၂၅ ဇွန် ၂၀၂၁ - ၁၉:၁၅
 မန္တလေး မဟာမိတ် တပ်ပေါင်း စု သပိတ် မစခင် ဖြိုခွင်း ခံရပြီး ၆ ဦး ဖမ်းဆီး ခံရ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၈ လမ်း၊ ၈၃ လမ်း နဲ့ ၈၄ လမ်းကြားမှာ ဇွန်လ ၂၅ ရက် မွန်းလွဲ ၃ နာရီကျော်လောက်က မန္တလေးမဟာမိတ်တပ်ပေါင်းစု သပိတ်ဖြိုခွင်းခံလိုက်ရတယ်လို့ သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၈ လမ်း၊ ၈၃ လမ်း နဲ့ ၈၄ လမ်းကြားမှာ ဇွန်လ ၂၅ ရက် မွန်းလွဲ ၃ နာရီကျော်လောက်က မန္တလေးမဟာမိတ်တပ်ပေါင်းစု သပိတ်ဖြိုခွင်းခံလိုက်ရတယ်လို့ သိရပါတယ်။

မန္တလေး မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်း ချီတက်ဖို့အတွက် လူစုနေတဲ့အချိန် စုရပ်မှာ ဖြိုခွင်းခံရတာဖြစ်ပြီး ၆ ဦး ဖမ်းခံရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ထွက်ဖို့ လူစုနေတဲ့အချိန်မှာ လာဖမ်းသွားတာ။ မထွက်ဖြစ်လိုက်ဘူး။ ၆ ဦး ဖမ်းခံ လိုက်ရတယ်လို့တော့ ကြားတယ်။” လို့ စစ်ကြောင်းမှာ ပါဝင်သူ တစ်ဦးက ဆိုပါတယ်။

မန္တလေး မဟာမိတ် တပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ပုံစံမျိုးစုံနဲ့ လှုပ်ရှားနေတဲ့ စုပေါင်းစစ်ကြောင်း တစ်ခုဖြစ်ပါတယ်။

*****************************************************************
END / 251