၁၁ ဧပြီ ၂၀၂၂ - ၁၉:၃၃
ပေါက် နှင့် ဆိပ်ဖြူမြို့နယ်က ကျေးရွာများကို စစ်ကောင်စီတပ်များ ဝင်ရာက်မီးရှို့

မကွေးတိုင်း ပေါက်မြို့နယ်နဲ့ ဆိပ်ဖြူမြို့နယ်က ကျေးရွာတွေကို ဧပြီ ၁၁ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မကွေးတိုင်း ပေါက်မြို့နယ်နဲ့ ဆိပ်ဖြူမြို့နယ်က ကျေးရွာတွေကို ဧပြီ ၁၁ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်မြို့နယ် တောင်ချိုရွာကို ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ တာကြောင့် နေအိမ် ၁၁ လုံး မီးလောင်ကျွမ်းကာ ပြည်သူတွေ ဘေးလွတ်ရာနေရာကို ထွက်ပြေးနေကြရတယ်လို့ တောင်ချိုကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

ဒါ့အပြင် ဆိပ်ဖြူမြို့နယ် ရှားလှကျေးရွာက ပြည်သူတွေရဲ့ နေအိမ် ၅ လုံးလောက်ကိုလည်း စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးသလို နေအိမ်တွေကို တအိမ်တက်တအိမ်ဆင်း မွှေနှောက်က ပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။

ပေါက်မြို့နားက တောင်ဘက်ရွာကိုလည်း မနေ့ည ၈ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့လို့ ရွာကလူတွေ အရဲစွန့်ပြီး ဝိုင်းငြိမ်းသတ်လို့ နေအိမ် ၁၀ လုံး လောက် ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတယောက် ပြောပါတယ်။

“ပေါက်တောင်ဘက်ရွာ အရှို့ခံရတာပါ။ တောင်ဘက်ရွာက ပြည်သူတွေပိုင်တဲ့ ပစ္စည်းတွေကိုလည်း ကား ၉ စီး၊ လှည်း ၃ စီးနဲ့ သယ်သွားကြတယ်။”

တောင်ဘက်ရွာက ဒေသခံပြည်သူ ၇၀ လောက်ကိုလည်း စစ်ကောင်စီတပ်တွေက ဖမ်းဆီးပြီး တပ်ကုန်းရွာဘုန်းကြီးကျောင်းထဲကို ခေါ်သွားတာကြောင့် ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရှားလှ၊ တောင်ချိုရွာဘက်ကို စစ်ကြောင်းတကြောင်း၊ ပေါက်တောင် ဘက်ရွာကို စစ်ကြောင်းတကြောင်း ထိုစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဧပြီ ၇ ရက်ကစလို့ ပေါက်မြို့နယ်ထဲက ကျေးရွာ ၅ ရွာလောက်ကို ဝင်ရောက်မွှေနှောက်ပြီး မီးရှို့ဖျက်ဆီးတာကြောင့် ပြည်သူတွေရဲ့ နေအိမ် ၅၀၀ ကျော်လောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ကျေးရွာတွေ မီးရှို့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို မီးရှို့တာတွေ မပြုလုပ်ဘူးလို့ အမြဲတန်း ငြင်းဆိုတဲ့အပြင် PDF တွေ ရှို့တယ်ဆိုပြီး သတင်းထုတ်လွှင့်ဝါဒဖြန့်လေ့ရှိပါတယ်။

****************************************************************

END / 251