အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza သတင်းဌာန ၏ သတင်း အထောက် အထားများ အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ၁၃ကြိမ် မြောက် သမ္မတသစ် ရာထူး အတည်ပြု အခမ်းအနား အား သြဂုတ်လ ၃ရက်နေ့ အင်္ဂါနေ့ ခရစ်သက္ကရာဇ် ၂၀၂၁ ခုနှစ် တွင် ရဲဟ်ဗရ်ရေ အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ နှင့် အချို့ အထက်တန်းအရာရှိများ ရှေ့မှောက်တွင် တီဟီရန် မြို့တော် ရှိ အေမာမ် ခိုမေနီ (ရ.ဟ) အမည်ရှိ အေမာမ်ဘာရာ တွင်ကျင်းပမည် ဖြစ်ပါတယ်။
အီရန် နိုင်ငံ ပြည်သူများရွေးချယ် တင်မြှောက်သည့် သမ္မတ အသစ်အား ဝလီယေဖကီးဟ် ဘက်မှ သမ္မတ ရာထူး ခန့်အပ် လွှာ ချီးမြှင့်မည် ဖြစ်ပါတယ်။
ကိုရိုနာရောဂါ ကြောင့် ကျန်းမာ ရေး လုပ်ထုံး လုပ်နည်း များ နှင့် အညီ အခမ်းအနား ကို ကျင်းပ သွားမည် ဖြစ်ပြီး အီရန်နိုင်ငံ စံတော်ချိန် မနက် ၁၀နာရီခွဲ တွင် ကျင်းပမည်ဖြစ်ပြီး IRIB ရုပ်သံလိုင်းများ နှင့် KHAMENEI.IR မှ တိုက်ရိုက် ထုတ်လွှင့် မည် ဖြစ်ပါတယ်။
ဤအခမ်းအနားတွင် အီရန် အစ္စလာမ် မစ် ပြည်သူ့ သမ္မတ နိုင်ငံ၏ ပြည်ထဲရေး ဝန်ကြီး မှ ယခုနှစ်ရွေးကောက်ပွဲ ကျင်းပခြင်းဆိုင်ရာ အစီရင်ခံ စာ ကို တင်ပြမည် ဖြစ်ပါတယ်။ ပြီး နောက် သမ္မတ သစ် ခန့်အပ်လွှာ ကို ဖတ်ကြားမည်ဖြစ်ပြီး သမ္မတ သစ် H.I ဒေါက်တာ ဆရက်ဒ် ရအီစီ မှ မိန့်ခွန်းပြောကြားမည်ဖြစ်ပါတယ်။ ၎င်း၏ မိန့်ခွန်း ပြီးနောက် ရဲဟ်ဗရ်ရေ အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ မှ မိန့်ဃွန်း ပြောကြား မည်ဖြစ်ပါတယ်။
****************************************************************
END / 251