၂၄ ဒီဇင်ဘာ ၂၀၂၁ - ၂၀:၁၆
အီရန်နိုင်ငံ တွင်ဒီဇင်ဘာလ ၂၄ ရက်နေ့ သတင်းအရ ကိုရိုနာ ကြောင့်၄၄ဦး သေဆုံး

အီရန်အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ ကျန်းမာရေး ဝန်ကြီးဌာန ၏ ပြန်ကြားရေး နှင့်ဆက်သွယ်ရေး စင်တာ မှ ကိုရိုနာ ရောဂါ နှင့် ပတ်သက်သည့် နောက်ဆုံး သတင်းကိုယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ အထိ ထုတ်ပြန် ကြေငြာ ခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မနေ့ မှစ၍ ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ အထိ ကိုရိုနာ ရောဂါ တိတိကျကျ ကူးစက်ခံ ရသူအသစ် ၁၉၆၇ဦး ဖြစ်ပြီး ၊ ၎င်းတို့ မှ ၃၂၁ ဦး မှာ ဆေးရုံတက် နေရပြီး ၊ စုစုပေါင်း ရော ဂါသည်မှာ ၆၁၈၁၇၈၄ ရှိ သွား ပြီး ဖြစ်ပါတယ်။

ဝမ်းနည်းစွာဖြင့်တင်ပြရမည်ဆိုလျှင် ကုန်ဆုံးသွားသည့် ၂၄ နာရီ အတွင်း တစ်နိုင်ငံလုံးအတိုင်း အတာ အရ ၄၄ ဦး အလ္လာဟ် ဟို အရှင်မြတ်အမိန့်ခံယူသွား သည် ဖြစ်ကြောင်းစုစုပေါင်း အလ္လာဟ် ဟို အရှင်မြတ် ခံသွားသူဦးရေမှာ ၁၃၁၃၀၆ ဦး ဖြစ်ကြောင်းသိရှိရပါတယ်။

ကံကောင်းထောက်မစွာဖြင့်ယခုအချိန်အထိ ကိုရိုနာ ရောဂါကူးစက်ခံထားရသူ ရောဂါသည်များမှ ၆၀၂၂၁၅၀ဦးပြန်လည်ကောင်းမွန် သွားပြီး (သို့မဟုတ်) ဆေးရုံ မှဆင်းသွားပြီးဖြစ်ပါတယ်။

၂၇၉၆ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ဆေးရုံတက် ၍ အထူး ကြပ်မတ် စောင့်ရှောက် ကုသမှုကိုခံယူလျက် ရှိနေပါတယ်။

လက်ရှိ အခြေအနေအထိ အီရန်တစ်နိုင်ငံလုံး တွင် ၄၁၂၈၆၂၇၉ ဦး အား ကိုရိုနာ ရောဂါ ရှိမရှိ စိစစ် သွား ပြီး ဖြစ် ပါတယ်။

အီရန် နိုင်ငံတွင် လက်ရှိ အနီရောင် နှင့် လိမ္မော်ရောင် မြို့မရှိချေ။ မြို့ပေါင်း ၅၃ မြို့တွင် အဝါရောင် ဖြစ်ပြီး ၃၉၅ မြို့ သည် အပြာရောင် ဖြစ်ပါတယ်။

****************************************************************

END / 251