၂ အောက်တိုဘာ ၂၀၂၂ - ၂၃:၁၇
ကျနော်တို့တွေ  အဘယ်ကြောင့် သေခြင်းကို မကောင်းမြင်ကြပါ သနည်း ?

အေမာမ်ဟစန် မိုဂျ်သဗာ (အ.စ) မှ ရီဝါယသ်တော် တစ်ခု တွင် ကျနော်တို့တွေ အဘယ်ကြောင့် သေခြင်းကို မကောင်းမြင်ကြပါ သနည်း ? ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထားပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 
ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် မီးဇန်းနိုလ်ဟေက်မဟ်  ကျမ်း လာရှိမှု ကို တင်ပြပါ မည်။
 
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
 
 
سُئِلَ الْحَسَنُ عليه السلام:

ما بالُنا نَكْرَهُ الْمَوْتَ وَ لا نُحِبُّهُ؟ فَقال عليه السلام: اِنَّكُمْ اَخْرَبْتُمْ آخِرَتَكُمْ وَ عَمَّرْتُمْ دُنْياكُم، فَاَنْتُمْ تَكْرَهُونَ النَّقْلَةَ مِنَ الْعُمْرانِ اِلَى الْخَرابِ

အေမာမ်ဟစန် မိုဂျ်သဗာ (အ.စ) ထံ မေးမြန်းခဲ့ပါသည်။
ကျနော်တို့ အဘယ်ကြောင့် သေခြင်းတရား အား မုန်းတီးပြီးမကောင်းမြင်ကြရပါသနည်း ? အေမာမ် (အ.စ) အဖြေမိန့်တော်မူလေ၏။ အကြောင်း မှအသင်တို့သည်  မိမိအာခေရသ် (လောကုတ္တရာ) အား ပျက်စီးခဲ့ပြီး မိမိ၏ လောကီ ကို စည်းကားအောင် ပြုခဲ့သည့် အတွက်ဖြစ်ပါသည်။ ဤအတွက်ကြောင့် စည်းကားနေရာ မှ ပျက်စီးနေသည့်နေရာသို့ သွားရမည် မကြိုက်ခြင်း အကောင်း မမြင်ရခြင်း ဖြစ်ပါ သည်။
 
ကျမ်းကိုး ။ မီးဇန်းနိုလ်ဟေက်မဟ်  ကျမ်း ၊ အတွဲ ၉ ၊ စာမျက်နှာ ၂၆၂
××××××××××××××××××××××××××××××××××××××××××××××××
END / 251