၁၀ ဖေဖော်ဝါရီ ၂၀၂၂ - ၂၀:၀၈
ရေဦးမြို့အဝင်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ၊ ထိခိုက်သေဆုံးမှုများရှိ ဟုဆို

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှ ရေဦးမြို့သို့လာသည့် စစ်ကောင်စီနှင့် ပျူစောထီး ကားလေးစီးပါ ယာဉ်တန်းအား ယနေ့ ဖေဖော်ဝါရီ ၁၀ ရက် နေ့လည်ပိုင်းက ရေဦးမြို့အဝင် ကြာပန်းအဝိုင်း အနီးတွင် ပဒေသာမိုင်း လေးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှ ရေဦးမြို့သို့လာသည့် စစ်ကောင်စီနှင့် ပျူစောထီး ကားလေးစီးပါ ယာဉ်တန်းအား ယနေ့ ဖေဖော်ဝါရီ ၁၀ ရက် နေ့လည်ပိုင်းက ရေဦးမြို့အဝင် ကြာပန်းအဝိုင်း အနီးတွင် ပဒေသာမိုင်း လေးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"ပဒေသာမိုင်း လေးလုံးဖြင့် တိုက်ခိုက်ခဲ့တာပါ၊ အထိအခိုက် အကျအဆုံးတော့ အတိအကျ မသိရပေမယ့် အနည်းဆုံး ငါးကောင်လောက် ထိတယ်လို့ သိရပါတယ်" ဟု YE U People Defence Force အဖွဲ့ တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာ ရရှိနိုင်ပြီး သေဆုံးမှုကို အတည်မပြု နိုင်သေးကြောင်း ရေဦး PDF  နှင့် ရေဦး ပ.က.ဖ တို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

ယမန်နေ့က တန့်ဆည်မြို့ ကံထူးမ ရဲစခန်းအား ဒေသခံ မဟာမိတ် ပူးပေါင်းအဖွဲ့များ ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄၀ ခန့် သေဆုံးခဲ့ပြီးနောက် ရေဦး-တန့်ဆည် လမ်းပိုင်းအား ခေတ္တပိတ်ထားခဲ့ပြီး ယနေ့ ညနေပိုင်းတွင် ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း YE U People Defence Force အဖွဲ့က ပြောသည်။

****************************************************************
END / 251