အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်အမှတ် (၂)၊ (၃) နှင့် (၄) တို့ရှိ အိမ်ထောင်စု ပေါင်း ၂,၅၄၄ စုအား အိမ်ထောင်စု တစ်စုလျှင် ၅၀ Kg ဆန် (၂၅ ပြည်နှုန်း) ဆန်အိတ်ပေါင်း ၂,၅၄၄ အိတ်ကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS)နှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)တို့ ပူးပေါင်းကာ ပေးအပ်ခဲ့ကြောင်း MRCS က ထုတ်ပြန်ထားသည်။
ဆန်ဖြန့်ဝေသည့် အစီအစဉ်ကို ဇွန်လနှင့် ဇူလိုင်လအတွင်းကလည်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ရပ်ကွက်များတွင်လည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။
အခြား ကျန်ရှိသည့် ရပ်ကွက်များတွင်လည်း ဆက်လက်ဖြန့်ဝေရန် စီစဉ်နေကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။
*********************************************************
END / 251
၈ နိုဝင်ဘာ ၂၀၂၁ - ၂၀:၁၀
News ID: 1196808