အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လားရှိုးမြို့ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတဒူဝါလရှီးလနေအိမ်ကို စစ်ကောင်စီတပ်များက စက်တင်ဘာလ ၇ ရက်ညပိုင်းက ဝင်ရောက်ရှာဖွေမှုပြုလုပ်ခဲ့ကြောင်း အိမ်နီးချင်းများအပြောအရသိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရိုးမြို့ ရပ်ကွက် (၁) မှာရှိသည့် ယာယီသမ္မတ နေအိမ်သို့ ရဲ၊စစ်သား အင်အား အလုံးအရင်းဖြင့် ဝင်ရောက်ရှာဖွေခဲ့ပြီး နေအိမ် တံခါးမဖွင့်ပေးသဖြင့် ခြံတံခါးကျော်ဝင်ခဲ့ကြသည်။
"စုစုပေါင်း ကားငါးစီးလာတယ်ထင်တယ်ဗျ၊ ညဆိုတော့သေချာတော့ မတွေ့ ရဖူး၊အရင်ကတည်းကအဲ့အိမ်ကိုလာစောင့်ကြည့်နေတာသတိထားမိတယ်၊ အဲ့ညကတော့ခြံကျော်ဝင်သွားတယ်၊ အဖမ်းခံရတဲ့သူရှိမရှိတော့မသိဘူးခင်ဗျ "ဟု အိမ်နီးချင်းတစ်ဦးက ပြောသည်။
ဒူဝါလရှီးလသည် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာမသိမ်းခင်က လားရိုး မြို့တွင် နေထိုင်ခဲ့သည်။
သမ္မတကြီးက စက်တင်ဘာ ၇ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး နိုင်ငံ တစ်ဝှမ်း လှည်းနေလှေအောင်း မြင်းစောင်းမကျန် တော်လှန်ရေး စတင်ပြီဟု အကြမ်းဖက်စစ်ကောင်စီအပေါ် စစ်ကြေညာခဲ့သည်။
အဆိုပါကြေညာချက်တွင် ပြည်သူ့ကာကွယ်ရေး PDF တပ်များကို သက်ဆိုင်ရာ နယ်မြေများအတွင်း စစ်အာဏာရှင်နှင့် ဒေါက်တိုင်များကို ပစ်မှတ်ထား ထိန်း ချုပ်ရန်မှာကြားထားသည်။
****************************************************************
END / 251
၉ စက်တင်ဘာ ၂၀၂၁ - ၁၄:၅၂
News ID: 1178477
လားရှိုးမြို့ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတဒူဝါလရှီးလနေအိမ်ကို စစ်ကောင်စီတပ်များက စက်တင်ဘာလ ၇ ရက်ညပိုင်းက ဝင်ရောက်ရှာဖွေမှုပြုလုပ်ခဲ့ကြောင်း အိမ်နီးချင်းများအပြောအရသိရသည်။