၃၁ အောက်တိုဘာ ၂၀၂၆ - ၁၃:၁၃
ပြီးခဲ့သည့် ၂၄ နာရီအတွင်း အီရန်နိုင်ငံမှ ကောလာဟလသတင်းများကို ဖော်ထုတ်တင်ပြခြင်း

ပြီးခဲ့သည့် ၂၄ နာရီအတွင်း အီရန်နိုင်ငံနှင့်ပတ်သက်၍ လူမှုကွန်ရက်များနှင့် သတင်းမီဒီယာများတွင် ပျံ့နှံ့ထွက်ပေါ်လာခဲ့သည့် သတင်းအချက်အလက်များအနက် ကောလာဟလများနှင့် အတည်မပြုနိုင်သေးသော ပြောဆိုချက်များကို သက်ဆိုင်ရာဘက်များ၏ ရှင်းလင်းချက်များနှင့်အတူ စုစည်းဖော်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်ရုပ်မြင်သံကြားဌာန(IRIB)၏ အစီရင်ခံစာအရအောက်ဖော်ပြပါ သတင်းများသည်  ကောလာဟလသတင်းများ သာ ဖြစ်ကြောင်း သိရပါတယ်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ကောလာဟလ သတင်းများ

၁။အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) က အီရန်နိုင်ငံ၏ ဗိုလ်ချုပ်ကြီး မိုဟ်ဆင် ရေဇာအီ ထံ နျူကလီးယားဆွေးနွေးပွဲများ ပြန်လည်စတင်ရေးနှင့်ပတ်သက်၍ ပေးပို့ခဲ့သောစာကို အီရန်ဘက်က ပြန်လည်တုံ့ပြန်ခဲ့သည်ဆိုသော သတင်း။

၂။ဟော်မုဇ်ရေလက်ကြားအတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးနောက် ကုန်သွယ်ရေးသင်္ဘောများသည် ပင်လယ်မိုင်းများနှင့် တိုက်မိမှုမရှိခဲ့ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ် စင်တမ် (CENTCOM) က ထုတ်ပြန်ခဲ့သော ပြောဆိုချက်။

၃။အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင်၏ ညီအစ်ကိုတစ်ဦး ဆေးရုံတင်ထားရပြီး ကွယ်လွန်သွားပြီဆိုသော ပြောဆိုချက်များ။

၄။အစ္စရေးအစိုးရ၏ ရွေးကောက်ပွဲတွင် ကာတာနိုင်ငံက ဝင်ရောက်စွက်ဖက်နေသည်ဆိုသော ပြောဆိုချက်။

၅။အီရန်-အီရတ်စစ်ပွဲကာလ (အီရန်၏ ကာကွယ်ရေးစစ်ပွဲကာလ) အတွင်း ဆောင်ရွက်ခဲ့သော ကရ်ဗလာ ၄ နှင့် ၅ စစ်ဆင်ရေး (Operation Karbala 4 and 5) တို့၏ လျှို့ဝှက်အစီအစဉ်များ ပေါက်ကြားခဲ့သည်ဆိုသော ပြောဆိုချက်။

၆။ကျောင်းသား၊ ကျောင်းသူများ၏ မိဘအုပ်ထိန်းသူများထံမှ အမည်ကမ္ပည်းပြားများ ပြုလုပ်ပေးရန်အတွက် ငွေကြေးကောက်ခံနေသည်ဆိုသော သတင်း။

တို့ဖြစ်ပါတယ်။


++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha