အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အဇာဘိုင်ဂျန်သမ္မတနိုင်ငံအစိုးရသည် ကျောင်းများတွင် ဟီဂျာဘ်ဝတ်ဆင်မှုကို ကန့်သတ်ထားသည့် စည်းမျဉ်းများကို ဆက်လက်ကျင့်သုံးရန် ရပ်တည်နေပြီး ယင်းကြောင့် ကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများ၏ ဆန္ဒပြမှု၊ သပိတ်မှောက်မှုများ တိုးပွားလာနေပါတယ်။
ကျောင်းသူများသည် ဟေဂျာဗ် ဝတ်ဆင်သူများအပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်များကို ဆန့်ကျင်ကာ စာသင်ခန်းများသို့ တက်ရောက်ရန် ငြင်းဆိုခဲ့ကြပါတယ်။ ဘာကူးမြို့ ပညာရေးဌာနကလည်း အစိုးရကျောင်းများတွင် စည်းမျဉ်းသစ်များ လိုက်နာကျင့်သုံးမှုကို စတင်ကြီးကြပ်နေပြီဖြစ်ကြောင်း ကြေညာထားပါတယ်။
ကျောင်းသူများနှင့် မိဘများက အဆိုပါစည်းမျဉ်းများသည်ဟေဂျာဗ် ဝတ်ဆင်သော မိန်းကလေးများ၏ ပညာသင်ကြားခွင့်ကို ကန့်သတ်နေကြောင်း ဝေဖန်ကြပါတယ်။ အဇာဘိုင်ဂျန်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အထွေထွေပညာရေး နှင့် မသင်မနေရ အလယ်တန်းပညာရေးကို အခမဲ့ရရှိခွင့်အတွက် အာမခံချက်ပေးထားကြောင်းလည်း သတင်းတွင် ဖော်ပြထားပါတယ်။
မေဒန် တီဗီ၏ သတင်းများနှင့် လူမှုကွန်ရက်ပေါ်ရှိ ဗီဒီယိုများအရ ဘာကူးမြို့ရှိ အမှတ် (၆၉) ကျောင်းနှင့် မာဆာလီခရိုင်၊ မူလာအိုဘာကျေးရွာရှိ ဘီ. ရှီရီယက်ဖ် အလယ်တန်းကျောင်းတို့မှ ကျောင်းသူများသည် စာသင်ခန်းတက်ရောက်မှုကို သပိတ်မှောက်ခဲ့ကြပါတယ်။ ၎င်းတို့ကဟေဂျာဗ် ဝတ်ဆင်သော အတန်းဖော်များကို ကျောင်းသို့ ပြန်လည်တက်ရောက်ခွင့်ပြုရန် တောင်းဆိုခဲ့ကြပါတယ်။
ထို့အပြင် ဘာကူးမြို့ရှိ ရစ်ချတ် ဇော်ဂေး အမှတ် (၉၀) အလယ်တန်းကျောင်းမှ ဟီဂျာဘ်ဝတ်ဆင်သော ဆရာမတစ်ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း မေဒန် တီဗီက ဖော်ပြထားသည်။ ထုတ်ပြန်ထားသော ဓာတ်ပုံမျာတွင် ကျောင်းသူများက မိမိတို့၏ ဆရာမကို ဖက်ထားရင်း ငိုကြွေးနေကြသည်ကို တွေ့ရသည်။

အလားတူ အကျဉ်းကျနေသော သတင်းထောက်နှင့် ခါဘာမန် နယူးစ် ဝက်ဘ်ဆိုက်၏ အယ်ဒီတာ ပိုလာဒ် အက်စ်လာနော့ဗ်သည်လည်း ကျောင်းဝတ်စုံဆိုင်ရာ စည်းမျဉ်းများကို ပြောင်းလဲပေးရန် တောင်းဆိုသည့်အနေဖြင့် အစာငတ်ခံဆန္ဒပြမှုကို စတင်ခဲ့သည်။ အဆိုပါစည်းမျဉ်းများကို အဇာဘိုင်ဂျန်ဝန်ကြီးများအဖွဲ့က စက်တင်ဘာ ၂၁ ရက်တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။ အက်စ်လာနော့ဗ်သည် ကန့်သတ်ချက်များကို ဆန့်ကျင်သည့်အနေဖြင့် ကြာသပတေးနေ့တွင် ဆန္ဒပြမှုစတင်ခဲ့ကြောင်း ကြေညာခဲ့သည်။
၎င်း၏ဇနီး ဂူလ်မီရာ အက်စ်လာနိုဗာက ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် အဆိုပါဆုံးဖြတ်ချက်ကို အသိပေးခဲ့ပြီး ခင်ပွန်းဖြစ်သူသည် အမှတ် (၁၅) ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရကြောင်း ပြောကြားခဲ့ပါတယ်။
အက်စ်လာနော့ဗ်က ၎င်း၏ အစာငတ်ခံဆန္ဒပြမှုသည် ဟီဂျာဘ်ဝတ်ဆင်သော ကျောင်းသူများကို ကျောင်းတက်ခွင့်မပေးခြင်းနှင့် ဟီဂျာဘ်ဝတ်ဆင်သော အမျိုးသမီးဆရာမများ၏ ဝတ်စားဆင်ယင်မှုအပေါ် ကန့်သတ်ခြင်းတို့ကို လူထု၏ အာရုံစိုက်မှုရရှိစေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် မိမိ၏ကလေး၏ ပညာသင်ကြားခွင့်ကိုလည်း ကန့်သတ်ခံထားရကြောင်း ဆိုသည်။
၎င်းက မိမိ၏ကလေးနှင့် ပညာသင်ကြားခွင့် ကန့်သတ်ခံထားရသော ဟီဂျာဘ်ဝတ်ဆင်သည့် ကျောင်းသူအားလုံး၏ အခွင့်အရေးများကို ကာကွယ်ရန် အစာငတ်ခံဆန္ဒပြခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ထို့အပြင် ပညာသင်ကြားခွင့်နှင့် ဟေဂျာဗ် ဝတ်ဆင်ခွင့်တို့အနက် တစ်ခုကိုသာ ရွေးချယ်ရန် ဖိအားပေးခံနေရသော အမျိုးသမီးဆရာမများ၏ အခွင့်အရေးများကိုလည်း ကာကွယ်သွားမည်ဖြစ်ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment