၂၁ အောက်တိုဘာ ၂၀၂၆ - ၂၃:၅၁
အမေရိကန်နှင့် ဇီယွန်ဝါဒီအစိုးရ၏ ရန်လိုကျူးကျော်မှုကို တရုတ်နိုင်ငံက ပြင်းထန်စွာ ရှုတ်ချ

တရုတ်နိုင်ငံသည် အီရန် နိုင်ငံ အပေါ် အမေရိကန်နှင့် ဇီယွန်ဝါဒီအစိုးရတို့၏ လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း ကျူးကျော်မှုဟု သတ်မှတ်ကာ ပြင်းထန်စွာ ရှုတ်ချခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဒူရှန်ဘေးမြို့တွင် အီရန်ဒုတိယသမ္မတ နှင့် တွေ့ဆုံစဉ် တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်က အီရန်နိုင်ငံအပေါ် ဇီယွန်ဝါဒီအစိုးရနှင့် အမေရိကန်တို့၏ လုပ်ရပ်များသည် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေစဉ်အတွင်းနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်မရဘဲ ဆောင်ရွက်ခဲ့သည့် “ပြောင်ပြောင်တင်းတင်း ကျူးကျော်မှု” ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဝါရှင်တန်နှင့် တဲလ်အဗစ်တို့ကို ရှုတ်ချခဲ့ပါတယ်။

၎င်းက တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည့်အပြင် အစ္စလာမ်မာဘတ် သဘောတူညီချက်ကို ပြန်လည်အသက်သွင်းရန် လိုအပ်ကြောင်းနှင့် နိုင်ငံတကာဖိုရမ်များတွင် အီရန်အစ္စလာမ်မစ် ပြာ်သူ့ သမ္မတနိုင်ငံ၏ တရားဝင်အခွင့်အရေးများကို ကာကွယ်ပေးရေးအတွက် ဘေဂျင်း၏ ပြတ်သားသောရပ်တည်ချက်ကိုလည်း အလေးပေးပြောကြားခဲ့ပါတယ်။

အာရ်နာသတင်းဌာန၏ ဖော်ပြချက်အရ အီရန်ဒုတိယသမ္မတ မိုဟမ္မဒ် ရေဇာ အာရစ်ဖ် နှင့် တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန် တို့ တွေ့ဆုံစဉ် တရုတ်အဆင့်မြင့်အရာရှိက အီရန်နိုင်ငံနှင့် လတ်တလောဖြစ်ပေါ်တိုးတက်မှုများအပေါ် ဘေဂျင်း၏ ပြတ်သားတိကျပြီး ပြည့်စုံသောရပ်တည်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လီချန်က အီရန်နိုင်ငံအပေါ် ရန်လိုသောလုပ်ရပ်များနှင့်ပတ်သက်၍ တရုတ်အစိုးရ၏ ရပ်တည်ချက်ကို ရှင်းလင်းပြောကြားရာတွင် ဇီယွန်ဝါဒီအစိုးရနှင့် အမေရိကန်တို့က အီရန်နိုင်ငံအပေါ် ဆောင်ရွက်ခဲ့သည့် လုပ်ရပ်များသည် ပြောင်ပြောင်တင်းတင်း ကျူးကျော်မှုဖြစ်ပြီး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေစဉ်အတွင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်မရဘဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်က တရုတ်နိုင်ငံသည် ၎င်း၏ သံတမန်ရေးရာမူဝါဒများအပေါ် ခိုင်မာစွာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး-  “အမေရိကန် နှင့် ဇီယွန်ဝါဒီအစိုးရတို့၏ လုပ်ရပ်များကို ရှုတ်ချခြင်းနှင့် အီရန်နိုင်ငံ၏ တရားဝင်အခွင့်အရေးများကို ကာကွယ်ပေးခြင်းတို့အပေါ် ကျွန်ုပ်တို့၏ ရပ်တည်ချက်သည် လုံးဝရှင်းလင်းပြတ်သားပါတယ်။

အစ္စလာမ်မာဘတ် သဘောတူညီချက်ကို ပြန်လည်အသက်သွင်းလိုပြီး အမေရိကန်၏ တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုများကိုလည်း ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ပါသည်” ဟု ပြောကြားခဲ့ပါတယ်။

၎င်းက အီရန်နှင့် တရုတ်နိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာစေရန် နှစ်ဖက်စလုံးက သန္နိဋ္ဌာန်ချထားကြောင်းလည်း ပြောကြားခဲ့ပါတယ်။

“နှစ်နိုင်ငံအကြား ဆက်ဆံရေးကို နယ်ပယ်အားလုံးတွင် ပိုမိုတိုးတက်စေလိုပါသည်။ အီရန်နှင့် တရုတ်နိုင်ငံတို့သည် နှစ်ပေါင်းထောင်ချီသော သမိုင်းကြောင်းရှိပြီး နက်ရှိုင်းသည့် တူညီမှုများစွာ ပိုင်ဆိုင်ထားသော ယဉ်ကျေးမှုကြီးနှစ်ရပ်ဖြစ်ပါသည်။ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု၏ အခြေခံအုတ်မြစ်ကို ပိုမိုခိုင်မာစေရန် ကျွန်ုပ်တို့ ခိုင်မာသောသန္နိဋ္ဌာန်ရှိပါတယ်။

ထို့အပြင် နိုင်ငံတကာဖိုရမ်များတွင်လည်း အီရန်နိုင်ငံ၏ တရားဝင်အခွင့်အရေးများကို ကာကွယ်ပေးသွားမည်ဖြစ်ပါသည်” ဟု ၎င်းက ပြောကြားခဲ့ပါတယ်။

အာရ်နာသတင်းဌာန၏ ဖော်ပြချက်အရ အီရန်ဒုတိယသမ္မတ မိုဟမ္မဒ် ရေဇာ အာရက်ဖ်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများ၏ ဝန်ကြီးချုပ်များ အစည်းအဝေးသို့ တက်ရောက်ရန် တနင်္လာနေ့နံနက်ပိုင်းတွင် တာဂျစ်ကစ္စတန်နိုင်ငံ၏ မြို့တော် ဒူရှန်ဘေး သို့ ရောက်ရှိခဲ့ပါတယ်။

အာရက်ဖ်သည် နှစ်ရက်ကြာ ခရီးစဉ်အတွင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများ၏ ဝန်ကြီးချုပ်များ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည့်အပြင် အခြားနိုင်ငံအချို့မှ ဝန်ကြီးချုပ်များနှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါတယ်။


++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha