အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ယနေ့ အောက်တိုဘာ ၁၁ရက်တွင် ဇဗ္ဗူသီရိ အထူးတရားရုံးတွင် ကြားနာစစ်ဆေးရာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် စွဲဆိုခံထားရမှုတွင် ၎င်းတို့အနေဖြင့် အပြစ်မရှိကြောင်း ခေါင်းဆောင်နှစ်ဦးလုံးကထွက်ဆိုသည်။
သမ္မတဦးဝင်းမြင့်အမှုအတွက် ခုခံကာကွယ်မှု ရှေ့နေအဖွဲ့က တရားလိုပြ သက်သေများဖြစ်သည့် ရဲမှူး မြင့်နိုင်နှင့် ဒုရဲအုပ် လှိုင်ဝင်းတို့ကို ပြန်လည်ခေါ်ယူခဲ့သည်။
ယင်းနောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအောက်တွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အမှုကို စစ်ဆေးခဲ့သည်။ အဆိုပါ အမှုအတွက်လည်း တရားလိုပြ သက်သေနှစ်ဦး ထွက်ဆိုထားပြီး ရဲမှူးမြင့်နိုင်နှင့် ဒုရဲအုပ် လှိုင်ဝင်းတို့ကို ပြန်လည် ခေါ်ယူထားခဲ့သည်။
ယင်းနောက် ပို့ကုန်-သွင်းကုန် ဥပဒေအောက်တွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အမှုကိုစစ်ဆေးခဲ့သည်။ ထပ်တိုး တရားလိုပြ သက်သေဖြစ်သည့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစည်သူအောင် လာရောက်ပြီး ထွက်ဆိုခဲ့သည်။
သည့်အပြင် ဆက်သွယ်ရေး ဥပဒေအောက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အမှုကို စစ်ဆေးခဲ့ပြီး စွဲချက်တင်သင့် မတင်သင့်နှင့် စပ်လျဉ်း၍ အမိန့်ချမှုကို ဒေါ်အောင်ဆန်းစုကြည်၏ ပို့ကုန်-သွင်းကုန် အမှုနှင့် အတူတူဖြစ်စေရန် နောက်ဆုတ် ရွှေ့ဆိုင်းခဲ့သည်။
အမှုလေးခုစလုံးကို လာမည့် တနင်္လာနေ့ အောက်တိုဘာ ၁၈ရက်သို့ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကြောင့် ကြားနာစစ်ဆေးမှုများကို တစ်ပတ်ခြားတစ်ခါ (နှစ်ပတ်တစ်ကြိမ်) စစ်ဆေးပေးရန် ပြီးခဲ့သည့် ရုံးထုတ်စစ်ဆေးမှုတွင် ဒေါ်အောင်ဆန်းစုကြည်က စာတင်ပြတောင်းဆိုထားမှုကို နေပြည်တော်အထူးတရားရုံးက ပယ်ချပြီး တစ်ပတ်တစ်ခါသာ စစ်ဆေးမည်ဟု အမိန့်ချခဲ့ကြောင်း ဘီဘီစီမြန်မာပိုင်းသတင်းတွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ နှစ်ဦးစလုံး ကျန်းမာရေး ကောင်းမွန်ကြောင်းလည်း သိရသည်။
#############################
END / 251
သဘာဝ ဘေးအန္တရာယ်ဆိုင်ရာပုဒ်မဖြင့် စွဲဆိုထားမှုအပေါ် အပြစ်မရှိကြောင်း သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ထွက်ဆို
၁၁ အောက်တိုဘာ ၂၀၂၁ - ၁၀:၂၁
News ID: 1187677
သမ္မတဦးဝင်းမြင့်နှင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ယနေ့ အောက်တိုဘာ ၁၁ရက်တွင် ဇဗ္ဗူသီရိ အထူးတရားရုံးတွင်ကြားနာစစ်ဆေးရာသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် စွဲဆိုခံထားရမှုတွင် ၎င်းတို့အနေဖြင့် အပြစ်မရှိကြောင်း ခေါင်းဆောင်နှစ်ဦးလုံးကထွက်ဆိုသည်။