၂၄ ဇွန် ၂၀၂၁ - ၁၆:၁၆
အီရန်နိုင်ငံ တွင် ဇွန်လ ၂၄ ရက်နေ့ သတင်းအရ ကိုရိုနာ ကြောင့် ၁၄၄ ဦး သေဆုံး

အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ ကျန်းမာရေး ဝန်ကြီးဌာန ၏ ပြန်ကြားရေး နှင့် ဆက်သွယ်ရေး စင်တာ မှ ကိုရိုနာ ရောဂါ နှင့် ပတ်သက်သည့် နောက်ဆုံး သတင်းကို ယနေ့ ဇွန်လ ၂၄ ရက်နေ့ အထိ ထုတ်ပြန် ကြေငြာ ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မနေ့ မှစ၍ ယနေ့ ဇွန်လ ၂၄ ရက်နေ့ အထိ ကိုရိုနာ ရောဂါ တိတိကျကျ ကူးစက်ခံရသူအသစ် ၁၁၇၃၄ ဦး ဖြစ်ပြီး ၊ ၎င်းတို့ ၁၃၄၂ ဦး မှာ ဆေးရုံတက် နေရပြီး ၊ စုစုပေါင်း ရော ဂါသည်မှာ ၃၁၄၀၁၂၉ ဦး ရှိ သွား ပြီး ဖြစ်ပါတယ်။

 

ဝမ်းနည်းစွာ ဖြင့်တင်ပြရမည်ဆိုလျှင် ကုန်ဆုံးသွားသည့် ၂၄ နာရီ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ ၁၄၄ ဦး အလ္လာဟ် ဟို အရှင်မြတ်အမိန့်ခံယူသွား သည် ဖြစ်ကြောင်း စုစုပေါင်း အလ္လာဟ် ဟို အရှင်မြတ် ခံသွားသူဦးရေမှာ ၈၃၄၇၃ ဦး ဖြစ်ကြောင်း သိရှိရပါတယ်။

ကံကောင်းထောက်မစွာဖြင့် ယခုအချိန်အထိ ကိုရိုနာ ရောဂါကူးစက်ခံထားရသူ ရောဂါသည်များမှ ၂၇၉၇၁၀၅ ဦးပြန်လည်ကောင်းမွန် သွားပြီး (သို့မဟုတ်) ဆေးရုံ မှဆင်းသွားပြီး ဖြစ်ပါတယ်။

၃၂၂၅ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ဆေးရုံတက် ၍ အထူး ကြပ်မတ် စောင့်ရှောက် ကုသမှုကိုခံယူလျက် ရှိနေပါတယ်။

လက်ရှိ အခြေအနေ အထိ အီရန် တစ်နိုင်ငံလုံး တွင် ၂၂၉၄၅၄၉၃ ဦးအား ကိုရိုနာ ရောဂါ ရှိ မရှိ စိစစ် သွား ပြီး ဖြစ် ပါတယ်။

အီရန် နိုင်ငံတွင် မြို့ပေါင်း ၂၂ မြို့သည် အနီရောင် ဖြစ်ပြီး ၁၇၅ မြို့ သည် လိမ္မော်ရောင် ၊ မြို့ပေါင်း ၂၅၁ မြို့တွင် အဝါရောင် ဖြစ်ပါတယ်။

ဤအတွက်ကြောင့် အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ ကျန်းမာရေး ဝန်ကြီးဌာန ၏ ပြန်ကြားရေး နှင့် ဆက်သွယ်ရေး စင်တာ ၏ အစီရင်ခံစာ အရ ယခုအချိန်ထိ ၄၄၁၂၁၀၄ ဦးသည့် ပထမအဆင့် ကိုရိုနာ ရောဂါ ကာကွယ်ဆေးထိုးခံထားပြီး ၁၀၆၉၅၆၅ ဦး သည် ဒုတိယ အဆင့် ကိုရိုနာ ရောဂါ ကာကွယ်ဆေး အထိုးခံထားပြီးဖြစ်ပါတယ်။ စုစုပေါင်း ကိုရိုနာ ရောဂါကာကွယ်ဆေး ပထမအဆင့် နှင့် ဒုတိယအဆင့် အထိုးခံထားရသူ ပေါင်း ၅၄၈၁၆၆၉ သီး ရှိပြီး ဖြစ်ပါတယ်။

*****************************************************************
END / 251