၁၁ အောက်တိုဘာ ၂၀၂၁ - ၂၀:၂၂
   ယခုနှစ် ဆဖရ်လ ကုန် အထိ မောင်လာအလီ (အ.စ) ၏ ရောင်ဇာ တော် ကို ဇေယာရသ် ပြုသူ ၆ သန်း ရှိ

အီရတ် နိုင်ငံ နဂျဖ်ဖေအရှ်ရဖ် မြို့ ရှိ အမီးရွလ် မိုအ်မေနီ အေမာမ် အလီ (အ.စ) ၏ ရောင်ဇာတော် သို့ ဇေယာရသ် ပြုသူ စာရင်း အား ဆဖရ်လ ၂၈ ရက် နေ့ ကိုယ်တော်မြတ် (ဆွ) ရဲဟ်လသ် နေ့ တွင် ထုတ်ပြန်ကြေငြာ ခဲ့ပါတယ်။ ဇေယာရသ်ပြုသူ အရေအတွက်မှာ ၆သန်း ဖြစ်ကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရတ် နိုင်ငံ နဂျဖ်ဖေအရှ်ရဖ် မြို့ ရှိ အမီးရွလ် မိုအ်မေနီ အေမာမ် အလီ (အ.စ) ၏ ရောင်ဇာတော် သို့ ဇေယာရသ် ပြုသူ စာရင်း အား ဆဖရ်လ ၂၈ ရက် နေ့ ကိုယ်တော်မြတ် (ဆွ) ရဲဟ်လသ် နေ့ တွင် ထုတ်ပြန်ကြေငြာ ခဲ့ပါတယ်။ ဆဖရ်လ ၂၈ ၇က်နေ့ အထိ ဇေယာရသ်ပြုသူ အရေအတွက်မှာ ၆သန်း ဖြစ်ကြောင်း သိရှိရပါတယ်။

ဟဇရသ် အဘာစ် (အ.စ) အမည် ရှိ တပ်ရင်း မှ နဂျဖ်ပြည်နယ် မှ ဗါဗိုလ် ပြည်နယ် အထိ ၁၁ ကီလိုမီတာ တပ်ချ ထားပြီး ဇေယာရသ် ပြုသူများ ၏ လုံခြုံရေး ကို တာဝန် ယူခဲ့ကြောင်း သိရှိ ရပါတယ်။

ဟဇရသ် အဘာစ် (အ.စ) အမည် ရှိ တပ်ရင်း ၏ ထုတ်ပြန်ချက်အရ ဆဖရ်လ ၂၈ ရက်နေ့ မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) ၏ ရဲဟ်လသ် နေ့ အထိ နဂျဖ်မြို့ ၏ အရှေ့ဘက် အထိ တပ်များ ကိုချ ထားပြီး လုံခြုံရေး တာဝန်ခံ ဗိုလ်များ နှင့် ညှိ နှိုင်း ဆောင်ရွက် ခဲ့ကြောင်း သိရှိခဲ့ရ ပါတယ်။

ဆက်လက်ပြီး ၎င်း တပ်ရင်း ၏ ထုတ်ပြန်ချက်အရ နဂျဖ်ပြည်နယ် မှ ဗါဗိုလ် ပြည်နယ် အထိ ၁၁ကီလိုမီတာ တပ်ချ ထားပြီး ဇေယာရသ် ပြုသူများ ၏ လုံခြုံရေး ကို တပ်စု ၅ စု ခွဲ၍ ဆဖရ်လ ၂၈ ရက် ကုန်သည့် အထိ တာဝန် ယူခဲ့ကြောင်း သိရှိ ရပါတယ်။

ဟဇရသ် အဘာစ် (အ.စ) အမည် ရှိ တပ်ရင်း မှ ဇေယာရသ် ပြုသူများ ၏ လုံခြုံရေး ဆောင်ရွက်ရာ တွင် သံချပ်ကား များ ကိုလည်း အသုံး ပြုခဲ့ ကြောင်း သိရှိရပါတယ်။

****************************************************************

END / 251