
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ သတင်း အထောက်အထား များ အရ ပါလက်စတိုင်း အလ်ယောင်းမ် ကို ကိုးကားပြီး အာရပ်စော်ဘွားများ ပြည်ထောင်စု က ပါလက်စတိုင်းများ အပေါ် သစ္စာဖောက်ပြီး အစ္စရေး တွင် သံရုံး ဖွင့်လှစ် ခဲ့ပါတယ်။ ဤသို့ဖြစ် ပါရှားပင်လယ်ကွေ့ ရှိ အာရပ် နိုင်ငံများ တွင် ပထမဆုံး သရုံး ကို ဖွင့် လှစ်ခဲ့သည့် နိုင်ငံ ဖြစ်ကြောင်း တင်ပြထားပါတယ်။
သတင်း အထောက်အထားများ အရ ယူအေအီး (ခ) အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံ ၏ သံအမတ် ကြီး မိုဟမ္မဒ် မဲဟ်မူဒ် အာလေ့ ခါဂျေဟ် သည် အစ္စရေး (ဇီယွန်ဝါဒီများ) တွင် အခမ်းအနား တစ်ခု တွင် သံရုံးကို ဖွင့်လှစ် ပေးခဲ့ပြီး ယူအေအီး အလံ ကို ရုံးခန်း အပြင်ဘက်တွင် လွှင့်ထူခဲ့ပါတယ်။ ယူအေအီး သံရုံး သည် တဲလ် အီးဗင်း စတော့အိတ်ချိန်းတွင် တည်ရှိပါတယ်။
ယူအေအီး နှင့် အစ္စရေး ဆိုင်ရာ ပထမဆုံး သံအမတ် မိုဟမ္မဒ် မဲဟ်မူဒ် အာလေ့ ခါဂျေဟ် သည် အခမ်းအနား တွင် ပြောကြားသည်မှာ - အစ္စရေး နှင့် သံတမန် ရေး ၊ကုန်သွယ်ရေး စတင် အဆင်ပြေ ပြီးနောက် ကျွန်ုပ်အနေဖြင့် ပထမဆုံး စားဝတ်နေရေး ၊ လေကြောင်းခရီး၊၊ နည်းပညာ ၊ ယဉ်ကျေးမှု စသည့်ဖြင့် ကဏ္ဍ အစုံ အတွက် သဘောတူ ကတိစာချုပ်များ တွင် လက်မှတ် ထိုးပြီး ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အကြား ရင်းနှီးမြှုပ်နှံမှု တွင် လုံလောက်သည်သည့် တိုးတက်မှု ရှိခဲ့ကြောင်းပြော ကြားခဲ့ပါတယ်။ ဤအချိန် အခါ တွင် သမ္မတ Isaac Herzog မှလည်း တဲလ် အီးဗင်း တွင် ယူအေအီး အလံ လွှင့်ထူ ခြင်းကို အစ္စရေး မှ ဂုဏ်ယူ ကြောင်း ပြောကြားခဲ့ပါတယ်။
မှတ်သားစရာအချက်မှာ ပြီးခဲ့သည့် လ တွင် အစ္စရေး ဝန်ကြီး Khaja Yair Lipid မှ အဘူဒါဘီ တွင် အစ္စရေး သံရုံး နှင့် ဒူဘိုင်း တွင် အစ္စရေး ကောင်စစ်ဝန် ရုံး ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။
အစ္စလာမ် ဘာသာရေး ကျွမ်းကျင်သူများ နှင့် ပညာရှင်များ တို့ ၏ အဆိုအရ ယူအေအီး သည် အစ္စရေး နှင့် သံ တမန်ဆက်ဆံ ရေးကို ထူထောင်ပြီး ပါလက်စတိုင်း နှင့် မွတ်စ်လင်မ် များအပေါ် သစ္စာဖောက်ခဲ့ခြင်း ဖြစ်ပြီး ၎င်းအတွက် ပေးဆပ်မှုကို ပြုရမည် ဖြစ်ပါတယ်။
*************************************************
END / 251