အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
အခြေခံပညာကျောင်းများ စတင်ဖွင့် လှစ်ချိန်မှစ၍ စာသင်ကျောင်းများကို မိုင်းပစ်ဖောက်ခွဲဖျက်စီးမှု ၁၀၉ ကြိမ်၊ မီးရှို့ဖျက် ဆီးမှု ၆၅ ကြိမ်နှင့် နှောင့်ယှက်မှု ၁၆၈ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဇွန် ၁၂ ရက်က ပြုလုပ် သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာရှင်း လင်းတွင် အဖွဲ့ခေါင်းဆောင် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်း ထွန်းက ပြောကြားသည်။
ဇွန်လ ၁၀ ရက်အထိ ကျောင်းပေါင်း ၄၂၀၈၀ ကျောင်း ၈၈ ရာခိုင်နှုန်း ဖွင့်လှစ်ပြီး ဖြစ်ကြောင်း၊ ကျောင်းအပ်နှံမှု ၄၁၂၁၈၃၂ ဦး ရှိပြီး ကျောင်းတက်မှုအနေဖြင့် ၃၂၁၆၉၆၀ ဦး ကျောင်းတက်လျက်ရှိကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
ဇွန် ၉ ရက် ညပိုင်းက စစ်ကိုင်းတိုင်း အင်းတော်ကြီးမြို့ အထက်တန်းကျောင်းမှာ မီးရှို့ခံရမှုအား ဝိုင်းဝန်းငြိမ်းသက်နေကြစဉ်
“ကျောင်းတွေဖွင့်လှစ်ဖို့ စတင်ချိန်က စပြီး NLD နဲ့ NLD လိုလားသူ အကြမ်းဖက် သမားများအနေနဲ့ စာသင်ကျောင်းတွေကို မိုင်းပစ်၊ဖောက်ခွဲဖျက်စီးမှု ၁၀၉ ကြိမ်၊ မီးရှို့ ဖျက်ဆီးမှု ၆၅ ကြိမ်နဲ့ နှောင့်ယှက် ၁၆၈ ကြိမ် ပြုလုပ်ခဲ့ကြောင်း တွေ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းဖွင့်လှစ် နိုင်မှုအခြေအနေဖြင့် မူလတန်း ၂၅၀၀၀ ကျော်၊ အလယ်တန်း ၁၅၀၀၀ ကျော်နှင့် အ ထက်တန်း ၆၁၀၀ ကျော် စုစုပေါင်းအခြေခံ ပညာကျောင်းပေါင်း ၄၇၀၀၀ ကျော်ရှိ ကြောင်း သိရသည်။
“သားသမီးတွေရဲ့ ပညာရေးဟာ မိဘ တွေကိုယ်တိုင် သားသမီးတွေကိုယ်တိုင် ဆုံး ဖြတ်ချက်ဖြစ်ပါတယ်။ ဒါတွေကို လိုက်လံ နှောင့်ယှက်နေတာဟာ လူတစ်ဦးချင်းစီရဲ့လူ့ အခွင့်အရေးကို ထိပါးနေတဲ့ ဖိနှိပ်ချုပ်ချယ် နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေပဲ ဖြစ်ပါ တယ်။ အကြမ်းဖက်သမားတွေက ငယ်ရွယ် သေးတဲ့ ကလေးငယ်တွေပင် ကျောင်းဝတ် စုံဝတ်ခိုင်းပြီး ကျောင်းထဲဝင်ရောက် ဗုံးခွဲခိုင်း တဲ့ဖြစ်စဉ်မျိုးတွေ ဖြစ်ခဲ့ပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
အခြေခံပညာရေးကျောင်းများ စတင် ဖွင့်လှစ်ချိန်မှစ၍ ရခိုင်ပြည်နယ်တွင် ကျောင်း ဖွင့်မှု ၉၆ ရာခိုင်နှုန်း၊ ကျောင်းတက်မှု ၈၂ ရာ ခိုင်နှုန်းရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
*****************************************************************
END / 251