၁၇ အောက်တိုဘာ ၂၀၂၁ - ၂၀:၀၇
တော်လှန်ရေး ကာလမှာ ဖျော်ဖြေရေးကဏ္ဏနဲ့ ပြည်သူတွေ ကိုဆွဲဆောင်ဖို့ ကြိုးစားလာ တဲ့ စကစ

လတ်တလောမှာ ပြည်သူတွေပွဲကျနေတဲ့ အကြောင်းအရာတစ်ခုရှိပါတယ်။ ဒါကတော့ ကိုဗစ်ကြောင့် ပိတ်ထားတဲ့ ရုပ်ရှင်ရုံတွေကို မကြာခင်အချိန်မှာ ပြန်ဖွင့်ပေးတော့မယ်ဆိုတဲ့ သတင်းပါပဲ။ ဟုတ်ပါတယ်၊ ဒီအကြောင်းအရာကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အောက်တိုဘာလ ၁၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ နိုင်ငံပိုင်ရုပ်ရှင်ရုံ ၁၃ ရုံ တာဝန်နဲ့ ဝတ္တရားများ လွှဲပြောင်းစာချုပ် ချုပ်ဆိုခြင်း အခမ်းအနားမှာ ပြောကြားခဲ့တာပါ။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



လတ်တလောမှာ ပြည်သူတွေပွဲကျနေတဲ့ အကြောင်းအရာတစ်ခုရှိပါတယ်။ ဒါကတော့ ကိုဗစ်ကြောင့် ပိတ်ထားတဲ့ ရုပ်ရှင်ရုံတွေကို မကြာခင်အချိန်မှာ ပြန်ဖွင့်ပေးတော့မယ်ဆိုတဲ့ သတင်းပါပဲ။ ဟုတ်ပါတယ်၊ ဒီအကြောင်းအရာကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အောက်တိုဘာလ ၁၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ နိုင်ငံပိုင်ရုပ်ရှင်ရုံ ၁၃ ရုံ တာဝန်နဲ့ ဝတ္တရားများ လွှဲပြောင်းစာချုပ် ချုပ်ဆိုခြင်း အခမ်းအနားမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ကိုဗစ်လူနာမတွေ့ရှိခင်အချိန်ထဲက ရောဂါကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့  ၂၀၂၀ မတ်လ ၁၆ ရက်နေ့ကစလို့ ရုပ်ရှင်ရုံများကို ယာယီပိတ်ထားဖို့ ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့တာကြောင့် အနယ်နယ်အရပ်ရပ်က ရုပ်ရှင်ရုံတွေပိတ်ထားခဲ့တာဟာဆိုရင် အချိန် တစ်နှစ်ခွဲကျော်ကြာခဲ့ပါပြီ။

ကြားကာလမှာတော့ ကိုဗစ်စည်းကမ်းတွေနဲ့အညီ ရုပ်ရှင်ရုံတွေပြန်ဖွင့်ဖို့ ကြိုးပမ်းခဲ့ကြတဲ့သတင်းများထွက်ပေါ်လာခဲ့ပေမယ့် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ကောင်စီမှ အာဏာသိမ်းမှုဖြစ်ပွားခဲ့တာကြောင့် နောက်ထပ်သော သတင်းအကြောင်းအရာတွေတော့ ဆက်ပြီးမကြားသိရတော့ပါဘူး။

ဒါပေမယ့် အချိန် ကိုးလ အကြာမှာတော့ ကိုဗစ်စည်းကမ်းတွေနဲ့အညီ ရုပ်ရှင်ရုံတွေပြန်ဖွင့်ဖို့ကြိုးပမ်းချက်ကို တစ်ခေါက်ပြန်ပြီးတွေ့မြင်လာရပြန်ပါပြီ။ သာမန်အချိန်ဆိုရင်တော့ ဖျော်ဖြေရေးကဏ္ဏကို ပြန်လည်ဖွံ့ဖြိုးအောင်လုပ်တာဟာ ဝေဖန်ချင်စရာမကောင်းပေမယ့် အခုလိုမျိုး မပျော်သင့်သေးတဲ့ တော်လှန်ရေးအချိန်မှာ ရုပ်ရှင်ရုံမှာ ဟန်ကျပန်ကျ ဘယ်လိုလူမျိုးတွေက ရုပ်ရှင်သွားကြည့်နေမှာလဲဆိုတာကတော့ တွေးစရာပါ။

တစ်ခုထပ်ရှိသေးတာက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၈ ရက် ရက်စွဲနဲ့ ရန်ကုန်တိုင်း ၃၁မြို့နယ်ကို ပုဒ်မ-၁၄၄ ထုတ်ပြန်ထားပါတယ်။ လူငါးယောက်နှင့် အထက်ပိုမိုစုဝေးတာမျိုးမလုပ်ဖို့လည်း တားမြစ်ထားတာကြောင့် ရုပ်ရှင်ရုံတစ်ရုံလုံးမှာ ငါးယောက်ပဲကြည့်ရမှာလား၊ ငါးယောက်အထက် လူပိုဝင်ရင် အဖမ်းခံရတော့မှာလားဆိုတာကတော့ စဉ်းစားစရာတောင်မလိုတော့ပါဘူး။ ဒီလိုမျိုး ရှေ့စကားနဲ့နောက်စကားမညီတဲ့အခါမှာတော့ စကစရဲ့လုပ်ရပ်တွေဟာ ပြည်သူတွေအတွက် ဟာသကြီးတွေသာဖြစ်နေခဲ့ရပ

တော်လှန်ရေးကာလမှာ ဆန္ဒထုတ်ဖော်တဲ့ အနုပညာရှင်တွေကို ဝရမ်းထုတ်တယ်၊ ဖမ်းဆီးထောင်ချတယ်။ သူတို့ကိုထောင်ထဲထည့်ထားပြီး ရုပ်ရှင်ရုံပြန်ဖွင့်မယ်ဆိုတာကအရယ်ရဆုံးဟာသတစ်ခုဖြစ်နေမယ်ထင်ပါတယ်။ ဒါဆို ဘယ်သူ့ကား ကိုပြမှာလဲ၊ ဘာကားတွေပြမှာလဲ၊ ဒီလိုကာလကြီးမှာရော ရုပ်ရှင်တွေပြန်ရိုက်နေကြပြီလား။ သိထားရသလောက်ကတော့ ထောင်ထဲရောက်တဲ့သူကရောက်၊ လွတ်မြောက်နယ်မြေရောက်တဲ့သူကရောက်နေတာပါ။ အဲ့ဒီတော့ သူတို့အစား တွေးပေးရတာတောင် တော်တော်တော့ခက်နေပါပြီ။

တစ်ခုထပ်ရှိသေးတာကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးက မကင်းစင်သေးပါဘူး။ ကျန်းမာရေးအရကြည့်မယ်ဆိုရင်လည်း လူတွေကိုခေါ်ပြီး လွယ်လွယ်ကူကူ ရောဂါပိုးကူးစေသလိုပါပဲ။ လက်ရှိထိ ကိုဗစ်အခြေအနေကလဲဆိုးနေသေးတာပါ။ အခုလို ရောဂါတွေပြန်ဖြစ်နေတဲ့အချိန်ရယ်၊  ခေတ်ကာလ အနေအထားတစ်ခုနဲ့ပြောရမယ်ဆို မဖွင့်တာ အကောင်းဆုံးပဲလို့ထင်မြင်သုံးသပ်မိပါတယ်

နောက်ပြီး ကာကွယ်ဆေးကလည်း လူတန်းစေ့ မထိုးရသေးပါဘူး။ ရုပ်ရှင်ရုံမှာ လူတစ်ယောက်ကို ခြောက် ပေအကွာနဲ့ ပြတယ်ထားပါစို့။ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူကလာကြည့်လို့ နောက်ဆက်တွဲပြသာနာတွေဖြစ်လာရင် ဘယ်သူကတာဝန်ယူ၊တာဝန်ခံမှာလည်း ဆိုတာကိုတော့ မေးချင်ပါတယ်။
 
လက်ရှိမှာတော့ တော်လှန်ရေးကာလက အရှိန်အဟုန်ကောင်းကောင်းနဲ့ရှေ့ဆက်နေပါပြီ။ တဖက်မှာလည်း စစ်ဘေးရှောင်တွေအများကြီးရှိနေတဲ့ တောင်တန်းဒေသတွေမှာရော၊ မြို့ပြပြောက်ကျားဆင်နွှဲနေတဲ့ မြေပြန့်ဒေသတွေမှာပါ ဆုံးရှုံးမှုတွေအများကြီးဖြစ်နေတဲ့အချိန်မှာ ကိုယ့်အနေနဲ့ အေးအေးဆေးဆေး ရုပ်ရှင်သွားကြည့်ဖို့တွေးလိုက်ရင်ကို ကိုယ်တိုင်ကတော့ လိပ်ပြာလုံနိုင်ပါ့မလားတွေးမိပါတယ်။ အသေးအမွှားလေးကအစ ကိုယ့်သမိုင်းလှဖို့ ကိုယ်ရေးနေရ တဲ့အချိန်မှာ ရုပ်ရှင်ရုံတွေပြန်ဖွင့်လို့ ကြိတ်ကြိတ်တိုးပြန်စည်ကားသွားမယ့် အဖြစ်ကြီးကတော့ မြင်ယောင်ကြည့်လိုက်တာနဲ့တင် ရုပ်ဆိုးလွန်းလှပါတယ်။  

ဒီတစ်ခေါက်ဖန်တီးပြတာဟာ သူတို့အာဏာလုထားစဉ် ကာလအတွင်း နိုင်ငံတစ်ဝှမ်းမှာ ပြည်သူတွေဟာ အရင်လိုပြန်လည် လှုပ်ရှားသွားလာနေကြပြီး စကစက အောင်အောင်မြင်မြင်နဲ့ ထိန်းချုပ်လို့ရသွားနိုင်ပြီဆိုတာကို လုပ်ကြံ ဇာတ်ခင်းပြချင်ပုံပေါ်ပါတယ်။ ဒီလိုမုသားဝါဒ လှည်စားမှုတွေကို အားလုံးကလည်း သိပြီးသားဖြစ်နေတော့  ပြည်သူတွေညီမယ်ဆိုရင် သူတို့ရဲ့ အခုအစီအစဉ်ကလည်း ရှုံးနိမ့်မှာမလွဲမသွေပါပဲ။ ဒါတော့ အသေအချာပြောနိုင်ပါတယ်။


###########################################
END / 251