၁၂ မတ် ၂၀၂၂ - ၁၁:၃၅
ရိခေါ်ဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရ၊ အရာရှိ အပါအဝင် ၃ ဉီး သေဆုံးဟုဆို

ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ အိန္ဒိယ-မြန်မာ နယ်စပ် ရိခေါ်ဒါရ်မြို့ အမှတ် (၂) ရပ်ကွက်ရှိ စစ်ကောင်စီတပ် စခန်းအား ယနေ့ မတ်လ ၁၂ ရက်တွင် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ အရာရှိ တစ်ဦး အပါအဝင် သုံးဉီး သေဆုံးကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

 
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ အိန္ဒိယ-မြန်မာ နယ်စပ် ရိခေါ်ဒါရ်မြို့ အမှတ် (၂) ရပ်ကွက်ရှိ စစ်ကောင်စီတပ် စခန်းအား ယနေ့ မတ်လ ၁၂ ရက်တွင် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ အရာရှိ တစ်ဦး အပါအဝင် သုံးဉီး သေဆုံးကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့ဘက်က သူတို့နေရာ သိလို့ လက်နက်ကြီး ငယ်နဲ့ သွားရောက် ပစ်ခတ်ခဲ့ တာပါ၊ အရာရှိ ပါတယ် လို့ သိရတယ်၊ ဘယ်အဆင့် ဆိုတာတော့ အတည်ပြုလို့ မရသေးဘူး” ဟု ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ CNDF ပြောရေး ဆိုခွင့်ရှိသူက မဇ္ဈိမ ကိုပြောသည်။

နံနက် ၆ နာရီကျော်တွင် ဖြစ်ပွားခဲ့သော တစ်နာရီကျော်ကြာ တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီး ငယ်များဖြင့် ပြန်လှန် ပစ်ခတ် သော်လည်း အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ တပ်စခန်းသည် မတ်လ ၁ ရက်နေ့တွင် ခ.လ.ရ (၂၆၈) တပ်ရင်း အင်အား ၃၀ ခန့်ဖြင့် အခြေချ တပ်စွဲထားသည့် စခန်း ဖြစ်ကြောင်း သိရသည်။

မတ်လ ၇ ရက် ညနေ ၃ နာရီ ကလည်း အဆိုပါ စစ်ကောင်စီ တပ်စခန်းအား သွားရောက် ပစ်ခတ်ရာ စစ်ကောင်စီ တပ်သား နှစ်ဉီး သေဆုံးကြောင်း CNDF က ထုတ်ပြန် ထားသည်။

၎င်းအပြင် လ.ဝ.က စခန်းကို ဝင်ရောက် သိမ်းပိုက်စဉ်က ရရှိထားသော မှတ်ပုံတင် ၁၀၀ ကျော်ရှိကြောင်း ငွေကြေးပေးရန် မလို အခမဲ့ လာရောက် ရွေးယူနိုင်ကြောင်း CNDF ကဆိုသည်။

တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားသဖြင့် ရိခေါ်ဒါရ်မြို့နှင့် နယ်စပ်ချောင်း ခေါ် မွိုင်းမှ အိမ်ခြေ ၁၀၀၀ ကျော်၊ လူဉီးရေ ၅၀၀၀ ခန့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဇိုးခွားထားလ်နှင့် အနီးဝန်းကျင် ကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

****************************************************************
END / 251