၁၄ ဩဂုတ် ၂၀၂၁ - ၁၂:၀၃
တာလီဘန် အုပ်စိုးရာ ဒေသများတွင် လူ့အခွင့် အရေးချိုး ဖောက်မှုများ ပြန်မြင် လာရဟု ကုလ အတွင်းရေးမှူးပြော

အာဖဂန်နစ္စတန်က တာလီဘန်အဖွဲ့ သိမ်းပိုက်ထားတဲ့ ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြင်လာရပြီး၊ လက်နက်နဲ့ အာဏာရဖို့ကြိုးစားတာဟာ အောင်မြင်မှာမဟုတ်တဲ့ ကြိုးပမ်းမှု ဖြစ်တယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က သတိပေး ပြောကြားလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အာဖဂန်နစ္စတန်က တာလီဘန်အဖွဲ့ သိမ်းပိုက်ထားတဲ့ ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြင်လာရပြီး၊ လက်နက်နဲ့ အာဏာရဖို့ကြိုးစားတာဟာ အောင်မြင်မှာမဟုတ်တဲ့ ကြိုးပမ်းမှု ဖြစ်တယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က သတိပေး ပြောကြားလိုက်ပါတယ်။

အမေရိကန်ဦးဆောင်တဲ့ နိုင်ငံခြားတပ်ဖွဲ့တွေ တစ်ဖြည်းဖြည်းဆုတ်ခွာနေချိန်မှာ တာလီဘန်အဖွဲ့က ထိုးစစ်ဆင်ကာ နယ်မြေတွေ ပိုမိုသိမ်းယူလာပြီး ပြီးခဲ့တဲ့သီတင်းနှစ်ပတ်အတွင်း တတိယအကြီးဆုံးမြို့ ဟီရတ်နဲ့ ဒုတိယအကြီးဆုံးမြို့ ကန်ဒါဟာတို့အပါအဝင် အဓိကမြို့ကြီး ၁၈ မြို့လောက်ကို လွယ်လွယ်ကူကူပဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ကုလအတွင်းရေးမှူး ဂူတာရက်စ်က နိုင်ငံတကာအသိုင်းအဝိုင်းဟာ လက်နက်နဲ့ အာဏာရယူဖို့ ကြိုးပမ်းမှုကို ထောက်ခံမှာမဟုတ်ဘဲ၊ အာဖဂန်နစ္စတန်အနေနဲ့ နောက်ထပ် ရှည်ကြာတဲ့ ပြည်တွင်းစစ်ကို ကြုံရပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ လုံးဝဖယ်ကျဉ်ခြင်းကို ခံရလိမ့်မယ်လို့ မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ သတိပေးခဲ့ပါတယ်။

တာလီဘန်သိမ်းပိုက်ထားတဲ့ ဒေသတွေမှာ အမျိုးသမီးတွေနဲ့ ဂျာနယ်လစ်တွေအပေါ် ပစ်မှတ်ထား ဖိနှိပ်တာမျိုးလို လူ့အခွင့်အရေး ချိုးဖောက်မှုကို မြင်လာရပြီး အာဖဂန်က လက်နက်ကိုင်အဖွဲ့တွေအားလုံး အရပ်သားတွေကို ကာကွယ်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

“အာဖဂန်မိန်းကလေးငယ်တွေ၊ အမျိုးသမီးတွေ ခက်ခက်ခဲခဲ့ရယူထားရတဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်ဆိုတာ ကြောက်မက်ဖွယ်၊ စိတ်မကောင်းဖြစ်ဖွယ် ကြားသိနေရပါတယ်”

ကုလသမဂ္ဂဟာ အာဖဂန်နစ္စတန်က လုံခြုံရေးအခြေအနေကို နာရီတိုင်း လေ့လာသုံးသပ်နေပြီး တစ်ချို့ဝန်ထမ်းတွေကို ကဘူးလ်မြို့ ရွှေ့ထားပေမယ့် ကယ်ထုတ်မှာ မဟုတ်သေးဘူးလို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။