ပယ်ဖျက်ပေးဖို့ အနောက်နိုင်ငံများ ကသဘောတူလိုက်ပြီ ဖြစ်ကြောင်း အီရန်သမ္မတက H.I ဟစန် ရူဟာနီ မှ ကြေငြာ ခဲ့ ကြောင်း Tasnim သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ရေနံဝန်ကြီးဌာ၏ ပရောဂျက်များဖွင့်ပွဲအခမ်းအနားမှာ အမှာစကားပြောကြားမှုအတွင်း H.I ဟစန် ရူဟာနီ “သူတို့တွေ ဗီယမ်နာမှာ ဆွေးနွေးညှိနှိုင်းနေပြီး အီရန်အပေါ်အရေးယူပိတ်ဆို့ထားတဲ့ ရေနံလုပ်ငန်းတွေ ရေနံဓာတုလုပ်ငန်းတွေ ကုန်စည်တင်ပို့မှုတွေ အာမခံလုပ်ငန်းတွေနဲ့ ဗဟိုဘဏ်ကိုပိတ်ဆို့ထားမှုအားလုံး ပြန်ပယ်ဖျက်ဖို့ သဘောတူခဲ့ကြပါတယ် လို့ ပြောကြားခဲ့ပါတယ်။
အဓိကကျတဲ့ခြေလှမ်းကြီး ကျွန်တော်တို့လှမ်းနိုင်ခဲ့ပါပြီ အဓိကသဘောတူညီချက်တွေရရှိခဲ့ပါပြီ” လို့သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။
၂၀၁၈ခုနှစ်တုန်းက သမ္မတထရန့် တစ်ဖက်သတ်နုတ်ထွက်ခဲ့တဲ့ ၂၀၁၅ အီရန်နူကလီးယားသဘောတူညီချက်ကို ပြန်လည်အကောင်အထည်ဖော်ဖို့ အမေရိကန်နဲ့ အီရန်တို့ နီးစပ်တဲ့အနေအထားမှာရှိနေပြီဖြစ်ကြောင်း စီနီယာဥရောပတာဝန်ရှိသူတွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး Bloomberg ကဖော်ပြခဲ့ပါတယ်။
*****************************************************************
END / 251
အီရန် အပေါ် အဓိက ကျသည့် အရေးယူပိတ်ဆို့ မှုများ ကို ပြန်ပယ်ဖျက်ဖို့ အနောက်နိုင်ငံများ သဘောတူခဲ့ကြောင်း H.I ဟစန် ရူဟာနီ ပြောကြား
၂၃ မေ ၂၀၂၁ - ၁၉:၅၈
News ID: 1143679
အီရန်နိုင်ငံ အပေါ် အဓိကကျသည့် အရေးယူပိတ်ဆို့ထားမှုများကို ပြန်ပယ်ဖျက်ပေးဖို့ အနောက်နိုင်ငံများ ကသဘောတူလိုက်ပြီ ဖြစ်ကြောင်း အီရန်သမ္မတက H.I ဟစန် ရူဟာနီ မှ ကြေငြာ ခဲ့ ကြောင်း Tasnim သတင်းဌာနက ဖော်ပြခဲ့ပါတယ်။