အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
စမ်းချောင်းမြို့နယ် နှင့် လမ်းမတော်မြို့နယ် တို့ရှိ မီတာရုံးများတွင် ဇူလိုင် ၉ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
ဇူလိုင် ၉ ရက် ၊ နံနက် ၁၀ နာရီ ခန့်တွင် စမ်းချောင်းမြို့နယ် ၊ City Mart အနောက်ဘက်ရှိ မြို့နယ်မီတာရုံးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါနေရာ အနီးနေသူများထံမှ သိရသည်။
“အသံက တော်တော်ကျယ်တယ်။ မြေကြီးပါ တုန်သွားတာ။ရုံးဖွင့်တဲ့ အချိန်ဖြစ်နေတော့ လူထိခိုက်လား မထိလား မသိရဘူး။ ပေါက်ကွဲသံ ပြီးတော့ လာစစ်တာ တွေရှိတယ်” ဟု အဆိုပါနေရာအနီးနေသူတစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်တွင် အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားသည့် ရုံးပတ်ဝန်းကျင်အား လမ်းပိတ်ဆို့မှုများ ပြုလုပ်ထားသည်ကို တွေ့မြင်ခဲ့ရသည်။
ထို့အတူ ဇူလိုင် ၉ ရက် ၊ နံနက် ၅ နာရီခွဲဝန်းကျင်တွင် လမ်းမတော်မြို့နယ် ၊ ကမ်းနားလမ်းရှိ မြို့နယ်မီတာရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အဆိုပါနေရာအနီးနေသူများထံမှ စုံစမ်းသိရှိရသည်။
“မနက် အစောပိုင်းက ပေါက်တာ။နံနက်အစောပိုင်းဆိုတော့ အသံက ပိုကျယ်တာပေါ့။လူတော့ မထိပါဘူး)ဟု အဆိုပါနေရာအနီးနေသူတစ်ဦးက ပြောကြားသည်။
အလားတူ ဇူလိုင် ၉ ရက် ၊ နံနက်အစောပိုင်းက မဂ်လာဒုံမြို့နယ် မီတာရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်း ဧပြီ လကုန်ပိုင်းမှ စတင်ကာ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါနေပြီး ပြီးခဲ့သည့် မေ ၁၅ ရက် ၊ ညနေ ၄ နာရီကျော်ခန့်က မြောက်ဥက္ကလာပမြို့နယ် ၊ မြောက်ဥက္ကလာအဝိုင်းအနီး ခေမာသီလမ်းပေါရှိ Denko ဆီဆိုင်အတွင်း ပေါက်ကွဲမှု ဖြစ်ပေါခဲ့သဖြင့် ဆီလာဖြည့်သည့် အမျိုးသားတစ်ဉီး မှာ သေဆုံးခဲ့သည်။
ထို့ပြင် မေ ၂၇ ရက် နံနက်ပိုင်းက သာကေတမြို့နယ် ၊ မာန်ပြေ ၂၀ လမ်း ရပ်ကွက် ရာအိမ်မှုးတစ်ဦး သေနတ်ဖြင့် ပစ်ခံရမှုကြောင့် သေဆုံးခဲ့ပြီး ယင်းမြို့နယ်အတွင်း ပေါက်ကွဲမှု ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ၊ ဇွန် ၁ ရက် ညပိုင်းနှင့် ဇွန် ၂ ရက် နံနက်အစောပိုင်းက မဂ်လာတောင်ညွန့်မြို့နယ်အတွင်း ပေါက်ကွဲမှု ငါးကြိမ် ဖြစ်ပွားခဲ့သည်။
****************************************************************
END / 251
၁၀ ဇူလိုင် ၂၀၂၁ - ၁၉:၂၉
News ID: 1158915
စမ်းချောင်းမြို့နယ် နှင့် လမ်းမတော်မြို့နယ် တို့ရှိ မီတာရုံးများတွင် ဇူလိုင် ၉ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။