၃၀ ဩဂုတ် ၂၀၂၁ - ၁၉:၂၈
   ကျွမ်းကျင် အာဖဂန်လုပ်သားများ အား ကယ်ထုတ်နေခြင်းကို ရပ်တန့်ရန် အမေရိကန်ကို တာလီဘန် ပြောကြား

အမေရိကန်က ကျွမ်းကျင်အာဖဂန်လုပ်သားများအား ကယ်ထုတ်နေခြင်းကို ရပ်တန့်ရန် တာလီဘန်ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက သြဂုတ်လ ၂၆ရက်က ပြောကြားခဲ့ပြီး အနောက်နိုင်ငံတပ်ဖွဲ့များ၏ သြဂုတ်လ ၃၁ ရက် နောက်ဆုံးထား၍ လေကြောင်းဖြင့် ကယ်ထုတ်ခြင်းကို သက်တမ်းတိုးရန်မှာ မဖြစ်နိုင်ကြောင်း သတိပေးလိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အမေရိကန်က ကျွမ်းကျင်အာဖဂန်လုပ်သားများအား ကယ်ထုတ်နေခြင်းကို ရပ်တန့်ရန် တာလီဘန်ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက သြဂုတ်လ ၂၆ရက်က ပြောကြားခဲ့ပြီး အနောက်နိုင်ငံတပ်ဖွဲ့များ၏ သြဂုတ်လ ၃၁ ရက် နောက်ဆုံးထား၍ လေကြောင်းဖြင့် ကယ်ထုတ်ခြင်းကို သက်တမ်းတိုးရန်မှာ မဖြစ်နိုင်ကြောင်း သတိပေးလိုက်သည်။

အမေရိကန်သည် အာဖဂန်နစ္စတန်မှ အင်ဂျင်နီယာများကဲ့သို့သော အာဖဂန်မှ ကျွမ်းကျင်လုပ်သားများကို ခေါ်ဆောင်သွားကြောင်း ဆိုသည်။

“ ဒီဖြစ်စဉ်ကို ရပ်တန့်ဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု တာလီဘန်ပြောရေးဆိုခွင့်ရှိသူ မူဂျာဟစ်က ကဘူးလ်မြို့တွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ကဘူးလ်မြို့မှ လူထောင်ပေါင်းများစွာကို ကယ်ထုတ်ရေးကို အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့များက အရှိန်မြှင့် လုပ်ဆောင်နေစဉ် သြဂုတ်လ ၂၆ရက် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း တာလီဘန်၏ ထိပ်တန်းပြောရေး ဆိုခွင့်ရှိသူက ဆက်တိုက်တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

သြဂုတ်လ ၃၁ရက် နောက်ဆုံးထားပြီး အပြီးသတ်ဆုတ်ခွာမှုကို အမေရိကန်က သက်တမ်းတိုးရန် ကြိုးပမ်းမှုကို တာလီဘန် ခွင့်ပြုမှာမဟုတ်ကြောင်း တာလီဘန်အဖွဲ့၏ အစောပိုင်း ကြေညာချက်ကို ပြောရေးဆိုခွင့်ရှိသူက ထပ်မံ ပြောကြားခြင်းဖြစ်သည်။

“ သူတို့မှာလေယာဉ်တွေရှိတယ်၊ လေဆိပ်ရှိတယ်၊ သူတို့နိုင်ငံသားတွေနဲ့ ကန်ထရိုက်တွေကို ဒီကနေ ခေါ်ထုတ်သွားသင့်ပါတယ်” ဟု မူဂျာဟစ်က ဆိုသည်။

သတ်မှတ်ထားသည့် သြဂုတ် ၃၁ ရက် နောက်ဆုံးထားပြီး အမေရိကန်တပ်ဖွဲ့များ တပ်ဆုတ်မှုကို လိုက်နာ လိမ့်မည်ဟု သမ္မတဂျိုးဘိုင်ဒန်က မျှော်လင့်ကြောင်း ပြောကြားနေသော်လည်း သူသည် ဥရောပ မဟာမိတ်များနှင့် ဗြိတိန်တို့၏ သက်တမ်းတိုးခိုင်းသည့် ဖိအားပေးမှုကို ခံနေရသည်။

အမေရိကန်အစိုးရ၏အဆိုအရ တာလီဘန်တို့ လွန်ခဲ့သည့် ၉ ရက်က အာဏာသိမ်းပိုက်ပြီးနောက် နိုင်ငံခြားသားများနှင့် အာဖဂန်လူမျိုး ၅၀ဝဝဝ ခန့်သည် ကဘူးလ်လေဆိပ်မှ ထွက်ခွာသွားခဲ့ကြောင်း ဆိုသည်။

****************************************************************

END / 251