၂၃ ဇန်နဝါရီ ၂၀၂၂ - ၂၀:၁၁
 ပေါက်မြို့နယ်ရှိ ကြက်ဆူအိုင်ရေနံကျင်းများကို စစ်တပ် မီးရှို့

မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းရှိ ကြက်ဆူအိုင် ရေနံကျင်း (ဒေသအခေါ် ဆီခြံ )များအား စစ်ကောင်စီ တပ်သား အင်အား ၁၀၀ ခန့်ဖြင့် ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀နာရီခန့်တွင် လာရောက် မီးရှို့ ဖျက်ဆီးသွားကြောင်း ဒေသကာကွယ်ရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် GOD OF MYAING အဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းရှိ ကြက်ဆူအိုင် ရေနံကျင်း (ဒေသအခေါ် ဆီခြံ )များအား စစ်ကောင်စီ တပ်သား အင်အား ၁၀၀ ခန့်ဖြင့် ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀နာရီခန့်တွင် လာရောက် မီးရှို့ ဖျက်ဆီးသွားကြောင်း ဒေသကာကွယ်ရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် GOD OF MYAING အဖွဲ့ တာဝန်ရှိသူက ပြောသည်။

"ဆီခြံမှန်သမျှ အကုန်ရှို့မယ်လို့ သိထားပါတယ်ဗျ။ ပိုက်ဆံပေးလည်း မရဘူး။ ပိုက်ဆံ မယူဘူး။ မီးပဲရှို့မယ်လို့ သိရပါတယ်။ PDF တွေကိုထောက်ပံ့နေတာက ဆီခြံလို့ စွပ်စွဲပြီး လုပ်တာပါဗျ"ဟု ၎င်းက ပြောသည်။

ယနေ့ ညနေ ၅နာရီအချိန် ထပ်မံရရှိသည့် သတင်းအရင် မီးရှို့ခံရသည့် ရေနံကျင်းအရေအတွက်မှာ ၁၀ ကန်ခန့် ရှိနိုင်ကြောင်း သိရသည်။

“ဆီကန်အရေအတွက်က များမယ်ဗျ၊ ခြံကလေးခြံဆိုတော့ အနည်းဆုံးတော့ ၁၀ ကန်လောက်တော့ရှိမယ်ဗျ” ဟု GOD OF MYAING အဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

မကွေးတိုင်းအတွင်း မြိုင်မြို့နယ်တွင်လည်း ဇန်နဝါရီ ၁၄ ‌ရက်နေ့က စတင်ကာ စစ်ကောင်စီ တပ်များ စစ်ကြောင်းထိုးပြီး ပြည်သူပိုင် ရေနံမှော်များ၊ ရေနံကျင်းများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ် ခဲ့သေးသည်။

မြိုင်မြို့နယ်ရှိ ပြည်သူ့ နေအိမ်များကို မီးရှို့ ဖျက်စီးခဲ့သည့် စစ်ကောင်စီ စစ်ကြောင်း ပေါက်မြို့နယ်သို့ ရောက်ရှိစဉ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဒေသပြောက်ကျား တပ်များက အလစ်အငိုက် တိုက်ခိုက် ခဲ့သေးသည်။

****************************************************************
END / 251