၃၁ မေ ၂၀၂၁ - ၁၉:၂၅
 မြင်းခြံမြို့ ၄ နေရာတွင် ယနေ့ ည ဗုံးပေါက်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှာ ဒီနေ့ မေ ၃၁ ရက်ည ၇ နာရီကျော်က. ၄ နေရာမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှာ ဒီနေ့ မေ ၃၁ ရက်ည ၇ နာရီကျော်က. ၄ နေရာမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီည ၇ နာရီ မိနစ် ၂၀ လောက်က နာရ်ီစင်အနီး၊ အထက ၁ အနီး၊ ဈေးအနီးနဲ့ အမှတ် ၆ ရပ်ကွက်ဘက်တွေဘက်မှာ ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

"ဒီနေ့ည ဧည့်စာရင်းစစ်မယ်လည်း ကြားတယ်၊ စောစောက ဗုံးပေါက်ကွဲသံတွေကြောင့် စစ်ကောင်စီလုံခြုံရေးတွေ လှည့်ကင်းဆောင်ရွက်နေကြတယ်" လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

အဆိုပါဗုံးပေါက်ကွဲမှုတွေကြောင့် လူတွေထိခိုက်ဒဏ်ရာရတာနဲ့ ပျက်စီးမှုသတင်းတွေကတော့ မရရှိပါဘူး။


*****************************************************************
END / 251