၁၄ ဇွန် ၂၀၂၁ - ၀၆:၂၄
မန္တလေး မဟာမိတ် သပိတ် စစ်ကြောင်း ဖြိုခွင်းခံ ရပြီး ၅ ဦးခန့် ဖမ်းဆီးခံရ

မန္တလေး၊ မဟာအောင်မြေမြို့နယ် ၆၉ လမ်း၊ ၃၈ လမ်းနဲ့ ၃၉ လမ်းအနီးမှာ ဇွန်လ ၁၄ ရက် ဒီမနက်ပိုင်းက မန္တလေးမဟာမိတ်သပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး ၅ ယောက်ဖမ်းဆီးခံရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ



မန္တလေး၊ မဟာအောင်မြေမြို့နယ် ၆၉ လမ်း၊ ၃၈ လမ်းနဲ့ ၃၉ လမ်းအနီးမှာ ဇွန်လ ၁၄ ရက် ဒီမနက်ပိုင်းက မန္တလေးမဟာမိတ်သပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး ၅ ယောက်ဖမ်းဆီးခံရပါတယ်။

သပိတ်စစ်ကြောင်းမစခင်မှာ အရပ်ဝတ်၊ အိမ်စီးတွေနဲ့ လာရောက်ဖြိုခွင်းတာဖြစ်ပြီး ရိုက်နှက် ဖမ်းဆီးတာတွေရှိတယ်လို့ စစ်ကြောင်းမှာ ပါဝင်သူတဦးက ပြောပါတယ်။

“စစ်ကြောင်းမစခင်မှာ လာရောက်ဖြိုခွဲဖို့ အရပ်ဝတ်နဲ့ အများအပြားရောက်လာပြီး ညှပ်ဖမ်းဖို့ လုပ်ပါတယ်။ အရပ်ဝတ်၊ ကျောပိုးအိတ်နဲ့ ခြေလျင်တွေရော အိမ်စီးကားနဲ့ရော လူခွဲပြီး လူဖမ်းဖို့ ရောက်လာတာပါ။ စုရပ်ပေါက်တယ်လို့ သိရပါတယ်။ ကျနော်တို့ လူကယ်ထုတ်ဖို့ ပြန်သွားချိန်မှာ အိမ်စီးကား မှန်ဖွင့်ပြီး ရပ်စမ်း၊ ရပ်စမ်း ပြောရင်း ပစ္စတိုနဲ့ချိန်တာကို  မောင်းပြေးလာနိုင်လို့ ကျနော်တို့ လွတ်လာခဲ့​တာပါ”။

ဒါ့အပြင် မန္တလေးမြို့ လမ်းမတွေပေါ် အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် လက်နက်ကိုင်တွေဟာ အရပ်ဝတ်တွေနဲ့ ရှာဖွေနေကြပြီး ပြည်သူတွေကို စစ်ဆေးနေပါတယ်။


*****************************************************************
END / 251