အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအရေးပေါ်အစည်းအဝေးခေါ်ယူဆွေးနွေးရေး အတွက် အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်အက်တမာက အိန္ဒိယနိုင်ငံခြားရေးရာဝန်ကြီး အက်စ်ဂျိုင်းရှန်ကာအား သြဂုတ်လ ၅ ရက်က ဖုန်းဖြင့်ခေါ်ဆိုဆွေးနွေးခဲ့သည်။
တာလီဘန်အကြမ်းဖက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် အာဖဂန်နစ္စတန်တွင်ဖြစ်ပွားနေသော ကြေကွဲစရာဖြစ်ရပ်များကိုရပ်တန့်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပိုမိုအရေးကြီးသော အခန်းဏ္ဍမှ ပါဝင်သင့်ကြောင်း အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်အက်တမာက တွစ်တာတွင် ရေးသားခဲ့သည်။
အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်းရှန်ကာနှင့် တယ်လီဖုန်းစကားပြောစဉ်တွင် အက်တမာက အကြမ်းဖက်မှုများ အရှိန်မြင့်တက်လာမှု၊ တာလီဘန်များနှင့် အာဖဂန်နစ္စတန်ရှိ နိုင်ငံခြားအကြမ်းဖက်အဖွဲ့များ၏ စစ်ဆင်ရေးများကြောင့် များလှစွာသောလူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအထူးအစည်းအဝေးတစ်ရပ်ကျင်းပရန်လိုအပ်ကြောင်းပြောကြားခဲ့သည် ဟု အာဖဂန်နစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဖဂန်နိုင်ငံသားများအား တာလီဘန်တို့၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများသည် မကြုံစဖူး တိုးလာနေသည်ကို အက်တမာက ဆွေးနွေးခဲ့ပြီး အရပ်သားများသေဆုံးမှုနှင့် ပြည်သူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်တွင် နိုင်ငံခြားတိုက်ခိုက်ရေးသမားများ၊ အကြမ်းဖက်အဖွဲ့များနှင့် တာလီဘန်က ပူးပေါင်း၍ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို အက်တမာက အလေးထားပြောကြားခဲ့ပြီး ၎င်းတို့သည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို သိသိသာသာချိုးဖောက်နေခြင်းနှင့် ဘေးဥပါဒ်ဆိုင်ရာ အကျိုးဆက်များကို သတိပေးခဲ့သည်။
အိန္ဒိယနိုင်ငံခြားရေးရာဝန်ကြီး အက်စ်ဂျိုင်းရှန်ကာက ကုလသမဂ္ဂလုံခြုံရေး ကောင်စီအစည်းအဝေးကို ကျင်းပ ခြင်းက လူ့အခွင့်အရေးချိုးဖောက်မှုများချက်ချင်းရပ်စဲရေးနှင့် အာဖဂန်နစ္စတန်နှင့် ဒေသတွင်း ရေရှည်တည်တံ့ သောငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို တည်ဆောက်ရန်အရေးကြီးကြောင်းပြောကြားခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
****************************************************************
END / 251
အရေးပေါ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအစည်း အဝေး အတွက် အာဖဂန် နစ္စတန် ဝန်ကြီးက အိန္ဒိယနိုင်ငံခြားရေးရာဝန်ကြီးအား ဖုန်းခေါ်ဆို
၉ ဩဂုတ် ၂၀၂၁ - ၁၁:၄၉
News ID: 1168020
အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအရေးပေါ်အစည်းအဝေးခေါ်ယူဆွေးနွေးရေး အတွက် အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်အက်တမာက အိန္ဒိယနိုင်ငံခြားရေးရာဝန်ကြီး အက်စ်ဂျိုင်းရှန်ကာအား သြဂုတ်လ ၅ ရက်က ဖုန်းဖြင့်ခေါ်ဆိုဆွေးနွေးခဲ့သည်။