အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒူးတို့က ကနေဒါနိုင်ငံသား ၂ ဦး အား တရုတ်က မတရားချုပ်နှောင်ထားမှု ကို သြဂုတ်လ ၂ရက်တွင် ဆွေးနွေးခဲ့ကြသည်။
တယ်လီဖုန်းပြောဆိုမှုတစ်ခုတွင် ခေါင်းဆောင်နှစ်ဦးတို့က သူလျှိုလုပ်မှုဖြင့် စွဲချက်တင်ခံထားရသော ကနေဒါသံတမန်ဟောင်း မိုက်ကယ်ကော့ဗ်ရစ်နှင့် ကနေဒါစီးပွားရေးသမား မိုက်ကယ်စပါဗာတို့အား တရုတ်အစိုးရက နှစ်နှစ်ကြာ ထိန်းသိမ်းထားခြင်းကို ဆွေးနွေးခဲ့ကြသည်။
“အမေရိကန်သမ္မတနှင့် ကနေဒါဝန်ကြီးချုပ်တို့က ကနေဒါနိုင်ငံသားများဖြစ်ကြသည့် မိုက်ကယ်စပါဗာနှင့် မိုက်ကယ်ကော့ဗ်ရစ်တို့ကို တရုတ်က မတရားဖမ်းဆီးချုပ်နှောင်ထားခြင်းကို ဆွေးနွေးခဲ့ကြပါသည်။ ၎င်းတို့အား ချက်ချင်းလွှတ်ပေးရန် ခေါင်းဆောင်များက သဘောတူခဲ့ကြသည်” ဟု ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒူးရုံးမှ သတင်းထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။
Huawei အမှုဆောင်အရာရှိ မန်ဝမ်ကျို အား အမေရိကန် တရားခံလွှဲပြောင်းပေးရန်တောင်းဆိုသဖြင့် ကနေဒါနိုင်ငံကဖမ်းဆီးခြင်းအတွက် လက်တုံ့ပြန်သောအားဖြင့်ကနေဒါနိုင်ငံသား ၂ဦးအားဖမ်းဆီးခဲ့ဖွယ်ရှိသည်။
မိုက်ကယ်စပါဗာနှင့် မိုက်ကယ်ကော့ဗ်ရစ်တို့သည် မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီးနောက် အမေရိကန် သမ္မတက ထိန်းသိမ်းထားခြင်းကိုရှုတ်ချခဲ့ကြောင်းနှင့် ၎င်းတို့လွတ်မြောက်ရေးအတွက် ကနေဒါနှင့်အတူ ခိုင်မာစွာရပ်တည်ကြောင်း ကတိကဝတ်ကို ဖုန်းဆက်စကားပြောချိန်အတွင်း ထပ်လောင်းပြောကြားခဲ့သည်ဟု အမေရိကန် သမ္မတရုံးမှ ထုတ်ပြန်ချက်တစ်စောင်တွင်ဖော်ပြထားသည်။
Huawei အကြီးအကဲ၏ အမှုတွင်ဖိအားပေးရန် ၎င်းတို့အား ပုံရိပ်ယောင်ဓားစာခံအဖြစ်ခေါ်ထားခြင်းဖြစ်ကြောင်း ကနေဒါက ပြောကြားခဲ့သည်။
၎င်းတို့ နှစ်ဦးအား ၂၀၂၁ခုနှစ် မတ်လတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး ကြားနာမှုကို မြန်မြန်အပြီးသတ်ခဲ့သည်။
အသက် ၄၉ နှစ်ရှိ Huawei အမှုဆောင်အရာရှိ မန်ဝမ်ကျိုသည် တရားရုံးတွင် သုံးနှစ်နီးပါး တရားရင်ဆိုင် မှုများနှင့် သံတမန်ရေးအငြင်းပွားမှုများအပြီးတွင် အမေရိကန်သို့ တရားခံလွှဲပြောင်းပေးခံရမှုနှင့် ပတ်သက်ပြီး နောက်ဆုံးကြားနာမှုအတွက် ကနေဒါတရားရုံးသို့ သြဂုတ်လ ၃ရက်တွင် ပြန်လည်ရောက်ရှိရန်ရှိသည်။
အကယ်၍ အမေရိကန်ပြည်ထောင်စုသို့ တရားရင်ဆိုင်ရန်လွှဲပြောင်းခံရပြီး ပြစ်ဒဏ်ချမှတ်ခံရပါက သူမသည် အမေရိကန်အကျဉ်းထောင်တွင် နှစ်ပေါင်း ၃၀ ကျော် ထောင်ဒဏ်ကျခံရနိုင်သည်။
****************************************************************
END / 251
၉ ဩဂုတ် ၂၀၂၁ - ၀၇:၄၇
News ID: 1167886
ီအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒူးတို့က ကနေဒါနိုင်ငံသား ၂ ဦး အား တရုတ်က မတရားချုပ်နှောင်ထားမှု ကို သြဂုတ်လ ၂ရက်တွင် ဆွေးနွေးခဲ့ကြသည်။