အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် မုံရွာအမှန်တရားတပ်ဖွဲ့ (MonYwa Truth Of Force)မှ အသက်၁၉နှစ်အရွယ် ရဲဘော်မော်တာသည် မိုင်းမတော်တဆမှုဖြစ်ပြီး ကျဆုံးသွားကြောင်း သိရသည်။
ဧပြီလ ၁၆ရက်နေ့ ညနေ ၇နာရီကျော်အချိန်တွင် ယင်းမာပင်ခရိုင်အတွင်း စခန်းချထားသည့် စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ရင်း မိုင်းအရည်အသွေးမပြည့်ဝမှုကြောင့် မတော်တဆဖြစ်ကာ ရဲဘော်မော်တာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း မုံရွာအမှန်တရားအဖွဲ့ မှခေါင်းဆောင်ဖြစ်သူ ဘိုးတော်နီက ပြောသည်။
“စစ်ကောင်စီတပ်က စခန်းချထားတဲ့နေရာရဲ့ အဝင်လမ်းအထွက်လမ်းကိုမိုင်းသွားဆင်တဲ့အချိန်မှာ မတော်တဆမှုဖြစ်ပြီး ပေါက်ကွဲသွားရာကနေ ရဲဘော်မော်တာ ကျဆုံးခဲ့ရာတာဖြစ်ပါတယ်” ဟု ဆိုသည်။
အဖွဲ့အနေဖြင့် တော်လှန်ရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လာသည်မှ တစ်နှစ်ကျော်ရှိလာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ လက်နက်အင်အားအတွက် အထောက်အပံ့လုံလောက်စွာမရရှိသည့်အတွက် လက်လုပ်မိုင်းများကိုမှီခိုနေရသည့်အတွက် ယခုကဲ့သို့ မတော်တဆမှုကြောင့်ကျဆုံးခဲ့ရခြင်း ဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင်က ဆိုသည်။
စစ်တပ်ကို တော်လှန်တိုက်ခိုက်နေသည့် တော်လှန်ရေး အဖွဲ့များအနက်အများစုမှာ လက်နက်များကို ကိုယ်တိုင်ထုတ်လုပ်ခြင်းဖြင့် ဖြေရှင်းနေရပြီး လက်နက် မတော်တဆမှုများကြောင့် ကျဆုံးခဲ့ရသူများလည်းရှိသည်။
****************************************************************
END / 251
၁၇ ဧပြီ ၂၀၂၂ - ၁၉:၁၅
News ID: 1248922
စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် မုံရွာအမှန်တရားတပ်ဖွဲ့ (MonYwa Truth Of Force)မှ အသက်၁၉နှစ်အရွယ် ရဲဘော်မော်တာသည် မိုင်းမတော်တဆမှုဖြစ်ပြီး ကျဆုံးသွားကြောင်း သိရသည်။