စူရဟ် ဖလက် အကြောင်း သိကောင်းစရာ
အမည် - ဖလက်
အဓိပ္ပာယ် - မနက်အချိန် မိုးသောက်ချိန်
ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁
ဖလက် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်
ဖလက် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၁၁ ကြိမ်
အစောင် - ၃၀
ရကူအပိုဒ်တော်ပေါင်း - ၁
အာယသ်တော်ပေါင်း - ၅
စကားလုံးတော်ပေါင်း -၂၃
အက္ခရာတော်ပေါင်း - ၇၃
ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၀ ကြိမ်
ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်
ကျရောက်သည့် အနေအထား - ဒဖ်အီ (တစ်ချိန်တည်း )
ကျရောက်သည့်အမှတ်စဉ် - ၂၀
ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ဖီးလ်
ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် နာစ်
ဤစူရဟ်၏ အခြားအမည်များ - ၁။ ဖလက် ၂။ မအူဇဟ်
အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ် ၏ ပထမအာယသ် တော် ဖလက် စကားလုံး ပါသည့် အတွက် ဖြစ်ပါတယ်။
အကျိုးအာနိသင် - အေမာမ် မိုဟမ္မဒ် ဘာကဲရ် (علیه السّلام) မိန့်တော်မူသည်။
“ ကောင်းကင်တမန်များ မှ နမာဇ်ဇေ ဝေသ်ရ် တွင် စူရဟ် အစ်ခ်လာဆ် ၊ စူရဟ် ဖလက် ၊ စူရဟ် နာစ် ဖတ်ရွတ်သူများအား မိုဘာရတ်က် ပါ၊ အလ္လာဟ် ဟို အရှင်မြတ် သည် အသင်တို့ ၏ ဤ နမာဇ် ကို လက်ခံ တော် မူချေပြီးဟု ပြောကြားပေမည် ။ ”
(မဂ်ျမအိုလ် ဗရမ်းန် ကျမ်း ၊ အတွဲ ၁၀ ၊ စာမျက်နှာ ၄၉၁ )
ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူ /A.F.H.M
*****************************************************************
END / 251