၃၁ ဩဂုတ် ၂၀၂၁ - ၁၉:၂၀
တရက်တည်း ကိုဗစ်-၁၉ အတည်ပြု လူနာ ၃၅၀၀ ကျော်၊ ၁၀၄ ဦး ထပ်မံ သေဆုံး

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃,၅၀၀ ကျော်နဲ့ ၁၀၄ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၃၀ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃,၅၀၀ ကျော်နဲ့ ၁၀၄ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၃၀ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၄၂,၄၉၇ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၃,၅၈၃ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၈ ဒသမ ၄၃ ရာခိုင်နှုန်း  ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူ အရေအတွက်ကတော့  ၂,၂၇၄  ယောက်ရှိတယ်လို့ဆိုပါတယ်။

ဒါကြောင့်မို့ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ စုစုပေါင်း ၁၅,၂၈၇ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၉၅,၈၈၃ ယောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလော ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာ သင်ကျောင်းတွေ ပိတ်ထားသလို ရောဂါကိုထိန်းချုပ်နိုင်ဖို့ အများပြည်သူ ရုံးပိတ်ရက် အဖြစ် လာမယ့် စက်တင်ဘာလကုန်အထိ တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက ကြေညာထားပါတယ်။

ဒါ့အပြင် ရောဂါကူးစက်မှုများတဲ့ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၂၀ ကျော်ကိုလည်း Stay At Home အမိန့်ထုတ်ပြန်ထားပါတယ်။

Tags
ကိုဗစ်-၁၉မြန်မာနိုင်ငံ
ဆက်စပ်သတင်းများ
အမေရိကန်တွင် ကိုဗစ်-၁၉ ကူးစက်ခံဦးရေ ၃၈ ဒသမ ၇၉ သန်းအထိ ရှိလာ


****************************************************************

END / 251