၁၂ မတ် ၂၀၂၂ - ၂၀:၁၈
ဆော်ဒီ အာရေဗျ တွင် တစ်ရက်တည်း ၈၁ ဦးအား သေဒဏ် ပေး / ရှီအာ မွတ်စလင်မ် ၄၁ ဦး ပါဝင်

သတင်း မီဒီယာ များ ၏ အဆိုအရ ဆော်ဒီအာရေဗျ မှ အကြမ်းဖက်မှု ဆိုသည် စွဲချက် ဖြင့် တရက်တည်း ၈၁ ဦး အား သေဒဏ်ပေး ကွပ်မျက်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆော်ဒီ အာရေဗျ ပြည်ထဲရေး ဝန်ကြီးဌာန မှ ဝမ်းနည်းဖွယ် သတင်း တစ်နည်းအားဖြင့် ၈၁ ဦးအား သေဒဏ်ချမှတ် ခဲ့ကြောင်း ကို အတည်ပြုပြောကြားခဲ့ပြီး ကွပ်မျက် မှု ကို ဆောင်ရွက်ပြီး ဖြစ်ကြောင်း ကြေညာ ချက် ထုတ်ပြန်ခဲ့ပါတယ်။

AFP မှလည်း အကြမ်းဖက် ဝါဒ နှင့် ဆက်နွယ်နေသည့် ရာဇဝတ်မှု အတွက် ဆိုသည့် စွဲချက် ဖြင့် တစ်ရက်တည်း တွင် ၈၁ ဦးအား သေဒဏ်ပေး ကွပ်မျက် ခဲ့ ကြောင်း ဖော်ပြထားပါတယ်။

ဆော်ဒီ အာရေဗျ ပြည်ထဲရေး ဝန်ကြီးဌာန မှ ယနေ့ မတ်လ ၁၂ ရက် စနေနေ့ တွင် အစိုးပိုင် သတင်းဌာန (WAS) တွင် သေဒဏ်ပေး ကွပ်မျက် ခံခဲ့ရသူ ၈၁ဦး မှာ ပြန်ပေးဆွဲမှု ၊ လက်နက် မှောင်ခိုမှု စသည် ရာဇဝတ်မှုများ ကို ကျူးလွန် ခဲ့သည့် အတွက် သေဒဏ်ပေး ခဲ့ကြောင်း ထုတ်ပြန် ထားပါတယ်။

ဆော်ဒီ အာရေဗျ ပြည်ထဲရေး ဝန်ကြီးဌာန မှ သေဒဏ်ပေးခံ ခဲ့ရသူများ အား ရှိုင်တွာန် နောက်လိုက်များ ဖြစ်ကြောင်း ပြည်ပအားကိုးပြီး နိုင်ငံတော်အား သစ္စာဖောက် ခြင်း ကဲ့သို့ လမ်းလွဲလမ်းမှား အကြံအစည်များ ရှိသူများ ဖြစ်ကြောင်း အကြမ်းဖက်မှုများ ပြုလုပ်သူများ ဖြစ်ကြောင်း ပြောကြားထားပါတယ်။

သေဒဏ်ပေး ကွပ်မျက်ခံရသူများ တွင် ဆော်ဒီ နိုင်ငံသားများ နှင့် အတူ ယီမင်နိုင်ငံသား ၇ ဦး နှင့် ဆီးရီးယား နိုင်ငံသား ၁ဦး ပါဝင်ကြောင်း သိရှိရပါတယ်။

သတင်း အထောက်အထားအရ သေဒဏ် ပေး ကွပ်မျက် ခံရသူများ တွင် ဆော်ဒီ နိုင်ငံ အရှေ့ပိုင်းရှိ အလ်ကသီးဖ် နေ ဆော်ဒီ ရှီအာ မွတ်စလင် ၄၁ ဦး ပါဝင်ကြောင်း သိရှိရပါတယ်။

၎င်း ရှီအာ မွတ်စလင် ၄၁ ဦးအား ဖမ်းဆီးခဲ့ချိန်တွင် ၎င်း တို့ မှ မိမိတို့ ၏တရားဝင် အခွင့်အရေး များ ကို ငြိမ်းချမ်းစွာ ဖြင့်ဆန္ဒ ပြတောင်းဆို ပြုနေသည့် အချိန် ဖြစ်ပြီး ဆော်ဒီ စစ်တပ် ၏လက်နက် ဖြင့် နိုင်နင်းနေချိန်တွင် ကြံ့ကြံ့ခံ ခုခံကာကွယ် ခဲ့ကြသူများ ဖြစ်ပါတယ်။

ဆော်ဒီ ကြေးစား တပ်များ မှ ၎င်းတို့ ၏ နေအိမ် များ ပို ဝင်ရောက် စီးနင်း ပိတ်ဆို့ကာ ဖမ်းဆီးခဲ့ပြီး မတရား အလွန် ပြင်းထန်သည့် ညှဉ်းပန်း နှိပ်စက်မှု ကို ပြုပြီး အတင်း အကြပ် ပြုကာ လုပ်ကြံရာဇဝင်မှု ကို ဝန်ခံ ခိုင်း ခဲ့ခြင်း ဖြစ်ပါတယ်။

ဆော်ဒီ အာရေဗျ တွင် တစ်ရက်တည်း ရှီအာ မွတ်စလင် အများအပြား ကို သေဒဏ်ပေး ကွပ်မျက် ခြင်း မှာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ဆော်ဒီ အစိုးရ အနေဖြင့် ၂၀၂၀ ခုနှစ် မေလတွင် ၃၈ ဦးအား တစ်ချိန် တည်း သေဒဏ်ပေး ကွပ်မျက်ခဲ့ပါတယ်။ ၎င်း ၃၈ ဦး အနက် ၃၂ မှာ လည်း ရှီအာ မွတ်စလင်များ ဖြစ်ကြပါတယ်။

နိုင်ငံ တကာ လူ့ အခွင့်အရေး ဆိုင်ရာ အဖွဲ့ အစည်းများ ထံ တွင် ဆော်ဒီ အစိုးရ ထံ မိမိတို့ ၏ တရားဝင် ရပိုင်ခွင့် များကို တောင်းဆိုသူများ အား ရာဇဝင် အမှုများ အား ကျူးလွန်သည်ဟုဆိုပြီး မတရား ဝင်ခံခိုင်း ပြီးသေဒဏ်ပေး ကွပ်မျက်သည် ကိစ္စ ၊ ၎င်းရာဇဝတ်မှုများ မှာ ဆော်ီး အစိုးရကိုယ်တိုင် လုပ်ကြံဖန်တီးထားသည့် အမှုများ ဖြစ်ကြောင်း ခိုင်လုံသည်အထောက်အထားများ ရှိပြီး ဖြစ်ပါတယ်။

ဆော်ဒီ အစိုးရ ၏ မတရား သေဒဏ်ပေး ကွပ်မျက်ခြင်း ခံလိုက်ရသည့် မဇ်လူးမ် ရှီအာမွတ်စလင် ရှဟီးဒ် များ ၏ အမည် စာရင်း မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ မူစာ ဂျအ်ဖရ် အလ်မဗ်ယူခ်

၂။ အဗ်ဒွလ္လာဟ် နာဂျီ အာလေအမာရ်

၃။ ဟစန်အလီ အာလေရှ် ရှိက်္ခ

၎။ အကီးလ် ဟစန် အလ်ဖရဂ်ျ

၅။ အဗ်ဒွလ္လာဟ် ဂျဝါဒ် အာလေ နစီးဗ်

၆။ မိုရ်သဇာ မိုဟမ္မဒ် အာလေ မူစာ

၇။ ယူစွဖ် အဗ်ဒွလ်အဇီးမ် အာလေ သွရီးက်

၈။ မိုဟမ္မဒ် အီစာ အလ်ကလာဖ်

၉။ ဟိုင်စင် အီဗရာဟီးမ် အလ်မွတ်ခ်သာရ်

၁၀။ မိုဟ်စင်အီဗရာဟီးမ် အလ်မစ်ဗဟ်

၁၁။ ဟစန် မိုဟမ္မဒ် အလ်ဖရ်ဂ်ျ

၁၂။ အလီ အာသစ်ဖ် အာလေ လိုက်ဖ်

၁၃။ ဟိုစိန်အလီ အာလေခလီးဖ်

၁၄။ ဂျအ်ဖရ် မိုဟမ္မဒ် အလ်ဖရ်ဂ်ျ

၁၅။ဟိုစိန် မန်ဆူရ် အလ်အဗ်ဒွန်နဘီ

၁၆။မာဂျစ်ဒ် အလဝီ အလ်ကလာဖ်

၁၇။ မိုဟမ္မဒ် စအူးဒ် အာလေ ဂျောင်ဟရ်

၁၈။ ဂျမားလ် ဟစန် အလ်ဗနာဝီ

၁၉ ဟစန် ဆိုလိုင်မန် အာလေ ရေဇ်ဝမ်းန်

၂၀။ ဟိုစိန်အဲဟ်မဒ် အလ်အောင်ဂျာမီ

၂၁။ မွတ်စ်သဖွာ အလီ အလ်ခယာသွ်

၂၂။ အလီအဘာစ် အလ်အဝါမီ

၂၃။ အဲဟ်မဒ် အဗ်ဒွလ်ဝါဟစ်ဒ် အလ်စဝီးကသ်

၂၄။မိုဟမ္မဒ် အဘာစ် အလ်အာဖီ

၂၅။ အကီးလ် ဟစန် အာလေ အဗ်ဒွလ်အာလ်

၂၆။ မိုဟမ္မဒ် အဗ်ဒွလ္လာဟ် အလ်အလ်စမာအီးလ်

၂၇။ အဲဟ်မဒ် ဇကီး အာလေ အဗ်ဒွန်နဘီ

၂၈။ ဟစန် မိုဟမ္မဒ် အာလေသဟီးဖဟ်

၂၉။ ဂျအ်ဖရ် အဲဟ်မဒ် အဘူဟစူန်

၃၀။ ဇိုက်ဒ်အလီ အာလေ သဟီးဖဟ်

၃၁။ မိုဟမ္မဒ် အဗ်ဒွလ္လာဟ် အာလေ ဟဇီးမ်

၃၂။ မဲဟ်ဒီ ဆွာလေဟ် အလ်ဇ်ဇနာဒီ

၃၃။ အလီမိုဟမ္မဒ် အာလေ အဖီးရီးသ်

၃၄။ မိုဟမ္မဒ် အလ်ဝီ အရှ်ရှခူရီ

၃၅။ အမ်ဂျက်ဒ် မိုဟမ္မဒ် အလ်အဝါမီ

၃၆။အက်စ်အက်ဒ် မက်ကီ အာလေရှဗဲရ်အလီ

၃၇။ ဟိုစိန် မန်ဇူရ် အလ်ဂျရှီ

၃၈။ အဗ်ဒွလ္လာဟ် မိုဟမ္မဒ် အလ်ဗန်ဒရ်

၃၉။ ဟစန်ဟာရှင်မ် အလ်ကလာဖ်

၄၀။ အဗ်ဒွလ္လာဟ် မိုဟမ္မဒ် အဇ်ဇာဟေရ်

၄၁။ ယာစင်န် ဟိုစိန် အလီအလ် အီဗရာဟီးမ်

 

****************************************************************

END / 251