၁၂ ဩဂုတ် ၂၀၂၁ - ၁၉:၂၄
စစ်တပ်အဖမ်းမခံဘဲ သုံးထပ်တိုက်ထပ်ခိုးမှ ခုန်ချခဲ့သူ ၃ ဦးနှင့် ပတ်သက်ပြီး နိုင်ကျဉ်း ဦးထွန်းကြည် ဝေဖန်

အာဏာသိမ်းစစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းစဉ် သုံးထပ်တိုက်ထပ်ခိုးမှ ခုန်ချခဲ့သည့် လူငယ် ၅ ဦးအနက် ၂ ဦးသာ ပွဲချင်းပြီးသေဆုံးကြောင်းနှင့် ကျန် ၃ ဦးမှာ သတိကောင်းစွာရသည့်အနေအထားဖြင့် တပ်မတော် စစ်ဆေးရုံ၂ ခုသို့ဖြန့်ကျက်ပို့ဆောင်ပေးခဲ့ရကြောင်း ယင်းဖြစ်စဉ်တွင် စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်ခဲ့သည့် ပရဟိတသမား တစ်ဦးကပြောကြားလိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



အာဏာသိမ်းစစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းစဉ်  သုံးထပ်တိုက်ထပ်ခိုးမှ ခုန်ချခဲ့သည့် လူငယ် ၅ ဦးအနက် ၂ ဦးသာ ပွဲချင်းပြီးသေဆုံးကြောင်းနှင့် ကျန် ၃ ဦးမှာ သတိကောင်းစွာရသည့်အနေအထားဖြင့် တပ်မတော် စစ်ဆေးရုံ၂ ခုသို့ဖြန့်ကျက်ပို့ဆောင်ပေးခဲ့ရကြောင်း ယင်းဖြစ်စဉ်တွင် စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်ခဲ့သည့် ပရဟိတသမား တစ်ဦးကပြောကြားလိုက်သည်။


“သူတို့က ခြေကျိုးလက်ကျိုးပဲဖြစ်ထားတာဆိုတော့လေ၊ ကျနော်တို့သယ်တဲ့အချိန်မှာတော့ သူတို့ကဆေးရုံအထိအသက်ပါနေတယ်၊ဆေးရုံရောက်ပြီးနောက်ပိုင်းအခြေအနေတော့ မသိတော့ဘူးပေါ့။..သဲုးယောက်လုံးသတိရှိနေတယ်၊ကျွန်တော်တို့ရေတွေဘာတွေတောင်တောင်းလို့ တိုက်သေးတယ်”ဟု ယင်းဖြစ်စဉ်တွင် ပါဝင်ကူညီပေးခဲ့သည့် ပရဟိတ သမားတစ်ဦးက Myanmar Muslim Media သို့ပြောသည်။


စစ်ကောင်စီ၏ လက်နက်ကိုင်တပ် ဝင်ရောက်စီးနင်းချိန်တွင် တိုက်ပေါ်မှခုန်ချခဲ့သည့်            အကျီင်္လိမ္မော်ရောင်ဝတ်ဆင်ထားသည့်  အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး (မဝေဝေမြင့်(ခ) ပန်းသီး) တို့မှာမှု ပရဟိတသမားများကို ကူညီသယ်ဆောင်ခွင့်ပေးသည့်အချိန် မတိုင်မီ ကတည်းက သေဆုံးပြီးဖြစ်ကြောင်း လည်း လုံခြုံရေးအရ အမည်မဖေါ်လိုသည့် အထက်ပါပုဂ္ဂိုလ်ကပင်ပြောသည်။


“ဒီဖြစ်စဉ်စတာက သုံးနာရီခွဲလောက်ဖြစ်မယ် ယောင်္ကျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ကိုစစ်တပ်က လိုက်ဖမ်းတာမှာ သူတို့နေတဲ့ အိမ်လှေခါးနားအရောက်မှာ မိသွားတယ်၊မိခါနီးမှာတောင် သေနတ်နဲ့ပစ်ဖမ်းသေးတယ် ဒါပေမယ့် ကျည်ထိပုံတော့မရဘူး၊ အဲဒါပြီးတော့ ခနနေတော့ စစ်သားနဲ့ ရဲ ဆယ်ယောက်လောက်က အိမ်အပေါ်ထပ်ကိုတက်တာပဲ၊ အဘိုးကြီးနဲ့ အဘွားကြီး နှစ်ယောက်တည်းနေတဲ့ အိမ်ထပ်ခိုးကိုသူတို့ကဌားနေတာဆိုတော့ အောက်ထပ်တံခါးကို ကန်ဖွင့်ကတည်းက တစ်ယောက်က စခုန်ချတယ် ပြီးတော့မှ အတွဲလိုက် ထပ်ကျကြတာ၊ သူတို့ခုန်ချပြီး တော်တော်ကြာမှ ပရဟိတသမားတွေကိုလာခွင့်ပေးတာ”ဟု ယင်းဖြစ်စဉ်များအနက် အချို့ကိုကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးကလည်း Myanmar Muslim Media သို့ပြောသည်။


တိုက်ပေါ်မှခုန်ချခဲ့သည့် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများအတွက် ဆေးကုသခွင့်ရရန် အတွက် ပရဟိတအသင်းအဖွဲ့များအနေဖြင့်အမြန်ဆဲုးကူညီခွင့်ပေးခဲ့ခြင်းမဟုတ်ဘဲ ညနေ ၅ နာရီကျော်အချိန်ရောက်မှသာ အခင်းဖြစ်ပွားရာ နေရာမှ ဆေးရုံသို့စတင်ထွက်ခွါခွင့် ရခဲ့ကြခြင်းဖြစ်သည်။


“တစ်ယောက်က ခေါင်းထိထားတယ်၊ နှစ်ယောက်က ခြေကျိုးလက်ကျိုး ပဲဖြစ်တာ… နှစ်ယောက်ကို တော့ တပ်မတော် အရိုးအကြောဆေးရုံ ကိုပို့ခဲ့တယ်၊ ဒက်ဘော်ဒီ(Dead Body ရုပ်အလောင်း)တွေနဲ့ ခေါင်းထိထားတဲ့သူကိုတော့ အမှတ် ၁ ခုတင်တစ်ထောင် တပ်မတော်ဆေးရုံမှာ ထားခဲ့တယ်”ဟုလုံခြုံရေးအရ အမည်မဖေါ်လိုသူ ပရဟိတသမားတစ်ဦးကကိုယ်တွေ့ဖြစ်ရပ်ကိုပြောသည်။


"ရန်သူ့လက်ထဲမှာ မချိမဆန့် ဖိနှိပ်ခံရပြီး ကျဆုံးတာထက်စာရင် နည်းဗျူဟာသစ်(လွတ်မြောက်ခြင်းနဲ့ကျဆုံးခြင်း။)တစ်ခုအနေနဲ့အခုလို ခုန်ချမယ်ဆိုတဲစဉ်းစားဆုံးဖြတ်ချက်ကိုပဲ အကောင်းဆုံးအဖြစ်ရွေးချယ်သွားတယ်လို့ မှတ်ချက်ပြုချင်ပါတယ်။နောက်တစ်ချက်ကိုတော့ အထူးပြုပြောချင်ပါတယ်။အဲ့ဒါကတော့ ခုန်ချတဲ့ထဲက အသက်အန္တရာယ်လုံးဝ(လုံးဝ)မရှိဘဲ ခြေ/လက်ကျိုးယုံသက်သက်တာရှိတဲ့ လူငယ်(၃)ဦးဖမ်းသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးလုံလောက်တဲ့ဆေးကုသမှုမပေးတဲ့အပြင် အသက်သေစေတဲ့ဖြစ်စဉ်ပေါ်ပေါက်ခဲ့ပါက စစ်ကြောရေးရဲ့ဖိနှိပ်ညှင်းပမ်းနှိပ်စက်မှုကြောင့်သာ ဖြစ်တဲ့အတွက်တာဝန်အရှိဆုံး စစ်တပ်အနေတဲ့အပြည်အဝတာဝန်ယူ/ခံရမယ်ဆိုတဲ့အကြောင်း ပြင်းပြင်းထန်ထန်သတိပေးချင်ပါတယ်"ဟု ဦးထွန်းကြည် (နိုင်/ကျဉ်း) က အထက်ပါဖြစ်စဉ်မှင့်ပတ်သက်ပြီး Myanmar Muslim Media သို့ ပြောသည်။


စစ်ကောင်စီ၏ လက်နက်ကိုင်တပ် စီးနင်းဖမ်းဆီးမှုကို အညံ့မခံဘဲ ကျဆဲုးခဲ့သူ မဝေဝေမြင့်(ခ) ပန်းသီး ၏ ဈာပနကို ယနေ့ ညနေပိုင်းက ကျူချောင်သုသာန်တွင် အခမ်းအနားကျင်းပခြင်း ၊ ဓာတ်ပုံမှတ်တမ်းတင်ခြင်းများပြုခွင့်မရဘဲ သဂြိုလ်ခဲ့ရကြောင်းလည်း ကွယ်လွန်သူ၏ ခင်ပွန်းဖြစ်သူ၏ ပြောကြားချက်များအရ သိရသည်။

****************************************************************

END / 251