အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရည်ရွယ်ချက် (၁)
အွန်မသ်တော်အား
ပြုပြင်ပြောင်းလဲ
တည့်မတ်ပေးရန်
ဤရည်ရွယ်ချက်သည် အရေး အကြီးတကာ အကြီးဆုံး အချက်ဖြစ်ပါတယ်။
အွန်မသ်တော်အားပြုပြင်ပြောင်းလဲတည့်မတ်ပေးရန်
အေမာမ်ဟိုစိုင်း(န)(အ.စ)အနေဖြင့် ယဇီးဒ်(လ.န)၏ ဗိုင်အတ်(သစ္စာခံခြင်း)ကို လက်မခံ သဘောမတူချိန် ပြီးနောက် မဒီနာရွှေမြို့တော်အား စွန့်ခွါဖို့ ဆုံးဖြတ်ပြီး နောက် တိုတိုတုတ်တုတ် သို့သော် အဓိပ္ပါယ် ဆိုလိုချက်ကို အလွန်တရာ နက်ရှိုင်းများ ပြားသည့် သေတမ်းစာများကို စီစဉ် တော်မူခဲ့ပြီး မိမိ၏နောင်တော် မိုဟမ္မဒ် ဟနဖီ ယေ ကို ပေးအပ်ခဲ့လေသည်။
အေမာမ်ဟိုစိုင်း(န)(အ.စ)သခင်အနေဖြင့် ဂျနာဗ်မိုဟမ္မဒ် ဟနဖီယေအား မဒီ နာရွှေမြို့ တော်တွင် မိမိ၏ ကိုယ်စားလှယ်တော်အဖြစ် သတ်မှတ်တော် မူခဲ့လေ သည်။ဤသို့ပြုခြင်းမှာ မဒီနာ ရွှေမြို့တော်၏ အခြေအနေများကို သတိရှိပြီး အရေး ကြီးသတင်းများကို အေမာမ်(အ.စ)ထံတော် သို့ ပို့ဆောင်နိုင်ရန်အတွက် ဖြစ်ပေ သည်။
အေမာမ်(အ.စ) သည် စာ၏တစ်ချို့ကို(အောက်ပါအတိုင်း)ရေးသားထားပေ သည်။
إِنّي لَمْ أَخْرُجْ أَشِراً، وَ لا بَطِراً، وَ لا مُفْسِداً، وَ لا ظالِماً، إِنَّما خَرَجْتُ لِطَلَبِ الاْصْلاحِ فِي أُمَّةِ جَدِّي
အဓိပ္ပါယ်။။ကျွန်ုပ်အနေဖြင့် မိမိ၏စိတ်အလိုကို လိုက်ပြီးတော်လှန်ခဲ့ခြင်း မဟုတ်ချေ။ ပြီးနောက် ပြဿနာရှာဖို့ တပါးသူများအပေါ် ညှဉ်းပန်း၊နှိပ်စက်မှု လုပ်ရန်လည်းပဲ မ ရည်ရွယ်ခဲ့ချေ။(အာဏာ၊ ရာထူး၊ဥစ္စာ ပစ္စည်းနောက်လည်း မလိုက်ချေ။)တစ်နည်းဆို ရလျှင် မိမိ၏ဘိုးတော် အွန်မသ်တော် အားပြုပြင်ပြောင်းလဲ တည့်မတ်ပေးရန်အတွက် တော်လှန်ခဲ့ခြင်း ဖြစ်ပေသည်။
ကြည့်-ဖသူဟ်အဗ်နေ အအ်စမ်(မ) အတွဲ(၅)၊စာမျက်နှာ(၃၃)
ဗေဟာရွလ်အနဝါရ်ကျမ်း အတွဲ (၄၄)၊စာမျက်နှာ(၃၂၉)
အခြားတစ်နေရာ၌ ကောင်းမှုညွှန်ကြားထားပြီး မကောင်းမှုတားမြစ်ရန် အရေး ကြီးပုံကို ဟောကြားထားပါသည်။လေ့လာကြပါမည်။
اَللّهُمَّ إِنَّكَ تَعْلَمُ اِنَّهُ لَمْ يَكُنْ ما كانَ مِنّا تَنافُساً في سُلْطان، وَ لاَ الْاتماساً مِنْ فُضوُلِ الْحُطامِ، وَ لكِنْ لِنُرِىَ الْمَعالِمَ مِنْ دينِكَ، وَ نُظْهِرَ الاْصْلاحَ فِي بِلادِكَ
အဓိပ္ပါယ်။။အို အလ္လာဟ်အရှင်မြတ်သခင် အရှင်မြတ်(ကောင်းမွန်စွာ)သိတော်မူပါ သည်။ကျွန်တော် မျိုး၏တော်လှန်ရေးသည် အာဏာမက်မောပြီး လောကစည်းစိမ်၊ ဥစ္စာအတွက် မဟုတ်ပါ။တစ်နည်း ဆိုရလျှင် ကျွန်တော်မျိုး၏ ရည်ရွယ်ချက်မှာ လူထု အား အရှင်၏ သာသနာတော်အားသွန်သင်မှု များကို ပို့ချရန်နှင့် မြို့များတွင် ပြုပြင် ပြောင်းလဲ တည့်မတ်ပေးမှုများ အစပြုရန်အတွက် ဖြစ်ပေ သည်။
ကြည့်- ဗေဟာရွလ်အနဝါရ်ကျမ်း အတွဲ (၁၀၀)၊စာမျက်နှာ(၈၀)
သိုဟ်ဖသိုလ်အိုကူးလ်၊အေမာမ်ဟိုစိုင်း(န)(အ.စ)၏ဩဝါဒတော်များ၊ပထမဆုံးဩဝါဒ တော်များ၊
ဤအတွက်ကြောင့် အေမာမ်ဟိုစိုင်း(န)(အ.စ)၏ အာရှုရာတော်လှန်ရေး၏ ရည်ရွယ်ချက် မှာ ပြုပြင်ပြောင်းလဲ တည့်မတ်ပေးရန်အတွက် ဖြစ်ပါသည်။ဤခေါင်း စဉ်၏ အရေးပါ အရာရောက် အရေးကြီးမှုကို ထင်ရှားပြတ်သားစေရန် ကျမ်းတော် မြတ်ကုရ်အာန်တွင် လာရှိသည် စိစစ်ပြီး ဆွေးနွေးတင်ပြရန် လိုအပ်ပါသည်။ဂရုပြုပေး ပြီး ဖတ်ရှုစေလိုပါသည်။
အေစ်လာဟ်ပြုပြင်ပြောင်းလဲတည့်မတ်ခြင်းဝေါဟာရကျမ်းတော်မြတ်ကုရ်အာန်
အေစ်လာ(ဟ်)ဆိုသည့် ဝေါဟာရနှင့်အမျိုးတူ ဝေါဟာရသည် ကျမ်းတော်မြတ် ကုရ်အာန်တွင် (၁၂)ကြိမ်၊ထပ်ခါ လာရှိပေသည်။အလ္လာဟ်ဟိုအရှင်မြတ်သခင်အနေ ဖြင့် တစ်ဦးတစ်ယောက် တည်းဆိုင်ရာ ပြုပြင်ပြောင်းလဲ တည့်မတ်ပေးမှုများမှ စတင် ပြီး တကမ္ဘာလုံးအား ပြုပြင်ပြောင်းလဲ တည့်မတ်ပေးမှုများ ဆိုင်ရာ အာယတ်တော်များ ကို ဂရုပြုလေ့လာ ဖတ်ရှုပေးစေလိုပါသည်။
(၁)အဖမဲ့ကလေးများဆိုင်ရာလုပ်ရပ်များ၏အေစ်လာ(ဟ်)
စူရာဟ်ဗကရတ် အာယတ်တော်အမှတ် (၂၂၀)တွင် အဖမဲ့ကလေးများနှင့် မည် ကဲ့သို့ ပြုမူ ဆက်ဆံရမည့် အကြောင်းနှင့်စပ်လျဉ်းပြီး အောက်ပါအတိုင်း လာရှိပေ သည်။
وَيَسْأَلُونَكَ عَنِ الْيَتَامَى قُلْ إِصْلاَحٌ لَهُمْ خَيْرٌ وَإِنْ تُخَالِطُوهُمْ فَإِخْوَانُكُمْ وَاللهُ يَعْلَمُ الْمُفْسِدَ مِنَ الْمُصْلِحِ
အဓိပ္ပါယ်။။ယင်းသူများသည် အဖမဲ့ကလေးငယ်များနှင့် ပတ်သက်ပြီး အသင် (မိုဟမ္မဒ်)ထံ မေးမြန်း ကြပေမည်။အဖြေပေးပါလေ။၎င်း(အဖမဲ့ကလေးများ)အား ပြု ပြင်၊သွန်သင် တည့်မတ်ပေးခြင်းသည် အကောင်းဆုံး ဖြစ်ပေသည်။အကယ်၍ ၎င်းတို့ နှင့် ပေါင်းပြီး ဘဝအတူတူ တည်ဆောက်ခြင်းလည်း ဖြစ်ပေသည်။(တားမြစ်မှု မရှိ ချေ။)၎င်းတို့သည် အသင်တို့၏ (သာသနာ့)ညီနောင်များ ဖြစ်ကြပေသည်။ (ညီနောင် တစ်ဦးပမာ ၎င်းတို့အားဆက်ဆံပါလေ။)မုချဧကန်အလ္လာဟ်ဟိုအရှင်မြတ်သခင်သည် ပျက်စီးရာ၊ပျက်စီးကြောင်း ပြဿနာရှာသူများနှင့် ပြုပြင်ပြောင်းလဲ တည့်မတ်ပေးသူ များကို ခွဲခြား သိရှိတော်မူသည့် အရှင် ဖြစ်ပေသည်။
(၂) မိသားစုဆိုင်ရာအလုပ်များ၏အေစ်လာဟ်
အလ္လာဟ်ဟိုအရှင်မြတ်သခင်သည် တစ်ဦးတည်းဆိုင် အေစ်လာ(ဟ်)(ပြုပြင် တည့်မတ်ပေး ခြင်း)ကိုမိန့်တော်မူပြီး မိသားစုဆိုင်ရာ အေစ်လာ(ဟ်) ကို မိန့် တော်မူ လေသည်။
စူရာနေစာ အာယတ်တော်အမှတ်(၃၅)တွင် မိန့်တော်မူသည်။
وَإِنْ خِفْتُمْ شِقَاقَ بَيْنِهِمَا فَابْعَثُوا حَكَماً مِّنْ أَهْلِهِ وَحَكَماً مِّنْ أَهْلِهَا إِنْ يُرِيدَا إِصْلاَحاً يُوَفِّقِ اللهُ بَيْنَهُمَا إِنَّ اللهَ كَانَ عَلِيماً خَبِيراً
အဓိပ္ပါယ်။။အကယ်၍အသင်တို့အနေဖြင့် ၎င်းတို့နှစ်ဦး(ဇနီးမောင်နှံ၊အကြင်လင်မ ယား)ကွဲကွာမှုကို စိုးရိမ်မည် ဆိုလျှင် ခင်ပွန်းသည်မိသားစုဝင်များမှ ခုံသမာဓိလူကြီး တစ်ဦး၊ပြီးနောက် ဇနီးသည် မိသားစုဝင်များမှ ခုံသမာဓိလူကြီး တစ်ဦးတို့ကိုရွေးချယ် ပါလေ။(ထိုမှသာ ၎င်းတို့၏စိစစ်မှုကို ပြုနိုင် မည်ဖြစ်ပေသည်။)အကယ်၍ ဤ(သမာဓိ လူကြီး)နှစ်ဦးသည် ပြုပြင်ပြောင်းလဲ တည့်မတ်ပေးမှုကိုစီစဉ်ကြမည်ဆိုလျှင်အလ္လာဟ် ဟိုအရှင်မြတ်သခင်သည် ထိုနှစ်ဦး(ဇနီးမောင်နှံ၊အကြင်လင်မယား)၏နှလုံးသားများ ကို တစ်ဦးနှင့်တစ်ဦး နီးကပ်စေတော်မူမည်။(သင့်မြတ်စေတော်မူမည်။)အကြောင်း သည်ကား မုချဧကန် အလ္လာဟ်ဟိုအရှင်မြတ်သခင်သည် အရာခပ်သိမ်းကို နားလည် တော်မူသော အရှင်နှင့် အရာခပ်သိမ်း၏ သတင်းကို သိရှိတော်မူသောအရှင်ဖြစ်ပေ သည်။
(၃)အွန်မသ်များ၏အလုပ်များတွင်အေစ်လာ(ဟ်)
တတိယအဆင့်အဖြစ် လူမှုပတ်ဝန်းကျင်ဆိုင်ရာ ပြုပြင်ပြောင်းလဲ တည့်မတ်မှု များ၏ အရေး ကြီးကြောင်းကို ညွှန်ပြပြီး ဟဇရတ်(သ)ရှိုအိုက်ဗ်(အ.စ)၏လက်ထက် တွင်ရှိသောအခက်အခဲ ပြဿနာများကို တင်ပြပါမည်။၎င်းတမန်တော်ဟဇရတ်(သ) ရှိုအိုက်ဗ်(အ.စ)မှ တဆင့် ဆင့်ပြန် ထားပါသည်။ကိုယ်တော်(အ.စ)မှ မိန့်တော်မူ လေ၏။
قَالَ يَا قَوْمِ أَرَأَيْتُمْ إِنْ كُنتُ عَلَى بَيِّنَة مِّن رَّبِّى وَرَزَقَنِى مِنْهُ رِزْقاً حَسَناً وَمَا أُرِيدُ أَنْ أُخَالِفَكُمْ إِلَى مَا أَنْهَاكُمْ عَنْهُ إِنْ أُرِيدُ إِلاَّ الاْاصْلاَحَ مَا اسْتَطَعْتُ وَمَا تَوْفِيقِى إِلاَّ بِاللهِ عَلَيْهِ تَوَكَّلْتُ وَإِلَيْهِ أُنِيبُ
အဓိပ္ပါယ်။။ ဟဇရတ်(သ)ရှိုအိုက်ဗ်(အ.စ)မိန့်တော်မူ လေသည်။အို ကျွန်တော်၏လူမျိုး များ ကျွန်တော်အား သတင်းပေးပါလေ။အကယ်၍ ကျွန်တော်ထံ အလ္လာဟ်ဟိုအရှင် မြတ်ဘက်မှ ပေးထားတော်မူသည့် ထင်ရှားပြတ်သားသည့် သက်သေရှိမည်။ပြီး နောက် ချီးမြှင့်ပေးသနားတော်မူ ထားသည့် စားနပ်ရိက္ခာလည်းရှိမည်။(ဤအချိန် ကျွန်တော်အနေဖြင့် အလ္လာဟ်ဟိုအရှင်မြတ်သခင် ၏ အမိန့်တော်အား သွေဖယ် သည့်လုပ်ရပ် လုပ်နိုင်ပါမည်လော?)ကျွန်တော်အနေဖြင့် အသင်တို့ကို လည်း မလုပ်ဖို့ တားမြစ်ထားပြီး ထိုအလုပ်ကို ကိုယ်တိုင်လုပ်သည့်အဖြစ်ကို လုံးဝမလိုလားချေ။မိမိ တတ်နိုင်သည့် စွမ်းအားနှင့်အညီ ပြုပြင်ပြောင်းလဲ တည့်မတ်မှုကိုပြုခြင်းမှာအပ အ ခြားမလိုလား ချေ။(ဤအလုပ်အတွက်)စွမ်းအားသည်လည်း အလ္လာဟ်ဟိုအရှင်မြတ် ၏ (ကူညီဖေးမမှု)မှအပ မဖြစ်နိုင်ချေ။ထိုအရှင်မြတ် တစ်ဦးတည်းကိုသာလျှင် အား ကိုးအားထားပါသည်။ထိုအရှင်မြတ် ဘက်သို့သာလျှင် ပြန်လှည့်ရပေမည် ဖြစ်ပေ သည်။
ကြည့်-စူရာဟ်ဟူးဒ်၊အာယတ်တော်(၈၈)
ဂရုပြုစရာအချက်သည်ကား အလ္လာဟ်ဟိုအရှင်မြတ်သခင်၏ တမန်တော်များ (အ.စ)တိုင်း သည် မိမိတို့၏ အချိန်အခါ ခေတ်ကာလတွင် မိမိတို့၏ပတ်ဝန်းကျင် အ သိုင်းအဝိုင်းအတွက် အထူး အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ကြရလေသည်။ထိုအခက် အခဲများ၏ အေစ်လာ(ဟ်)လည်း ပြုလုပ်ခဲ့ ကြပေသည်။
ဟဇရတ်(သ)ရှိုအိုက်ဗ်(အ.စ)၏ ခေတ်ကာလတွင် လူပတ်ဝန်းကျင် အသိုင်းအ ဝိုင်းအတွက် စီးပွါးရေးအခက်အခဲနှင့် ရင်ဆိုင်ခဲ့ရလေသည်။ဈေးနှင့် စီးပွါးရေးလောက သည် လူထုအားမသန့်ရှင်း မသန့်ပြန့်အောင် ပြုခဲ့လေ၏။ဟရမ်ရောင်းဝယ်ဖေါက်ကား မှု အမြတ်ကြီးစားလုပ်မှု အလွဲသုံးစားပြုမှု စီးပွားရေးဆိုင်ရာကိစ္စတွင် မတရားညှဉ်း ပန်းမှုများ ထိုကဲ့သို့အရာများ အမြောက်အများရှိခဲ့ပေသည်။
ဟဇရတ်(သ)ရှိုအိုက်ဗ်(အ.စ)အနေဖြင့် အလ္လာဟ်ဟိုအရှင်မြတ်ဘက်တော်မှ ဤမကောင်း မှုများကို တော်လှန်ချေမှုန်းရန် မိမိ၏အွန်မသ်ကို ပြုပြင်ပြောင်းလဲ တည့် မတ်ရန် တာဝန်ကျခဲ့လေ ၏။
(၄)တစ်ကမ္ဘာလုံးတွင်အေစ်လာ(ဟ်)
တစ်ဦးတည်းဆိုင်ရာအေစ်လာ(ဟ်)၊မိသားစုဆိုင်ရာအေစ်လာ(ဟ်)၊လူပတ်ဝန်းကျင် အသိုင်းအဝိုင်း အမျိုးမျိုးဆိုင်ရာအေစ်လာ(ဟ်)၊ထက်ပိုပြီး ပထမမြေကြီးတွင်နေ ထိုင်သူ လူသားအား လုံးဆိုင်ရာအေစ်လာ(ဟ်)ရှိပေသည်။ဤကိစ္စနှင့်ပတ်သက်ပြီး စူ ရာဟ်အအ်ရဖ် အာယတ်တော်အ မှတ်(၅၆)မှ ညွှန်ပြထားပါသည်။
وَلاَ تُفْسِدُوا فِى الاْارْضِ بَعْدَ إِصْلاَحِهَا وَادْعُوهُ خَوْفاً وَطَمَعاً إِنَّ رَحْمَتَ اللهِ قَرِيبٌ مِّنَ الْمُحْسِنِينَ
အဓိပ္ပါယ်။။ဤပထဝီမြေပြင်၌ ပြုပြင်ပြောင်းလဲ တည့်မတ်မှုကိုပြုလုပ်ပြီးနောက် ပျက် စီး ပြဿနာ ဖြစ်မှုကို မပြုလုပ်ကြပါနှင့်။ပြီးနောက် ထိုအရှင်မြတ်အား ကြောက်ရွံ့ပြီး၊ မျှော်လင့်ချက်ထားပြီး တောင်းခံပါလေ။(တာဝန်များ မကျေပွန်မှုကို ကြောက်ရွံ့ခြင်း၊ ထိုအရှင်မြတ်၏ ရဟ်မသ်အပေါ် မျှော်လင့်ချက်ဖြင့် ကောင်းမှုကုသိုလ်ကို ပြုလုပ်ပါ လေ)။ မုချဧကန် အလ္လာဟ်ဟိုအရှင်မြတ်သခင်၏ ရဟ်မသ်တော်(ဂရုနာတော်)သည် ကား ကောင်းမှု၊ကုသိုလ်ပြုလုပ်သူများနှင့် အလွန်တရာ နီးကပ် ပေသည်။
သတိ-ဤအာယတ်တော်နည်းတူ စူရာဟ်အအ်ရဖ် အာယတ်တော်(၅၈)တွင် လည်း ပါရှိသည်။
အတိုချုပ်၊အနှစ်ချုပ်အားဖြင့် အလ္လာဟ်ဟိုအရှင်မြတ်သခင်သည် ဘဝ၏ဘက် စုံကို ကျယ် ပြန့်စွာ၊ကျယ်ဝန်းစွာ၊အေစ်လာ(ဟ်)(ပြုပြင်ပြောင်လဲ တည့်မတ်မှု)နှင့် ပတ် သက်ပြီး ကျမ်းတော်မြတ် ကုရ်အာန်တွင် ဖေါ်ပြထားပါသည်။ပြီးနောက် အွန်မသ်တိုင်း အထူးသဖြင့် ခေါင်းဆောင်များ တာဝန် ရှိ ပုဂ္ဂိုလ်များကို ဤအလုပ်(အေစ်လာ(ဟ်)ပြု လုပ်ရန် မိန့်တော်မူထားပေသည်။
အေစ်လာ(ဟ်)ဆိုသည်မှာအဘယ်နည်း?
အေစ်လာ(ဟ်)( صلاح)ဆိုသည့် စကားလုံးသည် အဖ်စာ(သ်)( افساد)ဆိုသည့် စကားလုံး၏ ဆန့်ကျင်ဖက် ဖြစ်ပေသည်။အဖ်စာ(သ်)ဆိုသည်မှာ ဖျက်လို၊ပျက်စီးပြု ခြင်း ဖြစ်ပါသည်။ဤဖျက်လို ပျက်စီးသည့် အရေးကြီးပြီး တည်ရှိနေသည့် စနစ်တစ်ခု ကို ဖြစ်စေ(သို့)၊တစ်ဦးတစ်ယောက်(သို့)၊ မိသားစု(သို့)လူပတ်ဝန်းကျင်အသိုင်းအဝိုင်း (သို့)၊နိုင်ငံတစ်နိုင်ငံကို ဖြစ်စေသည့်အတွက် ပြုခြင်းဖြစ် ပေသည်။
အေစ်လာ(ဟ်)( صلاح)ဆိုသည်မှာ ထိုစနစ်ကို အရင်းအတိုင်းပြန်လည် ပြုပြင် ပေးခြင်းကို ခေါ်ဆိုပါသည်။
ကောင်းမြတ်သည့်သူတော်စင် မိသားစုတစ်စုဆိုသည်မှာ အကြီးဆုံးမိသားစု ဝင်များ အနေ ဖြင့်မလွဲမသွေ မိမိတို့၏ တာဝန်ဝတ္တရားများသည် ကောင်းမှုကိုလိုလား ခြင်း၊သွန်သင်ဆုံးမပေးခြင်း နှင့် မိသားစု၏အငယ်များအနေဖြင့် ထိုအကြီးများ၏ နောက်လိုက်ခြင်း အမိန့်နာခံခြင်း ဖြစ်ပေသည်။မိသားစုဝင်တိုင်း မည်သူတစ်ဦး တစ် ယောက်မျှ မိမိတို့၏ တာဝန်ဝတ္တရားများနှင့် ပတ်သက် ပြီး မကျေပွန်ဖို့ကို မပြုလုပ်ရ ချေ။
အကယ်၍ လူကြီးများအနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများတွင် ကျေပွန်မှု မရှိသည့်အခါ အငယ်မျာအနေဖြင့်လည်း ၎င်းတို့၏အမိန့်ကို နာခံမည် မဟုတ်ကြချေ။ မိသားစုဝင် မည်သူမဆို မိမိ တို့၏ တာဝန်များကို မထမ်းဆောင်မည်၊ပြီးနောက် ဤ လုပ်ရပ်သည် အကြိမ်ကြိမ်ဖြစ်မည်ဆိုလျှင် မိသားစုတစ်ခုလုံး၏ စနစ်၊အစီအစဉ်များ ဖရို၊ဖရဲဖြစ်သွားပြီး မကောင်းသည့် ပျက်စီးနေသည့် မိ သားစု ဖြစ်သွားပေမည်။
ဤကဲ့သို့သော် မိသားစုအတွက် အေစ်လာ(ဟ်)ခေါ် ပြုပြင်ပြောင်းလဲ တည့် မတ်ပေးခြင်း ဆိုသည်ကား မိသားစုဝင်တိုင်း မိမိတို့၏ တာဝန်ကို မှန်ကန်စွာထမ်း ဆောင်ပေးပြီးနောက် မှန်ကန် သည့် ဆက်ဆံရေးကိုပြုကာ အစ္စလာမ်မီ စာရိတ္တ တော်အရ (ကောင်းမြတ်သည့်)စနစ် လွမ်းမိုးမှ ဖြစ်ပေသည်။
အွန်မသ်(နောက်လိုက်၊နောက်သားများ)တစ်စုသည် စီးပွားရေး၊စာရိတ္တ၊ယုံ ကြည်မှု၊ယဉ် ကျေးမှုနှင့် မေတ္တာထားရှိမှုတို့အတွက် ပျက်စီးမှု ရှိနိုင်ပေသည်။ဤ ကဏ္ဍာ၏ အေစ်လာ(ဟ်)ခေါ် ပြုပြင်ပြောင်းလဲ တည့်မတ်ပေးခြင်းဆိုသည်မှာ အထက် ဖေါ်ပြထားသည့် ပျက်စီးမှု၊မကောင်းမှု၊ ပြဿနာဖြစ်စေသောအရာများကို တစ်ခုခြင်း သုတ်သင်ရှင်းလင်းပြီး နဂိုမူလ(ကောင်းမြတ်သည့်) စနစ်သို့ ပြန်ပို့ပေးခြင်း ဖြစ်ပေ သည်။
အစ္စလာမ်တမန်တော်မြတ်ကြီး(ဆွ)၏လက်ထက်တွင်ပြုပြင်ပြောင်းလဲ တည့်မတ်ပေးခြင်း
တမန်တော်မြတ်ကြီး(ဆွ)သည်တမန်တော်အဖြစ် ဖူးပွင့်တော်မူသည့် အချိန်၊ ထိုပတ်ဝန်းကျင် အသိုင်းအဝိုင်းသည် အသိဉာဏ် ပညာမဲ့မှု၊မသိစိတ် မိုက်မဲမှု၊ရိုင်း စိုင်းမှု၊တို့ဖြင့် နာမည်ကြီး နေသည့် အသိဉာဏ် ပညာမဲ့မှုခေတ် ဖြစ်ပေသည်။
ဟဂျာက်(ဆော်ဒီ)၏ လူနေမှု အဆင့်အတန်း ပတ်ဝန်းကျင်သည် အဖက်ဖက်မှ ပျက်စီး၊ ဖရို၊ဖရဲဖြစ်နေခဲ့ပေသည်။အကီဒါခေါ် ယုံကြည်မှုပိုင်းဆိုင်ရာအရ မိမိတို့လက် ဖြင့် ထွင်းထား၊ ဆောက်လုပ်ထားသည့် ရုပ်ထု၊ဆင်းတုများအား ခဝပ် ကိုးကွယ်ခဲ့ကြ သည်။၎င်းတို့သည် အလွန် တရာ ဆာလောင်ချိန်တွင် စွန်ပလွန်သီးဖြင့် ပြုလုပ်ထား သည့်ရုပ်တု၊ဆင်းတုများကို ထည့်စား သောက်လိုက်ကြပေသည်။၎င်းတို့၏ဘဝသည် ခိုရာဖာသ်ခေါ် အယူမှား၊အတွေးမှား၊အလုပ်မှား၊ အကျိုးအမြတ် မရှိသည့် လုပ်ရပ်များ အမျိုးမျိုးဖြင့် ရောနှောနေလေသည်။ခိုရာဖာသ်(ဥပါဒါန်ဝါဒ) သည်၎င်းတို့၏ ဘဝကို ဖရို၊ဖရဲပြုခဲ့ကြလေသည်။
စာရိတ္တဆိုင်ရာအရလည်း နှိမ်ကြသည့် အဆင့်သို့ ရောက်နေပြီး မည်မျှအထိ နှိမ်ကြသည် ဆိုလျှင် မကောင်းသည့် အမျိုးသမီးများ(ပြည့်တန်ဆာများ)အနေဖြင့် မိမိတို့၏ မကောင်းမှုအပေါ် အရှက်တရားမရှိတော့သည့် အပြင်၊ဖုံးကွယ်၍ပင် မလုပ် ကြတော့ချေ။
မည်မျှပင်ဆိုးရွားသည်ဆိုလျှင် မိမိတို့၏အိုးအိမ်များတွင် ဤအလုပ်အတွက် သီးသန့်အမှတ် အသားအဖြစ် အလံများထောင်ထား ကြပေသည်။သွေးထွက်၊သံ ယိုပြုခြင်း၊သမီးငယ်များကို သတ် ဖြတ်မှု၊အရှင်လတ်လတ် မြေမြှုပ်သတ်ခြင်းအထိ လုပ်ရဲသည့် နှလုံးညစ်များရှိခြင်း၊အပြစ်မဲ့များကို သတ်ဖြတ်ခြင်း၊စီးပွားရေးတွင် ဖရို၊ ဖရဲဖြစ်မှု၊လူမှုရေး၊ညစ်ညမ်းမှုဖြင့် လုံးဝ ကျော်ကြားပြီး ပြည့်နှက် နေခဲ့ပါသည်။
အစ္စလာမ်တမန်တော်မြတ်ကြီး(ဆွ)သည် ဤကဲ့သို့သော် ပတ်ဝန်းကျင်၊အ သိုင်းအဝိုင်းတွင် တမန်တော်အဖြစ် ဖူးပွင့်တော် မူခဲ့လေသည်။ပြီးနောက် တစ်ခုချင်းစီ ကို ပြုပြင်ပြောင်းလဲ တည့်မတ် မှု စတင်ဆောင်ရွက်ခဲ့လေသည်။ရုပ်တု၊ဆင်းတု ကိုး ကွယ်သူများကို ရုပ်တု၊ဆင်းတုကိုးကွယ်ခြင်းမှ တစ်ပါးတည်း(ထာဝရအရှင်)အလ္လာဟ် ဟိုအရှင်မြတ်ဘက်သို့ ဖိတ်ခေါ် ခဲ့ပါသည်။
စာရိတ္တဖေါက်ပြန်သူများကို( لاِتَمِّمَ مَكَارِمَ الاْخْلاقِ بُعِثْتُ)၏အလံတော်အောက် တွင် ပြုပြင် ပြောင်းလဲ တည့်မတ်ပေးတော်မူခဲ့လေသည်။
အထက်ပါ ဟဒီးစ်တော်အားကြည့်ရန်-ဗေဟာရွလ် အနဝါရ်ကျမ်း အတွဲ(၁၆)၊ စာမျက်နှာ (၁၂၀)
နှိပ်စက်၊ညှဉ်းပန်းမှု၊အနိုင်ကျင့်မှု၊သွေးထွက်သံယိုပြုမှုကို တော်လှန်ခဲ့လေ သည်။မနုဿလူသားအား မတော်တဆ သတ်ခဲ့လျှင်တေင် လျော်ကြေးအဖြစ် ကုလားအုတ် အကောင်(၁၀၀)ပေး ဆောင်ဖို့အထိ သတ်မှတ်ပြီး မနုဿလူသား၏ အသက်ကို တန်ဖိုးထား အလေးပေးခဲ့တော် မူလေသည်။
ကြည့်-ဝစအေလွရှ်ရှီအာကျမ်း အတွဲ(၁၉)၊စာမျက်နှာ(၁၄၂)
(ထိုအချိန်အခါတွင်)ကုလားအုတ် လေး၊ငါးကောင်ရှိသူ မည်သူမဆိုအား သေဋ္ဌေး (သူဋ္ဌေး)၊ငွေကြေး၊ ချမ်းသာသူအဖြစ် စာရင်းဝင်လေသည်။တစ်ခု၊တစ်ခုချင်း ပြုပြင်ပြောင်းလဲ တည့်မတ်မှုကို ပြုတော်မူ ခဲ့လေသည်။အကျဉ်းချုပ်၊အနှစ်ချုပ် အားဖြင့် စနစ်များအားလုံးကို နဂို၊ပကတိ(အကောင်း)အတိုင်း ပြန်လှန်နေရာချ ပေးတော်မူခဲ့လေသည်။
နောက်ကြောင်းပြန်လှည့်ခြင်း!
ကြီးကျယ်မြင့်မြတ်တော်မူသည့် အစ္စလာမ်၏တမန်တော်မြတ် ဟဇရတ်(သ)မို ဟမ္မဒ်(ဆွ) ဝဖာသ် ဖြစ်တော်မူပြီးနောက်၊ခေလာဖသ်(တမန်တော်မြတ်(ဆွ)အရိုက် အရာကို လက်ခံသည့်ကိစ္စ) ဖြင့် မိမိလမ်းမှန်မှ ထွက်သွားလေသည်။တမန်တော် မြတ်ကြီး(ဆွ)အနေဖြင့် မိမိ၏နှလုံးသွေးဖြင့် အကျင့်လုပ်ပေးတော်မူ ခဲ့သည်။စာရိတ္တ ဆိုင်ရာတန်ဖိုးများ တဖြည်းဖြည်းအရောင်လျော့ပြီး မှေးမှိန်ခဲ့ လေသည်။နေရာမှန် သည် မိမိနေရာမှ တစ်ချို့ ဂျာဟေလီယသ်ခေတ်က ဖျက်ဆီးသူများ၊ဖရိုဖရဲပြု သူများ လက်သို့ ရောက်သွားလေသည်။
ဗနီအိုမိုင်ယာနှင့် ဂျာဟေလီယသ်ခေတ်၏ အကြွင်းအကျန် ပုဂ္ဂိုလ်များသည် တဖြည်းဖြည်း အရေးကြီး၊အဓိကကျသည့် အစိုးရနေရာများတွင် နေရာယူလာကြပြီး တမန်တော်မြတ်ကြီး(ဆွ)၏ သာဝကတော်များကို အပြင်ထုတ်ခဲ့ကြလေသည်။ပြည် သူပိုင် ဘဏ္ဍာငွေများသည် ကျောသား၊ရင် သား ခွဲခြားပြီး ပေးကမ်းခွဲဝေသည့် အ ဆင့်သို့ ရောက်သွားလေသည်။
မောင်လာအလီ(အ.စ)အနေဖြင့် မိမိအုပ်ချုပ်သည့် သက်တမ်းတစ်လျှောက် အွန်မသ်ကို ပြု ပြင်ပြောင်းလဲ တည့်မတ်ပေးရန် အမြောက်အများ ကြိုးပမ်းအားထုတ် တော် မူခဲ့လေသည်။သို့သော် အုပ်ချုပ်မှု သက်တမ်းတိုတောင်းလှသည့်အတွက် အပြည့်အဝ ပြောင်းလဲ တည့်မတ်ဖို့ အခွင့်မသာ ခဲ့ချေ။
မောင်လာအလီ(အ.စ) ရှဟာဒတ် ဖြစ်တော်မူ ပြီးနောက် မောင်လာ လက် ထက်တွင် ပြဿနာရှာနေသည့် ဟာကင်မ်(အာဏာရှင်)တစ်နည်းဆိုရလျှင် မိုအာဝေ ယာ မွတ်စလင်မ်များ၏ ခလီဖွာ သမ္မတဖြစ်လာပေသည်။၎င်းအနေဖြင့် ဟဇရတ်(သ) အဘူဗကရ်နှင့် အိုမရ်ကို ခလီဖွာ သမ္မတအဖြစ် ရွေးချယ်ခံသည့် စည်းမျဉ်း၊နည်းလမ်း ကိုလည်း အလေးမထားသည့်အထိ ကျောခိုင်း ခဲ့လေသည်။
အမှန်တကယ် ၎င်းအနေဖြင့် ရုတ်တရက် တော်လှန်ရေးဖေါ်ထုတ်သည့် ပုံစံ ဖြင့် လှုပ်ရှားမှု တစ်ခုပြုပြီး အာဏာကို သိမ်းခဲ့လေသည်။မိမိအချုပ်အခြာ၏ အခြေခံ များ ခိုင်ခံ့အားကောင်းလာရန် အတွက် ဟဇရတ်(သ)အလီ(အ.စ)၏ ရှဟာဒတ်ပြီး နောက် အီရန်နိုင်ငံသို့ ထွက်ခွါခဲ့လေသည်။ပြီး နောက် ထင်ထင်ရှားရှား ပြောကြား လေ၏။
ကျွန်ုပ်အနေဖြင့် နမာဇ်၊ရိုဇာနှင့်ပတ်သက်ပြီး သတိပေးနိုးဆော်ရန် လာခြင်းမ ဟုတ်ချေ။အသင်တို့ အပေါ် အုပ်ချုပ်မင်းလုပ်လိုသည့်အတွက်ကြောင့် ဖြစ်ပေ သည်။မည်သူမဆို ကျွန်ုပ်အား ဆန့်ကျင်မည်ဆိုလျှင် ၎င်း၏အသက် ချမ်းသာရာရ လိမ့် မဟုတ်ချေ။
ဤအတွက်ကြောင့် တဖြည်းဖြည်း ပျက်စီး၊ဖရို၊ဖရဲသည့် ခေတ်များသို့ ဗနီအို မိုင်ယာမှ စတင်ခဲ့ပြီး နှလုံးသားဖြင့် အစ္စလာမ်နှင့်အီမာန်ကို လက်မခံကြပေ။အခြား တဖက်တွင်လည်းမောင် လာအလီ(အ.စ)၏အီမာန်အားနည်းသည့် ဘက်တော်သား များကို ပြည်သူ့ဘဏ္ဍာငွေများ၊ပစ္စည်း များဖြင့် ဝယ်ယူမှုကို စတင်ခဲ့ကြလေသည်။
၎င်း(မိုအာဝေယာ)၏ ဝိုင်းတော်သူ၊ဝိုင်းတော်သားများအနေဖြင့် လူမဆန်သည့် သောင်း ကြမ်းမှုများကို ပြုခဲ့ကြပေသည်။ဤသမိုင်းများအားလုံးနှင့် ပတ်သက်ပြီး နဲဟ် ဂျိုဗလာဂါကျမ်း၊ခွသ် ဗာ(၂၇)တွင် လာရှိပေသည်။လာရှိသည်မှာ-လူမဆန်သည့် သောင်းကျန်းသူများ ဆီးရီးယားနိုင်ငံ သားအုပ်စုတစ်စုသည် အီရတ်နိုင်ငံမြို့များသို့ ဝင်ရောက်ခဲ့လေသည်။ပြီးနောက် အလစ်သုတ်ပြီး မြို့နေလူထုအား တိုက်ခိုက်ကြ လေ၏။၎င်းတို့ကို သတ်ဖြတ်ခဲ့လေသည်။၎င်းတို့၏ ပစ္စည်း၊ဥစ္စာများ ကိုမတရား သိမ်း ယူကြလေသည်။ဤသို့ပြုခြင်းမှာ ၎င်းတို့၏ အကီဒါ၊ယုံကြည်မှုများ၊တုန်လှုပ်ရန်နှင့် ဟဇရတ်(သ)အလီ(အ.စ)နှင့်ကိုယ်တော်အလီ(အ.စ)၏သား၊သမီးများကို လက် လွတ်ကြရန် ဖြစ် ပေသည်။
အနှစ်ချုပ်ရလာဒ်မှာ ဗနီအိုမိုင်ယာအနေဖြင့် နောက်ကြောင်းပြန်လှည့်ပေး သည့် လှုပ်ရှားမှု တစ်ခုဖြင့် ဂျေဟာလသ်ခေတ်က ကိစ္စများကို အသက်ပြန်သွင်း ခဲ့လေသည်။
အေမာမ်ဟိုစိုင်း(န)(အ.စ)၏ခေတ်
ဟီဂျရီသက္ကရာဇ်(၆၀)ခုနှစ်၊ရဂျဗ်လ(၁၅)ရက်နေ့ကို မိုအာဝေယာဇီဝိန်ချုပ်ပြီး နောက် ၎င်း၏ သားမိုက်၊ယဇီးဒ်(လ.န)ခေလာဖသ်နေရာကို မိမိအဖေကဲ့သို့ အတင်း အဓမ္မ၊မည်သည့် အခြေခံ ဥပဒေ၊စည်းမျဉ်းမျှမရှိဘဲ ယူခဲ့လေသည်။
ပြဿနာများ မကောင်းမှု၊ဒုစရိုက်၊ညှဉ်းပန်း၊နှိပ်စက်မှုတို့သည် ယဇီးဒ်(လ.န) လက်ထက် တွင် ၎င်း၏ဖခင်လက်ထက်ကထက် ပိုပြီးတဆင့်တဆင့် ဆိုးရွားလာလေ သည်။အစ္စလာမ်မြို့များ အားလုံး ယုတ်စွအဆုံး မဒီနာရွှေမြို့တော်အထိ ပြန့်နှံ့ခဲ့လေ သည်။သို့သော်ဤသည် သဘာဝဖြစ် ပေသည်။အဘယ်ကြောင့်ဆိုသော် လူထုသည် မိမိတို့ခေတ်ကာလ၏ ဘုရင်၊အာဏာရှင်နောက် လိုက်ကြပေသည်။
اَلنّاسُ عَلَى دِينِ مُلُوكِهِم
ကြည့်-သက်ကေရသိုလ်မောင်ဇူအာသ်ကျမ်း၊စာမျက်နှာ(၁၈၃)
-ကရှ်ဖိုလ် ခဖါ(အ)ကျမ်းအတွဲ(၂)စာမျက်နှာ(၃၁၁)
ဘုရင်၊သမ္မတ၊အရက်သေစာသောက်စားမည်။လောင်းကစားပြုမည်။မျောက် နှင့်ကစားမည်။ခွေးနှင့်ဆော့မည်။အတိုချုပ်ဖြင့် ဂိုနာအမျိုးမျိုးတွင် နှစ်မြှုပ်နေမည်ဆို လျှင် ထိုအချိန်တွင် ပြည်သူ များအနေဖြင့်လည်း ပျက်စီး၊ဖရို၊ဖရဲဖြစ်နေသည့် အကီ ဒါများ(ယုံကြည်မှုများ)လူမှုရေး၊စာရိတ္တဆိုင် ရာ ပျက်စီး၊ဖရို၊ဖရဲဖြစ်မှုနှင့် ရင်ဆိုင်ရပေ မည်။ယဇီးဒ်(လ.န)၏ညှဉ်းပန်း၊နှိပ်စက်မှုများ၊အနိုင်ကျင့်မှု များနှင့် လူမဆန်မှုများအ တွက် ဤ(အောက်ဖေါ်ပြမည့်အချက်)သည်ပင် လုံလောက်ချေသည်။
စိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌအနေဖြင့် မဒီနာရွှေမြို့တော်မှ ဆီးရီးယားသို့ ခရီးထွက်ပြီး နောက်၊မဒီနာ ရွှေမြို့တော်မှ သုတေသီ၊စိစစ်မှုပြုပြီး ပြန်လာလေသည်။မိမိ၏ အစီရင် ခံစာတွင် မဒီနာရွှေမြို့တော် သူ၊မြို့တော်သားများကို ပြောဆိုမှုကို ရေးသားထားလေ သည်။ပြောဆိုသည်မှာ အလ္လာဟ်ဟိုအရှင် မြတ်သခင်၏ ကစမ် ကျွန်ုပ်တို့အနေဖြင့် အခုအချိန် ယဇီးဒ်(လ.န)အနားမှ အပြင်ခရီးထွက်လာကြ ပါသည်။(သူအနားမှာရှိ ချိန်)(သူ၏များပြားလာသည့် ဂိုနာ၊ပြစ်မှု၊ဒုစရိုက်များ၏ အာနိသင်ကြောင့်)မိုး ကောင်း ကင်မှ ခဲမိုးကျွန်ုပ်တို့အပေါ် ရွာချမည်ကို စိုးရိမ်ကြောက်လန့် ခဲ့ရပါသည်။
ဒီလူသည်(ယဇီးဒ်)မိမိ၏အမေ၊အစ်မ၊ညီမ၊သမီးများနှင့်လည်းဇေနာ(ကာမေသုမိစ္ဆာစာရကံ)ကျူးလွန်ခဲ့ပေသည်။အရက်သေစာ သောက်စားခဲ့လေသည်။နမာဇ်ဝတ် မပြုချေ။
ကြည့်-အလ်မွန်သဇန်မ်ကျမ်းအတွဲ(၄)စာမျက်နှာ(၁၇၉)(ဟီဂျရီ(၆၃)ခုနှစ်အဖြစ် အပျက်အခြေအ နေ)အာရှုရာကျမ်းစာမျက်နှာ(၂၁၇)ဆင့်ဆိုချက်အရ
အေမာမ်ဟိုစိုင်း(န)(အ.စ)သခင်အနေဖြင့် တမန်တော်မြတ်ကြီး(ဆွ)ဝဖာသ် ဖြစ်တော်မူပြီး အချိန်မှအချိန်အကြာကြီး ပျက်စီး၊ဖရို၊ဖရဲဖြစ်ခဲ့သည်။လူအသိုင်းအဝိုင်း ကို ပြုပြင်ပြောင်းလဲ တည့် မတ်ရန် နီယသ်ဖြင့် ယဇီးဒ်(လ.န)ထံ ဘိုင်အတ်မပြုဘဲ၊ လက်မခံခဲ့ချေ။ပြီးနောက်တစ်ဦးတည်းဘဝ နှင့်လူမှုရေးဘဝအတွက် ဖြစ်သောလို အပ်သည့် အရေးကြီးနဂိုစနစ်ကောင်းကို ပြန်လှည့်ပေးရန် တမန်တော်မြတ်(ဆွ) လက်ထက်ကဖြစ်ရပ်မှန်များ၊စွန္နတ်တော်များကို ပြန်လည်အသက်သွင်းရန် ဆုံးဖြတ် ချက်ချခဲ့လေသည်။
မှန်လှပေသည်။အေမာမ်ဟိုစိုင်း(န)(အ.စ)သခင်အနေဖြင့် မိမိဘိုးတော်၏ အွန်မသ်တော် (နောက်လိုက်နောက်သားများ)နှင့်အစ္စလာမ်မီအသိုင်းအဝိုင်းအား ပြုပြင်ပြောင်းလဲ တည့်မတ်ပေး ရန်(ယဇီးဒ်)(လ.န)အားတော်လှန်ခဲ့လေသည်။
အကယ်၍ အေမာမ်ဟိုစိုင်း(န)(အ.စ)သခင်အနေဖြင့် ဤကြီးကျယ်သည့်အ လုပ်အတွက် ရှောင်ခဲ့မည်ဆိုလျှင် မုချဧကန် ယနေ့ အစ္စလာမ်ဆိုသည့် သတင်းပင် ကြားရတော့မည်မဟုတ်ချေ။အကယ်၍ရှိခဲ့လျှင်လည်း ဂရုစိုက်ဖို့မလိုသည့်အစ္စလာမ် ဖြစ်ပေမည်။
ဤလမ်းစဉ်အတွက် အေမာမ်ဟိုစိုင်း(န)(အ.စ)သခင်အနေဖြင့် ရှဟာဒတ်ဘွဲ့ ကို ခံယူခဲ့သည်မှာ မှန်ပေသည်။သို့သော်အစ္စလာမ်မီ အသိုင်းအဝိုင်းကို တုန်လှုပ်စေခဲ့ ပြီး ဤရည်ရွယ်ချက် ပြုပြင်ပြောင်းလဲ တည့်မတ်မှုနှင့် နီးစပ်လာလေသည်။
အေစ်လာ(ဟ်)ရည်ရွယ်ချက်၏ဆိုလိုချက်
ကိုယ်တော်(အေမာမ်ဟိုစိုင်း(န)(အ.စ))၏နောက်လိုက်၊နောက်သားများ၊အ ချစ်မေတ္တာထားသူများ၊လမ်းစဉ်လိုက်သူများအနေဖြင့် စစ်မှန်သည့် အချစ်မေတ္တာ ထားမှုနှင့် နောက်လိုက်ပီသမှုကို သက်သေပြဆိုရန်အတွက် မိမိတို့၏လက်ရှိခေတ် ကာလ၏ ပျက်စီးမှုများ၊ပြဿနာများကို စဉ်းစား ပြီး၊တွေးခေါ်ပြီး၊စွမ်းအားရှိသည်နှင့် အမျှ ၎င်း(ပျက်စီးမှုများ၊ပြဿနာများ)ကိုတော်လှန် ချေမှုန်းရပေမည်။
အဇာဒါရီပြုသူများအနေဖြင့် အချိန်အခါတိုင်း၊လောဂျစ်ကျသည့် စီစဉ်ဆုံးဖြတ် ပေးမှုများ စည်းစနစ်ကျကျ၊ဆင်ခြင်တုံတရားရှိရှိ ပျက်စီးမှုများ၊ပြဿနာများ၊မကောင်း မှု၊ဒုစရိုက်အသိုင်းအ ဝိုင်းကိုပြုပြင်ပြောင်းလဲ တည့်မတ်ပေးမည်ဆိုလျှင် ကြီးမားသည့် စဝါဗ်ကြီးသည့်လုပ်ရပ်ဖြစ်ကြောင်း ကို ယုံကြည်ရပေမည်။အောင်မြင်မှုကို ဆွတ်ခူးရ ရှိရလိမ့်မည်။
လေးစားအပ်သည့် တရားဟောဆရာများ၊ချစ်ခင်ရပါသည့် ချီးမွမ်းထောမနာ ပြုသူများ (နောင်ဟာဖတ်သူများ၊ကစီသာဖတ်သူများ…)အနေဖြင့် မလွဲမသွေ ဤ မွန်မြတ်လှသည့် ရည်ရွယ်ချက်အတွက် သာသနာ့ပြု၊နိုးဆော်ရပေမည်။ဤမဂျလစ် တော်များတွင် တက်ရောက်နေရာယူသူများအား စရိတ္တနှင့် လူမှုရေးအား ပျက်စီးစေ၊ မကောင်းမှုဖြစ်စေ၊အမင်္ဂလာများ ဖြစ်စေသည့်အ ကြောင်းအရာများကို ပြုပြင်ပြောင်း လဲ တည့်မတ်မှုဖက်သို့ ဖိတ်ခေါ်ရပေမည်။အကယ်၍ မိမိတို့၏ မိသားစုများမှ(ဤလုပ် ငန်းကို)စတင်ဆောင်ရွက်မည်ဆိုလျှင် ပို၍ပင်ကောင်းလေစွ။
ကျနော်မျိုးတို့အား ဤရည်ရွယ်ချက် လက်တွေ့ အကောင်အထည် ဖော်နိုင် စွမ်း မြတ်အလ္လာဟ် ခွန်အား နှင့် သတ္တိ ပေးသနားတော်မူပါ ။
ရည်ရွယ်ချက် (၂)
ကောင်းရာ၊ကောင်းမှုကို
ညွှန်ကြားခြင်းနှင့်
မကောင်းရာ၊မကောင်းမှုကို
တားမြစ်ခြင်း။
ကောင်းရာ၊ကောင်းမှုကိုညွှန်ကြားခြင်းနှင့်မကောင်းရာ၊မကောင်းမှုကိုတား မြစ်ခြင်း။
ရည်ရွယ်ချက် ကောင်းမွန်မှုနှင့် ပက်သက်ပြီးလည်း အေမာမ်ဟိုစိုင်း(အ.စ)၏ ဩဝါဒတော်များတွင် လာရှိပေသည်။သခင်ကြီး၏ သာဝကတော်များအနေဖြင့် ဤ ရည်ရွယ်ချက် ကောင်းမွန်မှုဘက်သို့ လမ်းညွှန်ပြခဲ့ပေသည်။ထို့ပြင် သခင်ကြီး၏ နောက်လိုက်၊နောက်သားများ လိုလားအချစ်၊မေတ္တာထားသူများအနေဖြင့်လည်း သခင်အတွက် ဇေယာရတ်(သ)များ ဖတ်ရွတ်ချိန်တွင် ဤရည်ရွယ်ချက်အကြောင်း ကို ရွတ်ဆိုကြပေသည်။
အေမာမ်ဟိုစိုင်း(အ.စ)အနေဖြင့် မိုဟမ္မဒ်ဟနဖီယေသို့ ရေးသားထားသည့် မိမိ သေတမ်းစာတွင် မိန့်တော်မူထားပါသည်။
أُريدُ أَنْ آمُرَ بِالْمَعرُوفِ وَ أَنْهى عَنِ الْمُنْكَرِ
အဓိပ္ပါယ်။။ကျွန်ုပ်တော်လှန်ရေး၏ ရည်ရွယ်ချက်မှာ ကောင်းရာ၊ကောင်းမှုကို ညွှန် ကြားခြင်းနှင့် မကောင်းရာ၊မကောင်းမှုကို တားမြစ်ခြင်း ဖြစ်ပေသည်။
ကြည့်- ဗေဟာရွလ်အန်ဝါရ်ကျမ်း အတွဲ(၄၄)၊စာမျက်နှာ(၃၂၉)
-မက်္ကသလ်ခွရဇ်မီကျမ်းအတွဲ(၁)၊စာမျက်နှာ(၁၈၈)
ဟဇရတ်(သ)မွတ်စလင်ဗင်အကီးလ် ရဲရင့်၊ပြတ်သားပြီး သတ္တိ၊ဗျတ္တိရှိသည့် အေမာမ်ဟိုစိုင်း(န)(အ.စ)၏ကိုယ်စားလှယ်တော် သံအမတ်၊ရှဟီးဒ်တော်များ၏ ခေါင်းဆောင် တစ်ဦးတစ်ယောက်တည်း(အစ္စလာမ့်အစစ်)ရန်သူများနှင့် တိုက်ခိုက် ပြီး အဖမ်းဆီးခံရလေသည်။ပြီးနောက် ၎င်းအား အိုဗိုင်သွလ္လာဟ်ဗင်ဇေယာသ်ထံ ခေါ် ဆောင်သွားကြလေ၏။အမီးရ်ရေကူဖာ(ကူဖာမြို့ဝန်၊အာဏာပိုင်)အနေဖြင့် ဂျနာဗေ မွတ်စလင် ဗင်အကီးလ် သို့ပြောလေ၏။
”ငါအနေဖြင့် မင်းပြဿနာလုပ်ဖို့ မွတ်စလင်များအကြား သွေးခွဲ၊စည်းလုံးရေး ဖျက်ဖို့၊ကူဖာမြို့သို့ လာတယ်လို့ ကြားတယ်…”
ဂျနာဗေမွတ်စလင်ဗင်အကီးလ်အနေဖြင့် ၎င်းအား အဖြေပေးမိန့်လေ၏။
ما لِهذا آتَيْتُ، وَ لكِنَّكُمْ أَظْهَرْتُمُ الْمُنْكَرَ، وَ دَفَنْتُمُ الْمَعْرُوفَ... فَأَتَيْناهُمْ لِنَأْمُرَهُمْ بِالْمَعْرُوفِ، وَ نَنْهاهُمْ عَنِ الْمُنْكَرِ
အဓိပ္ပါယ်။။ကျွန်ုပ်အနေဖြင့် ပြဿနာလုပ်ဖို့ အတွက်လာခြင်း မဟုတ်ချေ။ဘာကြောင့် လာခဲ့ရသည်ဆိုလျှင် လူကြီးမင်းအနေဖြင့် မကောင်းမှု၊ဒုစရိုက်များကို ပြန့်ပွားစေခဲ့ပြီး၊ ကောင်းရာ၊ကောင်းမှုများကို မြှုပ်နှံခဲ့သည့် အတွက်ကြောင့် လာခဲ့ရခြင်းဖြစ်ပေသည်။ ….ကူဖာမြို့သူ၊မြို့သားများအား ကောင်းရာ၊ကောင်းမှုကို ညွှန်ကြားပေးပြီး၊မကောင်း ရာ၊မကောင်းမှုကို တားမြစ်ပေးရန် လာခဲ့ရခြင်း ဖြစ်ပေသည်။

ဖသူဟ်အေဗ်နေအအ်ဇ(မ) အတွဲ(၅)၊စာမျက်နှာ(၃၃)
အေမာမ်ဟိုစိုင်း(န)(အ.စ)နှင့် ပက်သက်ပြီးဇေယာရတ်(သ)တော်များမှ ဇေယာရတ်(သ)သေဝါရေဇ်တွင် ကျွန်ုပ်တို့အနေဖြင့် ဖတ်ရွတ်ရမည်မှာ
اَشْهَدُ اَنَّكَ قَدْ اَقَمْتَ الصَّلاةَ، وَآتَيْتَ الزَّكاةَ، وَاَمَرْتَ بِالْمَعْرُوفِ، وَنَهَيْتَ عَنْ الْمُنْكَرِ، وَاَطَعْتَ اللهَ وَرَسُولَهُ حَتّى اَتيكَ الْيَقينُ
အဓိပ္ပါယ်။။ကျွန်တော်အနေဖြင့် ကိုယ်တော်(အေမာမ်ဟိုစိုင်း(န)(အ.စ))သည် နမာဇ် မြဲမြံသူ၊ဇကားသ်ပေးဆောင်သူ၊ကောင်းရာ၊ကောင်းမှုကို ညွှန်ကြားပြသူ၊မကောင်းရာ၊ မကောင်းမှုကို တားမြစ်သူ၊ပြီးနောက် နောက်ဆုံးရှဟီးဒ်ဘွဲ့ကို ခံယူတော်မူသည့်အ ချိန်အထိ အလ္လာဟ်ဟိုအရှင်မြတ်နှင့် အရှင်၏တမန်တော်မြတ်(ဆွ)၏ အမိန့်ကိုနာခံ ကျင့်သုံးသူဖြစ်ကြောင်း သက်သေထွက်ဆို ပါ၏။
ကြည့်-မဖာသီဟိုနဝီး(န)ကျမ်း၊စာမျက်နှာ(၃၈၂)
ဗေဟာရွလ်အနဝါရ်ကျမ်းအတွဲ(၉၇)၊စာမျက်နှာ(၁၉၇)၊ဟဒီးစ်တော်(၃၂)
ဤအတွက်ကြောင့် မုချဧကန် ဟဇရတ်(သ)အေမာမ်ဟိုစိုင်း(န)(အ.စ)သခင် ၏ အရေးကြီးသည့် အာရှုရာတော်လှန်ရေး၏ ရည်ရွယ်ချက်များမှ တစ်ခုဖြစ်ပြီး မေ့ လျော့နေသည့် တာဝန်ဝတ္တရားနှစ်ခု(အမရ်ဗေမဟ်ရူဖ် ဝါနဟီးအဇ်မွန်ကရ်) ကောင်း ရာ၊ကောင်းမှုကို ညွှန်ပြခြင်းနှင့် မကောင်းရာ၊မကောင်းမှုကို တားမြစ်ခြင်းအား ပြန် လည်ရှင်သန်အောင် ပြုခြင်းလည်း ပါဝင်နေပေသည်။
အမရ်ဗေမဟ်ရူဖ်ဝါနဟီးအဇ်မွန်ကရ်အားအတိုင်းထက်အလွန်အလေးပေး ခြင်း။
ရှုထောင့်တစ်ခုအရ အမရ်ဗေမဟ်ရူဖ်ဝါနဟီးအဇ်မွန်ကရ်(ကောင်းရာ၊ကောင်းမှု ကိုညွှန်ကြားခြင်းနှင့် မကောင်းရာ၊မကောင်းမှုကို တားမြစ်ခြင်း)သည် သာသနာ့ တာ ဝန် ဝတ္တရားအားလုံးမှ အရေးကြီးဆုံး တာဝန်၊ဝတ္တရားတစ်ခုဖြစ်ပေသည်။
ဤအတွက်ကြောင့် အဖိုးတန်သည့် အေမာမ်အလီ(အ.စ)၏ ဟဒီးစ်တော်တစ် ပါးတွင် ကျွန်ုပ်တို့ ဖတ်ရှုပါမည်။မိန့်တော်မူသည်မှာ-
وَمَا أَعْمَالُ الْبِرِّ كُلُّهَا وَ الْجِهَادُ فِي سَبِيلِ اللّهِ، عِنْدَ الاْمْرِ بِالْمَعْرُوفِ وَالنَّهْيِ عَنِ الْمُنْكَرِ، إِلاَّ كَنَفْثَة فِي بَحْر لُجِّيٍّ
အဓိပ္ပါယ်။။(သတိရှိပါလေ။)ရှိသမျှ၊ကောင်းမှု၊သုစရိုက်၊ကုသိုလ်များအားလုံး ယုတ်စွ အဆုံး အလ္လာဟ်ဟိုအရှင်မြတ်သခင်၏ လမ်းတော်တွင် တိုက်ပွဲဝင်ခြင်း(ဂျေဟာဒ်)ဗင် အမရ်ဗေမဟ်ရူဖ်ဝါနဟီးမွန်ကရ်နှင့်ယှဉ်မည်ဆိုလျှင် ကျယ်ပြန့်လှသည့် ပင်လယ်ရေ နှင့် ရေစက်တစ်စက်ပမာ ဖြစ်ပေသည်။
ကြည့်-နဟ်ဂျိုဗလာဂါကျမ်း-ကလ်မာယေဂေစာရ်(၃၇၄)
ကျွန်ုပ်အနေဖြင့် ဤတာဝန်ဝတ္တရားနှစ်ခုနှင့် ပတ်သက်ပြီး တိတိကျကျ၊နက် နက်၊ရှိုင်းရှိုင်း အခြေအနေ၊အစစ်အမှန်အတွက် သာဓက(ဥပမာ)တစ်ခု တင်ပြပါမည်။ (ကျေးဇူးပြု၍)ဂရုပြုပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
ကြီးမားသည့် လယ်ယာတစ်ခု ရှိသည်ဟုမြင်ပါလေ။ဤလယ်ယာအတွက် ရှင် သန်၊ရပ်တည် နေရန်နှင့် အကျိုးအမြတ်ရှိရန်အတွက် အရာနှစ်ခု အရေးကြီး လိုအပ် ပေသည်။ပထမအရာမှာ စည်းစနစ်ကျပြီး ပြည့်စုံဖူလုံသည့် ရေအချိန်နှင့်အညီရနေ ရန် လိုအပ်ပေသည်။ဤသို့မရပါက သစ်ပင်များအားလုံး ခြံထွက်သည့် သီးနှံများအား လုံးခြောက်သွေ့ ပျက်စီးသွားပေမည်။
ဒုတိယဖက်တွင်(ခြံထွက်၊လယ်ထွက်)သီးနှံများအပေါ် ကျရောက်လာမည့် အန္တရာယ် အသွယ်သွယ်ကို တားဆီးကာကွယ်ပေးခြင်း ဖြစ်ပါသည်။
အမရ်ဗေမဟ်ရူဖ်(ကောင်းရာ၊ကောင်းမှုကို ညွှန်ကြားခြင်း)သည် ကြီးကျယ်ခမ်း နားသည့် သာသနာ့လယ်ယာ၊လယ်မြေအတွက် ရေအသွင်ကိုဆောင်နေပေသည်။ နဟီးအဇ်မွန်ကရ်(မကောင်းမှု၊မကောင်းရာကို တားမြစ်ခြင်း)အန္တရာယ်များကို ကာ ကွယ်ပေးခြင်း အသွင်ဆောင် နေပေသည်။
အကယ်၍ သာသနာ့လယ်ယာ၊လယ်မြေအတွင်း စည်းစနစ်ကျသည့် ရေအ ချိန်မှီ မစီစဉ်နိုင်လျှင် လယ်ထွက်သီးနှံများ ပျက်စီးဆုံးရှုံးသွားပေမည်။
ထိုနည်းတူစွာ အကယ်၍ လယ်ယာထွက် သီးနှံများ ၎င်းကို အန္တရာယ်အသွယ် သွယ်မှ မတားဆီး၊မကာကွယ်မည် ဆိုလျှင်(ကြိုးစားထားသည့်)လယ်ယာထွက်သီးနှံ များ တစ်ခုမျှ ကျန်ရှိလိမ့်မည် မဟုတ်ချေ။
ဤသို့ဖြင့် အထက်ဖေါ်ပြပါ ရီဝါယတ်တော်အရ အမရ်ဗေမဟ်ရူဖ် ဝါနဟီးအဇ် မွန်ကရ်(ရှုထောင့်တစ်ခုအရ အဆိုတစ်ခုအရ)ဝါဂျစ်ဗ် အလုပ်များအားလုံးထက် ပိုပြီး အရေးကြီးကြောင်း ဆိုထားလေသည်။ဤအတွက် သက်သေအဖြစ် ဤအလုပ်နှစ်ခု (အမရ်ဗေမဟ်ရူဖ် ဝါနဟီးအဇ်မွန်ကရ်)မပါဘဲ ကျန်ဝါဂျစ်ဗ် အလုပ်များမှ ရလာဒ်ပေး မည် မဟုတ်ကြောင်း ဆိုလေ၏။
အမရ်ဗေမဟ်ရူဖ်ဝါနဟီးအဇ်မွန်ကရ်၏အဆင့်များ
(စာရှုပရိတ်သတ်များ) သိထားကြသည့်အတိုင်း ရီဝါယတ်တော်များ ဖိုကာ အာ(မရ်ဂျယေသက္က်လီးတော်များ)၏ သောင်ဇီးဟွလ်မဆာအေကျမ်းများတွင် လာရှိ သည့်အတိုင်း အမရ်ဗေမအ်ရူဖ်ဝါနဟီးအဇ်မွန်ကရ် အဆင့်သုံးဆင့် လာရှိပေသည်။ ၎င်းအဆင့်(၃)ဆင့်အား ဂရုပြုရန် အရေးကြီးပေသည်။ရီဝါယတ်တော်များနှင့် ပတ် သက်ပြီး ဝစာအေလွရှ်ရှီအာကျမ်းအတွဲ(၁၁)၊အလ်အမရ်ဝါအန်နဟီး ကဏ္ဍအခန်း(၃) တွင် လေ့လာနိုင်ပေသည်။
ပထမအဆင့်-နှလုံးသားနှင့် ဆိုင်သည့်အဆင့်
ဆိုလိုသည်မှာ နှလုံးသားအနေဖြင့် ကောင်းမှု၊ကောင်းရများအား ချစ်သူ၊ မေတ္တာရှိသူဖြစ်ပြီး မကောင်းရာ၊မကောင်းမှုများ အားမုန်းသူ၊ရန်သူ ဖြစ်ရပေမည်။
ကောင်းမှု၊ကောင်းရာကို တွေ့မြင်ချိန်တွင် ပျော်ရွှင်ပီတိဖြစ်မည်၊ဝမ်းသာမည် ဖြစ်ပေသည်။မကောင်းမှု၊မကောင်းရာများနှင့် ရင်ဆိုင်ရချိန်တွင် ဝမ်းနည်း၊သောက ဖြစ်လေသည်။
အကျဉ်းချုပ်၊အနှစ်ချုပ်ဆိုရလျှင် အတွင်းပိုင်း အခြေအနေ(နာမ်ပိုင်းအခြေ အနေသည်)ဤကောင်းမှုနှင့် မကောင်းမှု၊ကောင်းရာနှင့် မကောင်းရာကို တွေ့ကြုံရ ပြီးနောက် တစ်ထပ်တည်း မခံစားရခြင်းကို ဆိုလိုပေသည်။ဤအခြေအနေသည် အတွင်းပိုင်း၊နာမ်ပိုင်းဆိုင်ရာ လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာပေလိမ့်မည်။
ဒုတိယအဆင့်-နှုတ်နှင့်ဆိုင်ရာအဆင့်
ကောင်းမှုများ၊ကောင်းရာများကို အတွင်းပိုင်း(နှလုံးသားဖြင့်)ချစ်ခြင်း၊မြတ်နိုး ခြင်းနှင့် မကောင်းမှုများ၊မကောင်းရာများကို နှလုံးသားဖြင့် မုန်းတီး၊ရွံရှာခြင်းကို နှုတ် ဖြင့်ထွက်ဆိုခြင်းဖြစ်ပေသည်။မကောင်းမှုများ၊မကောင်းရာများကို ပြုလုပ်သူများ၊ ကောင်းမှုများ၊ကောင်းရာများကို လျစ်လျူရှု၊ဂရုမပြုသူများအား မိမိ၏နှုတ်ဖြင့် အ ကယ်၍ ရန်ဖြစ်ခြင်း၊မာနတရားမရှိဘဲ၊သူတစ်ပါး၏ခံစားရမှုများကို ထိခိုက်အောင်ပြု ခြင်း မရှိဘဲ မိမိ၏ရှေ့ရှိသူအား သတိပေး၊အသိပေးနိုးဆော်မည်ဆိုလျှင် မုချဧကန် အကျိုးသက်ရောက်မှုကို တွေ့ရလိမ့်မည် ဖြစ်ပေသည်။
တတိယအဆင့်-လက်တွေ့၊ကာယကံမြောက်သည့်အဆင့်
အမရ်ဗေမအ်ရူဖ်ဝါနဟီးအဇ်မွန်ကရ်၏ တတိယအဆင့်ဆိုသည်မှာ လက်တွေ့ ကာယကံမြောက်ရသည့် အလုပ်ဖြစ်ပြီး၊အစ္စလာမ်မီအစိုးရ အာဏာပိုင်တို့၏အလုပ် ဖြစ်ပေသည်။
အကယ်၍ တစ်ဦး၊တစ်ယောက်(သို့)အများအနေဖြင့် ထင်ထင်၊ရှားရှား လူပတ် ဝန်းကျင် အသိုင်း၊အဝိုင်းတွင် မကောင်းမှုများ၊ပြစ်မှုဒုစရိုက်များကို ကျူးလွန်မည်၊ ကောင်းမှု၊ကောင်းရာများ၊ကောင်းမှု၊သုစရိုက်များကို မထီမျက်မြင်ပြုပြီး၊စော်ကားမည်၊ လက်လွတ်မည်၊ပြီးနောက် အခြားသူများ၏ အသိပေးပြောဆိုမှုကိုလည်း ဂရုမပြုမည် ဆိုလျှင် မလွဲမသွေ အစ္စလာမ်မီ၊အစိုးရ အာဏာပိုင်များအနေဖြင့် ၎င်းတို့အားဖမ်းချုပ် ခြင်း၊အပြစ်ပေးခြင်း တို့ကိုပြုပေမည်။
ဤအတွက်ကြောင့် ၎င်းတို့ကို လွတ်လွတ်၊လပ်လပ် ပေးနိုင်ခွင့်ကြောင့် အစ္စလာမ်မီ၊ဥပဒေများကို ပျက်စီး၊ထိခိုက်လာမည်ဆိုလျှင် ထိုသူအားဖမ်းဆီးချုပ် နှောင်မည် ဖြစ်ပေသည်။ကျွန်တော်အနေဖြင့် တစ်ဖန်ထပ်ပြီးရေးသားပါမည်။ဤ အ ဆင့်သည် သာမန်ပုဂ္ဂိုလ်များအတွက် မဟုတ်ချေ။တစ်နည်းဆိုရလျှင်(အစ္စလာမ်မီ) အစိုးရနှင့် အာဏာပိုင်များ တာဝန်၊ဝတ္တရားဖြစ်ချေသည်။
အေမာမ်ဟိုစိုင်းနအစသခင်နှင့်ကောင်းမှု၊ကောင်းရာကိုညွှန်ကြားခြင်းနှင့်မ ကောင်းမှု၊မကောင်းရာကိုတားမြစ်ခြင်း
(စာဖတ်ချစ်ပရိတ်သတ်များ) သိရှိထားသည့်အတိုင်း ကျွန်တော်အနေဖြင့် အ ရင်(စာမျက်နှာများတွင်)ဖေါ်ပြခဲ့သည့်အတိုင်း ဗနီအိုမိုင်ယာ အစိုးရလက်ထက်တွင် အထူးသဖြင့် ယဇီးဒ်(လ.န)၏အာဏာရှိစဉ်အချိန်တွင် နေရာတိုင်း၊အားလုံးမကောင်း မှုဒုစရိုက်ပြစ်မှုများ နေရာယူသွားခဲ့လေသည်။ယုတ်စွအဆုံး အစ္စလာမ့်တမန်တော် မြတ်ကြီး(ဆွ)၏ ဗဟိုနန်းဆိုက်ရာ၊အာဏာတည်ရာ၊မဒီနာရွှေမြို့တော်တွင်လည်း မကောင်းမှု ဒုစရိုက်အမျိုးမျိုး၊ဟရမ်အလုပ်အမျိုးမျိုးတို့ဖြင့် ပေကျံသွားရလေသည်။
မည်မျှထိဆိုလျှင် မဒီနာမြို့တော်သူ၊မြို့တော်သားများမှ အုပ်စုတစ်စုသည် အဆိုတော်အမျိုးသမီးများကို ကြိုဆိုရန် မြို့ပြင်ပအထိ သွားရောက်ခဲ့ကြလေသည်။ ပြီးနောက် ဤလုပ်ရပ်အတွက် အရှက်သိက္ခာမဲ့သည့်ဟုလည်း မခံစားခဲ့ကြချေ။ဒီ တော့ စာရှုသူအနေဖြင့် ကိုယ်တိုင်ဤ အကြောင်းအရာနှင့် စပ်လျဉ်းသည့် အကျယ် တဝင့် ဟဒီးစ်တော်ကို လေ့လာကြည့်ပါလေ။ပြီးနောက် အစ္စလာမ်မီဗဟိုဌာနချုပ်နှင့် ဝေးနေသည့် ကျန်မြို့များ၏ အခြေအနေကိုတွေးကြည့်နိုင်ပေသည်။သို့သော်လည်း ပဲ ဤကဲ့သို့သော် အရင်ဖေါ်ပြရေးသားထားသည့်အတိုင်း အခြေအနေများသည် သဘာဝဖြစ်ပေသည်။အကြောင်းမှာ အာဏာပိုင်များ၊အစိုးရအကြီးအကဲများအနေဖြင့် မိမိတို့ကိုယ် မိမိခလီဖွာ၊တမန်တော်မြတ်ကြီး(ဆွ)၏ ကိုယ်စားလှယ်တော်ခံယူထားပြီး ဂိုနာပေါင်းစုံ၊ပြစ်မှုဒုစရိုက်အစုံတွင် နစ်မြုပ်နေပါက သာမန်လူထုအား မည်ကဲ့သို့(လူ ကောင်း၊သူကောင်းဖြစ်လာဖို့)မျှော်လင့်ချက် ထားနိုင်ပါအံ့!
အာရပ်ကဗျာဆရာ၏အဆိုအရ
اِذَا كَانَ رَبُّ الْبَيْتِ بِالدَّفِّ مُولِعاً *** فَشِيمَةُ اَهْلِ الْبَيْتِ كُلُّهُمُ الرَّقْص
အဓိပ္ပါယ်။။မည်သည့် အိမ်ထောင်စု၏ အိမ်ထောင်ဦးစီးမဆို၊သီဆိုခြင်း၊ကခုန်ခြင်းတွင် အလွန်တရာ၊နှစ်သက်၊နှစ်မြို့လာမည်ဆိုလျှင် အိမ်သူ၊အိမ်သားများအားလုံးအနေဖြင့် လည်း ကခုန်ခြင်း၊သီဆိုခြင်းတို့တွင် နစ်မျောသွားပေမည်။
ကြည့်-အလ်သိုအ်ဖွာသိုအလ်စွန်နီယာ စာမျက်နှာ(၇၉)။
အဆ်ဝါအလာအလ်စဟီးစိုင်း စာမျက်နှာ(၂၈၆)။
အလ်အန်သေဆွာရ်လေလ်အာမေလီ အတွဲ(၆) စာမျက်နှာ(၄၈၀)။
ဟုတ်ပေ၊မှန်ပေသည်။မကောင်းမှု၊ဒုစရိုက်များ၊ပြစ်မှုများသည် ကမ္ဘာအရှေ့ တိုင်းနှင့် အနောက်တိုင်းရှိ အစ္စလာမ်အားလွမ်းမိုးခဲ့လေသည်။ပြီးနောက် ကောင်းမှု သုစရိုက်များကို မေ့လျော့သွားကြချေပြီး၊သူတော်စင်၊သူတော်ကောင်းများ၊အေဗာ ဒသ် ဝတ်ပြုသူများ၊မိုဟာဂျေများ၊အန်ဆွာများ၊အာဏာပိုင်များနှင့် အဝေးသို့ရောက် သွားကြလေသည်။
ညှဉ်းပန်း၊နှိပ်စက်ပြဿနာလုပ်သူများ၊ဒုစရိုက်ကျူးလွန်သူများ၊တမန်တော် မြတ်(ဆွ)၏ခေတ်တွင် နှိမ်နင်းခံထားရသူများ၊ပြည်နှင်ဒဏ်ခံထားရသူများမှာ အစိုးရ ၏နေရာဌာနများတွင် နေရာယူခဲ့ကြလေသည်။
အေမာမ်ဟိုစိုင်း(န)(အ.စ)အနေဖြင့် ဤကဲ့သို့အခြေအနေတွင် မိမိ၏တည်ရှိ နေမှုအားလုံး(နှလုံးသား၊နှုတ်၊ကိုယ်)ဖြင့် အမရ်ဗေမအ်ရူဖ် ဝါနဟီးအဇ်မွန်ကရ် တာ ဝန်ကို ထမ်းဆောင်ခဲ့လေသည်။
အာရှုရာနေ့တွင် ကျမ်းတော်မြတ်ကုရ်အာန်အားခေါင်းပေါ်တင်ပြီး နှစ်ဖက် သောရဲမက်များအကြားတွင် ထားတော်မူပြီးလက်တွေ့လိုက်နာကျင့်သုံးဖို့ ဖိတ်ခေါ်နှိုး ဆော်ခဲ့တော်မူလေသည်။
အေမာမ်(အ.စ)အနေဖြင့် နှလုံးသားအဆင့်၊နှုတ်အဆင့်ဖြင့် လှုပ်ရှားမှုသည်အ ကျိုးမသက်ရောက်သည်ကို တွေ့တော်မူသည့်အခါ အဆင့်(၃)သို့ ဝင်ရောက်ရလေ ၏။
အဆင့်(၃)ဖြင့် ရန်သူသည် ချေမှုန်းပျက်စီးသွားမည်ဖြစ်ပြီး၊ဤသို့ဖြင့်မကောင်း မှုဒုစရိုက်များ၊ပြစ်မှုများ ဆက်လက်ရှေ့ဆက်နိုင်မည် မဟုတ်တော့ချေ။
ပြီးနောက် အကယ်၍ဤအလုပ်ဖြင့်လည်း မဖြစ်နိုင်လျှင် မလွဲမသွေ၊စတေးမှု (ကုရ်ဗာနီပြုမှု)ကိုပေးရလေသည်။ပြီးနောက် ဤလှုပ်ရှားမှုကို အဆုံးတိုင်အောင် ပို့ ဆောင်ပေးရပေမည်။
ဟုတ်ပေသည်။မှန်ပေသည်။အေမာမ်ဟိုစိုင်း(န)(အ.စ)အနေဖြင့် မိမိ၏သွေး ကို ပေးဆပ်လှူဒါန်းပြီး၊ဤကြီးကျယ်လှသည့် တာဝန်ဝတ္တရားကို ကျေပွန်စွာ ထမ်း ဆောင်ခဲ့တော်မူလေသည်။ပြီးနောက် လူငယ်၊လူရွယ်အသက်ကို ရနေပြီးဖြစ်သည့် အစ္စလာမ့်အမည်ရှိ သစ်ပင်အတွက်ရေလောင်းသွားပေးခြင်းနှင့်၊၎င်းအပင်အား ပျက် စီးမှုမှကာကွယ်စောင့်ရှောက်ပေးတော်မူခဲ့လေသည်။
အဗာအဗ်ဒွလ္လာဟ်အလ်ဟိုစိုင်း(န)(အ.စ)နှင့် ကိုယ်တော်၏သားတော်၊သမီး များ၊သာဝကတော်များ၏ သွေးသည်လည်း အစ္စလာမ့်တည်းဟူသည့် လယ်ယာအ တွက် ရေပမာအလုပ်လုပ်ခဲ့ပေသည်။ထို့ပြင်အန္တရာယ်များမှ ကာကွယ်စောင့်ရှောက် ပေးခဲ့လေသည်။
အကယ်၍ အေမာမ်ဟိုစိုင်း(န)(အ.စ)အနေဖြင့် တော်လှန်ရေးမဆင်နွဲခဲ့မည် ဆိုလျှင် ဗနီအိုမိုင်ယာနှင့်၊ဂျဟေလီယသ်ခေတ်ကျန်များ၊အရှက်သိက္ခာမဲ့မည် မဟုတ် တော့ချေ။ထိုအချိန် အစ္စလာမ်အတွက် မည်သည့်(အန္တရာယ်)တွင်ကျရောက် သွား မည်ဖြစ်ကြောင်း(စာရှုသူူ)သိရှိနားလည်ပေမည်။အကယ်၍ရှိခဲ့မည်ဆိုလျှင်လည်း အန္တရာယ်ကျရောက်မှုကြောင့် သီးနံှကောင်းကောင်းမွန်မွန် မပေးနိုင်သည့် လယ်ယာ နှင်တူသွားပေမည်။
အရေးကြီးသည့် အစ္စလာမ့်သမိုင်းတွင် ကဏ္ဍာများမှတစ်ခုမှာ ဖြစ်ရပ်မှန်ကရ်ဗ လာပြီးနောက် တော်လှန်ရေးများပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည်။တော်လှန်ရေးများမှာ အနှိုင်းမဲ့သောင်ဝါဗီး(န)တော်လှန်ရေး၊မိုခ်သာတော်လှန်ရေး စသည်ဖြင့် ဤတော် လှန်ရေးများအားလုံး၏ ညာသံမှာ တစ်ခုတည်းဖြစ်ပြီး ထိုညာသံမှာ(لاِلِ مُحَمَّد اَلرِّضَا ) (အာလေမိုဟမ္မဒ်(အ.စ)၏နှစ်မြို့မှုအတွက်)ဖြစ်ပေသည်။
ကြည့်-ဗေဟာရ်အနဝါရ်ကျမ်း အတွဲ(၅၂)၊စာမျက်နှာ(၃၀၂)၊ဟဒီးစ်တော်အမှတ်(၄၆) နှင့် အခြားစာမျက်နှာ(၁၇၄၊၁၇၅၊၁၇၈နှင့်၁၉၉)
ယုတ်စွအဆုံး အဗူမွတ်စလင် ခိုရာစာန်နီအနေဖြင့်လည်း ဤညာသံဖြင့် လှုပ် ရှားတော်လှန်ခဲ့ပေသည်။ပြီးနောက် ဗနီအိုမိုင်ယာ၏ အချုပ်အခြာအာဏာကို ဖျက် သိမ်းနိုင်ပြီး အောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့လေသည်။
သို့သော်လည်းပဲ ၎င်းအနေဖြင့် အချုပ်အခြာအာဏာကို စစ်မှန်ပြီး(တရားမျှတ သည့်)ပိုင်ရှင်များထံ မလွဲအပ်သည့် အမှားအယွင်းကို ကျူးလွန်ခဲ့လေသည်။
အချုပ်အခြာအာဏာကို ဗနီအဘာစ်အားလွဲပြောင်းပေးခဲ့လေသည်။(သို့မ ဟုတ်)လွဲပေးဖို့ မဖြစ်မနေ အကြပ်အတည်း၊အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရလေသည်။
ဤအတွက်ကြောင့် အမရ်ဗေမအ်ရူဖ် ဝါနဟီးအဇ်မွန်ကရ်သည် အေမာမ်ဟို စိုင်း(န)(အ.စ)တော်လှန်ရေး၏ ရည်ရွယ်ချက်များမှ တစ်ခုဖြစ်ပေသည်။သခင်အနေ ဖြင့်ဤရည်ရွယ်ချက်ကို ဆွတ်ခူးနိုင်ရန် မိမိ၏သွေးတော်ကို လှူဒါန်းပေးဆပ်ပြီး အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့လေသည်။ထိုတော်လှန်ရေး(အာရှုရာ)၏ အာနိသင်များ တဖြည်းဖြည်း၊တစ်ခုခြင်း ပေါ်ထွက်လာလေသည်။ပြီးနောက် အသိပညာကင်းမဲ့ သည့် လှုပ်ရှားမှုများ ရပ်ဆိုင်းသွားခဲ့လေသည်။
အမရ်ဗေမအ်ရူဖ်ဝါနဟီးအဇ်မွန်ကရ်မှပေးသည့်သင်ခန်းစာ
အေမာမ်ဟိုစိုင်း(န)(အ.စ)၏ ဩဝါဒတော်များမှ ကျွနု်ပ်တို့အတွက် အဇာဒါရီ များ ကျင်းပနေသည့်အပြင် ကောင်းမှု၊ကောင်းရာများ ညွှန်ကြားခြင်းကို ကျယ်ပြန့်စေ ရန် ဆောင်ရွက်ပေးပြီး၊မကောင်းမှု၊မကောင်းရာများကို ကုန်စင်အောင် တိုက်ထုတ် ပေးရမည်ဆိုသည့် မလွဲမသွေသမိုင်းပေးတာဝန်ဖြစ်ကြောင်းသင်ခန်းစာကိုမီးမောင်း ထိုးပြနေပါသလော?
ဧကန်မုချ မလွဲမသွေ နှစ်စဉ်၊နှစ်တိုင်း အဇာဒါရီ၏ ကြီးကျယ်မြင့်မြတ်မှုကို ကျယ်ပြန့်သထက် ကျယ်ပြန့်အောင် ကြိုးပမ်းသင့်ပေသည်။အကယ်၍ ကောင်းမှု၊ ကောင်းရာသုစရိုက်များကို မေ့လျော့သွားပြီး၊မကောင်းမှု၊မကောင်းရာဒုစရိုက်များကို တိုးပွားစေမည်ဆိုလျှင် ဆရက်ဒိုရှ်ရှိုဟဒါအေမာမ်ဟိုစိုင်း(န)(အ.စ)၏ ရည်ရွယ်ချက် ကို မရောက်သေးကြောင်း ထင်ရှားနေပေသည်။
လက်ရှိကျွနု်ပ်တို့၏ ခေတ်ကာလတွင်လည်း အစ္စလာမ်တည်းဟူသော် လယ် ယာအတွက် ရေသွင်း၊ရေထည့်ပေးခြင်း၊ရေလောင်းပေးခြင်းဆိုသည့် ကောင်းမှု၊ ကောင်းရာများကို ညွှန်ကြားပေးခြင်း၊နှင့်အန္တရာယ်များကို ကာကွယ်ပေးခြင်းအလုပ် ဆိုသည့် မကောင်းမှု၊မကောင်းရာများကို တားမြစ်ခြင်းသည် အရေးကြီးလိုအပ်ပေ သည်။
အကယ်၍ အရေးကြီး၊အဓိကအရာနှစ်ခုအား မေ့လျော့ခဲ့မည်ဆိုလျှင် အစ္စလာမ်မီ အသိုင်းအဝိုင်းအတွက် အန္တရာယ်များနှင့်ပြဿနာများအဖြစ် အစ္စလာမ့် သာသနာတော် ဆန့်ကျင်ရေး၊ဝါဒီအနောက်တိုင်းများ၏ ခြိမ်းခြောက်မှု၊တိုက်ခိုက်မှုကို ခံရလိမ့်မည် ဖြစ်ပေသည်။
ရည်ရွယ်ချက် (၃)
တမန်တော်မြတ်ကြီး(ဆွ)၏
စွန္နတ်တော်များအား
ရှင်သန်တည်မြဲအောင်
ပြုခြင်း။
တမန်တော်မြတ်ကြီးဆွ၏စွန္နတ်တော်များအားရှင်သန်တည်မြဲအောင်ပြုခြင်းအာရှုရာတော်လှန်ရေး၏ ရည်ရွယ်ချက်များမှ အခြားရည်ရွယ်ချက်တစ်ခုမှာ မြင့်မြတ်သည့် အစ္စလာမ်သာသနာတော်မှတမန်တော်မြတ်ကြီးဟဇရတ်(သ)မိုဟမ္မဒ် (ဆွ)၏ စွန္နတ်တော်များအား ရှင်သန်တည်မြဲအောင် ပြုခြင်းဖြစ်ပါသည်။
အေမာမ်ဟိုစိုင်း(န)(အ.စ)မိန့်တော်မူသည်။
اَدْعُوكُمْ اِلى كِتابِ الله وَسُنَّةِ نَبِيِّهِ ) صلى الله عليه وآله ( فَاِنَّ السُّنَّةَ قَدْ اُمِيتَتْ وَ اِنَّ الْبِدْعَةَ قَدْ اُحْيِيَتْ، وَ اِنِ اسْتَمِعُوا قَوْلي وَ تُطِيعُوا اَمْرِي، اَهْدِكُمْ سَبِيلَ الرَّشادِ
အဓိပ္ပါယ်။။အသင်တို့အား အလ္လာဟ်ဟိုအရှင်မြတ်၏ ကျမ်းတော်မြတ်(ကုရ်အာန်)နှင့် တမန်တော်မြတ်ကြီး(ဆွ)၏ စွန္နတ်တော်ဘက်သို့ ဖိတ်ခေါ်ပါသည်။အကြောင်းသည် ကားဧကန်မုချ တမန်တော်မြတ်ကြီး(ဆွ)၏ စွန္နတ်တော်အား သေဆုံးစေခဲ့ပြီး၊မုချမ လွဲဗေဒ်အတ်(သ)များကို ရှင်သန်အောင်ပြုခဲ့ကြပေသည်။အကယ်၍ ကျွန်တော်၏ ဖိတ်ခေါ်မှုကို လက်ခံသဘောတူမည်ဆိုလျှင် ကျွန်တော်၏စကားများကို နားထောင် ပါလေ၊ပြီးနောက် ကျွန်တော်၏အမိန့်များအပေါ် လက်တွေ့ လိုက်နာကျင့်သုံးပါလေ။ အသင်တို့အား တိုးတက်ဖွံဖြိုးသည့်လမ်းနှင့် သက္ကဝါအတွက် လမ်းမှန်ကို ညွှန်ကြား ပေးပါမည်။
ကြည့်-သာရီခ်ခေသဗ်ရီ အတွဲ(၃)၊စာမျက်နှာ(၃၈)။
ဗေဟာရွလ်အနဝါ အတွဲ(၄၄)၊စာမျက်နှာ(၃၄၀)။
အဟ်ယာနွရှ်ရှီအာ အတွဲ(၁)၊စာမျက်နှာ(၅၉)။
အခြားတစ်နေရာတွင် မိမိ၏ညီတော် မိုဟမ္မဒ်ဟနဖီယာအား မိန့်တော်မူလေ သည်။
اُرِيدُ أَنْ آمُرَ بِالْمَعْرُوفِ وَأَنْهى عَنِ الْمُنْكَرِ، وَاَسِيرَ بِسِيرَةِ جَدِّي وَأَبِي عَلِىِّ بْنِ أَبِي طالِب
အဓိပ္ပါယ်။။ကျွန်တော်အနေဖြင့် ကောင်းရာ၊ကောင်းမှုကို ညွှန်ကြားခြင်းနှင့်၊မကောင်း ရာ၊မကောင်းမှုကိုတားမြစ်ခြင်း ပြုရန်အတွက် ကျွန်တော်၏ဘိုးတော်နှင့်ဖခမည်း တော်တို့၏ စွန္နတ်တော်အတိုင်း လက်တွေ့ကျင့်သုံးရန် လိုလားသဖြင့်(တော်လှန်ရေး ကိုဆင်နွဲခဲ့ခြင်း)ဖြစ်ပါသည်။
ကြည့်-မက္က်သလေအဝါလေမ် စာမျက်နှာ(၅၄)။
ဤအတွက်ကြောင့် အေမာမ်ဟိုစိုင်း(န)(အ.စ)၏ ရည်ရွယ်ချက်များမှတစ်ခု သည် တမန်တော်မြတ်ကြီး(ဆွ)၏ စွန္နတ်တော်များနှင့် ဘဝတည်ဆောက်မှု ရှင်သန်၊ တည်မြဲအောင်ပြုရန်နှင့် ဗေဒ်အတ်(သ)များကို ပျက်စီးနိုင်ရန်ဖြစ်ပါသည်။
ဗနီအိုမိုင်ယာ၏ဗေဒ်အတ်သများဗနီအိုမိုင်ယာအနေဖြင့် ကာလရှည်စွာ အချုပ်အခြာအာဏာကို မတရားလုယူ ခဲ့လေသည်။လုယူထားသည့် အချုပ်အခြာအာဏာအား အမှန်တရားအပေါ်၊စစ်မှန် သည့်အင်အားအပေါ်၊တည်နေရသည်ဆိုပြီး မိန့်ဆိုထားလေ၏။
မြောက်များစွာသော ဗေဒ်အတ်(သ)များသည် သာသနာအတွက် နေရာယူခဲ့ လေသည်။တမန်တော်မြတ်ကြီး(ဆွ)၏ စွန္နတ်တော်အားသေဆုံးစေခဲ့လေသည်။အ ကြောင်းမှာ -၎င်း(ဗနီအိုမိုင်ယာ)တို့၏ ရှေ့ဆက်ဘဝတည်ဆောက်ရာတွင် ဗေဒ် အတ်(သ)အဖွဲ့များကို ရှင်သန်အောင်ပြုခြင်းနှင့် တမန်တော်မြတ်ကြီး(ဆွ)၏ စွန္နတ် တော်များကို ပျောက်ပျက်အောင်ပြုခဲ့ကြသည့် အတွက်ဖြစ်ပါသည်။
ဤဗေဒ်အတ်(သ)များမှ နမူနာများကို ဖေါ်ပြပါမည်။ကျေးဇူးပြုပြီး၊ဂရုပြုပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
၁။တန်ဖိုးကြီးမှုများကိုပြုပြင်ပြောင်းလဲခြင်း
ဂျဟေလီယသ်ခေတ်(အသိပညာမဲ့သည့်ခေတ်)အချိန် ကာလတွင် ပင်ကိုယ် အရည်အသွေးရှိသူများ၊ဂုဏ်ကြီးသူများအဖြစ် ပစ္စည်း၊ဥစ္စာများ၊စည်းစိမ်များနှင့်သား၊ သမီးများကို စံအဖြစ်သတ်မှတ်ခဲ့ကြလေသည်။
မည်သူမဆို ငွေကြေးများများရှိလေ သား၊သမီးများများမွေးနိုင်လေ၊ပြည်သူလူ ထု၏အမြင်တွင် ပိုပြီးအရေးပါအရာရောက်ပြီး ဂုဏ်ဒြပ်ကြီးသူ ဖြစ်လေဖြစ်ပေသည်။
ကျမ်းတော်မြတ် ကုရ်အာန် စူရာဟ်စဖာ အာယတ်တော် အမှတ်(၃၇)တွင် အလ္လာဟ်ဟိုအရှင်မြတ်အနေဖြင့် ဤတရားမဝင်သည့် စံ၊မှတ်ကျောက် နေရာတွင် စံမှတ်ကျောက်အစစ်အား အစားထိုးပြီးမိန့်တော်မူထားပါသည်။
وَمَا أَمْوَالُكُمْ وَلاَ أَوْلاَدُكُمْ بِالَّتِى تُقَرِّبُكُمْ عِنْدَنَا زُلْفَى إِلاَّ مَنْ آمَنَ وَعَمِلَ صَالِحاً فَأُوْلَئِكَ لَهُمْ جَزَاءُ الضِّعْفِ بِمَا عَمِلُوا وَهُمْ فِى الْغُرُفَاتِ آمِنُونَ
အဓိပ္ပါယ်။။အသင်တို့၏ ပစ္စည်း၊ဥစ္စာများ၊သား၊သမီးများသည် လုံးဝဥဿုန် အသင်တို့ အား ကျွန်ုပ်(အလ္လာဟ်ဟိုအရှင်မြတ်)နှင့် နီးကပ်အောင်ပြုပေးနိုင်သည့် အရာများမ ဟုတ်ချေ။သို့ရာတွင် အကြင်မည်သူမဆို အီမာန်သက်ဝင်၊ယုံကြည်မည်၊ကောင်းမြတ် သည့် သုစရိုက်ကို ပြုကျင့်မည်ဆိုလျှင် ၎င်းတို့အတွက် အသင်တို့ထမ်းဆောင်ထား သည့် အလုပ်များနှင့်အညီ ဆုလာဒ်အဖြစ် နှစ်ဆ၊ချီးမြှင့်တော်မူပေမည်။၎င်းတို့သည် ဂျန္နတ်သုခဘုံ၏အခန်းများ၊အလွန်တရာ ငြိမ်းချမ်း၊အေးချမ်းစွာ နေထိုင်ကြရပေလိမ့် မည်။
ပြီးနောက် ထိုနည်းတူစွာ စူရာဟ် ဟိုဂျရာသ်အာယတ်တော်(၁၃)ပါးတွင် မိန့် တော်မူထားပါသည်။
إِنَّ أَكْرَمَكُمْ عِنْدَ اللهِ أَتْقَاكُمْ
အဓိပ္ပါယ်။။ဧကန်မုချ အသင်တို့အနက် အလ္လာဟ်ဟိုအရှင်မြတ်ထံဝယ် အမြင့်မြတ် ဆုံး၊အလေးစားထိုက်ဆုံးသူသည် သက္ကဝါ(သီလ၊သမာဓိ)အရှိဆုံးသူဖြစ်ပေသည်။ ဤသို့ဖြင့်မှတ်ကျောက်စံ(အစစ်)ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း ကိုအထင် ရှားဆုံး၊အပေါ်လွင်ဆုံး သဏ္ဍာန်ဖြင့် မိန့်တော်မူထားလေသည်။
ဤနည်းအစီအစဉ်အရ အစ္စလာမ်သာသနာတော်မှ ပင်ကိုယ်အရည်အသွေး၊ ဂုဏ်ကြီးမှု မှတ်ကျောက်အဖြစ် ပစ္စည်း၊ဥစ္စာများ၊သား၊သမီးနေရာတွင် အီမာန်၊ သက္ကဝါနှင့် ကောင်းမြတ်သည့် သုစရိုက်ကျင့်ဆောင်မှုကို အစားထိုးပြောင်းလဲပေး တော်မူခဲ့လေသည်။ဆိုလိုသည်အဓိပ္ပာယ်မှာ သက္ကဝါ(သီလ၊သမာဓိ)များများရှိလေ လေ အလ္လာဟ်ဟိုအရှင်မြတ်နှင့် နီးစပ်လေလေဖြစ်ပေသည်။မည်မျှပင် လုံးဝသား၊ သမီးတစ်ယောက်မျှပင် မရှိပါစေ၊ပြီးနောက် ပတ်ဝန်းကျင်၌ အဆင်းရဲတကာ၊အဆင်း ရဲဆုံး ပုဂ္ဂိုလ်ဖြစ်နေပါစေ။(သက္ကဝါ=သီလ၊သမာဓိရှိလျှင် ရှိမှုနှင့်အညီ အလ္လာဟ်ဟို အရှင်မြတ်သခင်နှင့်နီးစပ်မှုရရှိမည်ဖြစ်ပေသည်။)အကြင်မည်သူမဆို သက္ကဝါအနည်း ဆုံးရှိမည်ဆိုလျှင် အလ္လာဟ်ဟိုအရှင်မြတ်သခင်နှင့် အဝေးဆုံးဖြစ်ပေမည်။မည်မျှပင် သား၊သမီးများ အမြောက်အများရှိနေပါစေ၊ပစ္စည်း၊ဥစ္စာအများအပြားပင် ပိုင်ဆိုင်နေ သူပင် ဖြစ်နေပါစေ။
ဤပြောင်းလဲမှု မှတ်ကျောက်၊စံကျောက်၏နောက်တွင် အဗူဆိုဖီယန်နှင့် ၎င်း ကဲ့သို့များ၊အဗူလဟာဗ်နှင့်၎င်းကဲ့သို့များ၊အဗူဂျဟ်လ်နှင့်၎င်းကဲ့သို့များနေရာတွင် စလ် မန်နှင့်၎င်းကဲ့သို့များ၊အဗူဇရ်နှင့်၎င်းကဲ့သို့များ၊မစ်က်ဒါနှင့်၎င်းကဲ့သို့များ အစားထိုးနေ ရာ ယူခဲ့လေသည်။ဤနောက်ပိုင်းတွင် လူထုအနေဖြင့် စည်းစိမ်ချမ်းသာသူ၊ပစ္စည်း၊ ဥစ္စာချမ်းသာသူများအား ၎င်းတို့၏ငွေကြေး၊အသပြာများကြောင့် ကျိုးနွံမှုကို မပြုကြ တော့ချေ။
သို့သော်လည်းပဲ တမန်တော်မြတ်ကြီး(ဆွ)သည် ဝဖသ်ဖြစ်တော်မူပြီးနောက်၊ နောက်တစ်ဖန် မှတ်ကျောက်စံများကို ၎င်း(ဗနီအိုမိုင်ယာ)တို့၏ လက်ဖြင့် ပြောင်းလဲ ဖြစ်လေသည်။တတိယခလီဖွာ၏ခေတ်ကာလတွင် နဂိုမကောင်းသည့်စံမှတ်ကျောက် အခြေအနေသို့ ပြန်ရောက်သွားလေ၏။ပစ္စည်း၊ဥစ္စာချမ်းသာသူများ၊သား၊သမီးနှင့်အင် အားရှိသူများ ယုတ်စွသက္ကဝါအနံ့ပင် မထွက်သူများသည် မွတ်သကီ၊သူတော်စင်၊သူ တော်ကောင်း၊ပုဂ္ဂိုလ်များ၏နေရာတွင် နေရာယူထားလေ၏။အစ္စလာမ်သာသနာ တော်၏ ဂုဏ်ဒြပ်ရှိသူများအဖြစ် ကျော်ကြားခဲ့လေသည်။
မိုအာဝေယာလက်ထက်တွင် သက်တမ်းရင့်ကျက်သူများ အကြင်မည်သူမဆို အစ္စလာမ်သာသနာတော်အား အမြန်ဆုံးလက်ခံခဲ့သူများ ဖြစ်ခဲ့သူများကိုဘေးချိတ် ထားခဲ့လေသည်။တမန်တော်မြတ်ကြီး(ဆွ)၏လက်တော်မှ လွတ်မြောက်ခဲ့ကြသည်။ (သွလ်ကာနှင့်၎င်း၏သားများ) အစ္စလာမ်အား မလွဲသာ၊မရှောင်သာ၍ နှစ်သက်မှု၊နှစ် မြို့မှု၊လိုလားမှုမပါဘဲ လက်ခံခဲ့သူများသည် ရှေ့ထွက်လာကြပေသည်။
စစ်ဖီး(န)တိုက်ပွဲတွင် တမန်တော်မြတ်ကြီး(ဆွ)၏ သာဝကတေ်အမြောက်အ များသည် အေမာမ်အလီ(အ.စ)၏တပ်မတော်သားများဖြစ်ပြီး၊အမြောက်အများမှာ မိ မိတို့ကိုယ်မိမိ ရောင်းစားပြီးထားသည့် သာဝကအချို့မှအပ မိုအာဝေယာ၏ချုပ်နှောင် မှုကိုခံခဲ့ရလေသည်။
ဗနီအိုမိုင်ယာ၏အချုပ်အခြာအာဏာသည် သက္ကဝါ(သီလ၊သမာဓိ)နှင့်အီမာန် အပေါ်အခြေပြုထားချက်မရှိချေ။တစ်နည်းအားဖြင့် ဆိုရမည်ဆိုလျှင် လောက၊လော ဘများအပေါ် အခြေပြုထားလေသည်။မည်သူမဆို ရှိုင်တွာန်အကျင့်ကောင်းကောင်း ကျင့်နိုင်လေ၊ညစ်ညမ်းသည့် နှလုံးသားပြင်းသထက် ပြင်းထန်စွာရှိသူ၊သာသနာကို များများရောင်းစားနိုင်သူကို မိမိတို့ဗနီအိုမိုင်ယာ ဘက်သို့ဆွဲဆောင်လေသည်။
အေမာမ်ဟိုစိုင်း(န)(အ.စ)အနေဖြင့် ဤဗေဒ်အတ်(သ)များကို အမြစ်ပြုတ် ချေမှုန်းနိုင်ရန်နှင့် စွန္နတ်တော်များကို ရှင်သန်မြဲမြံစေရန် တော်လှန်တော်မူခဲ့လေ သည်။
၂။လူမျိုးရေးအရေးပေးမှု၊ခွဲခြားမှုများ။
ဂျာဟေလီယသ်ခေတ်တွင် လူမျိုးရေးအရေးပေးမှု၊ခွဲခြားမှုများမှာ ပွက်လော ရိုက်ခဲ့လေသည်။၎င်းတို့အနေဖြင့် ပထမဦးစွာ(မည်မျှပင် စာရိတ္တညံ့ဖျင်းပြီး ကျဆင်း နေပါစေ။)အာရပ်ဖြစ်မည်ဆိုလျှင် အဂျာမ်(အာရပ်မဟုတ်သူများ)ထက်မြင့်မြတ်သည် ဖြစ်ကြောင်း ခံယူထားလေသည်။
ဒုတိယအချက်မှာ-အာရပ်များအကြား၊မျိုးနွယ်တိုင်းသည် မိမိတို့ကိုယ်မိမိ အခြားမျိုးနွယ်များထက်သာလွန်ကြောင်း၊မြင့်မြတ်ကြောင်းခံယူထားလေသည်။ဤအ တွက်ကြောင့် မိမိတို့အမျိုးအနွယ်၏လူဦးရေအရည်အတွက်ကို ရည်တွက်ကြလေ သည်။အကယ်၍မျိုးနွယ်စုနှစ်ခု၏ လူဦးရေအတူတူဖြစ်နေခဲ့မည်ဆိုလျှင် သုဿန်များ သို့ သွားရောက်ကြပြီး မျိုးနွယ်တိုင်းမှ မိမိတို့ရဲ့သေဆုံးသွားသူမျာ၏အရည်အတွက်ကို ရည်တွက်ခဲ့ကြပြီး(အရည်အတွက်ပိုများသူမျိုးနွယ်အား)သာလွန်သူ၊မြင့်မြတ်သူ၊မျိုး နွယ်အဖြစ်ခွဲခြားပြီး သတ်မှတ်ခဲ့ကြလေသည်။
• ပိုမိုပြီး အကျယ်တဝင့် လေ့လာနိုင်ရန်အတွက် သဖ်စီးရ်နမူနာကျမ်းအတွဲ(၂၇)၊ စာမျက်နှာ(၂၇၅)တွင်လေ့လာနိုင်ပါသည်။
အစ္စလာမ်သာသနာအနေဖြင့် ဤမမှန်ကန်သည့်စံမှတ်ကျောက်အား ပယ်ဖျက်ပြီး၊ လူအခွင့်အရေး၊ကျောသား၊ရင်သားမခွဲခြားရေးဆိုသည့် စံမှတ်ကျောက်ဖြင့် ထိုမမှန်မ ကန်သည့်စံမှတ်ကျောက်နေရာတွင် အစားထိုးပေးခဲ့လေသည်။
အစ္စလာမ်သာသနာတော်သည်မနုဿလူသားတိုင်းအတွက် အမျိုးအနွယ်၊လူ မျိုးစု၊ဘာသာစကားနှင့် အသွေးအရောင်ကိုစံအဖြင့် မသတ်မှတ်ပေ။ကျွန်တော်တို့ စူရာဟ်အဇ်ရဟ်(ဗနီအေစ်ရာအီးလ်)အာယတ်တော်အမှတ်(၇၀)ကို ဖတ်ရွတ်လေ့ လာကြည့်မည်။
وَلَقَدْ كَرَّمْنَا بَنِى آدَمَ وَحَمَلْنَاهُمْ فِى الْبَرِّ وَالْبَحْرِ وَرَزَقْنَاهُمْ مِّنَ الطَّيِّبَاتِ وَفَضَّلْنَاهُمْ عَلَى كَثِير مِّمَّنْ خَلَقْنَا تَفْضِيلا
အဓိပ္ပါယ်။။ကျွန်ုပ်အနေဖြင့်အာဒမ်(အ.စ)၏ သား၊သမီးကို အလေးပေးမြင့်မြတ်စေပါ သည်။ ၎င်းတို့အား ကုန်းပေါ်နှင့်ရေပေါ်တွင်(ကုန်း၊သုံး၊ရေသုံးစီးနင်းစရာများ)စီးနင်း စေတော်မူခဲ့ပါသည်။သန့်ရှင်း၊စင်ကြယ်သည့် နေအ်မသ်တော်များမှ ၎င်းတို့အားစား နပ်ရိက္ခာပေးသနားတော် မူခဲ့လေသည်။၎င်းတို့အား ဖန်ဆင်းထားတော်မူသည့် မြောက်များစွာသော အဖန်ဆင်းခံများထက် သာလွန်ကောင်းမွန်၊မြင့်မြတ်မှုကို ချီးမြှင့် တော်မူခဲ့လေသည်။
ဟုတ်ပေသည်။မှန်ပေသည်။အစ္စလာမ်သာသနာတော်ထွန်းပေါ်လာသည့်နှင့် မျိုးနွယ်တည်းဟူသော စံမှတ်ကျောက်နေရာတွင် မနုဿလူသား၏ အခွင့်အရေး (ကျောသား၊ရင်သားမခွဲခြားမှု)ကို စံမှတ်ကျောက်အဖြစ် နေရာယူပေးခဲ့လေသည်။
ဤအတွက်ကြောင့် တမန်တော်မြတ်ကြီး(ဆွ)၏ ဘက်တော်သားများနှင့် အစ္စလာမ်သာသနာတော်အား စိတ်ဝင်စား၊လက်ခံသူမျာသည် မျိုးနွယ်စု၊လူမျိုးစု၊ ဘာသာစကားနှင့် အသားအရောင်ဟူ၍ သီးသန့်(ခွဲခြားမှု)မရှိတော့ချေ။တစ်နည်းဆို ရလျှင် အာရပ်နှင့်အာရပ်မဟုတ်သူ လူဖြူနှင့်လူမဲ၊ကိုရိုင်ရှ်နှင့်ကိုရိုင်ရှ် မဟုတ်သူ၊တစ် ဖွဲ့ပြီးတစ်ဖွဲ့၊အုပ်စုလိုက် အုပ်စုလိုက်၊အစ္စလာမ်သာသနာတော်အား လက်ခံဝင်ရောက် လာပြီး၊အလ္လာဟ်ဟိုအရှင်မြတ်သခင်၏ အမိန့်တော်ကို(ရင်ဝယ်ပိုက်)လိုက်နာကျင့် သုံးခဲ့ ကြလေသည်။
တမန်တော်မြတ်ကြီး(ဆွ)၏ ဝဖာသ်ဖြစ်တော်မူပြီးနောက် ဤကိုယ်တော် မြတ်(ဆွ)၏ စွန္နတ်တော်များသည် ၎င်း(အစ္စလာမ်အယောင်အဆောင်များ)လက် ချက်ဖြင့် ပြောင်းလဲသွားခဲ့ရလေသည်။ပြီးနောက် တဖြည်းဖြည်းအရင်အတိုင်း မျိုး နွယ်အစွဲ၊အစွန်းရောက်စနစ်ဖက်သို့ ပြန်လှည့်သွားဆိုးဆုံး၊အခြေအနေအထိ ရောက်ခဲ့လေသည်။
ဤအကြောင်းအရာကို အထူးသဖြင့် မိုအာဝေယာ လက်အောက်ခံနယ်မြေ များတွင် ထင်ထင်၊ရှားရှား တွေ့မြင်နိုင်ပေသည်။လူမျိုးရေးအစွန်းရောက်မှု ဝါဒီများ သည် လူအခွင့်အရေးနေရာကို လူသားဆိုသည့် ကျောသား၊ရင်သားမခွဲခြားရမည့်သူ များနေရာကိုယူထားကြသည်။ဤအတွက်ကြောင့် အကွဲအလွဲများ၊ခိုက်ရန်ဖြစ်ပွားမှု များ၏ အကြောင်းရင်းခံ ဖြစ်လာပေသည်။
စည်းလုံးညီညွတ်မှု၊တညီတညွတ်၊တသံတည်းရှိမှုနှင့် အတွေ့အကြုံမရှိမှု အ ပေါ် အခြေခံပြီး၊ညီညွတ်မှု၊စုစည်းမှု စသည့် လူအခွင့်အရေး၊အချက်အချာကြသည့် အရာများသည် မွတ်စလင်များအကြား တဖြည်းဖြည်းခြင်း(စွန့်ခွာ)နေသည်။ပြီး နောက် စည်းလုံး၊ညီညွတ်သည့်၊တသွေးတသံတည်း ညီညွတ်သည့် ပတ်ဝန်းကျင် အသိုင်းအဝိုင်း၏ သတင်းမရှိချေ။
အေမာမ်ဟိုစိုင်း(န)(အ.စ)သည် နောက်တဖန် မွတ်စလင်များအားလုံးကို စည်းလုံး ညီညွတ်လာစေရန်၊တသွေးတသံတည်းဖြစ်လာစေရန်၊တော်လှန်ရေးဆင်နွဲ ခဲ့ပေသည်။ပြီးနောက်မိမိ၏ဘိုးတော်ရစူလ်လေခိုဒါ(ဆွ)၏ လူသားပီသသည့် လူအ ခွင့်အရေး၊အချက်အချာကျမှုကို လွမ်းမိုးအောင် ကြိုးပမ်းခဲ့လေသည်။
၃။မသင့်တော်သည့်ပြောင်းလဲမှုများ
ဂျဟေလီယသ်ခေတ်ကာလတွင် မသင့်တော်သည့် ပြောင်းလဲမှုများနှင့် နှိပ် စက်၊ညှဉ်းပန်းမှု၊စံပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပါသည်။၎င်းမသင့်တော်သည့် ပြောင်းလဲ မှုမှ ထင်ရှားသည့် သာဓကသည်ကား အမျိုးသား၊အမျိုးသမီးအကြား ပြောင်းလဲမှုဖြစ် ပေသည်။မည်မျှအထိဆိုလျှင် အမျိုးသမီးများအကြား မြောက်များစွာသော် ပုဂ္ဂိုလ်အ ရ အခွင့်၊အရေးများ၊လူမှုရေးအရအခွင့်၊အရေးများ၊ဥပမာ အမွေကိစ္စတွင် ဘေးချိတ်ခံ ခဲ့ရယုံမက၊အသက်ရှင်ရပ်တည်ခွင့်ပင် ဆုံးရှုံးခဲ့ကြရလေသည်။အချို့အမျိုးအနွယ်စု များတွင် အမျိုးသား၏ရပိုင်ခွင့်အဖြစ်(အမျိုးသမီးရပိုင်ခွင့်)သည် စာရင်းဝင်သွားလေ သည်။
မဟာတမန်တော်မြတ်ကြီး(ဆွ)သည် တမန်တော်တာဝန်အား အတိအလင်း ထမ်းဆောင်ချိန်တွင် မသင့်တော်သည့် ပြောင်းလဲမှုများသည် နေဝင်ပျောက်ကွယ်မှု အဖြစ် စတင်ခဲ့လေသည်။အမျိုးသမီးများ၏ အခွင့်အရေးအပါအဝင် အခြားအခွင့်အ ရေးများသည်လည်း ဆိုင်ရာ၊ဆိုင်ရာ၊နေရာအားလုံးတွင် နေရာမှန်ခဲ့ပေသည်။
သို့သော်လည်းပဲ တမန်တော်မြတ်ကြီး(ဆွ)၏ ဝဖာသ်ဖြစ်တော်မူပြီးနောက်ပိုင်း တဖန်မသင့်တော်သည့် ပြောင်းလဲမှုများ စတင်ခဲ့ပြန်သည်။တတိယခလီဖွာလက် ထက်တွင် အဆိုးဝါးဆုံးအခြေအနေအထိ ရောက်သွားလေသည်။မသင့်တော်သည့် ပြောင်းလဲမှုများတွင် အထူးသဖြင့် ပြည်သူ့ဘဏ္ဍာငွေကို ခွဲဝေပေးမှုကဏ္ဍနှင့် ရာထူး များခန့်အပ်မှုကဏ္ဍ၊တို့တွင် ပြောင်းလဲမှုမှာ ဖရိုဖရဲပင်တည်း။(ထိပ်ဆုံးကပင်တည်း) အလာမာအမီးနီး(ရ.ဟ)အနေဖြင့် သမ္မတကြီးအွစ်မန်လက်ထက်တွင် ကြောက်စရာ၊ တုန်လှုပ်စရာကောင်းသည့် ညှဉ်းပန်းနှိပ်စက်မှု၊မတရားမှုများနှင့် ထင်တိုင်းကြဲခဲ့မှုများ ၏ စာရင်းဇယားကို တင်ပြထားပါသည်။
တမန်တော်မြတ်ကြီး(ဆွ)သည် တရားမျှတမှု၊ကျောသား၊ရင်သား၊မခွဲခြားမှု အား ဗဟိုအချက်အချာအဖြင့် မိမိ၏(တသံအဖြင့် သတ်မှတ်ပြီးလက်တွေ့ကျင့်သုံးခဲ့ပြ ပါသည်။)ပြီးနောက်မိန့်တော်မူသည်။
أُمِرْتُ لاِعْدِلَ بَيْنَكُمُ
အဓိပ္ပါယ်။။ကျွန်ုပ်သည်အသင်တို့အကြား တရားမျှတမှု၊ကျောသား၊ရင်သား၊မခွဲခြားမှု ကိုအကောင်အထည်ဖေါ်ဆောင်ရန်၊တာဝန်ကိုထမ်းဆောင်ရမည့်သူဖြစ်ပါသည်။
ထို့ပြင် မဟာတမန်တော်မြတ်ကြီး(ဆွ)၏ စစ်မှန်သည့်ကိုယ်စားလှယ်တော်နှင့် ခလီဖွာယေဗေလာဖွာဇ်လ်(ကိုယ်တော်မြတ်(ဆွ)ပြီးနောက်ချက်ချင်းကြားတွင် မည့် သည့်ကိုယ်စားလှယ်များမရှိဘဲ၊ကိုယ်စားလှယ်အဖြစ်မြတ်အလ္လာဟ်ဖက်မှ ခန့်အပ်ခံ ရသည့်ကိုယ်စားလှယ်တော်)မောင်လာအလီ(အ.စ)ကိုယ်တော်တိုင်ယုတ်စွအဆုံးလို အပ်နေသည့်၊အကူအညီလိုနေသည့် မိမိ၏နောင်တော်ဟဇရတ်(သ)အကီးလ်အား ပြည်သူပိုင်ဘဏ္ဍာငွေမှပင် မကူညီခဲ့ချေ။
ကြည့်-နဟ်ဂျိုဗလာဂါကျမ်းခွသ်ဗာ(၂၂၄)
သို့သော်သမ္မတကြီးအွစ်မန်နှင့်မိုအာဝေယာလက်ထက်တွင်(မတရားပေးကမ်းမှုများမှ)အံ့ဩဖွယ်ကောင်းသည့်အထိ အခြေအနေသို့ရောက်ခဲ့လေသည်။မိုအာဝေ ယာအနေဖြင့် ဟဇရတ်(သ)အလီ(အ.စ)အား ပြစ်တင်ရှုံချသည့် ဟဒီးစ်အတုတစ်ခု ရေသားရန်စမရာ(ဟ်)ဗင်လွန်ဒဟ်အား ပြည်သူပိုင်မွတ်စလင်များပိုင် ဘဏ္ဍာငွေမှ ဒေရ်ဟမ်(၄)သိန်းပေးခဲ့လေသည်။
၎င်းအနေဖြင့်ဟဒီးစ်တော်(အတု)တစ်ခုအားအာယတ်တော်
وَمِنَ النَّاسِ مَنْ يَشْرِي نَفْسَهُ ابْتِغَاءَ مَرْضَاةِ اللهِ وَاللهُ رَءُوفٌ بِالْعِبَادِ
အားဟဇရတ်(သ) အလီ(အ.စ)အတွက် ကျရောက်လာခြင်းမဟုတ်ဘဲ၊အေဗ် နေမွလ်ဂျင်(န)(လ.န)အ တွက်ကျရောက်လာကြောင်း၊ပြီးနောက်အာယတ်တော်
وَمِنَ النَّاسِ مَنْ يُعْجِبُكَ قَوْلُهُ فِى الْحَيَاةِ الدُّنْيَا وَيُشْهِدُ اللهَ عَلَى مَا فِى قَلْبِهِ وَهُوَ أَلَدُّ الْخِصَامِ * وَإِذَا تَوَلَّى سَعَى فِى الاْرْضِ لِيُفْسِدَ فِيهَا …
အားဟဇရတ်(သ) အလီ(အ.စ)အတွက် ကျရောက်လာသည်ဟုရေးသားထား ပေသည်။ အမှန်တကယ် အထက်ပါအာယတ်တော်သည် သဖ်စီးပညာရှင်များ၏အ ဆိုအရ(အစ်နစ်ဗင်ရှရီးက်)အတွက်ကျရောက်ခဲ့ကြောင်းရေးသားထားပေသည်။၎င်း (အစ်နစ်ဗင်ရှရီးက်)သည် မိုနာဖေက်တစ်ဦးဖြစ်ပြီး တမန်တော်မြတ်ကြီး(ဆွ)၏လက် ထက်တွင် ပြစ်မှုဒုစရိုက်များ ကျူးလွန်ခဲ့ပေသည်။
အေမာမ်ဟိုစိုင်း(န)(အ.စ)သည် ယဇီးဒ်(လ.န)အားတော်လှန်ခဲ့လေသည်။ထို မှသာ မသင့်တော်သည့်ပြောင်းလဲမှုများကို အမြစ်ပြုတ်နိုင်ပြီး၊တရားမျှတမှု၊ကျော သား၊ရင်သားမခွဲခြားမှုကို နေရာမှန် ပြန်ထားနိုင်မည် ဖြစ်ပေသည်။
၄။နေရာအတွက်ရာထူး
အစ္စလာမ်သာသနာမဖွင့်မည်အလျင်း ဂျာဟေလီသည် ခေတ်နှင့်လက်ရှိခေတ် ကာလ၏ ဂျာဟေလီယသ် အချိန်အခါတွင် အလုပ်နေရာကို ရာထူးအတွက်လိုကြ သည်။(တာဝန်၊အလ္လာဟ်ဟိုအရှင်မြတ်ပေးအပ်သည့် အလွဲသုံးစားမပြုရမည့် တာဝန် အဖြင့် မသတ်မှတ်ကြချေ။)၎င်းရာထူးအတွက် ပင်ကိုယ်၊ကတိ၊တန်ဖိုးအဖြစ် ခံယူကြ ပေသည်။ဤအတွက်ကြောင့်ရာထူးနေရာ၊အာဏာရယူရန် အလို့ငှာ တရားမျှတ သည်ဖြစ်စေ၊မမျှတသည်ဖြစ်စေ၊ နည်းအားလုံးကိုသုံးပြီး စစ်ဆင်နွဲခဲ့ကြလေသည်။
သို့သော်တမန်တော်မြတ်ကြီး(ဆွ)၏ ဆုံးမဩဝါဒ ပို့ချမှုမှာ ကမ္ဘာလူသားအခွင့် အရေးတွက် ထိုနေ့၊ယနေ့၊နောင်ကေယာမသ်တိုင်းအထိ ရာထူး၊နေရာအာဏာသည် ရည်ရွယ်ချက်(အစစ်)မဟုတ်ချေ။ပင်ကိုယ်ပကတိတန်ဖိုး မဟုတ်ချေ။တစ်နည်းဆိုရ လျှင် မနုဿလူသား၏ ကြီးကျယ်၊မြင့်မြတ်သည့် ရည်ရွယ်ချက်များကို ဆွတ်ခူးနိုင်ဖို့ အတွက်၊အကောင်အထည်ဖေါ်နိုင်ဖို့အတွက် အမှီသဟဲတစ်ခုသာဖြစ်ပေသည်။ဤအ တွက်ကြောင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ၊ဂုဏ်ဒြပ်အဖြင့် သက်သေမထူနိုင်ချေ။တစ်နည်းဆိုရ လျှင် ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားသာ ဖြစ်ပေသည်။ဟုတ်ပေသည်။မှန်ပေ သည်။ရာထူးနေရာ၊အာဏာသည် ထမ်းဆောင်ရမည့် တာဝန်၊ဝတ္တရားသာ ဖြစ်ပါ သည်။ဂုဏ်ယူစရာ(အစစ်)၊ဂုဏ်ဒြပ် မဟုတ်ချေ။အမှီသဟဲတစ်ခုသာဖြစ်ပါသည်။ ရည်ရွယ်ချက် အစစ်အမှန် မဟုတ်ချေ။
ဟဇရတ်(သ) အလီ(အ.စ)အနေဖြင့်နဟ်ဂျိုဗလာဂါကျမ်းရှိ နာမေအမှတ်(၅) တွင် အရှ်အဇ်(စ)ဗင်ကိုင်(စ)၊ထိုအချိန်ထိုကာလ တွင် အာဇာဘိုင်ဂျန်မြို့ဝန် အာဏာ ပိုင်အား မိန့်တော်မူလေသည်။
وَإِنَّ عَمَلَكَ لَيْسَ لَكَ بِطُعْمَة وَلكِنَّهُ فِي عُنُقِكَ أَمَانَةٌ
အဓိပ္ပါယ်။။ဧကန်မုချ မြို့ဝန်တာဝန်(ရာထူး၊နေရာ၊အာဏာ)သည် အသင်၏ အသက် မွေးဝမ်းကျောင်းအတွက် အမှီခံ၊အကြောင်းခံ မဟုတ်ချေ။စားဖို့၊သောက်ဖို့အတွက် မ ဖြစ်စေရ။တစ်နည်းဆိုရလျှင် အသင်၏ခေါင်းပေါ်တွင် ရှိသည့်အမာနတ်(အလ္လာဟ်ဟို အရှင်မြတ်၏ အပ်နှံထားမှု)တစ်ခုပင်ဖြစ်ပေသည်။
ဗနီအိုမိုင်ယာလက်ထက် ခေတ်ကာလအချိန်အခါတွင် ရာထူး၊နေရာ၊အာဏာ သည် ပင်ကိုယ်ဇာတိအရည်၊အချင်း၏ တန်ဖိုးပြန်ဖြစ်သွားလေသည်။မည်မျှအထိဆို လျှင် မိုအာဝေယာအနေဖြင့် မောင်လာအလီ(အ.စ)၏ ရှဟာဒသ်ဘွဲ့ခံယူပြီးနောက် ကူဖာမြို့သို့ ရောက်လာပြီး ဤကျော်ကြားသည့်စကားတစ်ခုကို ဆိုလေသည်။(ငါအ နေဖြင့် မင်းတို့ကို နမာဇ်နှင့် ရိုဇာဘက်သို့ ဖိတ်ခေါ်ဖို့(ကူဖာမြို့သို့)လာခဲ့ခြင်း မဟုတ် ချေ။တစ်နည်းဆိုရလျှင် ငါရည်ရွယ်ချက်သည် မင်းတို့ကို အုပ်ချုပ်လိုသည့်အတွက် ဖြစ်ပေသည်။
ကြည့်-မနာကစ်ဗ်အဗ်နေရှဟ်ရေအာရှုဗ်ကျမ်းအတွဲ(၄)၊စာမျက်နှာ(၃၈)၊ရှရ်ဟ်နဲဟ်ဂျိုဗ လာဂါကျမ်း အဗ်နေအဘီအလ်ဟဒီးဒ်အတွဲ(၁၆)၊စာမျက်နှာ(၄၆)။
အေမာမ်ဟိုစိုင်း(န)(အ.စ)အနေဖြင့် ဤကဲ့သို့သော် ဗေဒအတ်(သ)များကိုအ မြစ်ပြုတ် သုတ်သင်ရှင်းလင်းရန်နှင့် လူထုအားကိုယ်တော်မြတ်(ဆွ)၏ စွန္နတ်တော် (အစစ်များ)နှင့် မိတ်ဆက်ပြီး ပို့ချပေးရန်အလို့ငှာ တော်လှန်ရေးဆက်နွဲခဲ့ပါသည်။
ဤတတိယရည်ရွယ်ချက်မှပေးသည့်သင်ခန်းစာ
ယနေ့မျက်မှောက်ခေတ်တွင် ဤကြီးကျယ်မြင့်မြတ်သည့် ရည်ရွယ်ချက်သည် ကျွန်တော်တို့အားလုံးအတွက် ထင်ရှားပြတ်သားသည့် သင်ခန်းစာပေးနေပါသည်။ ဤအတွက်ကြောင့် အဇါဒါရီကို ပြုလုပ်ရန် တဖက်တလမ်းးမှ မလွဲမသွေ၊မဖြစ်မနေ၊ ဗေဒအတ်(သ)များကိုလည်း သုတ်သင်ရှင်းလင်းနိုင်ဖို့ ကြိုးပမ်းရပေမည်။
ထို့ပြင် မသိမနားလည်သည့် အုပ်စုတစ်စု(သို့)အကျိုးအမြတ်ရှာနေသူ၊မိမိတို့ ကိုယ်ကျိုးရှာနေသူအနေဖြင့် ဗေဒအတ်(သ)များကို ပြုလုပ်မှု(သို့)ကျယ်ပြန့်အောင် ပြုလုပ်မှုကို မဖြစ်အောင် အခွင့်အလမ်း မပေးရပေမည်။(ကာကွယ်ရပေမည်။)
မည်သည့်အချိန်အခါမျှ ဗေဒအတ်(သ)ပြုလုပ်သူများကို တိတ်တဆိတ်ငြိမ် သက်နေခြင်းဆိုသည် မီးစိမ်းဖြင့် လမ်းမဖွင့်ပေးသင့်ချေ။အားလုံးအရှက်တကွဲ အကျိုး နည်းရလိမ့်မည့် အလုပ်များကို သာသနာအမည်ဖြင့် လုပ်ကြပေမည်။အစ္စလာမ်သာ သနာ၏(လှပ၊ကျက်သရေ၊မင်္ဂလာနှင့်ပြည့်စုံသည်)မျက်နှာတော်အား ကမ္ဘာသူ၊ကမ္ဘာ သားများအရှ့တွင် မထောင်နိုင်အောင် ပြုလိမ့်မည်ဖြစ်ပေသည်။
အထူးသဖြင့် ၎င်းလုပ်ရပ်များအတွက် ရန်သူများ၏အပိုင် အပီအပြင် လမ်းများ မှတစ်လမ်းမှာ ကျွန်တော်တို့၏ တစ်စည်း၊တစ်လုံးတည်းရှိနေသည့်အကြား ဤဗေဒ အတ်(သ)များဆိုင်ရာ အစီအစဉ်ချမှုကို အားပေးကူညီဖေးမခြင်း ဖြစ်ပါသည်။
ရည်ရွယ်ချက် (၄)
အမှန်တရားဘက်မှ
ကူညီဖေးမခြင်းနှင့်
အမှားမတရားနှင့်
တိုက်ပွဲဝင်ခြင်း။
အမှန်တရားဘက်မှကူညီဖေးမခြင်းနှင့်အမှားမတရားနှင့်တိုက်ပွဲဝင်ခြင်း
အေမာမ်ဟိုစိုင်း(န)(အ.စ)သည် ဟူရ်ဗင်ယဇီးဒ်ရေယာဟီ စစ်တပ်နှင့်ထိပ် တိုက် မျက်နှာချင်းဆိုင် တွေ့ပြီးနောက်၊ကရ်ဘလာကွင်းပြင်တွင် ရပ်နားပြီးခွသ်ဗာ တော်တစ်ခုအား ဖတ်ရွတ်တော်မူခဲ့လေသည်။ထိုခွသ်ဗာမှ ကဏ္ဍတော်တစ်ချို့တွင် ဤသို့မိန့်တော်မူထားလေသည်။
أَلا تَرَوْنَ أَنَّ الْحَقَّ لا يُعْمَلُ بِهِ، وَأَنَّ الْباطِلَ لا يُتَناهى عَنْهُ، لِيَرْغَبَ الْمُؤْمِنُ فِي لِقاءِ اللهِ
အဓိပ္ပါယ်။။အို ကျွန်တော်၏ ဘက်တော်သားအပေါင်းတို့ခင်ဗျား၊အသင်တို့အနေဖြင့် အမှန်တရားကိုမေ့ပျောက်သွားကြပြီး အမှားမတရားမှုဟာ လူပတ်ဝန်းကျင်ကို သိမ်း ပိုက်ထားကြောင်း မမြင်ကြပါလော?ဤကဲ့သို့သော် အခြေအနေတွင် မိုမင်မနုဿလူ သားအနေဖြင့်(အမှန်တရားကို ရှင်သန်အောင်ပြုခြင်းနှင့် အမှားမတရားကို ရှင်းလင်း သုတ်သင်ခြင်းလမ်းတွင်)အလ္လာဟ်ဟိုအရှင်မြတ်နှင့် တွေ့ဆုံရန်(ရှဟီးဒ်အဖြစ်ခံယူ ရန်)အသင့်အနေ၊အထားတွင် ရှိနေရပါမည်။
ကြည့်-သိုအ်ဖိုလ်အိုကူးလ် စာမျက်နှာ(၁၇၄)သာရေခ်သွဗ်ရီအတွဲ(၇)၊စာမျက်နှာ(၃၀၀)
အမှန်တရားနှင့် အမှားမတရားကို ကျမ်းတော်မြတ်ကုရ်အာန်တွင် အမှန်တရား နှင့် အမှားမတရားဆိုင်ရာ အဖြစ်အပျက်အကြောင်း အေမာမ်ဟိုစိုင်း(န)(အ.စ)မှ ထို (အထက်ဖေါ်ပြပါ)ခွသ်ဗာတွင် လမ်းညွှန်ပြထားတော်မူပါသည်။ကျမ်းတော်မြတ်ကုရ် အာန်၌(ဤအမှန်တရားနှင့် အမှားမတရားတို့ပတ်သက်နေသည့်)အဖြစ်အပျက်အား အပြည့်အစုံ၊အကျယ်တဝင့် ဖေါ်ပြထားပါသည်။ကျွန်တော်အနေဖြင့် ၎င်းမှအချို့ဗဟို အချက်အချာကျမှုကို ညွှန်ပြပါမည်။
အမှန်တရားနှင့်အမှားမတရားတို့၏အဓိပ္ပါယ်ဖွင့်ဆိုချက်အကောင်းဆုံး အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အမှန်တရားနှင့်အမှားမတရား၏ပုံကို ဖေါ်ပြ တင်ပြနိုင်ခြင်းဖြစ်ပေသည်။ထို့အပြင် ဤဥပမာအတွက် အလ္လာဟ်ဟိုအရှင် မြတ်အနေဖြင့် စူရာဟ် ရအ်ဒ် အာယတ်တော်အမှတ်(၁၇)တွင် ဖေါ်ပြထားပါသည်။ မိန့်ကြားတော်မူထားပါသည်။
أَنزَلَ مِنَ السَّمَاءِ مَاءً فَسَالَتْ أَوْدِيَةٌ بِقَدَرِهَا فَاحْتَمَلَ السَّيْلُ زَبَداً رَّابِياً وَمِمَّا يُوقِدُونَ عَلَيْهِ فِى النَّارِ ابْتِغَاءَ حِلْيَة أَوْ مَتَاع زَبَدٌ مِّثْلُهُ كَذَلِكَ يَضْرِبُ اللهُ الْحَقَّ وَالْبَاطِلَ فَأَمَّا الزَّبَدُ فَيَذْهَبُ جُفَاءً وَأَمَّا مَا يَنفَعُ النَّاسَ فَيَمْكُثُ فِى الاْرْضِ كَذَلِكَ يَضْرِبُ اللهُ الاْمْثَالَ
အဓိပ္ပါယ်။။အလ္လာဟ်ဟိုအရှင်မြတ်သခင်သည် မိုးကောင်းကင်မှ မိုးရွာသွန်းစေ၏။ထို အခါချောင်းလျိုတိုင်းနှင့်အညီ ရေများစီးထွေလာလေသည်။ပြီးနောက် ပြင်းထန်စွာရေ စီးဆင်းလာပြီး ရေကြီး၊ရေတက်လာပေသည်။(ထိုနည်းတူစွာ)လက်ဝတ်၊ရတနာများ (သို့)ဘဝအသုံးအဆောင်၊ပစ္စည်းများပြုလုပ်ရန် မီးချရလေသည်။အညစ်အကြေးများ ပြောင်သွားလေသည်။အလ္လာဟ်ဟိုအရှင်မြတ်သခင်အနေဖြင့် ဤနည်းအတိုင်း အမှန် တရားနှင့်အမှားမတရားကို ပုံနှိုင်း သာဓကပေးထားတော်မူလေသည်။နောက်ဆုံးအ ညစ်အကြေးများသည် အပြင်သို့ထွက် လာပေသည်။သို့သော် လူထုအတွက် အကျိုး ပြုသည့် အရာမှန်သမျှသည်(ရေ(သို့)သီးသန့်၊သတ္တု)သည် မြေပထဝီပေါ်ဝယ် ကျန်ရှိ ခဲ့လေသည်။အလ္လာဟ်ဟိုအရှင်မြတ်သခင်သည် ဤကဲ့သို့ ဥပမာများ၊ပုံနှိုင်းများပေး တော်မူလေသည်။
အထက်ဖေါ်ပြပါ အာယတ်တော်မှ မီးမောင်းထိုးပြနေပါသည်။အမှားမတရား သည်အခေါင်းပေါက်၊ခါလီဖြစ်ပေသည်။အသံသာအပြည့်ဖြစ်ပြီး၊အညစ်အကြေးနှင့် ရောထွေးကာ၊အကျိုးမဲ့၊ရလာဒ်မဲ့ ဖြစ်ပေသည်။အမှားမတရားမှု၏ သက်တမ်းသည် တိုတောင်းလှပေသည်။သို့သော်အမှန်တရားသည် အကျိုး၊အမြတ်၊ရလာဒ်အပြည့် ၊အဝ၊သန့်ရှင်း၊စင်ကြယ်၊သန့်စင်၊လှပပြီး ရှင်သန်မှုအတွက် အရင်းအနှီးနှင့် ထာဝရ ဖြစ်ပေသည်။အမှန်တရား၏ သက်တမ်းသည် ရှည်လျား၊ကြာမြင့်ပေသည်။မုချဧကန် အမှန်တရားနှင့် အမှားမတရား၏ အဓိပ္ပါယ်ဖွင့်ဆိုချက် လှလှပပနှင့် အသက်ဝင်ဆုံး အဓိပ္ပါယ်ဖွင့်ဆိုချက်မှ ဖေါ်ပြထားသည်။(ကျမ်းတော်မြတ်ကုရ်အာန်၏ အဓိပ္ပါယ်ဖွင့် ဆိုချက်)ထက် ပိုကောင်းသည့် အဓိပ္ပါယ်ဖွင့်ဆိုချက် မရှိနိုင်ချေ။
စကြဝဋ္ဌာအတွင်းအရေးအကြီးတကာ့အကြီးဆုံးအမှန်တရား
စူရာဟ်ဟဂျ် အာယတ်တော်အမှတ်(၆၂)တွင် စကြဝဋ္ဌာအတွက် တွေးခေါ်စဉ်း စားရန် အတွက်လာရှိပေသည်။ဤအာယတ်တော်ပြီးနောက် အာယတ်တော်တွင် ဟက်ကေမိုသလက်(က)(ဘက်စုံ၊ထောင့်စုံမှ၊တုနှိုင်းမရသည့်အမှန်တရား)သည်သန့်ရှင်း၊သန့်ပြန့်၊စင်ကြယ်တော်မူသည့် ဇာတိတော်ပိုင်ရှင်သည် အလ္လာဟ်ဟိုအရှင်မြတ် သခင်ဖြစ်ကြောင်းတင်ပြထားပေသည်။
အာယတ်တော်တွင်မိန့်တော်မူထားသည်။
ذَلِكَ بِأَنَّ اللهَ هُوَ الْحَقُّ وَأَنَّ مَا يَدْعُونَ مِنْ دُونِهِ هُوَ الْبَاطِلُ وَأَنَّ اللهَ هُوَ الْعَلِىُّ الْكَبِيرُ
အဓိပ္ပါယ်။။ဤအရှင်မြတ်သည်သာလျှင် မုချဧကန် မှန်ကန်သော အလ္လာဟ်ဟိုအရှင် မြတ်ပင်တည်း။၎င်းမှအပ မည်သူကိုပင် ၎င်းတို့ဟစ်အော်၊တမ်းတသူများ၊အရများ သည် အမှားမတရား ဖြစ်ချေသည်။ဧကန်မုချ အလ္လာဟ်ဟိုအရှင်မြတ်သခင်သည် အလွန်တရာကြီးကျယ်မြင့်မြတ်တော်မူသောအရှင်၊ကြီးမားတော်မူသည့်အရှင်ဖြစ် တော်မူပေသည်။
ဟုတ်ပါသည်။မှန်ပါသည်။လက်ရှိကမ္ဘာပေါ်တွင်(စကြဝဋ္ဌာတွင်)အရေးအကြီး တကာ့အကြီးဆုံး အမှန်တရားမှာ သန့်ရှင်း၊သန့်ပြန့်၊စင်ကြယ်တော်မူသည်။ဇာတိ တောပိုင်ရှင်မှာ ်အလ္လာဟ်ဟိုအရှင်မြတ်သခင် ဖြစ်တော်မူပေသည်။မည်သည့် တည်ရှိ နေသည့်အရာမှန်သမျှ၊အရွယ်အစားမှန်သမျှ၊ပုံသဏ္ဍာန်မှန်သမျှ၊၎င်းတို့၏ဖန်ဆင်းရှင် အလ္လာဟ်ဟိုအရှင်မြတ်သခင်နှင့် ဆက်သွယ်မှုနီးကပ်လေလေ၊အလ္လာဟ်ဟိုအရှင် မြတ်သခင်နှင့် နီးကပ်မည်ဖြစ်ပြီး၊ထိုနီးကပ်မှုနှင့်အညီ အမှန်တရားဖြစ်ရပ်မှန်အစစ်ကို ရယူနိုင်မည်ဖြစ်ပေသည်။ကျမ်းတော်မြတ်ကုရ်အာန်သည် အမှန်တရားဖြစ်ပေသည်။
အကြောင်းမှာအလ္လာဟ်ဟိုအရှင်မြတ်၏ ကလာမ်တော်(ဩဝါဒတော်များ)ဖြစ် သည့်အတွက်ကြောင့် ဖြစ်ပါသည်။တမန်တော်မြတ်များ(အ.စ)သည် အမှန်တရားဖြစ် ပေသည်။အကြောင်းမှာ အလ္လာဟ်ဟိုအရှင်မြတ်ဘက်တော်မှ စေလွတ်တော်မူခြင်းခံ ရသူများ ဖြစ်ကြပေသည်။စစ်မှန်သည့် အစ္စလာမ်မီအချုပ်အခြာအာဏာသည် အမှန် တရားဖြစ်ပေသည်။အကြောင်းမှာ ၎င်းဘက်မှအလ္လာဟ်ဟိုအရှင်မြတ်ရှိတော်မူသည်။ ထို့ပြင် နှိပ်စက်၊ညှဉ်းပန်း၊သတ်ဖြတ်သူများ၊ယုတ်မာ၊ပက်စက်သူများ၊သူခိုးများ၊လော ကီမက်မောသူများ၏ ဆန့်ကျင်ဘက်ဖြစ်ပေသည်။ဤအရာများသည် အမှားမတရား များဖြစ်ပေသည်။အကြောင်းမှာ အလ္လာဟ်ဟိုအရှင်မြတ်နှင့် ဝေးကွာနေပြီး၊အလ္လာဟ် ဟိုအရှင်မြတ်မဟုတ်သူကို တမ်းတသည့်အတွက် ဖြစ်ပေသည်။
တမန်တော်မြတ်ကြီး(ဆွ)အနေဖြင့် မက္ကာဟ်ရွှေမြို့တော်အား အောင်နိုင်တော် မူပြီး၊ကအ်ဗာဝတ်ကျောင်းတော်အတွင်း စံမြန်းတော်မူသည့်အချိန်တွင် အလ္လာဟ်ဟို အရှင်မြတ်သခင်ကြီး၏ အိမ်တော်အတွင်း မက္ကာဟ်ရွှေမြို့တော်အနီးအနားရှိ မျိုးနွယ် စုများ၏ ရုပ်ထု၊ဆင်းတု(၃၆၀)ရှိနေပေသည်။ကိုယ်တော်မြတ်(ဆွ)သည် ၎င်းရုပ်ထု၊ ဆင်းတုတော်များကို တစ်ခုချင်းဆီ မိမိ၏လက်ကိုင်တုတ်ဖြင့် မြေပြင်ပေါ်သို့ ဆွဲချ တော်မူခဲ့လေသည်။ပြီးနောက် ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ်အာယတ်အမှန်
جَاءَ الْحَقُّ وَزَهَقَ الْبَاطِلُ إِنَّ الْبَاطِلَ كَانَ زَهُوقاً
အားဖတ်ရွတ်တော်မူလေသည်။
အဓိပ္ပါယ်။။အမှန်တရားရောက်လာချေပြီ၊အမှားမတရားပျက်စီး သွားချေပြီ။အ ကြောင်းမှာအမှားမတရားမှုသည် ပျက်စီးရမည့် အရာသာဖြစ်ပေသည်။
ဟုတ်ပေသည်။မှန်ပေသည်။သောင်ဟီးဒ်၊တစ်ပါးတည်းအတုမဲ့အရှင်ကို ခဝပ် ကိုးကွယ် ဆည်းကပ်ခြင်းသည် အကောင်းတကာ့အကောင်းဆုံး အမှန်တကာ့အမှန် ဆုံး စကြဝဋ္ဌာ၏ ဖန်ဆင်းရှင်အလ္လာဟ်ဟိုအရှင်မြတ်နှင့် ဆက်သွယ်ရန်ဖြစ်ပေသည်။ ဤသည် ဟက်(က)အမှန်တရား ဖြစ်ပေသည်။ရှေးရ်က်နှင့်ရုပ်ထု၊ဆင်းတုကိုးကွယ် ခြင်းသည်ဗာသွေလ်(ခ)အမှားမတရား ဖြစ်ပေသည်။ဤသို့ဖြင့် ဒဲဟ်ဟေဖဂျ်ရ် အင် ကေလာဗ်ဗေအစ္စလာမ်မီအီရန်(အေမာမ်ခိုမေနီ(ရ.ဟ))ပြင်သစ်မှ အီရန်သို့ပြန် ရောက်လာသည့်နေ့မှ လွတ်လပ်ရေးရသည့်အထိ ကြာမြင့်သည့်(၁၀)ရက်တာကာ လ)တွင် အထက်ဖေါ်ပြပါ အာယတ်တော်အား အကြိမ်ပေါင်းများစွာ ထပ်ခါ၊ထပ်ခါ၊ ရွတ်ဆိုကြပေသည်။
အကြောင်းမှာ-ဗာသွေလ်(အမှားမတရား)အပေါ်တည်နေသည့် ရှိုင်တွာန်အ ချုပ်အချာ အာဏာပိုင်အစိုးရ ပြဿနာ(မကောင်းမှုကို)ပြန့်ပွားစေသည့် အစိုးရ၊အ လွန်တရာအရှက်မဲ့သည့်အလုပ်များ ကျူးလွန်သည့်အစိုးရ၊ပြည်သူဘဏ္ဍာငွေများကို စိတ်ကြိုက်ဖြုန်းခဲ့သည့်အစိုးရ ပြုတ်သွားကြပြီး၊ဟက်(က)(အမှန်တရား)ဖြစ်သည့် အစ္စလာမ်မီအစိုးရ၊အစ္စလာမ်မီအချုပ်အချာအာဏာ တက်လာလေသည်။ပြီးနောက် အစားထိုးနေရာ ယူခဲ့လေသည်။အစ္စလာမ်မီအစိုးရ၏ ကျောသား၊ရင်သား၊မခွဲခြားမှု များလာလေလေ၊ပြည့်စုံမှုများလာလေလေ၊အစ္စလာမ်သာသနာ့လမ်းစဉ်ကို လိုက်နာ ကျင့်သုံးမှု ခြေလှမ်းတိုးလေလေ၊ထိုနည်းတူစွာ အညီအမျှ အမှန်တရားကိုလည်း ဆွတ်ခူးရရှိမည် ဖြစ်ပါသည်။
မေ့လျော့ခံခဲ့ရသည့်အမှန်တရားများနှင့်ရှင်သန်နေသည့်အမှားမ
တရားများ
မေးခွန်း။။ဧကန်မုချ အေမာမ်ဟိုစိုင်း(န)(အ.စ)၏ ခေတ်ကာလတွင် မြောက်များ စွာသောအမှန်တရားများသည် မေ့လျော့ခံခဲ့ရပြီး အမှားမတရားမှုများမှ ၎င်းအမှန် ်တရားများ၏နေရာတွင် ရောက်ခဲ့ပေသည်။
ထိုခေတ်ကာလတွင် ပတ်ဝန်းကျင်အသိုင်းအဝိုင်း၌ မည်သည့်အမှန်တရားများ မေ့လျော့ခြင်းခံခဲ့ရပြီး၊၎င်းအမှန်တရားများနေရာ၊အမှားမတရားမှုများ နေရာယူခဲ့သ ဖြင့် မည်သည့်ဟက်(က)အမှန်တရားများကို ပြန်လည်ရှင်သန်စေဖို့နှင့် မတရားမှုအ မှားများကို သုတ်သင်ရှင်းလင်းရန် အလို့ငှာ တော်လှန်ရေး ဆင်နွဲခဲ့ရပါသနည်း?
အဖြေ။။မြောက်များစွာသော နေရာများကို ဖေါ်ပြနိုင်ပါသည်။သို့သော် ဤအကျဉ်း ချုပ်၊အနှစ်ချုပ်ရေးသား တင်ပြနေသည့်(စာအုပ်)ဖြစ်ရာ(အကျယ်တဝင့်)တင်ပြရန် မဖြစ်နိုင်ချေ။လေးနေရာတည်းကိုသာဖေါ်ပြဖို့ တင်းတိမ် ကျေနပ်ရေးသားလိုက်ရပါ သည်။
ပထမနေရာလုယက်မှုနှင့်ရက်စက်ကြမ်းကြုတ်မှု
သမိုင်းစာမျက်နှာ သက်သေထူနေပါသည်။ကျွန်တော် တင်ပြထားသည့်အ တိုင်း ဖြစ်ပါသည်။မိုအာဝေယာအနေဖြင့် အုပ်စုတစ်စုကို ဖွဲ့ထားပေးခဲ့ပါသည်။ထိုအဖွဲ့ မှာ ဆီးရီးယားမှ အီရတ်အေမာမ်အလီ(အ.စ)၏ အချုပ်၊အချာ အာဏာဗဟိုဌာနသို့ သွားရောက်ပြီး၊တိတ်တိတ်ပုန်း နယ်စပ်များတွင် လုယက်တိုက်ခိုက်၊ရက်စက်မှုကိုပြု ခဲ့ကြပေသည်။(နယ်စပ်ရှိပြည်သူလူထု၏)ပစ္စည်း၊ဥစ္စာများကို လုယက်ကြပြီးပြန်လှည့် သွားကြလေသည်။ဤသို့ပြုရခြင်းမှာ အီရတ်ပြည်သူလူထုအနေဖြင့် အေမာမ်အလီ (အ.စ)၏ အချုပ်၊အချာ အာဏာအား အမြင်မကြည်အောင်၊မယုံအောင်၊မျှော်လင့် ချက်မရှိတော့အောင် ပြုခြင်းဖြစ်ပေသည်။အေမာမ်(အ.စ)၏လက်အောက်ရှိ ငြိမ်ဝပ်ပိ ပြား၊ငြိမ်းချမ်းနေသည့် ဒေသများကို မငြိမ်းချမ်း၊မငြိမ်သက်အောင် ပြုကြခြင်းဖြစ်ပေ သည်။
အပြစ်မဲ့ပြည်သူလူထုအား သတ်ဖြတ်ခြင်း၊မခုခံမကာကွယ်နိုင်သူများကို သတ် ဖြတ်ခြင်း၊မွတ်စလင်များ၏ ပစ္စည်း၊ဥစ္စာများကို လုယက်ခြင်း၊အစ္စလာမ်မီအချုပ်အချာ အာဏာ အုပ်ချုပ်နေသည့်အချိန်တွင် မငြိမ်သက်၊မလုံခြုံအောင်း စီစဉ်ခြင်း စသည်တို့ ထက်ပိုပြိး မတရားမှုများ၊အမှားများရှိသေးသည်ဟု တွေးနိုင်ပါသေးသလော?
ဒုတိယနေရာတရားမဝင်အလုပ်များတွင်ပြည်သူ့ဘဏ္ဍာငွေအားသုံးစွဲခြင်း
မိုအာဝေယာအနေဖြင့် ပြည်သူပိုင်၊ဘဏ္ဍာငွေကို သုံးစွဲပြီး အမီးရွလ်မိုမေနီ ဟဇရတ်(သ)အလီ(အ.စ)၏ အနီးအနားရှိ အီမာန်အားနည်းသူများ၊သတ္တိ၊ဗျတ္တိနည်း သူများကို(ကိုယ်ဘက်ပါလာရန်)ဝယ်ယူခဲ့လေသည်။အကြောင်းမှာ ဟဇရတ်(သ)အ လီ(အ.စ)အားတစ်ဦးတည်း၊တစ်ပါးတည်း အထီးကျန်ခဲ့စေရန် ဖြစ်ပေသည်။
ပြည်သူပိုင်၊ဘဏ္ဍာငွေသည် အီမာန်မရှိသူများ၊ကြေးစားများကို ဝယ်ယူသုံးစွဲဖို့ အတွက် ဖြစ်ပါသနည်း? ဤကဲ့သို့သော်လုပ်ရပ်သည် အမှားမတရားကို ရှင်သန်စေ ပြီး၊အမှန်တရားကို ရှင်းလင်း၊သုတ်သင်ခြင်း မမည်ပါသလော?
တတိယနေရာမုသားဆိုခြင်းနှင့်စွပ်စွဲမှုပြုခြင်း
မိုအာဝေယာအနေဖြင့်ဟဇရတ်(သ)အလီ(အ.စ)အချုပ်၊အချာ၊အာဏာရှိနေသည့်အ ချိန်ကာလတွင် ကိုယ်တော်၏ အစိုးရအား အားနည်း၊အားပျော့စေရန်၊ တတိယ ခလီ ဖွာ အွစ်မန်၏ လုပ်ကြံ၊ခံရမှုကိစ္စဖြင့် ပြဿနာရှာခဲ့လေသည်။လူထုကိုကိုယ်တော်အား ဆန့်ကျင်၊သွေးဆောင်၊ဖြားယောင်းခဲ့လေသည်။တတိယခလီဖွာအားလုပ်ကြံသူ မျးကို ရှာဖွေပေးရန်၊ဖမ်းချုပ်ပေးရန်၊အကြောင်းပြချက်ဖြင့် ဂြိုလ်မွေခဲ့ လေသည်။
စစ်ဖီး(န)စစ်ပွဲ ဖြစ်ပွားရသည့် အခြေခံ၊အကြောင်းတရားများမှ တစ်ခုသည် လည်း(တတိယခလီဖွာ လုပ်ကြံ၊ခံရမှုကိစ္စ)ပါဝင်ပြီး ထောင်ပေါင်းများစွာ အသက်ဆုံး ရှုံး ခဲ့ရလေသည်။
ကြည့်-ကစ်ဆေယကူဖာကျမ်း၊စာမျက်နှာ(၃၄၂)။
ဤအတွက်ကြောင့် တတိယခလီဖွာအွစ်မန်၏ အကျီ ၤအားအလံအဖြစ်ထူခဲ့ သည်။အဖြစ်အပျက်မှာ သမိုင်းစာမျက်နှာပေါ်တွင် ထင်ရှားကျော်ကြားလှပေသည်။ ဤအဖြစ်အပျက်ကို ဤ(စစ်ဖီး(န)စစ်ပွဲဖြစ်ရသည့် အကြောင်းအရာဖြင့်)ညွှန်ပြနိုင်ပေ သည်။
သို့သော် သမိုင်းစာမျက်နှာတွင် အံ့ဩစရာကောင်းသည့် အချက်မှာအေမာမ် အလီ(အ.စ)သည် ရှဟီးဒ်ဘွဲ့ခံယူပြီး၊အေမာမ်ဟစန်မိုဂျ်သဗာ(အ.စ)အနေဖြင့်မတတ် နိုင်သည့်အဆုံး မိုအာဝေယာကို ငြိမ်းချမ်းရေးလုပ်တော်မူခဲ့ရပေသည်။ပြီးနောက်မို အာဝေယာအနေဖြင့် အချုပ်၊အချာ၊အာဏာတစ်ခုလုံးကို ချုပ်ကိုင်သွားခဲ့လေသည်။ ပြီးနောက် တစ်ဦး၊တစ်ယောက်တည်း အစ္စလာမ်မီအာဏာရှင် ဖြစ်ခဲ့လေသည်။(ထို အချိန်တွင်)လုံးဝတတိယခလီဖွာအွစ်မန် လုပ်ကြံ၊ခံရမှုကိစ္စကို လုံးဝမယူလာတော့ ချေ။တစ်နည်းဆိုရလျှင် လုံးဝအသတ်မခံခဲ့ရသည့် ပုံစံဖြင့် နေခဲ့လေသည်။
ဟုတ်ပေသည်။မှန်ပေသည်။(မိုအာဝေယာသည်)မိမိ၏ မကောင်းသည့်ရည် ရွယ်ချက်များကို လက်ဝယ်ရယူနိုင်ရန် တရားဝင်သည်ဖြစ်စေ၊မဝင်သည်ဖြစ်စေ၊အမှီ သဟဲအဖြစ်သုံးခဲ့လေသည်။ယုတ်စွအဆုံး အကယ်၍ ဤလမ်းအတွက် အချို့အပြစ်မဲ့ ပြည်သူများကို စွပ်ပဲစွဲရ၊စွဲရ၊ထောင်ပဲချရ၊ချရ၊သတ်ပဲ၊သတ်ရ၊သတ်ရ ၎င်းအဖို့အရေးမ ကြီးတော့ချေ။
ကြည့်-အာရှုရာကျမ်း စာမျက်နှာ(၁၉၁)။
စတုတ္ထနေရာယဇီးဒ်လနကဲ့သို့ပုဂ္ဂိုလ်ထက်အစ္စလာမ်မီအချုပ်၊အချာအာဏာကိုလွဲပေးလိုက်ခြင်း
အားလုံးအသိပင်၊ယဇီးဒ်(လ.န)ဗင်မိုအာဝေယာသည် ပြဿနာရှာသူ၊ပျက်စီး သူ၊ပြစ်မှု၊ဒုစရိုက်၊ကျူးလွန်သူ၊သန့်ရှင်း၊သန့်ပြန့်သည့် ပုဂ္ဂိုလ်များ၊အပြစ်မဲ့လူသားများ ကို သတ်ဖြတ်ခဲ့သူ၊အရက်သေစာ၊သောက်စားသူ၊လောင်းကစားလိုက်စားသူ၊မ ကောင်းမှုဖြင့် စွန်းညှိနေသူ ဖြစ်ပေသည်။
မိုအာဝေယာအနေဖြင့် ဤကဲ့သို့သော် ပုဂ္ဂိုလ်အားမွတ်စလင်များ၏ ခလီဖွာ သမ္မတအဖြစ်နှင့် တမန်တော်မြတ်ကြီး(ဆွ)၏ ကိုယ်စားလှယ်တော်အဖြစ် မိမိ၏ နောက်အတွက် နေရာပေးခဲ့လေသည်။
ဤအမှားသည် အမှားသေးသေးလေးဖြစ်ပါသလော? အေမာမ်ဟိုစိုင်း(န) (အ.စ)သည်ဘဝတည်ဆောက်တော်မူခဲ့သည့် ကာလတွင် အစ္စလာမ်အသိုင်းအဝိုင်း တစ်ခုလုံးသည် အမှားမတရားအနေဖြင့် သိမ်းပိုက်ထားခဲ့လေသည်။အမှန်တရားအား မေ့လျော့ပစ်ခဲ့ကြပြီး ဖြစ်ပေသည်။ထိုအတွက်ကြောင့် အေမာမ်(အ.စ)အနေဖြင့် တော်လှန်ရေး ဆင်နွဲခဲ့ရလေသည်။အကြောင်းမှာ အမှန်တရားကို ပြန်လည်ရှင်သန် စေပြီး ပတ်ဝန်းကျင်၊အသိုင်းအဝိုင်းတွင် အမှားမတရားကို သုတ်သင်ရှင်းလင်းရန် အ လို့ငှာ ဖြစ်ပေသည်။
ဤလမ်းစဉ်နှင့် ဤရည်ရွယ်ချက်ကို အရယူဆွတ်ခူးနိုင်ရန် အလို့ငှာ မည်သည့် တန်ဖိုး၊အဖိုးအခကို ဖြစ်စေ ပေးဆပ်ဖို့ အသင့်ရှိတော်မူခဲ့လေသည်။
ဤစတုတ္ထရည်ရွယ်ချက်မှပေးသည့်သင်ခန်းစာ
လေးစားအပ်ပါသော စာဖတ်သူအပေါင်းတို့….ချစ်ခင်လေးစားရပါသော အဇါ ဒါရီပြုလုပ်သူများခင်ဗျား၊….အဇါဒါရီအား မလွဲမသွေ အကောင်းတကာ့အကောင်းဆုံး နည်းလမ်းဖြင့် ပြုလုပ်ပါလေ။နှစ်စဉ်၊နှစ်တိုင်း ပြည့်စုံသည်ထက်ပြည့်စုံစွာ၊ကျယ်ပြန့် သညထက် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် စီစဉ်ရပေမည်။ကြိုးပမ်းရပေမည်။ထိုမှ သာ အလ္လာဟ်ဟိုအရှင်မြတ်၏ လက္ခဏာတော်များကို လေးစား၊အရိုအသေပြုဆို သည့်အဓိပ္ပါယ်ကို အမှန်တကယ် ဆောင်ရွက်ရာရောက်သွားပေမည်။
သို့သော်လည်းပဲ အဇါဒါရီပြုသည့်(မိုမေနီ၊မိုမေနာ)တိုင်း အေမာမ်ဟိုစိုင်း(န) (အ.စ)အနေဖြင့် အမှန်တရားကို ရှင်သန်အောင်ပြုရန် အမှားမတရားကို သုတ်သင် ရှင်းလင်းရန် တော်လှန်ရေး၊ဆင်နွဲခဲ့ကြောင်းသိထားရပေမည်။ထိုမှသာဤလမ်းစဉ် အတွက် ရှေ့ဆက်ခြေတက်နိုင်မည် ဖြစ်ပေသည်။
ကျွန်တော်တို့အနေဖြင့်(အချိန်တိုင်း)၊နေရာတိုင်းတွင်အေမာမ်ဟိုစိုင်း(န) (အ.စ)၏ ရည်ရွယ်ချက်ကို သိထားမည်ဆိုလျှင် ကျွန်တော်တို့၏ အနီးတကာ့အနီး ကပ်ဆုံးပုဂ္ဂိုလ်နှင့် တစိမ်းအကြား၊ကွဲလွဲမှုဖြစ်ပေါ်လာပါကလည်း ဟက်(က)အမှန်တ ရားသည် တစိမ်းဖက်က ဖြစ်နေမည်ဆိုလျှင် ခင်မင်မှု၊နီးစပ်မှုထက် ဥပဒေ၊တရားမျှ တမှုကို ဦးစားပေးပြီး ဟက်(က)အမှန်တရားဘက်မှ(၎င်းတစိမ်းဘက်မှ)ရပ်တည်ပေး ရပေလိမ့်မည်။
အကယ်၍ကျွန်ုပ်တို့၏ တရားသူကြီးများအနေဖြင့် မက်သဗ်ဗေအာရှုရာမှ သင် ခန်းစာယူထားမည်ဆိုလျှင် မည်သည့်ကွဲလွဲမှုအတွက် ဖြစ်ပါစေ၊အသေးတကာ့၊အ သေးဆုံးဟက်(က)အမှန်တရားနှင့်ဆန့်ကျင်ဖက် အမိန့်ထုတ်ပြန်မည် မဟုတ်ချေ။ ယုတ်စွအဆုံး မည်သည့် ခြိမ်းခြောက်မှု ဖြစ်စေ(သို့)လာဘ်ပေး၍ဖြစ်စေ၊အမှန်တရား ၏ဆန့်ကျင်ဖက် အမိန့်ပေး၍ ရမည်မဟုတ်ချေ။
အကယ်၍တစ်ခါတလေ ကျွန်တော်တို့တွေ့ရမည်။အစ်ကိုများ၊မောင်များအနေ ဖြင့် အစ်မများ၊ညီမမျး၏ ရပိုင်ခွင့်အမွေကို ၎င်းတို့အားမပေးဘဲစားသုံးခဲ့မည်ဆိုလျှင် (သို့)အစ်ကိုကြီးမှ ညီငယ်များ၏ ရပိုင်ခွင့်အမွေကို မပေးမည်ဆိုလျှင ်အေမာမ်ဟို စိုင်း(န)(အ.စ)၏ ရည်ရွယ်ချက်များကို မသိရှိ၊မနားလည်၊သဘောမပေါက်သေးသည့် အတွက်ကြောင့် ဖြစ်ပေသည်။
အလုပ်ခိုင်းသူ တစ်ဦး၊တစ်ယောက်သည် အေမာမ်ဟိုစိုင်း(န)(အ.စ)၏တော် လှန်ရေး ရည်ရွယ်ချက်များကို သိရှိနားလည်မည်၊ပြီးနောက်အေမာမ်အပေါ်အလ္လာဟ် ဟိုအရှင်မြတ် စေလွတ်တော်မူသည့် အေမာမ်ဟု သက်ဝင်ယုံကြည်မည်ဆိုလျှင်လုံးဝ ဧကန်မလွဲ မိမိအလုပ်သမားများ၏ လုပ်အားခကို မည်မျှပင်များသည်ဖြစ်စေ၊နည်း သည် ဖြစ်စေ၊မပေးဘဲနေမည် မဟုတ်ချေ။(ပေးကိုပေးမည်)မိမိကိုယ်အား အလုပ်သ မားများကို ဆပ်ဖို့ကျန်နေသည့် အကြွေးရှင်အဖြင့် အဖြစ်ခံမည် မဟုတ်ချေ။
ဟုတ်ပါသည်။မှန်ပေသည်။ကျွန်တော်တို့(ရှီအာအေမာမ်မီယာ)အနေဖြင့်ကိုယ် တော်၊ရှိုဟဒါများ၏ဦးသျှောင် အေမာမ်ဟိုစိုင်း(န)(အ.စ)၏တော်လှန်ရေးအား သိလာ လေလေ၊နားလည်လာလေလေ၊ထိုသိရှိနားလည်မှုနှင့်အညီ(မိမိတို့ဘဝ၏ နေ့စဉ်၊နေ့ တိုင်း တည်ဆောက်မှုတွင် လက်တွေ့ကျလေလေ ဖြစ်ပေလိမ့်မည်။အကောင်အ ထည်ဖေါ်လေလေ ဖြစ်ပေလိမ့်မည်။
ရည်ရွယ်ချက် (၅)
ဂျဟ်လ်(အသိဉာဏ်ပညာမဲ့မှု)
အားတော်လှန်ခြင်း။
ဂျဟ်လ်အသိဉာဏ်ပညာမဲ့မှုအားတော်လှန်ခြင်း
အေမာမ်ဟိုစိုင်း(န)(အ.စ)၏ တော်လှန်ရေး ရည်ရွယ်ချက်များမှအခြားတစ်ခု အား ဇေယာရတ်(သ)အရ်ပအီး(န) မှညွှန်ပြနေပါသည်။
ညွှန်ပြနေသည့်အချက်မှာ ဂျဟ်လ်(အသိဉာဏ်ပညာမဲ့မှု)အား တော်လှန်ခြင်း နှင် လူထုအားလမ်းလွဲ၊လမ်းမှား၊အမှောင်ထုမှ ကယ်တင်ရန်ဖြစ်ပေသည်။
ဤဇေယာရတ်တော်တွင် ဟဇရတ်(သ)အဘီအဗ်ဒွလ္လာဟ်(အေမာမ်ဟို စိုင်း(န)(အ.စ)အား စလာမ်နှင့်သရူးဒ် ဆက်သခြင်းဖြင့် စတင်ပြီး ကိုယ်တော်၏ ဝိသေသနလက္ခဏာရပ်များ ဂုဏ်ပုဒ်များကို တင်ပြထားပါသည်။ပြီးနောက် ကိုယ် တော်၏ တော်လှန်ရေး ရည်ရွယ်ချက်များနှင့် အကျိုးသက်ရောက်မှုများကို ရှင်းပြ ထားပါသည်။မိန့်တော်မူသည်။
وَبَذَلَ مُهْجَتَهُ فيكَ لِيَسْتَنْقِذَ عِبادَكَ مِنَ الْجَهالَةِ، وَحَيْرَةِ الضَّلالَةِ
သခင်ကြီးအေမာမ်ဟိုစိုင်း(န)(အ.စ)သည် နှလုံးသား၏သွေးအား အရှင်ရဲ့ လမ်းတော်တွင် လှူဒါန်းခဲ့ပေသည်။(အလွန်တရာစတေးမှုနှင့် ကိုယ်ကျိုးစွန့်မှုကို ပြု တော်မူခဲ့ပေသည်။)အကြောင်းမှာ အရှင်၏ကျေးကျွန်၊အဖန်ဆင်းခံများကို ဂျဟ်လ် (အသိဉာဏ်ပညာမဲ့မှု)နှင့် မသိနားမလည်မှု၊အံ့ဩဖွယ်၊လမ်းလွဲ၊လမ်းမှားမှ ကယ်တင် နိုင်ရန်အတွက် ဖြစ်ပါသည်။
ဤအတွက်ကြောင့် အာရှုရာတော်လှန်ရေး၏ ရည်ရွယ်ချက်များမှ တစ်ခုမှာ ဂျဟ်လ်နာဒါနီ(မသိနားမလည်မှု)အားတော်လှန်ခြင်းနှင့် လူထုအားလမ်းလွဲ၊လမ်းမှား၊ အမှောင်ထုမှ ကယ်တင်ရန် အတွက်ဖြစ်ပေသည်။
ဂျေဟာလသ်၏အမျိုးအစားများ
ဗနီအိုမိုင်ယာအုပ်ချုပ်သည့် လက်ထက်တွင် ဂျဟ်လ်၏ကျယ်ပြန့်၊ပြန့်နံှ့မှုကို မ တင်ပြမည် ဂျေဟာလသ်၏ အမျိုးအစားများကို ရှင်းပြဖို့ အရေးကြီးပေသည်။ဂျေဟာ လသ်၊နဒါနီ(အသိဉာဏ်၊ပညာမဲ့မှု၊မသိနားမလည်မှု)သည် တခါတရံ အကြောင်းအ ရာနှင့် ပတ်သက်နေပြီး တစ်ခါတလေ ရှရီအီအမိန့်နှင့် ပတ်သက်နေပါသည်။တစ်ခါ တလေ ရှရီအီအမိန့်နှင့် ပတ်သက်နေသည့် ဂျေဟာလသ်သည် တစ်ခါတရံ ကူစူရ် အလ္လာဟ်ဟိုအရှင်မြတ်၏ အမိန့်တော်ကိုသိဖို့ပြုရန် မဖြစ်နိုင်သည့်အခြေအနေ ကြောင့်ဖြစ်ပြီး တစ်ခါတလေ ဂျေဟာလသ်သက်စီးရ်(အဟ်ကမ်ကိုဆည်းပူးနိုင်လျက် ပေါ့လျော့ပြီး မဆည်းပူးသည့်အခြေအနေ)ကြောင့်ဖြစ်ပေသည်။
ဂျဟ်လ်(အသိဉာဏ်ပညာမဲ့မှု)ဆိုသည်မှာ သာဓကအားဖြင့် အကြောင်းအရာ တစ်ခုနှင့် စပ်လျဉ်းပြီး လူတစ်ဦး၊တစ်ယောက်သည် ဟရမ်ဖြစ်သည့် အရက်သေစာ အားသောက်လျှင်ဟရမ်ဖြစ်ကြောင်း သိရှိနားလည်၏။သို့သော် သောက်စရာတစ်ခုခု အား ဟလာဖြစ်သည့် ဖျော်ရည်ဟုထင်မှတ်ပြီး သောက်သုံးခဲ့မည်။ပြီးမှသိရှိနားလည် ပေမည်။ဖျော်ရည်မဟုတ်ပဲ၊အရက်သေစာ ဖြစ်နေလေသည်။
ဂျဟ်လ်ဟွန်က်မေရှရီအီ(ရှရီအီအမိန့်ဥပဒေ)ဆိုသည်မှာ သာဓကအားဖြင့် ဤ သောက်စရာသည် အရက်သေစာဆိုတာသိသော်လည်း ရှရီအီအမိန့်ကို မသိခြင်းကို ခေါ်ဆိုပါသည်။အရွယ်ရောက်ပြီးသာသနာ့အမိန့်များကို လိုက်နာဆောင်ရွက်ရမည့် သူတစ်ဦး၊တစ်ယောက်အတွက် အထက်ပါသာဓကနှင့် စပ်လျဉ်းပြီး တင်ပြရမည်ဆို လျှင် အမိန့်ကိုနားလည်ရန်အတွက်နှင့် သုတေသီပြုရန်အတွက် အခြေအနေများရှိ လျက် သုတေသီမပြုပဲနေသူဖြစ်ပေသည်။ဤအခြေအနေတွင် သက်စီးရ်ပြုလုပ်ခဲ့၍ ၎င်းအားဂျဟ်လ်သက်စီးရ်ဟုခေါ်ဆိုပေမည်။တစ်ခါတစ်ရံ အမိန့်ကိုနားလည်ရန်အ တွက်နှင့် သုတေသီပြုရန် အလို့ငှာ အခြေအနေများ မရှိချေ။သို့မဟုတ် မှားယွင်း မည်။လမ်းလွဲနေသည်ဟု လုံးဝမထင်ခဲ့ချေ။ဤအခြေအနေတွင် ၎င်းအားဂျဟ်လ်ကာ စေရ် ဟုခေါ်ဆိုပေမည်။
ဗနီအိုမိုင်ယာလက်ထက်တွင်အစ္စလာမ်မီအသိုင်းအဝိုင်းအပေါ်ဂျဟ်လ် ၏လွမ်းမိုးမှု
မွတ်စလင်များသည် ခြုံငုံပြီးပြောရလျှင် ဗနီအိုမိုင်ယာလက်ထက်တွင် အထူး သဖြင့် မိုအာဝေယာနှင့် ယဇီးဒ်(လ.န)အုပ်ချုပ်သည့်ကာလတွင် ရန်သူအားမသိကြ ချေ။၎င်းတို့အနေဖြင့် ဗနီအိုမိုင်ယာသည် ရစူလွလ္လာဟ်(ဆွ)၏ကိုယ်စားလှယ်တော် အစစ်အမှန်များ မဟုတ်ကြောင်း မသိကြချေ။ဗနီအိုမိုင်ယာသည် ကိုယ်ချင်းစာသူ၊ အစ္စလာမ်သာသနာတော်အား အားပေးထောက်ခံသူ မဟုတ်ပါ။၎င်းတို့၏ ဂျဟ်လ် သည် သက်စီးရ်ကြောင့် ပေါ့လျော့မှုကြောင့် ဖြစ်ပါသည်။ဤအတွက်ကြောင့် ၎င်းတို့ သည်ဂျဟ်လ်မိုကက်စေရ် စာရင်းဝင်သွားလေသည်။
ပြည်သူလူထုအနေဖြင့် ဗနီအိုမိုင်ယာသည် ဂျာဟေလီယသ်ခေတ်က အကြွင်း၊ အကျန်များဖြစ်ကြောင်း၊အစ္စလာမ်သာသနာ့တော်နှင့် ကာလရှည် ရန်ငြိုး၊ရန်စရှိ ကြောင်း၊ယခုတိုင် ဗဒဲရ်စစ်ပွဲ၊အိုဟွဒ်စစ်ပွဲ၊အဟ်ဇာဗ်စစ်ပွဲများတွင် မိမိတို့၏ဆွေမျိုး ရင်းချာများ အသတ်ခံခဲ့ရသည့်၊ခါးသီးသည့်၊အဖြစ်အပျက်အား မမေ့သေးဘဲ (အစ္စလာမ်ဆီမှ)သွေးကြေးပြန်ဆပ်ဖို့၊အခွင့်အလမ်းစောင့်လှမ်းနေကြောင်း မသိပါသ လော?
မဟာတမန်တော်မြတ်ကြီး(ဆွ)အနေဖြင့် ထိုအတွက်ကြောင့် ဤကဲ့သို့သော် နေ့များနှင့် ပတ်သက်ပြီး၊ရှေ့ပြေးအဖြစ် မိန့်တော်မူခဲ့ပြီး၊ခေလာဖသ်အား အာလေ အဗူစိုဖီယန်အပေါ် ဟရမ်ပြုတော်မူခဲ့လေသည်။
ဤအကြောင်းအရာနှင့်စပ်လျဉ်းပြီး အရေအတွက်များစွာသော ရီဝါယတ်တော် များ၊ထို့ပြင် အေမာမ်ဟိုစိုင်း(န)(အ.စ)နှင့်မရ်ဝန်ဗင်ဟေကမ်တို့၏ အပြန်အလှန် စကားပြောမှုများတွင် ပေါ်လွင်ခဲ့ပေသည်။ထိုညကို အေမာမ်ဟိုစိုင်း(န)(အ.စ)အား ဒါရွလ်အေမာရေဟ် မဒီနာ(မဒီနာရှိအစိုးရရုံးချုပ်)ဖိတ်ခေါ်ခဲ့ပြီး၊မိုအာဝေယာ၏ ဇီဝိန် ချုပ်သည့် သတင်းပေးခဲ့လေသည်။ပြီးနောက်ယဇီးဒ်ထံ ဗိုင်အတ်ပြုရန် တောင်းဆိုခဲ့ လေသည်။ကိုယ်တော်(အ.စ)အနေဖြင့် သဘောမတူခဲ့တော်မူပေ။ပြီးနောက်၊နောက် တစ်နေ့တွင် မရ်ဝန်အနေဖြင့် အေမာမ်(အ.စ)အား လမ်းကြားတစ်ခုတွင်တွေ့ခဲ့လေ သည်။
ကိုယ်တော်အားတိုက်ရိုက်ပြောလေသည်။အိုအဗာအဗ်ဒွလ္လာဟ်(အေမာမ်ဟို စိုင်း(န)(အ.စ))! ငါဟာမင်းအတွက်ကောင်းတာပဲလိုပါတယ်။မင်းအတွက်အကြံပေးဖို့ ရှိပါတယ်….အကယ်၍လက်ခံခဲ့မည်ဆိုရင် မင်းအတွက်ကောင်းပြီးသင့်တော်ပါမယ်။ အေမာမ်(အ.စ)သည်အဖြေပေးမိန့်လေ၏။အသင်၏အကြံဘာလဲပြောပါ? အဖြေပြန် ပြောလေ၏။မနေ့ညက ဝလီးဒ်ဗင်အွသ်ဗာထိုင်ပြီး၊စကားပြောထားသည့်အတိုင်း ခင်ဗျားအနေဖြင့် ယဇီးဒ်(လ.န)နှင့် ဗိုင်အတ်ပြုပါလေ။ဤအလုပ်ဟာ မင်းအတွက် လောကီ၊လောကုတ္တရာအကျိုးရှိမည့် အလုပ်ပါ။
အေမာမ်(အ.စ)အဖြေပေးမိန့်တော်မူလေ၏။
إِنّا لِلّهِ وَإِنّا إِلَيْهِ راجِعُونَ وَعَلَى الاْسْلامِ اَلسَّلامُ إِذْ قَدْ بُلِيَتِ الاْمَّةُ بِراع مِثْلَ يَزيدَ وَ لَقَدْ سَمِعْتُ جَدِّي رَسُولَ الله ) صلى الله عليه وآله ( يَقُولُ: «اَلْخِلافَةُ مُحَرَّمَةٌ عَلى آلِ أَبِي سُفْيانَ فَإِذا رَأَيْتُمْ مُعاوِيَةَ عَلى مِنْبَرى فَاَبْقِرُوا بَطْنَهُ» وَقَدْ رَآهُ اَهْلُ الْمَدينَةَ عَلَى الْمِنْبَرِ فَلَمْ يَبْقَرُوا فَابْتَلاهُمُ اللهُ بِيَزيدِ الْفاسِقِ
အဓိပ္ပါယ်။။ကျွန်ုပ်တို့သည် အလ္လာဟ်ဟိုအရှင်မြတ်သခင်အတွက် ဖြစ်တော်မူပေ သည်။အရှင်ထံသို့ ပြန်လှည့်ကြရပေမည်။ယဇီးဒ်ဗင်မိုအာဝေယာကဲ့သို့သော် လူမျိုး မွတ်စလင်များ၏ အာဏာပိုင်၊အစိုးရမင်း ဖြစ်သည့်အချိန်ကာလတိုင်း အစ္စလာမ်သာ သနာ့တော်အတွက် မဖြစ်မနေ ဖာတေဟာဖတ်ပါလေ။သံသယမရှိ၊ကျွန်တော်၏ဘိုး တော်ရစူလ်လေခိုဒါ(ဆွ)ထံမှကြားနာခဲ့ရပါသည်။မိန့်တော်မူသည်မှာ-ခေလာဖသ် (အုပ်ချုပ်မှုအချုပ်အချာအာဏာ)ဟာ အာလေအဗူဆိုဖီယန်အတွက် ဟရမ်ဖြစ်ပါ သည်။အကယ်၍ အသင်တို့အနေဖြင့် မိုအာဝေယာကို ငါ၏မင်ဗဲရ်အပေါ်တွင်တစ်နေ့ နေ့တွေ့ခဲ့မည်ဆိုလျှင် ၎င်း၏ဝမ်းဗိုက်ကိုခွဲလိုက်ပါ၊(သတ်ပါလေ။)
မဒီနာမြို့သူ၊မြို့သားများအနေဖြင့် မိုအာဝေယာကို မင်ဗဲရ်ရစူလ်(ဆွ)တွင် တွေ့ခဲ့သော်လည်း မသတ်ခဲ့ကြချေ။(တမန်တော်မြတ်(ဆွ)၏အမိန့်ကို မနာခံခဲ့ကြ ချေ။)ဤအတွက်ရလာဒ်မှာ အလ္လာဟ်ဟိုအရှင်မြတ်သခင်အနေဖြင့် ၎င်းတို့အား ယဇီးဒ်(လ.န)လို ရာဇဝင်၊ဒုစရိုက်သမား၊လက်အောက်သို့ ပို့ခဲ့လေသည်။
ကြည့်-လဟူးဖ်ကျမ်း၊စာမျက်နှာ(၂၀)၊မစီးရွလ်အဟ်ဇန်ကျမ်း၊စာမျက်နှာ(၁၀)။
မရ်ဝန်အနေဖြင့် အေမာမ်ဟိုစိုင်း(န)(အ.စ)၏ အထောက်အထား၊သက်သေ ခိုင်လုံ၊တိကျသည့် မိန့်ဆိုမှုကို ကြားပြီး တိတ်ဆိတ်စွာ ထွက်သွားလေ၏။
အချို့အဟ်လေ့စွန္နတ်ပညာရှင်များ၏ဝန်ခံမှုများ
အေဗ်နေအဘီအလ်ဟဒီးဒ်ရေးသားသီကုံးထားပါသည်။မိုအာဝေယာအနေဖြင့် မိတ်ဆွေတစ်ဦးရှိခဲ့ပေသည်။နေ့စဉ်၊နေ့တိုင်း ၎င်းထံသွားရောက်တွေ့ဆုံလေသည်။ထို မိတ်ဆွေသည် မိုအာဝေယာ၏ လျှို့ဝှက်ချက်များကို ထိန်းသိမ်းထားသူများနှင့် လျှို့ ဝှက်ချက်များကို သိမ်းထားသည့်(စိတ်ချရသည့်)သာဝကများမှ တစ်ဦးဖြစ်ခဲ့ပေသည်။ ထိုမိတ်ဆွေအနေဖြင့် ပြောဆို၏။(အေမာမ်အလီ(အ.စ)နှင့် အေမာမ်ဟစန်မိုဂျ်သဗာ (အ.စ)တို့ ရှဟီးဒ်ဘွဲ့များခံယူတော်မူပြီးနောက် အစ္စလာမ်ကမ္ဘာလောကတစ်ခုလုံးကို ချုပ်ကိုင်နိုင်ခဲ့လေသည်။ကျွန်တော်အနေဖြင့် မိုအာဝေယာကို ပြောလေ၏။မိုအာဝေ ယာ! မင်းအနေနဲ့ လိုချင်တဲ့အရာကို ရပြီပဲ၊အခုမင်း အစ္စလာမ်မြို့များအားလုံး၏ အစိုး ရမင်းအာဏာရှင်ဖြစ်နေပြီပဲ၊ဗနီဟာရှင်အပေါ် နှိပ်စက်ညှဉ်းပန်း၊သတ်ဖြတ်မှုကို လျော့ပါလေ။ထပ်ပြီး မင်ဗဲရ်များအပေါ်မှ အလီ(အ.စ)ကို ဆဲရေးတိုင်းထွာမှု၊လအ် နတ်ပို့မှုကို မလုပ်ဖို့အမိန့်ပေးပါလေ။မိုအာဝေယာအဖြေပေး၏။မင်းလုပ်တာမှားနေ တယ်နော်!ငါအနေဖြင့် ပေးသည့်နေရာများမှ မွတ်စလင်များအနေဖြင့် တမန် တော်(ဆွ)၏ အမည်ကို မထည့်သည့်အထိဖြစ်အောင် လုပ်ခြင်တာ။မှန်တယ်။(ဒါ ကြောင့်)အဇါန်ပေးသည့်နေရာများမှ မိုဟမ္မဒ်(ဆွ)၏အမည်ထည့်နေသမျှ ကာလပတ် လုံး ငါစိတ်ချမ်းသာစွာ နေနိုင်မည်မဟုတ်ချေ။(دفناً دفناً)
ကြည့်-ရှရ်ဟ်နဟ်ဂျိုဗလာဂါ အေဗ်နေအဘီအလ်ဟဒီးဒ်ကျမ်းအတွဲ(၅)၊စာမျက်နှာ (၁၃၀)၊သရ်ဂျိုမာဝါရှရ်ဟ်နဟ်ဂျိုဗလာဂါကျမ်းအတွဲ(၁)၊စာမျက်နှာ(၃၇၆)။
ယဇီးဒ်(လ.န)၏ပြစ်မှုများ၊ရာဇဝင်မှုများ
ဗနီအိုမိုင်ယာ၏ ရန်ငြိုး၊ရန်စ၊အထူးသဖြင့် ယဇီးဒ်(လ.န)၏ ရန်ငြိုး၊ရန်စ၊ အစ္စလာမ်အပေါ်ထားမှု၊ဤကဲ့သို့(ဗနီအိုမိုင်ယာ)၏ ရန်ငြိုး၊ရန်စ၊ထားမှု အမြစ်တွယ်၊ မကောင်းမှု၊အခြေခံ(မကောင်းမှု)တို့နှင့်အစ္စလာမ်အတူပေါင်းစပ်၍ မရချေ။သို့သော် ဝမ်းနည်းကြေကွဲဖွယ်ရာ….ဘာသာအား ထိုခေတ်၊ထိုအခါကကြီးမားသည့် အရေအ တွက်များသည်မွတ်စလင်လူထုကြီးအနေဖြင့်မင်းသားခေါင်းဆောင်းထားသည့်ဘီလူးများဖြစ်သည့်)ဗနီအိုမိုင်ယာကို မသိရှိနားမလည်ခဲ့ကြချေ။
ယဇီးဒ်(လ.န)သည် အရက်သေစာ၊သောက်စားမှု၊လူသတ်မှု၊စိတ်အလိုလိုက်မှု ၊မကောင်းမှု၊ဒုစရိုက်ပြုမှုတို့တွင် ကျော်ကြားပေသည်။(ဤလူယုတ်မာ)သည်မဒီနာရွှေ မြို့တော်အား တိုက်ခိုက်ခဲ့လေသည်။မြောက်များစွာသော ဤမြို့နေသူ၊မြို့သားများ အား သတ်ဖြတ်ခဲ့လေသည်။မိမိ၏စစ်သား၊စစ်သည်များကို(၃)ရက်တိုင်တိုင် ဤမြို့ (မဒီနာမြို့)တွင် လုပ်ချင်တာလုပ်လိုရရန် ခွင့်ပြုခဲ့လေသည်။ယဇီးဒ်(လ.န)၏ စစ်တပ် သည် သတ်ဖြတ်မှု၊လုယက်မှုကို ပြုခဲ့ကြလေသည်။အခြားပြစ်မှု၊ဒုစရိုက်ရာဇဝင်များ ကို ကျူးလွန်ခဲ့လေသည်။တင်ပြရေးသားရန် ကလောင်ပင်ရှက်ပေလေသည်။
အဗ်ဒွလ္လာဟ်ဗင်ဇိုဗိုင်ရ်အနေဖြင့် အလ္လာဟ်ဟိုအရှင်မြတ်၏ အိမ်တော်ကအ်ဗာ ဝတ်ကျောင်းတော်တွင် ခိုလုံနေစဉ် ယဇီးဒ်(လ.န)သည် အေဗ်နေဇိုဗိုင်ရ်အားမသနား မကြင်နာခဲ့ချေ။ကအ်ဗာဝတ်ကျောင်းတော်အားလည်း မရိုသေ၊မလေးစားခဲ့ပေ။ထို့ပြင် မက္ကာရွှေမြို့တော်သူ၊မြို့သားများကိုလည်း အားမနာ၊မျက်နှာမထောက်ခဲ့ချေ။
ဤအတွက်ကြောင့် မက္ကာရွှေမြို့တော်၏ အနီးတဝိုက်တွင် မင်ဂျနီးက်(ခ)လေး ဂွအကြီးစားများကို တပ်ဆင်ပြီး၊ကအ်ဗာဝတ်ကျောင်းတော်အပေါ် ခဲမိုးများကို ရွာရန် အမိန့်ထုတ်ခဲ့လေသည်။
အမှန်တကယ် အစ္စလာမ်သာသနာတော်၏ အဟ်ကမ်(ဥပဒေများ)အရ မည် သူမဆို အလ္လာဟ်ဟိုအရှင်မြတ်၏အိမ်တော် ကအ်ဗာဝတ်ကျောင်းတော်တွင် ခိုလုံ မည်ဆိုလျှင် ၎င်းအတွက် လုံခြုံမှု၊ငြိမ်ဝပ်ပိပြားမှုကို ပေးရမည်ဖြစ်ပေသည်။ယုတ်စွအ ဆုံး ရာဇဝတ်သားများဖြစ်နေပါစေ(လုံခြုံမှုကိုပေးရမည်။)ရာဇဝတ်သားများအား ဟရမ်အမ်(န)နေအေလာဟီ(ကအ်ဗာဝတ်ကျောင်းတော်)မှ မတတ်နိုင်သည့်အဆုံး ထွက်သွားသည်အထိ၊အစာရေစာ၊ငတ်မွတ်သည့်အထိ အစာရေစာမပေးဘဲ ထား နိုင်ပေသည်။ထို့နောက် ၎င်းတို့၏ ပြစ်မှု၊ကျူးလွန်မှုခိုင်လုံမှသာထောင်ဒဏ်၊အပြစ် ဒဏ်ပေးရပေမည်။
ကြည့်-ဂျဝါဟေရွလ်ကလာမ်ကျမ်း၊အတွဲ(၂၀)၊စာမျက်နှာ(၄၆)မှ(၄၈)၊အတွဲ(၄၁)၊စာ မျက်နှာ(၃၄၄)နှင့်(၃၄၅)။
အေမာမ်ဟိုစိုင်းနအစအနေဖြင့်ဂျဟ်လ်နှင့်နာဒါနီအားတော်လှန်ခြင်း
အေမာမ်ဟိုစိုင်း(န)(အ.စ)အနေဖြင့် ပြည်သူလူထုအား နိုးကြားမှု၊သိရှိနား လည်မှု၊ရှိလာရန် အလို့ငှာ တော်လှန်ရေး ဆင်နွဲခဲ့ပေသည်။သို့သော် ပြည်သူလူထု အနေဖြင့် ၎င်းတို့အိပ်စက်မှုသည် အလွန်တရာအအိပ်ကြီးပြီး၊၎င်းတို့၏ မသိနားမ လည်မှုမှာ အခြေတွယ်၊အမြစ်တွယ်ခဲ့သည်ဖြစ်ရာ အေမာမ်ဟိုစိုင်း(န)(အ.စ)နှင့် ကိုယ်တော်၏ သစ္စာရှင်သာဝကတော်များသည် နှလုံးသွေးပေးဆပ်ခဲ့ ရလေသည်။ ဤပေးဆပ်မှုသာလျှင် အရေးကြီးသည့် ပြဿနာ၊ဘေးဆိုးအား အစ္စလာမ်တည်းဟူ သည့် လယ်ယာမြေမှ ကာကွယ်ပေးခဲ့လေသည်။
ပြည်သူလူထု(မွတ်စလင်များ)အနေဖြင့် အေမာမ်ဟိုစိုင်း(န)(အ.စ)နှင့်သာဝက တော်များ၏ ရှဟီးဒ်ဖြစ်တော်မူပြီးနောက် အဟ်လေ့ဘိုက်(အ.စ)၏ မိသားစုဝင်များ အဖမ်း၊အဆီး၊အချုပ်အနှောင်ခံရပြီးနောက်၊ရှိုဟဒါယေကရ်ဗလာ(ကရ်ဗလာတွင် ရှဟီးဒ်ဖြစ်ခဲ့သည့် အေမာမ်(အ.စ)အပေါင်းအပါ၊အမျိုးအနွယ်များ)၏ ဦးခေါင်းတော် များ လှံထိပ်ဖျားသို့ မြှင့်တင်ပြီးနောက်ပိုင်းမှသာ မေ့လျော့မှုဆိုသည့် အိမ်မက်မှ နိုးထ လာကြပေသည်။ထို့နောက် တော်လှန်ရေး၊စစ်ပွဲများတစ်ခုပြီး၊တစ်ခုဆင်နွဲခဲ့ ကြလေ သည်။ကရ်ဗလာအဖြစ်အပျက် ပြီးနောက် ဗနီအိုမိုင်ယာ အခြေအနေသည်မလှတော့ ချေ။နောက်ဆုံး ဤသန့်ပြန့်၊သန့်ရှင်းသည့်(အပြစ်မဲ့)သွေးများကြောင့် ဗနီအိုမိုင်ယာ အား အချုပ်၊အချာအာဏာမှ ပြုတ်ရပြီး၊မသန့်ပြန့်၊မသန့်ရှင်းသည့် သစ်ပင်တည်းဟူ သော ဗနီအိုမိုင်ယာ အမြစ်လှန်ခဲ့ရလေတော့သည်။
ဤပဉ္စမရည်ရွယ်ချက်မှပေးသည့်သင်ခန်းစာ
အေမာမ်ဟိုစိုင်း(န)(အ.စ)အား အချစ်ထားသူများ၊သခင်ကြီး(အ.စ)၏အဇါဒါရီ ကိုပြုလုပ်ကြသူများ၊ကရ်ဗလာမိုအလ်လာ၏ ဇေယာရတ်အရ်ပအီး(န) ဖတ်ရွတ်သူ များရှိုဟဒါယေကရ်ဗလာနှင့် သဝ်စိုလ်ပြုလုပ်သူများအတွက် အရေးကြီးလိုအပ်သည့် အချက်မှာ သဝ်စိုလ်၊ဇေယာရတ်၊အဇာဒါရီနှင့်တကွ သန့်ရှင်း၊သန့်ပြန့်သည့်ပုဂ္ဂိုလ်ထူး များကို အချစ်မေတ္တာထားရင် တဖက်တလမ်းမှ မိမိတို့၏ ပတ်ဝန်းကျင်အသိုင်း၊အ ဝိုင်းကို မေ့လျော့နေသည့် အိမ်မက်မှထနိုင်ရန် မသိနားမလည်သည်ကို သိနားလည် အောင်ကြိုးပမ်း ပေးရပါမည်။
ယခုလက်ရှိခေတ်ကာလတွင်လည်းပဲ ယဇီးဒ်(လ.န)ကို ထောက်ခံအားပေးသူ များ၊ဗနီအိုမိုင်ယာအစိုးရ၏ နောက်လိုက်၊နောက်သားများ တကမ္ဘာလုံးတွင် ပြန့်နှံ့နေ ပါသည်။အထူးသဖြင့် အစ္စလာမ်နိုင်ငံများတွင် ပိုမိုပြီးရှိနေပေသည်။မွတ်စလင်လူထု အား အသိဉာဏ်ပညာမဲ့မှု လမ်းစဉ်တွင်ထိန်းထားနိုင်ရန် ကြိုးစားနေပေသည်။
ဤအတွက်ကြောင့် မွတ်စလင်များ(အားလုံး)ကို ဤအန္တရာယ်ဆိုးနှင့်ပတ် သက်ပြီးနိုးဆော်တိုက်တွန်းရန် ကျွန်တော်တို့အားလုံးအတွက် သမိုင်းပေးတာဝန်ရှိ ပေသည်။
ထိုအုပ်စုသည် အမြင်အားဖြင့် အစ္စလာမ်အာဏာပိုင်များအဖြစ် မိမိကိုယ်ကို ခေါ်ဝေါ်သမုတ်ကြပြီး မွတ်စလင်များ၏ နံပါတ်တစ်ရန်သူများဖြစ်သည့် အမေရိကန်၊ အစ္စရေးတို့နှင့် သစ္စာဆိုထားကြပြီး၊အနှိပ်စက်၊အညှဉ်းပန်း၊အရက်စက်ခံနေကြရ သည့် ပါလက်စတိုင်း၊ဂါဇာ၊အီရတ်နှင့် အာဖဂန်နီစတန်ရှိ မွတ်စလင်များ၏ ဆန့်ကျင် ဘက် ခြေများလှမ်းနေကြပေသည်။၎င်းလူမျိုးစုများ၏ နိုးကြားလာမှုတော်လှန်ရေး ပေါ်ပေါက်လာမှု၊ဖြစ်ပေါ်လာပြီးနောက်ပိုင်း(ဤအုပ်စုသည်မိမိတို့၏)ရက်စက်ကြမ်း ကြုတ်၊ညှဉ်းပန်းမှုများ၊လူမဆန်မှုများကို ဆက်လက်ပြုနိုင်မည် စွမ်းအားရှိဦးမည် လော?
ရည်ရွယ်ချက် (၆)
အစ္စလာမ်မီအစိုးရအား
တည်ထောင်ခြင်း။
အစ္စလာမ်မီအစိုးရအားတည်ထောင်ခြင်း
သတိ-အစ္စလာမ်ဘာသာဝင်အများစု နေထိုင်သည့် တိုင်းပြည်များအတွက်သာ ဆိုလိုပေသည်။
အေမာမ်ဟိုစိုင်း(န)(အ.စ)သခင်၏ တော်လှန်ရေးသည် အလွန်တရာအရေး ကြီးဆုံးရည်ရွယ်ချက်များမှ တစ်ခုမှာအစ္စလာမ်မီအစိုးရအား တည်ထောင်ရန်လည်း ဖြစ်ပေသည်။ဤဆွေးနွေးမှုတွင် အစိုးရတည်ထောင်ရန် အရေးကြီးမှုနှင့် ပတ်သက် သည်များကို ခြုံငုံထားသည့်ဆွေးနွေးမှုအား တင်ပြရန် အရေးကြီးလိုအပ်ပေသည်။
အစ္စလာမ်သာသနာနှင့်အစိုးရတည်ထောင်မှုအတွက်အရေးပါမှု
အလ္လာဟ်ဟိုအရှင်မြတ်သခင်၏ တမန်တော်မြတ်များ(အ.စ)အားလုံးသည် ရည်ရွယ်ချက်များရှိပေသည်။ထိုရည်ရွယ်ချက်များကို လက်တွေ့ကျင့်သုံးရန်အတွက် တာဝန်၊ဝတ္တရားရှိပေသည်။ဤလုပ်ရပ်အတွက် လက်တွေ့ကာယကံမြောက် အချုပ်၊ အချာအာဏာပိုင်ကို မတည်ထောင်မခြင်း မဖြစ်နိုင်ချေ။အကယ်၍ဖြစ်မည်ဆိုလျှင် လည်းအတိုင်းအတာတစ်ခုအထိသာ ဆောင်ရွက်နိုင်ပေမည်။
သာဓကအားဖြင့် ကျမ်းတော်မြတ်ကုရ်အာန်တွင် အလ္လာဟ်ဟိုအရှင်မြတ်၏ တမန်တော်များရည်ရွယ်ချက် များကို ဖေါ်ပြထားပါသည်။ထိုရည်ရွယ်ချက်များမှာ သအ်လီးမ်(ပို့ချမှု)၊သရ်ဘီယသ်(သွန်သင်မှု)၊မတရားမှု၊ညှဉ်းပန်း၊ရက်စက်မှုကိုတော်လှန်ရန်၊လူမှုရေးရာကျောသား၊ ရင်သားမခွဲခြားမှု၊လူသားများအား ကျေးကျွန်အဖြစ်မှ လွတ်မြောက်ရန်ဆောင်ရွက် ပေးမှု၊အနှိပ်စက်၊အညှဉ်းပန်း၊အနိုင်ကျင့်ခံရသူများကို ၎င်းတို့၏ရပိုင်ခွင့်များပြန်လည် ရယူပေးရန်၊စိတ်ဓာတ်များကို ပဲ့ပင်၊သွန်သင်ပေးခြင်း နှင့် ကောင်းမြတ်၊မြင့်မြတ်သည့် စာရိတ္တတော်များကို ပျိုးထောင်ပေးရန်တို့ ဖြစ်ပါ သည်။
ဤရည်ရွယ်ချက်များအား အစ္စလာမ်မီအချုပ်၊အချာအာဏာရှင်အစိုးရ မတည် ထောင်မခြင်း ကျယ်ကျယ်၊ပြန့်ပြန့်၊တိုးတက်စည်ပင်စွာ ဆောင်ရွက်နိုင်မည် မဟုတ် ချေ။
အကြောင်းမှာ-ကျွန်တော်တို့အနေဖြင့် တိုင်းပြည်တပြည်တွင် ဘဝတည် ဆောက်မည်၊သို့သော် အုပ်ချုပ်မှုအာဏာသည် ကျွနု်ပ်တို့(မွတ်စလင်များ)လက် တော်တွင်လည်း မရှိချေ။ထိုအချိန်အခါတွင် ကျွန်ုပ်တို့အနေဖြင့် ပညာပေးနည်းစနစ် များနှင့် သွန်သင်ပဲ့ပင်မှုများကို အစ္စလာမ်သာသနာတော်အရ တည်ဆောက်လိုသည့် ဆန္ဒ၊အာသီသရှိမည်ဆိုလျှင် တင်းပြည့်၊ကျပ်ပြည့် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။
အကယ်၍ရုပ်မြင်သံကြားအစီအစဉ်များနှင့် ပုံနှိပ်တိုက်များ၊ကျွန်တော်တို့လက် ထဲတွင် မရှိမည်၊ဗလီဝတ်ကျောင်းတော်များ၊အေမာမ်ဘာရာများတွင် မျိုးဆက်သစ်လူ ငယ်၊လူရွယ်များကို ပညာပေးရန်၊ပဲ့ပင်၊သွန်သင်ရန် မင်ဘဲရ်တစ်ခုတည်းကိုသာလျှင် အသုံးပြုမည်ဆိုရင် လုံလောက်ဖူလုံလိမ့် မဟုတ်ချေ။
အချို့ပြောကြပေသည်။ယခုခေတ်အချိန်၊အခါတွင်လည်း အစ္စလာမ်မီနိုင်ငံထူ ထောင်ပြီးပီ ဖြစ်သော်လည်းပဲ မကောင်းမှုများ မနည်းသွားချေ။သို့သော်လည်းပဲ ၎င်း တို့အနေဖြင့် အချက်တစ်ချက်ကို မေ့နေလေသည်။အကယ်၍အစ္စလာမ်မီတော်လှန် ရေး မပေါ်ပေါက်ခဲ့မည်ဆိုလျှင် အစ္စလာမ်မီအချုပ်၊အချာအာဏာရှင်အစိုးရကို မ တည်ထောင်ခဲ့မည်ဆိုလျှင် ဘာဖြစ်သွားခဲ့မည်နည်း အကယ်၍ ဒုစရိုက်များ၊မကောင်း မှုများကို ပြုလုပ်သည့် မကောင်းသည့်အစိုးရ၊ပဲဟ်လစီအစိုးရ၊ရှားအစိုးရ(အစ္စလာမ် အမည်ခံအစိုးရ)ထိုအတိုင်းရှိနေမည်ဆိုပါက အိမ်တိုင်း၊အိမ်တိုင်း(မကောင်းမှု၊ဒုစရိုက် ညစ်ညမ်းမှုများ၊စာရိတ္တပျက်ပြားမှုများကို အများအပြားနှင့် ပြည့်နှက်နေသည့်)စ လောင်းလိုင်းများနေရာယူထားပြီး ဖြစ်နေခဲ့ပေမည်။မကောင်းသည့်ဆိုဒ်များ၊အား လုံးလက်ထဲတွင်(လွတ်လပ်စွာ)ရှိနေပေမည်။မိုဘိုင်းများ၊sms များ၊ဗလူးတို့စ်များဖြင့် ပြန့်နှံ့နေသည်။မကာင်းမှု၊ဒုစရိုက်များကို ထိန်းသိမ်းနိုင်မည် မဟုတ်ချေ။ရုပ်မြင်သံ ကြားအစီအစဉ်များအားလုံးနှင့် အခြားသတင်းဌာနများတွင်လည်း မကာင်းမှုများ၊ဒုစ ရိုက်မှုများ၊ညစ်ညမ်းမှုများကို ထုတ်လွှင့်နေမည် ဖြစ်ပေသည်။
အတိုချုပ်၊အနှစ်ချုပ်ရေးသားရမည်ဆိုလျှင် မကာင်းမှုများ၊ဒုစရိုက်မှုများ၊ညစ် ညမ်းမှုများ လေးဖက်၊လေးတန်ကို လွှမ်းမိုးနေမည်ဖြစ်ပြီး ဒီး(န်)သာသနာဆိုသည့် သတင်းပင်ရှိမည် မဟုတ်ချေ။
မှတ်ချက်။။ပြည်ထောင်စုအစ္စလာမ်မီ အီရန်နိုင်ငံတွင် စလောင်းလိုင်းများတပ်ခွင့်၊ လွတ်လပ်စွာ မကောင်းသည့် ဆိုဒ်များကြည့်ရှုခွင့် စသည်တို့ကို လုပ်ခွင့်မရှိချေ။တွေ့ ရှိခဲ့လျှင် တရားဝင်အရေးယူဆောင်ရွက်မှုကို သက်ဆိုင်ရာမှ ဦးဆောင်ပြီး၊ဆောင် ရွက်နေပါသည်။ဘာသာပြန်ဆိုသူ
အထက်ဖေါ်ပြပါ ရေးသားမှုအတွက် သက်သေအထောက်အထားဖြင့် ရေး သားသီကုံးရမည်ဆိုလျှင်…အစ္စလာမ်တော်လှန်ရေး(အီရန်နိုင်ငံတွင်)မအောင်မြင် မည်အလျှင်အချိန်အခါတွင် မကာင်းမှုများ၊ဒုစရိုက်မှုများ၊ညစ်ညမ်းမှုများ အားလုံး၏ အကြောင်းခံများသည် ယေဘုယျအားဖြင့် ပြည်သူလူထု၏ လက်ဝယ်တွင် မရှိချေ။
သို့သော်လည်း မည်မျှအထိ ညစ်ညမ်းနေသည်ကို ဆိုရမည်ဆိုလျှင် နေရာ အားလုံးကို လွှမ်းမိုး၊ချုပ်ကိုင် ထားခဲ့လေသည်။လက်ရှိအခြေအနေခေတ်အရ မကောင်းမှုများ၏အကြောင်းခံများ(စလောင်း၊ဆိုဒ်စသည်)သာ(ထိုအချိန်က)ရှိခဲ့မည် ဆိုလျှင် မည်သည့်အခြေအနေသို့ ရောက်သွားခဲ့မည်နည်း?
အကယ်၍ကျွန်တော်တို့အနေဖြင့် လူမှုရေးဆိုင်ရာ၊အများနှင့်ဆိုင်သည့် တရား မျှတမှု၊ကျောသား၊ရင်သားမခွဲခြားမှုကို လက်တွေ့ကျကျ အကောင်အထည်ဖေါ်လို လျှင် အစ္စလာမ်မီအချုပ်အချာ၊အာဏာအစိုးရ မထူထောင်ပဲ မည်ကဲ့သို့ ဖြစ်နိုင်ပါလိမ့် မည်နည်း?
မက်စ်ဂျစ်ဒ်များ၊အေမာမ်ဘာရာများအတွင်း သွန်သင်၊ဆုံးမမှုများ၊ဆုံးမတရား တော်များဖြင့်သာလျှင် လူမှုရေးဆိုင်ရာ၊အများနှင့်ဆိုင်သည့် တရားမျှတမှု၊ကျောသား၊ ရင်သားမခွဲခြားမှုကို ပြဌာန်းနိုင်မည် ဖြစ်ပါသလား?
ဥပဒေကို ပြဌာန်းနိုင်ရန် စွမ်းအား၊လူထုအားမကောင်းမှု၊ဒုစရိုက်များ၊ညစ်ညမ်း မှုများမှ ထိန်းချုပ်နိုင်သည့် အကြောင်းခံများ၊တန်ဆာကိရိယာများ(ရဲစခန်း၊ရဲစသည် ဖြင့်)၊ပြစ်မှု၊ဒုစရိုက်ကျူးလွန်ထားသည့် ရာဇဝင်သားကောင်များ၊စီးပွားရေးအမြတ်ကြီး စားပြုသည့် ခေါင်းပုံဖြတ်သမားများကို အပြစ်ပေးစီရင်ခြင်းမှအပ၊အနှိပ်စက်၊အနိုင် ကျင့်၊အညှဉ်းပန်း၊သတ်ဖြတ်ခံရသူများ၏ ရပိုင်ခွင့်ကို ဇွာလေမ်များ(နှိပ်စက်၊ညှဉ်းပန်း၊ အနိုင်ကျင့်၊သတ်ဖြတ်သူများ)ထံမှ ပြန်လည်ရယူခြင်းတို့ကို ပြုလုပ်နိုင်ပါလား?
ဤအတွက်ကြောင့် သာသနာနှင့် နိုင်ငံရေးသည် သီးသန့်ဖြစ်ပါသည်။ကြွေး ကြော်ခံယူနေသူများသည်(စစ်မှန်၊မှန်ကန်သည့်)နိုင်ငံရေး၊အဓိပ္ပါယ်ဆိုလိုခြင်းကို မသိနားမလည်ခဲ့သူများ သာသနာ၏အစီအစဉ်များ၊မသိနားမလည်ခဲ့သူများ ဖြစ်ပေ သည်။
ဟုတ်ပါသည်။မှန်လှပေသည်။သာသနာတော်၏ ရည်ရွယ်ချက်များမှ တစ်ခု ဖြစ်သည့် ပုဂ္ဂလိက ကိစ္စ၊သာဓကအားဖြင့် နမာဇ်နှင့် ရိုဇာစသည့်ဖြင့်(အစ္စလာမ်)အစိုး ရမတည်ထောင်ပဲ ပြုနိုင်ပေသည်။(သို့သော်ဤလုပ်ဆောင်မှုများသည်လည်း စည်ပင် စွာအစိုးရမတည်ထောင်ပဲ စီစဉ်ဆောင်ရွက်နိုင်ရန်မဖြစ်နိုင်ချေ။)
သို့ဖြစ်ပါ၍ ကျွန်တော်တို့အနေဖြင့် အစ္စလာမ်သာသနာသည် လူမှုရေးရာဆိုင် ရာ၊ဥပဒေသများ အမြောက်အများကို ပြဌာန်းထားသည့် သာသနာဖြစ်ကြောင်းကို နားလည်ထားပါသည်။
ဤဥပဒေသများကို လက်တွေ့အကောင်အထည်ဖေါ်ဆောင်နိုင်ရန်အတွက် ဘာသာရေးဆိုင်ရာအစိုးရအား တည်ထောင်ရန် အရေးကြီးလိုအပ်ပါသည်။
ဤအတွက်ကြောင့် မဟာတမန်တော်မြတ်ကြီး(ဆွ)သည် မဒီနာရွှေမြို့တော် သို့ ဟေဂျရသ်ထွက်တော်မူသည့်အချိန်ပြီးနောက် အစ္စလာမ်ရန်သူများ၏ မကောင်းမှု အန္တရာယ်မှ အေးငြိမ်းခဲ့လေသည်။ထိုနောက် ပထမဦးစွာမိမိ၏ရည်ရွယ်ချက်များ (အစ္စလာမ်ရည်ရွယ်ချက်များ)ကို လက်တွေ့အကောင်အထည် ဖေါ်ဆောင်နိုင်ရန်အ တွက် အစ္စလာမ်မီအစိုးရ၊အချုပ်အချာ၊အာဏာကို ထူထောင်တော်မူ ခဲ့လေသည်။
အစ္စလာမ်၏အုတ်မြစ်များ
အေမာမ်မိုဟမ္မဒ်ဘာကေရ်(အ.စ)သည် ထင်ပေါ်ကျော်ကြားလှသည့် ဟဒီးစ် တော်တစ်ခုလာရှိပေသည်။မိန့်တော်မူသည်။
بُنِيَ الاْسْلامُ عَلَى خَمْسَةِ أَشْياءَ: عَلَى الصَّلاةِ وَالزَّكاةِ وَالحَجِّ وَالصَّوْمِ وَالْوِلايَةِ، قالَ زُرارَةُ: فَقُلْتُ وَأىُّ شَيء مِنْ ذلِكَ أَفْضَلُ؟ فَقالَ: أَلْوِلايَةُ أَفْضَلُ، لاِنَّها مِفْتاحُهُنَّ، وَ الْوالِي هُوَ الدَّلِيلُ عَلَيْهِنَّ
အဓိပ္ပါယ်။။အစ္စလာမ်သာသနာ၏ အခြေခံအုတ်မြစ်(၅)ခုရှိပါသည်။နမာဇ်၊ဇကားသ်၊ ဟဂျ်၊ရိုဇာနှင့် ဝေလာယသ်တို့ဖြစ်ပါသည်။ဇိုရာရဟ်အနေဖြင့် မေးမြန်းလေ၏။မည် သည့်အခြေခံအုတ်မြစ်သည် ဤအခြေခံအုတ်မြစ်များအနက် အရေးအကြီးဆုံးဖြစ်ပါ သနည်း? အေမာမ်(အ.စ)အဖြေပေးမိန့်တော်မူလေ၏။ဝေလာယသ်ဖြစ်ပေသည်။အ ကြောင်းမှာ ကျန်အရာအုတ်မြစ်များ၏(အောင်မြင်မှု)သော့ချက်ဖြစ်ပေသည်။ထို့ပြင် ဝါလီ(ခ)အုပ်ထိန်းသူ(အစ္စလာမ်မီအာဏာရှင်)သည် ဤအခြေခံအုတ်မြစ်များကို လက်တွေ့အကောင်အထည်ဖေါ်ဆောင်နိုင်ရန် သက်သေ(လမ်းညွှန်ရှင်)ဖြစ်တော်မူ ပေသည်။
ကြည့်-ကာဖီကျမ်းအတွဲ(၂)၊အခန်းအလ်အီမာန်ဝလ်ကူဖ်ရ်၊ကဏ္ဍတော် ဒိုအာအေမိုလ် အစ္စလာမ်
ဝေလာယသ်၏ဆိုလိုသည့်အဓိပ္ပါယ်မှာအဘယ်နည်း?
အချို့(အိုလမာယေရှီအာ)အနေဖြင့် ဝေလာယသ်ဆိုသည်မှာ အဟ်လေဘိုက် (အ.စ)အပေါ်အချစ်၊မေတ္တာ၊ချစ်ခင်၊နှစ်သက်၊မြတ်နိုးခြင်း၊တွယ်တာခြင်းနှင့် သဝလ် စိုလ်ပြုခြင်းကို ဆိုလိုသည်ဟုခံယူထားလေသည်။သို့သော် ဤဟဒီးစ်တော်ပါ ဝေလာ ယသ်၏ အဓိပ္ပါယ်မှာ အစိုးရ၊အချုပ်အချာအာဏာကို ထူထောင်ခြင်းဖြစ်ပေသည်။ဆို လိုသည်မှာ မွတ်စလင်တစ်ယောက် နမာဇ်၊ဇကားသ်၊ဟဂျ်၊ရိုဇာအပြင် အစ္စလာမ်မီအ စိုးရ အချုပ်အချာအာဏာကိုလည်း လက်ခံသဘောတူသူဖြစ်ရပေမည်။မဟာတမန် တော်မြတ်ကြီး(ဆွ)နှင့် အအ်အေမေ၊အေမာမ်(၁၂)ပါး(အ.စ)တို့၏ အချုပ်အချာအာ ဏာနှင့် ၎င်းတို့၏(စစ်မှန်သည့်)ကိုယ်စားလှယ်တော်များမှ အချုပ်အချာအာဏာကို လည်း လက်ခံသဘောတူသူဖြစ်ရပေမည်။ဤသဖ်စီးရ်အတွက် သက်သေ၊အ ထောက်အထား၊အကိုးအကားအဖြစ် ရီဝါယတ်တော်ကိုယ်တိုင်ဖြစ်ပေသည်။
အေမာမ်(အ.စ)အားမေးမြန်းခဲ့လေ၏။အဘယ်အတွက်ကြောင့် အခြား အခြေ ခံအုတ်မြစ် အားလုံးထက် အရေးကြီးရပါသနည်း? အဖြေပေးမိန့်တော်မူသည်။ဝေ လာယသ် အခြားအခြေခံအုတ်မြစ်များကို လက်တွေ့အကောင်အထည်ဖေါ်နိုင်ရန်အ တွက် အာမခံဖြစ်ပေသည်။
အကယ်၍အစ္စလာမ်မီ အချုပ်အချာအာဏာ၊အစိုးရမထူထောင်နိုင်ခဲ့မည်ဆို လျှင် နမာဇ်တည်ဆောက်မှု၊ခွမ်းစ်၊ဇကားသ်၊ရိုဇာနှင့် ဟဂျ်တို့ကို ကျယ်ပြန့်စွာ၊စည် ကားစွာဖြင့်လည်းကောင်း၊ဤအရာများ၏ဖလ်စဖာများတင်ပြခွင့်ရရှိလိမ့်မည် မဟုတ် ချေ။
ဤအတွက်ကြောင့် ယေလာယသ်သည် ချစ်ခင်တွယ်တာမှု၊နှစ်သက်မှု၊အချစ် မေတ္တာ၊သဝလ်စိုလ်အတွက်သာလျှင် မဟုတ်ချေ။တစ်နည်းဆိုရလျှင် နဘီတမန် တော်များ(အ.စ)(သို့)ပြစ်မဲ့မာစူမ် အေမာမ်များ(အ.စ) တို့ဘက်မှ တည်ထောင်ထား သည့် အစ္စလာမ်မီအစိုးရကို လက်ခံသဘောတူရမည် ဖြစ်ပါသည်။
ထိုအတွက်ကြောင့် တမန်တော်များ(အ.စ)၏ သမိုင်းတလျောက်လုံး တမန် တော်တိုင်း အင်အား၊စွမ်းအားရသည့်နှင့် အစိုးရကို တည်ထောင်ခဲ့ပေသည်။ဟဇရတ် ဒါဝူးဒ်(အ.စ)၊ဟဇရတ်စိုလိုင်းမန်(အ.စ)၊ဟဇရတ်မူဆာ(အ.စ)နှင့်မဟာတမန်တော် မြတ်ကြီး(ဆွ)စသည် ပုဂ္ဂိုလ်ထူး၊ပုဂ္ဂိုလ်မြတ်များသည် အစိုးရကို ထူထောင်တော်မူခဲ့ ကြပေသည်။
အကယ်၍ ဟဇရတ်အီဗရာဟီးမ်(အ.စ)နှင့်ဟဇရတ်အီဆာတို့အနေဖြင့် ဤ ကြီးမားသည့် လုပ်ဆောင်မှု(အစိုးရထူထောင်ခြင်း)အား အခွင့်အလမ်းနှင့် လိုအပ်မှု များ မဖူလုံခဲ့သည့်အတွက်ကြောင့် အစိုးရမထူထောင်ခဲ့ကြခြင်း ဖြစ်ပေသည်။
အေမာမ်ဟိုစိုင်း(န)(အ.စ)သခင်၏(စစ်မှန်သည့်)အစ္စလာမ်မီ အစိုးရအား ထူထောင်ရန် လိုလားတော်မူခဲ့ခြင်း
အေမာမ်ဟိုစိုင်း(န)(အ.စ)သည် ရှဟီးဒ်ဘွဲ့ခံယူတော်မူရန်အတွက်သာ သီး သန့် ကရ်ဗလာသို့ ကြွမြန်းလာတော် မမူခဲ့ချေ။တစ်နည်းဆိုရလျှင် ရည်ရွယ်ချက် တော်များမှ တစ်ခုဖြစ်သည့် အစ္စလာမ်မီ အစိုးရထူထောင်နိုင်ရန်အတွက်ပါ ကရ်ဗ လာသို့ကြွမြန်း လာတော်မူခဲ့ပေသည်။
နောက်ဆုံးရှဟီးဒ်ဖြစ်တော်မူမည်ကိုပင် သိတော်မူခဲ့ပေသည်။ဤအကြောင်း အရာနှင့် စပ်လျဉ်းပြီး အေမာမ်(အ.စ)၏ဩဝါဒတော်မှတစ်ခုကို လေ့လာဖတ်ရှုကြည့် ပါမည်။
اَللّهُمَّ إِنَّكَ تَعْلَمُ إِنَّهُ لَمْ يَكُنْ مَا كَانَ مِنَّا تَنافُساً فِي سُلْطان، وَلا الْتماساً مِنْ فُضُولِ الْحُطامِ، وَلكِنْ لِنُرِىَ الْمَعالِمَ مِنْ دِينِكَ، وَنُظْهِرَ الاْصْلاحَ فِي بِلادِكَ، وَيَأْمَنَ الْمَظْلُومُونَ مِنْ عِبادِكَ، وَيُعْمَلُ بِفَرَائِضِكَ وَسُنَّتِكَ وَأَحْكامِكَ
အဓိပ္ပါယ်။။အို! အလ္လာဟ်ဟိုအရှင်မြတ်သခင်... အရှင်အနေဖြင့်ကျွန်တော်မျိုး၏ တော်လှန်ရေးသည် လူထုအပေါ် အုပ်ချုပ်လို၍၊မင်းလုပ်လို၍အတွက်နှင့် လောကီ၏ စည်းစိမ်၊ဂုဏ်ဒြပ်အတွက် မဟုတ်ကြောင်းကောင်းစွာ သိတော်မူပါသည်။တစ်နည်းဆို ရလျှင် ကျွန်တော်မျိုး၏ ရည်ရွယ်ချက်သည် အစိုးရ အချုပ်၊အချာအာဏာဆိုသည်မှာ အရှင်၏သာသနာတော်တွင် ဆရာသမား(သင်ကြားပို့ချပေးသူ)နှင့် လက္ခဏာတော် များ ပြည်သူလူထုအတွက်စီမံနိုင်သည်။ထိုပြင် နိုင်ငံများ၊မြို့များတွင် ပြောင်းလဲပြုပြင် ပေးမှု ပြုနိုင်သည့် အရှင်ကျေးကျွန်များ၏ လုံခြုံမှု၊ငြိမ်ဝပ်ပိပြားရေးကိုစီစဉ်ပေးနိုင် သည့် အသင်၏ဥပဒေတော်များနှင့် စွန္နတ်တော်များ၊တာဝန်ဝတ္တရားများကို လက် တွေ့အကောင်အထည်ဖေါ်ဆောင်ပေးနိုင်သည့် အစိုးရ အချုပ်အချာအာဏာကို ဆို လို တော်မူပါသည်။
ကြည့်-ဗေဟာရွလ်အနာဝါလ် အတွဲ(၁၀၀)စာမျက်နှာ(၈၀)
အေမာမ်ဟိုစိုင်း(န)(အ.စ)သည် ကူဖာမြို့တော်သို့ မကြွမြန်းမည်အလျှင် မိမိ ၏အထူးရှယ် ကိုယ်စားလှယ်တော် ဟဇရတ်မွတ်စလင် ဗင်အကီးလ်အား ကူဖွာမြို့ တော်သို့ စေလွတ်တော်မူခဲ့ပြီး၊၎င်းအား ပြည်သူလူထုထံမှ ဗိုင်အတ်ယူရန်ဖြစ် ကြောင်း ကျွန်တော်တို့သိပေသည်။ဤဗိုင်အတ် ယူစေတော်မူသည့်(စစ်မှန်သည့်) အစိုးရထူထောင်မှုမှအပ အခြားကိစ္စ ဖြစ်နိုင်ပါသလော?
အကယ်၍ ကျွန်တော်တို့အနေဖြင့် နေ့တိုင်းအာရှုရာ၊မြေပထဝီတိုင်း ကရ်ဗ လာ ဖြစ်ကြောင်း ခံယူယုံကြည်ထားသည်ဆိုလျှင် မလွဲမသွေ အေမာမ်ဟိုစိုင်း(န) (အ.စ)၏ ညာသံတော်နှင့်အတူ ကိုယ်တော်၏ကျန်ညာသံတော်များ ရည်ရွယ်ချက် များကိုလည်း သမိုင်းတလျှောက်လုံးရှိ မြေပထဝီတိုင်းတွင် ထွန်းတောက်အောင် ဆောင်ရွက်ရပေမည်။
သစ္စာမဲ့ အီမာန်အားနည်းသည့် ကူဖာမြို့သူ၊မြို့သားအချို့သည် အေမာမ်ဟို စိုင်း(န)(အ.စ)အားမကူညီခဲ့ကြချေ။အေမာမ်ဟိုစိုင်း(န) (အ.စ)၏ မွန်မြတ်လှသည့် ရည်ရွယ်ချက်တော်(အစ္စလာမ် အစိုးရ ထူထောင်ရန်)အတွက် ထိုသစ္စာမဲ့ အီမာန် အားနည်းသည့် ကူဖာမြို့သူ၊မြို့သားများ အချို့သည် ကာယပိုင်းအရ ပိတ်ဆို့မှု ပြု လုပ်ခဲ့ကြပေသည်။
သို့သော်ယနေ့ သစ္စာရှိ ခိုင်မာသည့် အီမာန်ရှိ မွတ်စလင်များ ရှိနေပါသည်။ထို မွတ်စလင်များသည် အေမာမ်ဟိုစိုင်း(န)(အ.စ)၏ လမ်းစဉ်ပေါ်တွင် မိမိ၏ရှိသမျှအား လုံးကို စတေးရန်ရှိပေသည်။
ဤမျှဆိုလျှင် အေမာမ်ဟိုစိုင်း(န)(အ.စ)၏ ဩဝါဒတော်မှ ရည်ရွယ်ချက်တော် များနှင့် တလောကလုံးတွင်(စစ်မှန်သည့်)အစ္စလာမ်အစိုးရ ထူထောင်ရန်နှင့် လောက ကြီးကို အေမာမ်မဟ်ဒီ(အ.ဂျ)၏ အစိုးရထူထောင်နိုင်ရန် အသင့်ပြုခြင်းစကားများအ ဘယ်ကြောင့် မဆိုရပါသနည်း
သာသနာနှင့်(စစ်မှန်သည့်)နိုင်ငံရေး သီးသန့်စီအတွက် ဖြစ်နိုင်ပါသလား? အကယ်၍ သာသနာသည် အစိုးရ၊အချုပ်အချာအာဏာမပါဘဲ ထိုအစိုးရသည် ဇွာ လင်မ်အစိုးရ ဖြစ်ပေလိမ့်မည်။အစိုးရအနေဖြင့် သာသနာမရှိဘဲဆိုလျှင် ထိုသာသနာ တော်သည် အလွန်တရာ ရလာဒ်အကျိုးနည်းပေလိမ့်မည်။
ဤဆဋ္ဌမရည်ရွယ်ချက်မှပေးသည့်သင်ခန်းစာ
ရိုသေလေးစားရသည့် အေမာမ်ဟိုစိုင်း(န)(အ.စ)၏အဇာဒါရီပြုလုပ်ကြသူများ၊ အချစ်မေတ္တာထားပြီး မာတမ်(ရင်ထု)ကြပေသည်။အေမာမ်ဟိုစိုင်း(န)(အ.စ)၏ မဇ် လူးမီးသည်(နှိပ်စက်၊ညှဉ်းပန်း၊မတရားအသတ်ဖြတ်ခံရမှု…)အတွက် မျက်ရည်ကျရ ပေသည်။အေမာမ်ဟိုစိုင်း(န)(အ.စ)၏ ဝမ်းနည်းကြေကွဲမှုအတွက် မဂျလစ်တော်များ ကို မိမိတို့၏အချိန်၊ပစ္စည်း၊ဥစ္စာ၊ကိုယ်ခန္ဓာ အသက်ကိုရင်းပြီး ကာကွယ်ရပေမည်။၎င်း တို့အား ပြောကြားသင့်ပေသည်။
ကိုယ်တော်အေမာမ်ဟိုစိုင်း(န)(အ.စ)သည်(စစ်မှန်သည့်)အစ္စလာမ်မီအစိုးရ၊အချုပ်အချာအာဏာကို ထူထောင်ရန်အတွက် လိုလားခဲ့ပေသည်။အေမာမ်ဟိုစိုင်း (န)(အ.စ)၏ မြင့်မြတ်လှသည့် ရည်ရွယ်ချက်အတွက် ပိတ်ဆို့မှုအကြောင်းအရာများ ဖြစ်ပေါ်ခဲ့ပေသည်။(ထိုပိတ်ဆို့မှုများကို)ဖယ်ရှင်းခြင်းဖြင့် အေမာမ်ဟိုစိုင်း(န)(အ.စ) ၏ မြင့်မြတ်သည့်ရည်ရွယ်ချက်ကို ဆွတ်ခူးနိုင်မည် ဖြစ်ပါသည်။
(ပြည်ထောင်စု အစ္စလာမ်မစ်)အီရန်နိုင်ငံရှိ အေမာမ်ဟိုစိုင်း(န)(အ.စ)၏ နောက်လိုက်၊နောက်သားများဖြစ်သည့် ကျွန်တော်တို့ရှီအာများအနေဖြင့် ကျက်သ ရေမင်္ဂလာ၊လာဒ်လာဘနှင့် ပြည့်စုံသည့် ဝမ်းနည်းခြင်းအတွက် မဟော်ရမ်လများတွင် ကျင်းပသည့် မဂျလစ်တော်များ၊သာစူအာများ((၉)ရက်မြောက် မဟော်ရမ်)၊အာရှုရာ များ၊ကျဟ်လွန်မ်များဖြင့် အလ္လာဟ်ဟိုအရှင်မြတ်သခင်၏ မေတ္တာ၊ဂရုဏာတော်ဖြင့် အစ္စလာမ်မီ အချုပ်အချာအာဏာ၊တည်တံ့ခိုင်မြဲရေးအတွက် အခက်၊အခဲများကို ဖြေ ရှင်းနိုင်ရန်အတွက် မဖြစ်မနေ၊အသက်ဖြင့်၊နှလုံးသားဖြင့်(ကာယ၊ဉာဏန)ဖြင့် ကြိုး စားရပေမည်။
ရည်ရွယ်ချက် (၇)
အဒါလသ်(ခ)တရားမျှတမှု၊
ကျောသား၊ရင်သား
မခွဲခြားမှုကိုလက်တွေ့
အကောင်၊အထည်ဖေါ်ခြင်း။
အဒါလသ်(ခ)တရားမျှတမှု၊ကျောသား၊ရင်သားမခွဲခြားမှုကိုလက်တွေ့ အကောင်၊အထည်ဖေါ်ခြင်း
အလ္လာဟ်ဟိုအရှင်မြတ်သခင်၏ တမန်တော်မြတ်များ(အ.စ)ဖူးပွင့်ရသည့်၊ကြွ မြန်းလာရသည့် ရည်ရွယ်ချက်များမှ ယုံကြည်စိတ်ချရသည့် ရည်ရွယ်ချက်တစ်ခုမှာ မနုဿလူသား အသိုင်းအဝိုင်းတွင် အဒါလသ်ကို လက်တွေ့ကျင့်သုံးရန် ဖြစ်ပါသည်။ ဤရည်ရွယ်ချက်သည် မည်မျှအရေးကြီးသည်ဆိုလျှင် ရည်ရွယ်ချက်အစစ်၊အဓိက၊ (သို့မဟုတ်)တမန်တော်မြတ်များ(အ.စ)တို့၏ ရည်ရွယ်ချက်များမှ တစ်ခုဟုစာရင်း သွင်းနိုင်ပေသည်။
ကြည့်-ဗေဟာရွလ်အနဝါရ်အတွဲ(၂၄)၊စာမျက်နှာ(၂၉၂)။
ဟုတ်ပါသည်။မှန်ပါသည်။တမန်တော်များ(အ.စ)၊အောင်လီယာတော်များ၊ ကောင်းကင်ကျကျမ်းဂန်များအားလုံးသည်အဒါလသ်အား လက်တွေ့အကောင်အ ထည်ဖေါ်ဆောင်နိုင်ရန် ဆောင်ရွက်ခဲ့ကြပေသည်။
အလ္လာဟ်ဟိုအရှင်မြတ်သခင်သည်စူရာဟ်ဟဒီးဒ်အာယတ်တော်၂၅တွင်မိန့် တော်မူထားပါသည်။
لَقَدْ أَرْسَلْنَا رُسُلَنَا بِالْبَيِّنَاتِ وَأَنْزَلْنَا مَعَهُمْ الْكِتَابَ وَالْمِيزَانَ لِيَقُومَ النَّاسُ بِالْقِسْطِ وَأَنْزَلْنَا الْحَدِيدَ فِيهِ بَأْسٌ شَدِيدٌ وَمَنَافِعُ لِلنَّاسِ وَلِيَعْلَمَ اللهُ مَنْ يَنْصُرُهُ وَرُسُلَهُ بِالْغَيْبِ إِنَّ اللهَ قَوِىٌّ عَزِيزٌ
အဓိပ္ပါယ်။။ကျွနု်ပ်(အလ္လာဟ်ဟိုအရှင်မြတ်)အနေဖြင့် မိမိ၏တမန်တော်မြတ်များ (အ.စ)ကိုထင်ရှားပြတ်သားသည့် သက်သေအထောက်အထားများဖြင့် စေလွတ် တော်မူခဲ့ပါသည်။ထို့နောက်၎င်း(တမန်တော်များ(အ.စ))အားကောင်းကင်ကျကျမ်း ဂန်နှင့် မီးဇန်း(အမှန်နှင့်အမှားအတွက်စံမှတ်ကျောက်၊တရားမျှတသည့်ဥပဒေသများ) ကိုပို့တော်မူခဲ့ပါသည်။ထိုမှသာ လူထုအနေဖြင့် အဒါလသ်ကို လက်တွေ့အကောင်အ ထည်ဖေါ်နိုင်ရန် ဖြစ်ပေသည်။သံသတ္တုအားဖန်ဆင်းခဲ့ပါသည်။ဤ(သံသတ္တု)တွင် ပြင်းထန်သည့် အင်အား၊လူထုအတွက်၊လူသားအတွက် အကျိုးသက်ရောက်မှုလည်း ရှိပါသည်။ထိုမှသာ မည်သူတစ်ဦး၊တစ်ယောက်သည် အရှင်မြတ်ကို မမြင်ရဘဲ အလ္လာဟ်ဟိုအရှင်မြတ်သခင်နှင့်အရှင်၏ တမန်တော်မြတ်များ(အ.စ)ကို ကူညီ ကြောင်းခွဲခြားသွားရန် ဖြစ်ပေသည်။မုချဧကန် အလ္လာဟ်ဟိုအရှင်မြတ်သခင်သည် အင်အား၊စွမ်းအားရှင်နှင့်(မည်သည့်အခါမျှ)ရှုံးနှိမ့်တော်မူမည့် အရှင်မဟုတ်ချေ။
မှန်လှပေသည်။အလ္လာဟ်ဟိုအရှင်မြတ်သခင်သည် မိမိ၏တမန်တော်မြတ်များ (အ.စ)အား ကောင်းကင်ကျကျမ်းတည်းဟူသည့် လက်နက်၊ရှင်းလင်းတင်ပြမှုများနှင့် မီးဇန်ဖြင့် ပြည်သူလူထုဖက်သို့စေလွတ်တော်မူ ခဲ့ပေသည်။ထိုမှသာ ကစ်(သွ)ခေါ် မတရားမှု၊ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုအား တော်လှန်နိုင်ရန် ဖြစ်ပါသည်။လူထုအား အဒါလသ်ဖက်သို့ ဖိတ်ခေါ်ရန် ဖြစ်ပေသည်။ဤသို့ဖြင့် လူထုအနေဖြင့် အဒါလသ်မရှိ ပဲ၊ဘဝတည်ဆောက်ဖို့ မဖြစ်နိုင်ကြောင်း ယုံကြည်မှုရလာပေမည်။ဤသို့ဖြင့် နှစ်ခြိုက် စွာ၊စိတ်ဝင်စားစွာ၊အတင်းအဓမ္မ၊အတင်းအကြပ်၊မလွဲနိုင်မရှောင်နိုင် မရှိဘဲ အဒါလသ် အားလက်တွေ့ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပေသည်။
စူရာဟ်ရှိုရာဟ်အာယတ်တော်အမှတ်(၁၅)တွင် တမန်တော်မြတ်ကြီး(ဆွ)၏ နှုတ်တော်မှ စကားကို လေ့လာမှတ်သားပါမည်။
وَأُمِرْتُ لاِعْدِلَ بَيْنَكُمُ
အဓိပ္ပါယ်။။ကျွနု်ပ်သည် အသင်တို့အကြား အဒါလသ်ကို လက်တွေ့အကောင်အ ထည်ဖေါ်ဆောင်ဖို့ တာဝန်ပေးခြင်းခံရသူ ဖြစ်ပါသည်။
ကျော်ကြားသည့်ဖြစ်ရပ်မှန် တစ်ခုဖြစ်သည့် ဟိုနှိုင်းစစ်ပွဲတွင် စစ်ပွဲရဥစ္စာ၊ ပစ္စည်းများခွဲဝေမှု တစ်ခုဖြစ်ပါသည်။အီမာန်အားနည်းသည့် သာဝကတော်များမှ တစ် ပါးသည် ခွဲဝေမှုနှင့်စပ်လျဉ်းပြီး ကိုယ်တော်အားစောဒက တက်လျောက်လေ၏။
لَمْ اَرَكَ عَدَلْتَ
အဓိပ္ပါယ်။။ကျွနု်ပ်အကြားတွင် အသင်သည် အဒါလသ်တော်ဖြင့် အလုပ်မလုပ်ခဲ့ချေ။
ကိုယ်တော်(ဆွ)အနေဖြင့် အဖြေပေးမိန့်တော်မူလေ၏။
وَيْلَكَ! اِذا لَمْ يَكُنِ الْعَدْلُ عِنْدى فَعِنْدَ مَنْ يَكُونُ
အဓိပ္ပါယ်။။အသင်အတွက် ဝိုင်(ဂျဟန္နမ်၏နေရာတစ်ခုအမည်)ဖြစ်၏။ကျွန်တော်အ နေဖြင့် အဒါလသ်ဖြင့် မဆက်ဆံလျှင် မည်သူထံတွင် အဒါလသ်ဖြင့် ဆက်ဆံမှုကိုရရှိ လိမ့်မည်နည်း?
ကြည့်-ဗေဟာရွလ်အနဝါရ်ကျမ်းအတွဲ(၂၁)၊စာမျက်နှာ(၁၆၁)
ဤအတွက်ကြောင့် မုချဧကန် အဒါလသ်(တရားမျှတမှု၊ကျောသား၊ရင်သားမခွဲ ခြားမှု)သည် အလ္လာဟ်ဟိုအရှင်မြတ်သခင်၏ တမန်တော်မြတ်များ(အ.စ)တို့မှအဓိက ရည်ရွယ်ချက်များ ဖြစ်ခဲ့ပါသည်။
ဖန်ဆင်းမှုစနစ်တွင်အဒါလသ်
အဒါလသ်ဆိုသည့်အဓိပ္ပါယ်မှာ အရာရာတိုင်းကို ၎င်း၏နေရာအစစ်၊နေရာအ မှန်တွင် ထားပေးခြင်းကို ခေါ်ဆိုပါသည်။ဇိုလ်မ်ဆိုသည့်အဓိပ္ပါယ်မှာ အရာဝတ္တုများ၊ ဥပဒေသများကို ၎င်းတို့၏နေရာမှန်၊နေရာစစ်တွင် မထားဘဲဆန့်ကျင်ဘက် နေရာ တွင်ထားခြင်း၊ဖရိုဖရဲပြုခြင်းကို ခေါ်ဆိုပါသည်။
ကဗျာဆရာအဆိုအရဆိုလျှင်
عدل چه بود وضع اندر موضعش *** ظلم چه بود وضع در نام وضعش
မှတ်ချက်။။ဤကဗျာ၏ဆိုလိုချက် အဓိပ္ပါယ်မှာအထက်ဖေါ်ပြပါ အဒါလသ်(عدالت)နှင့် ဇိုလ်မ်(ظلم)အတိုင်းပဲ သဘောကိုဆောင် နေပေသည်။ဘာသာပြန်ဆိုသူ။
ဤအတွက်ကြောင့် အဒါလသ်သည် တမန်တော်မြတ်များ(အ.စ)၏ အဓိက ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားသာလျှင် မဟုတ်ဘဲကမ္ဘာအပေါ်လွမ်းမိုးရမည့် ဥပဒေလည်း ဖြစ်ပေသည်။စကြာဝဌာသည်လည်း အဒါလသ်ဆိုသည့် ဝန်ပေါ်တွင် လှည့်ပတ်နေပေသည်။ဤအတွက်ကြောင့် မဟာတမန်တော်မြတ်ကြီး(ဆွ)အနေဖြင့် တင်ပြမိန့်ဆိုတော် မူထားပါသည်။
بِالْعَدْلِ قامَتِ السَّماواتُ وَالاْرْضُ
သာဓကအားဖြင့် ကောင်းကင်ယံရှိ ဂြိုလ်များတိုင်းသည် မိမိတို့၏နေရာတွင် စ နစ်တကျလှည့်ပတ်နေကြပေသည်။ဤကဲ့သို့လှည့်ပတ်ရခြင်း၏ရလာဒ်မှာတရားမျှတ သည့် ဆွဲငင်အားကြောင့် ဖြစ်ပါသည်။နှုန်းနှင့် ပတ်ရမည့်လမ်းကြောင်းလည်း သတ် မှတ်ထားပြီး ဖြစ်ပါသည်။ထို့ပြင်ဂြိုလ်များသည် မိမိဝန်ရိုးပေါ်နှင့် အခြားဂြိုလ်များ၏ ဝန်ရိုးပေါ်တွင်လည်း လှည့်ပတ်နေပါသည်။ကြယ်၊နက္ခတာရာများလည်းပဲ ဂြိုလ်များ နှင့်အတူ မိမိတို့၏ သတ်မှတ်ထားသည့် လမ်းကြောင်းပေါ်တွင် ရှိနေပေသည်။
ဤတိကျမှန်ကန်သည့်စနစ်သည် ကမ္ဘာဖန်ဆင်းမှု၏ အဒါလသ် ဖြစ်ပေသည်။ အခြားတဖက်တွင်လည်း လူသားအနေဖြင့် အသက်ဆုံးရှုံးမှု အများဆုံးပေးရသည့် ရောဂါသုံးမျိုး ရှိပေသည်။၎င်းတို့မှာ ကင်ဆာရောဂါ၊ဦးနှောက်သွေးကြောပြတ်ရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါတို့ ဖြစ်ပါသည်။
ကင်ဆာရောဂါဆိုသည်မှာ ကိုယ်ခန္ဓာရှိဆဲလ်များ မိမိလမ်းကြောင်းမှ ဖေါက် ပြန်ခြင်း၊အချိုးကျတရားမျှတသည့် လမ်းကြောင်းမှလွဲသွားခြင်း၊ ကြောင့်ဖြစ်ပါသည်။ နောက်ဆုံးရလာဒ်မှာ မနုဿလူသားသည် သေဆုံးသွားရပေလိမ့်မည်။
ဤအတွက်ရှင်းပြရမည်ဆိုလျှင် ကိုယ်ခန္ဓာရှိဆဲလ်များသည် အမြဲတမ်းအသစ် လည်နေပေသည်။အချို့ဆဲလ်များသည် သေကြေ၊ပျက်ဆီးသွားပြီး၊အချို့ဆဲလ်များ မှာ ကျန်ရစ်ပြီး ဆလ်ပွားမှုကို ဆောင်ရွက်ပေသည်။
ဆလ်ပွားမှုသည် အထူးအစီအစဉ်နှင့် အချိုးကျတရားမျှတသည့် အထူးအခြေ အနေပုံသဏ္ဍန်အရ ဖြစ်ပေသည်။အကယ်၍ ဤ အချိုးကျတရားမျှတသည် မညီ၊ မညွတ် အစီအစဉ်မကျဖြစ်လျှင် ဆဲလ်များဖရို၊ဖရဲဖြင့်ဖေါ်က်ပြန်တော့သည်။မနာခံမှု များကို ဖြစ်စေပေသည်။
ကိုယ်ခန္ဓာ၏လိုအပ်သည်ထက် ပိုပြီးဆလ်ပွားမှုများကို ဖြစ်ပေါ်စေပါက ကင် ဆာရောဂါ ဖြစ်ပေါ်မှုကို ဖြစ်ပေါ်စေပါသည်။ပြီးနောက်မနုဿလူသားအား ကင်ဆာ ရောဂါသည် ဘဝကို ဖြစ်စေပါသည်။ဤအတွက်ကြောင့် ဆလ်ပွားမှုဖရို၊ဖရဲဖြစ်မည်။ လွဲသွားမမည်ဆိုလျှင် သာဓကအားဖြင့် စနစ်တကျအချိုးကျ တရားမျှတသည့်လမ်း ကြောင်း လမ်းလွဲသွားခြင်းဖြစ်ပေသည်။အဆုံးတွင် ကင်ဆာရာဂါဖြစ်ရပေသည်။ကင် ဆာရောဂါ၏ နောက်ဆုံး(အဖြေမှာ)မနုဿလူသား၏ သေဆုံးခြင်းအဖြစ်သို့ ရောက်
ရလေသည်။
ခန္ဓာကိုယ်မှသွေးသည် သွေးကြောမှ အပြင်သို့ထွက်လာမည်ဆိုလျှင် အလျှင် အမြန်ခဲ သွားပေမည်။သို့သော် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာရှိ သွေးကြောများတွင် အသွား အလာရှိပြီး ဗီတာမင်(K)ရှိနေသမျှ မခဲချေ။အကယ်၍ သွေးသည်အတွင်းသွေးကြော တွင် အပ်၏ထိပ်ဖျားမျှပင် ခဲသွားမည်။ပြီးနောက်ခဲသည့်သွေးစလေးသည် အဆုံးတွင် ဦးနှောက်သွေးကြော အသေးလေးမှတဆင့် ဦးနှောက်ထံရောက်မည်။ပြီးနောက်ဦး နှောက်သွေးကြောအား လမ်းကြောင်းတစ်ခုခုဖြင့် ပျက်စီးလိုက်မည်ဆိုလျှင်ဦးနှောက် သွေးကြောပြတ်သွား ပေမည်။ထိုနည်းတူစွာအဆုံးတွင် နှလုံးသွေးကြောများမှတဆင့် နှလုံးထံရောက်မည် နှလုံးသွေးကြောအား နည်းလမ်းတမျိုးမျိုးဖြင့်ပျက်စီးမည်ဆိုလျှင် နှလုံးသွေးကြောပိတ် သွားပေမည်။
ဤကဲ့သို့သော်အခြေအနေသည် သွေးများ၏အချိုးအစားနည်းလမ်းမမှန်တော့ ချိန်၊တရားမမျှမတော့ချိန် ဖရိုဖရဲဖြစ်ချိန်တွင် ဖြစ်ပေါ်လာရပေသည်။
အေမာမ်ဟိုစိုင်း(န)(အ.စ)နှင့်အဒါလသ်
အေမာမ်ဟိုစိုင်း(န)(အ.စ)သခင်သည် ကူဖာမြို့သူ၊မြို့သားများထံရေးသားခဲ့ သည့် စာတစ်စောင်တွင် မိမိ၏ရည်ရွယ်ချက်များမှတစ်ခု ဖြစ်သည့်ဇွာလေမ်များ (မတရားသတ်ဖြတ်၊နှိပ်စက်၊ညှဉ်းပန်း လူမဆန်သူများ)၏ ဇိုလ်မ်မိုစေသမ်(မတရား၊ သတ်ဖြတ်၊နှိပ်စက်၊ညှဉ်းပန်းလူမဆန်သူမှုများ)ကိုတားဆီးပိတ်ပင်ရန်နှင့် အဒါလသ် ကို လက်တွေ့အကောင်အထည်ဖေါ်ရန် ဖြစ်ကြောင်းသီကုံးထားတော်မူလေ၏။ပြီး နောက်မိန့်တော်မူသည်မှာ
امّا بَعْدُ فَقَدْ عَلِمْتُمْ أَنَّ رَسُولَ الله (صلى الله عليه وآله ) قَدْ قالَ فِي حَياتِهِ: مَنْ رَأى سُلْطاناً جائِراً مُسْتَحِلاّ لِحُرُمِ اللهِ، ناكِثاً لِعَهْدِ اللهِ، مُخالِفاً لِسُنَّةِ رَسُولِ اللهِ، يَعْمَلُ فِي عِبادِ اللهِ بِالاْثْمِ وَالْعُدْوانِ، ثُمَّ لَمْ يُغَيِّرْ بِقَوْل وَلابِفِعْل، كانَ حَقِيقاً عَلَى اللهِ أَنْ يُدْخِلَهُ مَدْخَلَهُ
အဓိပ္ပါယ်။။ထို့နောက် မုချဧကန်မလွဲ အသင်တို့၏ တမန်တော်မြတ်ကြီး(ဆွ)သည်မိမိ ၏ဘဝ အသက်ရှင်သန်နေတော်မူသည့် အချိန်မိန့်တော်မူခဲ့သည်ကို သိပေသည်။ (မိန့်တော်မူသည်မှာ)မည်သူမဆို(မတရားသတ်ဖြတ်၊နှိပ်စက်၊ညှဉ်းပန်း၊ရက်စက်မှု များ၏ အာနိသင်ကြောင့်)အလ္လာဟ်ဟိုအရှင်မြတ်သခင်သည် ဟရမ်အဖြစ်ခွင့်မပြု ထားသည့်အရာများကို ဟလာလ်ဟုသတ်မှတ်မည်။ကတိနှင့်အလ္လာဟ်ဟိုအရှင်မြတ် ၏ ပဋိညာဉ်များကို ချိုးဖေါက်မည်။ပြီးနောက် အလ္လာဟ်ဟိုအရှင်မြတ်နှင့်တမန်တော် မြတ်(ဆွ)၏ စွန္နတ်တော်နှင့် ဘဝကိုတည်ဆောက်မှုကို ဆန့်ကျင်မည်။အလ္လာဟ်ဟို အရှင်မြတ်၏ အဖန်ဆင်းခံများအကြား ဂိုနာကိုဂရုမပြုဘဲ၊ရန်အငြိုးအတေးဖြင့် ဆက် ဆံမည်ဆိုလျှင်၊ဤကဲ့သို့သော်အစိုးရမင်းအာဏာပိုင်၏အရှေ့တွင် ဆန့်ကျင်သည့်မိမိ ၏ပြောဆိုမှု၊ဆက်ဆံမှုကို မည်သူမျှမပြမည်ဆိုလျှင် အလ္လာဟ်ဟိုအရှင်မြတ်သခင် သည် ဤကဲ့သို့သော်ပုဂ္ဂိုလ်အား ဤမတရားသတ်ဖြတ်၊နှိပ်စက်၊ညှဉ်းပန်း၊ရက်စက် သည့်အာဏာရှင်နှင့်အတူ သတ်မှတ်တော်မူပေမည်။(နောက်ဆုံးလုပ်ရပ်တွင် နှစ်ဦးစ လုံးသည် တစ်ခုတည်းဖြစ်ပေမည်။
ကြည့်-ဗေဟာရွလ်အနဝါရ်ကျမ်းအတွဲ(၄၄)၊စာမျက်နှာ(၃၈၂)။
အေမာမ်ဟိုစိုင်း(န)(အ.စ)သည် ဤစာလွှာဖြင့် အပြင်ပိုင်းအရ ကူဖာမြို့သူ၊မြို့ သားများကို တိုက်ရိုက်ရေးသားထားသော်လည်း အမှန်တကယ်၊အစစ်အမှန်သည် (စစ်မှန်သည့်)လွတ်လပ်ရေးကို လိုလားသည့် ကမ္ဘာလူသားတိုင်းကို တိုက်ရိုက်မိန့်ဆို ထားခြင်း ဖြစ်ပေသည်။အလ္လာဟ်ဟိုအရှင်မြတ်သခင်၏ တမန်တော်မြတ်ကြီး(ဆွ)မှ မိန့်မှာချက်ဖြစ်သည့် မတရားသတ်ဖြတ်၊နှိပ်စက်၊ညှဉ်းပန်း၊ရက်စက်မှု၊တရားမမျှတမှု၊ ကျောသား၊ရင်သားခွဲခြားမှုတို့အား တော်လှန်ရန်အကြောင်းကို ပို့ချတော်မူခဲ့လေ သည်။ထို့ပြင် မိမိတော်လှန်ရေးတိုက်ပွဲ၏ ရည်ရွယ်ချက်ကို(အများသိ)ကြေငြာတော် မူခဲ့လေသည်။အားလုံးကိုလည်း ဤတော်လှန်ရေးတိုက်ပွဲတွင် ပါဝင်ဆင်နွဲရန်မေတ္တာ ရပ်ခံတော် မူခဲ့လေသည်။
ဗနီအိုမိုင်ယာ၏အာဏာရှိသည့်အချိန်တွင် ဇိုလ်မ်ဝါစေသမ်
တရားမမျှတသည့် ခွဲခြားမှုများ၊ထင်ရှားပြတ်သားသည့် ဇိုလ်မ်ဝါစေသမ်များ သည် တတိယခလီဖာလက်ထက်တွင် ကျယ်ပြန့်မှုကို စတင်ခဲ့လေသည်။သာဓက တစ်ခုအဖြစ် တင်ပြရလျှင် အာရပ်လူမျိုးနှင့်အာရပ်လူမျိုးမဟုတ်သူများ အကြားခွဲ ခြားမှု တစ်ခုဖြစ်ပေသည်။ထိုအချိန်အခါတွင် အာရပ်အား(အီမာန်နှင့် သက္ကဝါတရား များသည့်အတွက် မဟုတ်ဘဲ)အာရပ်မဟုတ်သူများထက်ပိုပြီး ဦးစားပေးခဲ့လေသည်။ သို့သော် ဤခွဲခြားမှု၏ အခြေခံအုတ်မြစ်သည် ဒုတိယခလီဖာလက်ထက်ကတည်းက ကျရောက်ခဲ့ခြင်း ဖြစ်ပေသည်။အမှန်တကယ် ကိုယ်တော်မြတ်(ဆွ)မိန့်တော်မူခဲ့ပေ သည်။
لا فَضْلَ لِعَرِبِىٍّ عَلى عَجَمِىٍّ وَلا لِعَجَمِىٍّ عَلى عَرَبِىٍّ وَلا لاِسْوَدَ عَلى اَحْمَرَ وَلا لاِحْمَرَ عَلى اَسْوَدَ اِلاَّ بِالتَّقْوى
အဓိပ္ပါယ်။။အာရပ်သည် အာရပ်မဟုတ်သူထက် မမြင့်မြတ်ချေ။အာရပ်မဟုတ်သူ သည် အာရပ်ထက် လူမဲသည် လူနီထက်၊လူနီသည် လူမဲထက် မမြင့်မြတ်ချေ။သို့ သော်(မြင့်မြတ်မှုကို ပေးသည့်အရာမှ)သက္ကဝါယေအေလာဟီ ဖြစ်ပေသည်။
ကြည့်-သဖ်စီးရ်နမူနာကျမ်းအတွဲ(၂၂)၊စာမျက်နှာ(၂၀၉)၊ပုံနှိပ်အသစ်။
ဇိုလ်ဝါစေသမ်သည် နေ့စဉ်နှင့်အမျှ ကြီးထွားလာခဲ့ရာ တတိယခလီဖာလက် ထက်တွင် အားကောင်းသွားခဲ့လေသည်။သူ့လက်ထက်တွင် ဇိုလ်ဝါစေသမ်သည် အထွတ်အထိပ်အထိ ရောက်ခဲ့လေသည်။ဗိုင်သွလ်မာလ်(ပြည်သူ့ဘဏ္ဍာငွေ)သည် ဗနီအိုမိုင်ယာ၏ အထူးပုဂ္ဂိုလ်များ လက်သို့ရောက်သွားလေ၏။ရာထူးများ၊နေရာများ၊ ခုံများအား အရည်အချင်းနှင့် သင့်လျော်မှုမရှိဘဲ ဗနီအိုမိုင်ယာများအကြား ခွဲဝေပြီး ဖြစ်သွားလေသည်။
ပြည်သူလူထုအနေဖြင့် ဤမတရားမှု၊နှိပ်စက်၊ညှဉ်းပန်းမှု စသည်တို့ကြောင့် အစိုးရ အာဏာပိုင်အား မကောင်းမြင်လာကြပြီး တော်လှန်မှုများ၊ဆန့်ကျင်မှုများ ပြု လုပ်ခဲ့ကြလေသည်။
အဟ်လေစွန္နတ်အနေဖြင့် ဆွဲခြင်း၊ထုတ်ဖေါ်ခြင်း ဆိုသည်မှာ(မဒီနာရွှေမြို့ တော်မှ အပြင်ဖက်သို့ထွက်ရသည့် အကြောင်းအရာများမှာ အမြင်မကောင်းမှုနှင့် တော်လှန်ရေးကြောင့်ဟု)ဆိုထားပါသည်။အကယ်၍ ဤစကားသည် မှန်ကန်သည် ဟုပင် သဘောထားပါအုန်း၊အဘယ်ကြောင့် မဒီနာရွှေမြို့တော်ရှိ ပြည်သူလူထုသည် အထူးသဖြင့် မိုဟာဂျေများနှင့် အန်ဆွာများသည် ဤအဖြစ်အပျက်များရှေ့တွင် နှုတ် ပိတ် ခဲ့ကြလေသည်။ထို့ပြင် အစိုးရ၊အာဏာရှင်ဖက်မှလည်း မကာကွယ်ခဲ့ကြချေ။
ဤအတွက်ကြောင့် ၎င်းတို့အနေဖြင့်လည်း အစိုးရ၊အာဏာပိုင်ကို မနှစ်သက် ကြောင်း သိနိုင်ပေသည်။
ဟဇရတ်အလီ(အ.စ)အနေဖြင့် ဟဇရတ်အွစ်မန်ကို ဘာဘဲဖြစ်ဖြစ် ဆက် သွယ်ပြီး ၎င်းကိုဆိုဆုံးမ ခဲ့လေသည်။၎င်းအား မိမိ၏အဆက်မပြတ်ပြုလုပ်နေသည့် အလုပ်များနှင့် စပ်လျဉ်းပြီး အန္တရာယ်ကြီးကြောင်းကို အသိပေးခဲ့လေသည်။သို့သော် လည်းပဲ ဟဇရတ်အွစ်မန်အနေဖြင့် ကိုယ်တော်အလီ(အ.စ)၏ အသိပေးဆိုဆုံးမမှု များကို ဂရုမပြုခဲ့ပေ။ပြီးနောက် မိမိ၏လမ်းအတိုင်း ဆက်လျှောက်လေ၏။ဤသို့ဖြစ် သင့်မဖြစ်သင့်စရာများ ဖြစ်ခဲ့ရလေသည်။
မိုအာဝေယာ၏လက်ထက်တွင် အခြေအနေပိုပြီးဆိုးရွားလာလေ၏။မိုအာဝေ ယာအနေဖြင့် ကိုယ်တော်မြတ်(ဆွ)၏ မှန်ကန်သည့် ဗေလာဖွဇ် ကိုယ်စားလှယ်တော် ဟဇရတ်အလီ(အ.စ)အနီးအနား တစ်ဝိုက်ရှိ ပြန့်နှံ့နေသည့် ဆွာဟာဗာတော်များ အီ မာန်အားနည်းသူများကို ဝယ်ယူဖို့ မည်မျှများပြားသည့် ငွေကြေးအဿပြာအမြောက် အများကို သုံးခဲ့ကြောင်း မည်သူတစ်ဦး၊တစ်ယောက်မျှ(အမှန်တရားလက်ခံသူမြတ်နိုး သူ)မငြင်းဆိုနိုင်ချေ။ဤအလုပ်ထက်ပိုပြီး ဇိုလ်မ်ရှိနိုင်ပါသလား? အကြောင်းမှာမွတ်စ လင်လူထုပိုင်ဘဏ္ဍာငွေ အများအပြားဖြင့် အစ္စလာမ်ကမ္ဘာ၏ဒုတိယအရေးအကြီးဆုံး၊ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်သည့် ဟဇရတ်အလီ(အ.စ)အား ဆန့်ကျင်ပြီး၊မကောင်းကြံ ကျပြီး ဟဒီးစ်အတုများ ရေးသားသီကုံးရာတွင်(တရားမဝင်)အသုံးပြု ခဲ့ကြလေသည်။ အစ္စလာမ်အတွက် အရေးအကြီးတကာ့အကြီးဆုံး ရန်သူဖြစ်သည့် ဗနီအိုမိုင်ယာ၏ အကျိုးအမြတ်အတွက် ဟဒီးစ်အတုများကို ရေးသားရာတွင်(မွတ်စလင် ဘဏ္ဍာငွေ အမြောက်အများကို တရားမဝင် သုံးစွဲခဲ့လေသည်။
ကြည့်-အာရှုရာကျမ်းစာမျက်နှာ(၁၈၀)။
အံ့ဩစရာကောင်းသည့်အချက်မှာ မိုအာဝေယာနှင့် ယဇီးဒ်(လ.န)နှင့် အခြား ဇွာလင်မ် ဗနီအိုမိုင်ယာတို့၏ ရာဇဝတ်မှုများ၊ပြစ်မှုများအမျိုးမျိုးနှင့် ပတ်သက်ပြီးတင် ပြသည့်အချိန်တွင် ညီနောင်၊စွန်နီများအနေဖြင့် ဤဝါကျကို သုံးလေ့ရှိပေသည်။ထိုဝါ ကျမှာ(၎င်းတို့သည် မိုဂျသဟစ်များ ဖြစ်ခဲ့ကြပြီး မိမိတို့၏ဖသ်ဝါနှင့်အညီ အလုပ်လုပ် ခဲ့ကြပေသည်။မိုဂျသဟစ်သည်လည်းဘဲ အမှားအယွင်းနှင့် မကင်းနိုင်ချေ။)၎င်းတို့၏ ရာဇဝတ်မှုများ၊ပြစ်မှု၊ဒုစရိုက်များအားလုံးကို အကြောင်းပြချက်များ ထုတ်ကြလေ သည်။သို့သော်အမှန်တကယ် ဤကဲ့သို့သော် ရယ်စရာအကြောင်းပြချက်များဖြင့် ကျယ်ပြန့်နက်ရှိုင်း၊ကြီးမားသည့် ရာဇဝတ်မှုများ၊ပြစ်မှု၊ဒုစရိုက်များ၊မကြုံဖူးသည့်ပြစ်မှု များကို အကြောင်းပြနိုင်ပါသလား? ကမ္ဘာအသိဉာဏ်ရှင်များအနေဖြင့် ဦးနှောက်ရှိသူ များအနေဖြင့် ဤကဲ့သို့သော် အကြောင်းပြချက်များကို လက်ခံသဘောတူနိုင်ပါသ လား?
မိုအာဝေယာဇီဝိန်ချုပ်ပြီးနောက် ယဇီးဒ်(လ.န)သည် နန်းတက်လာပြီး ဇိုလ်မ် နှင့် အဒါလသ်မဲ့မှုများသည်လည်းပဲ ပိုမိုပြီးကြီးထွား လာပေသည်။အထွတ်အထိပ်သို့ ရောက်သွားခဲ့လေသည်။
ကြည့်-အာရှုရာကျမ်းစာမျက်နှာ(၂၁၃)။
ဤအတွက်ကြောင့် အေမာမ်ဟိုစိုင်း(န)(အ.စ)သည် တိကျခိုင်လုံသည့် မဟာ တမန်တော်မြတ်ကြီး(ဆွ)၏မိန့်ခွန်းတော်အရ ဇွာလင်မ်များ၊ရာဇဝတ်သားများ၊ပြစ်မှု၊ ဒုစရိုက်များ၏ ဇိုလ်မ်ရှေ့တွင် နှုတ်ဆိတ်မနေရန် မိန့်တော်မူထားသည့်အတိုင်း တော် လှန်ရေး စစ်ပွဲ ဆင်နွဲခဲ့ပေသည်။ဤတော်လှန်ရေးကို ရှဟာဒသ်ဘွဲ့ခံယူသည့်အထိ တော်လှန်ရေးတိုက်ပွဲကို ဆက်လက်ဆင်နွဲခဲ့လေသည်။
ဤသို့တော်လှန်ရေးတိုက်ပွဲဆင်နွဲခြင်းဖြင့် တကမ္ဘာလုံး၊တလောကလုံးအနေ ဖြင့် ယဇီးဒ်(လ.န)၏ အချုပ်အချာ၊အာဏာအစိုးရသည် မဟာတမန်တော်မြတ်(ဆွ) ၏ အစိုးရမဟုတ်ကြောင်း သိသွားစေရန်အတွက် ဖြစ်ပါသည်။ကမ္ဘာထောင့်၊ထောင့်ရှိ နေရာများတွင် လူဦးရေတိုးတက်နေသည့် မွတ်စလင်ဖြစ်စများအနေဖြင့် စစ်မှန်သည့် အစ္စလာမ်ဘာသာ အစစ်အမှန်ဆိုသည်မှာ ဗနီအိုမိုင်ယာနှင့် ယဇီးဒ်(လ.န)တို့ သာသ နာပြု ကြိုးပမ်းခဲ့သည် သာသနာမဟုတ်ကြောင်း နားလည်သဘောပေါက်အောင် အေမာမ်ဟိုစိုင်း(န)(အ.စ)အနေဖြင့် ဆောင်ရွက်ပေးတော်မူ ခဲ့လေသည်။
ဤအေမာမ်ဟိုစိုင်း(န)(အ.စ)၏ လုပ်ဆောင်မှုသည် အလွန်တရာ အရေးကြီး ပြီး တန်ဖိုးလည်းရှိပေသည်။
ဤသတ္တမရည်ရွယ်ချက်မှပေးသည့်သင်ခန်းစာ
အဇါဒါရီပြုလုပ်သူများအားလုံးနှင့် အေမာမ်ဟိုစိုင်း(န)(အ.စ)သခင်အား အချစ် ထားသောသူများ၊နောက်လိုက်၊နောက်သားများအားလုံး၏ တာဝန်ဝတ္တရားမှာလူ အသိုင်းအဝိုင်း ပတ်ဝန်းကျင်တွင် တရားမျှတမှု၊ကျောသား၊ရင်သားမခွဲခြားမှု၊လက် တွေ့အကောင်အထည်ဖေါ်ဆောင်နိုင်ရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်ကြရပေ မည်။မိမိတို့ကိုယ်တိုင်လည်း အဒါလသ်နှင့်စပ်လျဉ်းပြီး ဖိတ်ခေါ် မေတ္တာရပ်ခံရပေ မည်။
မလွဲမသွေ နှစ်စဉ်၊နှစ်တိုင်း ဝမ်းနည်းကြေကွဲမှု အစီအစဉ်ကိုတိုးတက်သထက် တိုးတက်အောင်၊ကျယ်ပြန့်သထက်ကျယ်ပြန့်အောင် ဆောင်ရွက်ရပေမည်။သို့သော် လည်းပဲ ဤကြိုးပမ်းဆောင်ရွက်မှုနှင့်အတူ မလွဲမသွေ သတ်ဖြတ်မှု၊နှိပ်စက်၊ညှဉ်းပန်း မှု၊ရက်စက်မှု၊အနိုင်ကျင့်မှုနှင့် မတရားမှု ကျောသား၊ရင်သားခွဲခြားမှုကိုလည်း တွေ့ခဲ့ မြင်ခဲ့မည်ဆိုလျှင် တိုက်ထုတ်ချေမှုန်းရပေမည်။မဇလူးမ်(အနှိပ်စက်၊အညှဉ်းပန်း…ခံ ရသူများ)ကို ဖေးမကူညီပေးရမည်။
၎င်းတို့ကို ဇွာလင်မ်များ၊ရာဇဝတ်သားများ၊ပြစ်မှုကျူးလွန်သူ၊မသူတော်များ လက်မှ ကယ်တင်ရပေမည်။အကြောင်းမှာ ဤမဂျလစ်တော်များကျင်းပရခြင်း၊ဝမ်း နည်းကြေကွဲမှုများကျင်းပရခြင်းမှာ အေမာမ်ဟိုစိုင်း(န)(အ.စ)၏ ရည်ရွယ်ချက်တော် များကို တင်ပြနိုင်ရန်အတွက် နိဒါန်းဖြစ်ပေသည်။ပြီးနောက် အောင်မြင်မှုရလာမည့် ထိုနေ့ (အေမာမ်မေဇမန်(အ.ဂျ)ပွင့်တော်မူမည့်နေ့) အဖြင့် မျှော်လင့်ပြီး လက်တွေ့အ ကောင်အထည် ဖေါ်ဆောင်ရပေမည်။
ရည်ရွယ်ချက် (၈)
မိုနာဖေက်များ၏
မျက်နှာအားဖွင့်ဟ
ပြခြင်း။
မိုနာဖေက်များ၏မျက်နှာအားဖွင့်ဟပြခြင်း။
ယေဘုယျအားဖြင့် လေးစားအပ်ပါသော စာရှုပရိတ်သတ်ကြီးသည် ဓမ္မကတိ ကများ၏ဟောကြားမှု ကို နားထောင်ဖူးပေမည်။ထိုဟောကြားမှုများမှာ အေမာမ်ဟို စိုင်း(န)(အ.စ)ကရ်ဗလာ သို့ကြွမြန်းတော်မူချိန်တွင်ကူဖာမြို့မှ မဒီနာရွှေမြို့တော် သို့ပြန်နေသည့် ဖရဇ်ဒက်(သို့မဟုတ်)အခြားပုဂ္ဂိုလ်နှင့် တွေ့ဆုံချိန်တွင် ကူဖာမြို့အ ခြေအနေအား မေးမြန်းလေ၏။အဖြေပေးသည်မှာ -
قُلُوبُ النّاسِ مَعَكَ وَأَسْيافُهُمْ مَعَ بَني أمُيَّة
အဓိပ္ပာယ် ။ ။ ပြည်သူလူထု၏ နှလုံးသားသည် ကိုယ်တော်နှင့်အတူ ရှိနေပြီး ၎င်းတို့ ၏ ဓားရှည်များမှာ ဗနီအိုမိုင်ယာနှင့်အတူ ရှိနေပါသည်။
ကြည့်-ဗေဟာရွလ်အနဝါရ်ကျမ်းအတွဲ(၄၄)၊စာမျက်နှာ(၃၆၅)။
သို့သော် ဤစကားသည် သီးသန့်၊သန့်စင်၊သန့်ပြန့်၊သန့်ရှင်းသည့် ရှီအာများ နှင့်သာ ပတ်သက်နေသည် မဟုတ်ချေ။တစ်နည်းဆိုရလျှင် လိမ်လည်ပြီး အာကျယ် နေသူများ၊မိုနာဖေက်များ၊အတွင်းတစ်မျိုး၊အပြင်တစ်မျိုး ခွဲခြားသူများနှင့်လည်း ပတ် သက်နေပါသည်။
၎င်းတို့အထဲမှ ဆီးရီးယားမှ မိုနာဖေက်များမှာ အဆိုးဆုံးဖြစ်ပေသည်။၎င်းတို့မှ တဖက်တွင် တမန်တော်မြတ်ကြီး(ဆွ)၏ ခေလာဖသ်ထိုင်ခုံအမှီသဟဲ ပြုထားခဲ့လေ သည်။ပြီးနောက် မိမိကိုယ်အား ကိုယ်တော်မြတ်(ဆွ)၏ ကိုယ်စားလှယ်အဖြင့် လိမ် ပြီး ပြည်သူလူထုအား မိတ်ဆက်ပေးလေသည်။အခြားတဖက်တွင် ပြဿနာ၊ပျက်စီးမှု ရာဇဝတ်မှုများ၊ပြစ်မှု၊ဒုစရိုက်မှုများကို ကျူးလွန်ခဲ့ကြလေသည်။
لَعِبَتْ هاشمُ بالمُلك فلا *** خبرٌ جاء ولاوحىٌ نَزَلَ
အဓိပ္ပါယ်။။ဗနီဟာရှင်အနေဖြင့် အချုပ်အချာအာဏာကို ကစားစရာ လုပ်ခဲ့ပေသည်။ (အလ္လာဟ်ဟိုအရှင်မြတ် ဖက်တော်မှ)မည်သည့်သတင်းမျှ မည်သည့်ဝဟီဗျာဒိတ် တော်မျှ မကျရောက်ခဲ့ချေ။
ကြည့်-လဟူးဖ်စာမျက်နှာ(၂၆၀)။
မိုနာဖေက်များ၏ အန္တရာယ်
မိုနာဖေက်(အရေခြုံ)ကိုသိမြင်နိုင်ရန် လွယ်ကူပေသည်။တစ်ဦး၊တစ်ယောက် တည်းဖြစ်ပြီး မျက်နှာနှစ်ဖက်ရှိသူဖြစ်ပြီး အသွင်နှစ်ခုကို ဆောင်ထားသူဖြစ်ပေသည်။ ဖာရစီကဗျာဆရာပြောကြားသည်မှာ-
ظاهرى چو گور كافر پر حلل *** باطنش قهر خدا عزّوجلّ
မဟာတမန်တော်မြတ်ကြီး(ဆွ)၏ ဟဒီးစ်တော်တွင် လာရှိပါသည်။
ثَلاثٌ مَنْ كُنَّ فيهِ كانَ مُنافِقاً وَاِنْ صامَ وَصَلّى وَزَعَمَ اَنَّهُ مُسْلِمٌ: مَنْ اِذَا ائْتُمِنَ خانَ، وَمَنْ اِذا حَدَّثَ كَذِبَ، وَمَنْ اِذا وَعَدَ اَخْلَفَ
အဓိပ္ပါယ်။။အကြင်မည်သူမဆို လက္ခဏာ(၃)ခုရှိမည်ဆိုလျှင် မိုနာဖေက်ဖြစ်ပေ သည်။နမာဇ်ဖတ်သည့် သူပင်ဖြစ်ပါစေ ရိုဇာထားသူပင်ဖြစ်ပါစေ။မိမိကိုယ်ကို မွတ်စ လင်ဟုပင် ဆိုပါစေ။အကယ်၍ တစ်ဦး၊တစ်ယောက်သည် အမာတ်တစ်ခုကို အပ် ထားမည်ဆိုလျှင် ထိုအမာနတ်အား အလွဲသုံးစားပြုသည်။အကယ်၍ စကားပြောမည် ဆိုလျှင် မုသားပြောဆိုပေသည်။အကယ်၍ ကတိတစ်ခုပေးမည်ဆိုလျှင် ထိုကတိအ ပေါ် သစ္စာမရှိမည်။(မတည်မည်။)
ကြည့်-မီးဇန်နိုလ်ဟေက်မာ၊အခန်း(၃၉၃၁)၊ဟဒီးစ်တော်အမှတ်(၂၀၅၇၇)
ဤအတွက်ကြောင့် အကြင်မည်သူမဆို အရောင်နှစ်မျိုး၊အတွင်းတစ်မျိုး၊အပြင် တစ်မျိုး ရှိမည်ဆိုလျှင် အပြောနှင့်အလုပ် မညီမည်ဆိုလျှင်မိုနာဖေက်ဖြစ်ပသည်။ နေဖက်(ခ)အရေခြုံမှု၊အယောင်ဆောင်မှုဇစ်မြစ်သည် ရန်သူများအနေဖြင့် ရှုံးနှိမ့်ချိန်မှ စတင်လေသည်။ထင်ရှားပြတ်သားစွာရှေ့ထွက်လာဖို့ သတ္တိမရှိချေ။သူသည်အတွင်း၊ အတွင်းမှာသာလျှင် မိမိ၏တိုက်ခိုက်မှုများကို ပြုနိုင်ရန် အခွင့်အရေးကောင်းကို စောင့်မျှော်နေသူ ဖြစ်ပေသည်။ဗနီအိုမိုင်ယာသည် ထင်ရှားပေါ်လွင်နေဆုံး မိုနာ ဖေက်များအုပ်စုများမှ ဖြစ်ချေသည်။
မိုနာဖေက်များသည် အန္တရာယ်များအားလုံးထက် အများဆုံးဖြစ်ပေသည်။အ ကြောင်းမှာ သိပြီးသော ရန်သူများသည် မျက်နှာချင်းဆိုင် တိုက်ခိုက်လေသည်။၎င်း တို့နှင့်ရင်ဆိုင်ရန် မိုမေနီများ၏ တာဝန်ဝတ္တရားထင်ရှားပေါ်လွင် သွားပေသည်။သို့ သော် မိုနာဖေက်တို့သည် အကြင်အနာ၊အယုအယကင်းမဲ့စွာ ကျောကို ဓားနှင့်ထိုး လေသည်။(အကွယ်မှ တိုက်ခိုက် လေသည်။)
ဗနီအိုမိုင်ယာသည် ခေလာဖသ် အစ္စလာမ်မီ၏ အဝတ်ကို ဝတ်ဆင်ပြီး ရိုသေ၊ လေးစားရမည့် အစ္စလာမ်အထွတ်အမြတ်အရာများကို ခြေဖြင့် နင်းခဲ့ကြလေသည်။ တစ်ခုပြီးနောက်တစ်ခုကို ဖျက်စီးခဲ့ကြလေသည်။အကယ်၍ အေမာမ်ဟိုစိုင်း(န) (အ.စ)၏တော်လှန်ရေး စစ်ပွဲနှင့်ကိုယ်တော်၏ ရှဟာဒသ်၊သား၊သမီးများ၊သာဝက များ ရှဟာဒသ် မရှိခဲ့မည်ဆိုလျှင် ၎င်း(မိုနာဖေက်များ)မျက်နှာကို ဖွင့်ဟပြီးသား ဖြစ် မည်မဟုတ်ချေ။ယေဘုယအားဖြင့် အစ္စလာမ် ဘာသာတွင် တစ်ခုမျှကျန်တော့မည် မဟုတ်ချေ။
ထိုနည်းတူစွာ ကူဖာမြို့သူ၊မြို့သားများ လေလုံးကြီးသူများသည် အေမာမ်ဟ စန်(အ.စ)၏ငြိမ်းချမ်းရေးစာချုပ်ကို အားလုံးမှ စောဒကတက်ခဲ့ကြပေသည်။အေမာမ် ဟိုစိုင်း(န)(အ.စ)ထံတော်မှ တော်လှန်ရေးတိုက်ပွဲအတွက် မေတ္တာရပ်ခံခဲ့ကြပေ သည်။ဤသူများအားလုံးသည် ဂုဏ်သိက္ခာငယ်သွား၊ညိုးသွားရန် လိုအပ်ပေသည်။ ဘယ်သို့ဆိုစေ အေမာမ်ဟိုစိုင်း(န)(အ.စ)၏ ရည်ရွယ်ချက်မျာမှ တစ်ခုမှာ ဤတော် လှန်ရေး စစ်ပွဲဖြစ်ပါသည်။
ဤအဋ္ဌမရည်ရွယ်ချက်မှပေးသည့် သင်ခန်းစာ
ယနေ့မျက်မှောက်ခေတ်ကာလတွင် မိုနာဖေက်များ မျက်နှာနှစ်ခုနှင့်သူများ အ ပြောတွင် တစ်မျိုး၊အလုပ်တွင်တစ်မျိုး လုပ်သူများ အရေအတွက်မနည်းချေ။အေမာမ် ဟိုစိုင်း(န)(အ.စ)အား အချစ်ထားသူတိုင်း မလွဲမသွေ မိုနာဖေက်များနှင့် ဝေးဝေးနေ ရပေမည်။မိုနာဖေက်များ၏ နေဖာက်(အရေခြုံမှု၊ဟန်ဆောင်မှု)တွင် မမိစေရန် သတိ တရားနှင့် နေရပေမည်။ကျွန်တော်တို့အနေဖြင့် အေမာမ်ဟိုစိုင်း(န)(အ.စ)၏ မဆာ အေဗ်အပေါ် မျက်ရည်ကျသူများ၊ငိုကြွေးသူများ ဖြစ်ကြပြီး၊သို့သော်အလုပ်နှင့် လက် တွေ့တွင် ကိုယ်တော်(အ.စ)နှင့် ကွာနေသည့် အဖြစ်မျိုးမဖြစ်စေရန် ဆောင်ရွက်ရပေ မည်။
ရည်ရွယ်ချက် (၉)
မွတ်စလင်များအတွက်
ကြီးမားသည့်
စမ်းသပ်မှု။
မွတ်စလင်များအတွက်ကြီးမားသည့်စမ်းသပ်မှု
ကမ္ဘာလွတ်လပ်ရေးသမားများ၏ ခေါင်းဆောင် အေမာမ်ဟိုစိုင်း(န)(အ.စ)၏ တော်လှန်ရေးစစ်ပွဲသည် ထိုအချိန်အခါက မွတ်စလင်များအတွက် စမ်းသပ်မှုတစ်ခု ဖြစ်ပေသည်။
ကြွေးကြော်မှုများအပြီး အနှစ်သာရ(အလုပ်နှင့်လက်တွေ့)နည်းသည် အချို့ရှီ အာများအနေဖြင့် မိမိကိုယ်မိမိ အေမာမ်ဟိုစိုင်း(န)(အ.စ)အတွက် စတေးမည်သူဟု ခံယူထားသူများသည် မလွဲမသွေ မိမိကိုယ်တိုင် စမ်းသပ်မှုယူရပေမည်။မဟာတမန် တော်မြတ်ကြီး(ဆွ)၏ကျန်ရစ်နေသည့် ဆွာဟာဗာတော်များ၊သာဝကတော်များသည် မည်သို့ဆိုစေ အေမာမ်ဟစန်(အ.စ)နှင့် အေမာမ်ဟိုစိုင်း(န)(အ.စ)တို့၏ ဝိသေသန လက္ခဏာများ ကိုယ်တော်မြတ်(ဆွ)မှ ကြားခဲ့ကြပေသည်။မည်သူမဆို ဗဒဲရရ်စစ်ပွဲ၊ အိုဟွဒ်စစ်ပွဲများတွင် ကိုယ်တော်မြတ်(ဆွ)နှင့်အတူ ပါဝင်ဆင်နွဲဖို့ ရှဟာဒသ်ဘွဲ့ခံယူဖို့ ဆန္ဒအာသီသထားသူများအနေဖြင့် ဝမ်းနည်းကြေကွဲမှု၊ကို ခံစားရလေသည်။
အို! ဝမ်းနည်းလေစွာ..!အမီရွလ်မိုမေနီးအလီ(အ.စ)နှင့်အတူ(နာကေစီး)(ကာ စေသီး(န))(မာရေကီး(န))စစ်ပွဲများတွင် စစ်ဆင်နွဲခဲ့ရလျှင် ကောင်းလေစွ…အားလုံး သောအလုံးစုံသော စာမေးပွဲ၊စမ်းသပ်မှုများတွင် ဖိတ်ခေါ်ခံခဲ့ရလျှင် ကောင်းလေစွ…
ပြီးနောက် အေမာမ်ဟိုစိုင်း(န)(အ.စ)၏ တော်လှန်ရေးစစ်ပွဲသည်(မွတ်စလင် များ)အားလုံးအတွက် စမ်းသပ်မှုကြီးတစ်ခုဖြစ်ပါသည်။သို့သော် ဤကြီးမား၊ကြီး ကျယ်သည့် စမ်းသပ်မှုကြီးတွင် သန့်စင်၊သန့်ပြန့်သည့် နောက်လိုက်ကောင်း(အစစ် များဖြစ်သည့်)အုပ်စုငယ်လေးသာ သီးသန့်ဝင်ရောက်ပြီး၊အောင်မြင်ခဲ့ကြလေသည်။ ရွှေ၊ငွေ၊ဥစ္စာ၊ပစ္စည်း စုဆောင်းသည့်အုပ်စု ဤကြီးမားသည့် စမ်းသပ်မှုတွင် ဝင် ရောက်ဖြေဆိုခဲ့ကြရာ မအောင်မြင်ခဲ့ကြချေ။
ဖာရစီကဗျာဆရာရေးသားသီကုံးထားပါသည်။
خوش بود گر محك تجربه آيد به ميان *** تا سيه روى شود هر كه درو غشّ باشد
အေမာမ်ဟိုစိုင်း(န)(အ.စ)သခင်အား ကရ်ဗလာသို့ မကြွမြန်းရန် တစ်ဦး၊တစ် ယောက်မှ တားမြစ်လျှောက်ထားရာ အေမာမ်(အ.စ)မှ အဖြေပေးမိန့်တော်မူလေ၏။
إذا أقَمْتُ في مَكاني فَبِما يُمْتَحَنُ هذَا الْخَلْقُ الْمَتْعُوسُ؟ وَبِماذا يُخْتَبَرُونَ؟
အဓိပ္ပါယ်။။အကယ်၍မိမိနေရာတွင် ထိုင်နေမည်ဆိုလျှင် ဤအဖန်ဆင်းခံများ ၎င်းတို့ ၏နဖူးစာ ပြန်လှည့်လာကြသူများ၏ စမ်းသပ်မှုသည် မည်သည့်အရာဖြစ်မည်နည်း? မည်သည့်နည်းဖြင့် ၎င်းတို့ကိုစမ်းသပ်ရမည်နည်း?
ကြည့်-လဖဟူဖ်စာမျက်နှာ(၆၇)၊ဗေဟာရွလ်အနဝါရ်ကျမ်းအတွဲ(၄၄)၊စာမျက်နှာ(၃၃၁)
ဤအပြင် ဟန်ရှိပြီး၊အဆံမရှိသူများ၊မိမိကိုယ်အထင်ကြီးနေသူများ အမြောက် အများ ရှိနေခဲ့ပေသည်။တစ်ခါတစ်ရံ မိမိတို့အား အလ္လာဟ်ဟိုအရှင်မြတ်ထံမှ ရစရာရှိ သည့် အကြွေးရှင်များဟု ထင်နေကြပေသည်။မလွဲမသွေ ၎င်းတို့အကြား ခွဲထုတ်ပြဖို့ မှတ်ကျောက် လာသင့်ပေသည်။အေသ်မမ်မေဟွဂျ်သ်(တာဝန်ကျေပြခြင်း)မလွဲမသွေ ရှိရပေမည်။ထိုမှသာ(၎င်းတို့)မိမိတို့၏ နေရာမှန်တွင် ထိုင်နေကြပေမည်။
တစ်ခါတစ်ရံ မတ်စလဟသ်(အလ္လာဟ်ဟိုအရှင်မြတ်သာလျှင် အကျိုးအ ကြောင်း ဘာကြောင့်ဆိုတာ သိတော်မူခြင်း)အရ လျှို့ဝှက်ချက်ကို ထင်ရှားအောင် ပြုရလေသည်။ထိုမှသာ ဤအသိုင်း၊အဝိုင်းအတွင်း ဘာဖြစ်နေသည် ဆိုကြောင်းကို သိသွားစေရန် အလို့ငှာ ဖြစ်ပေသည်။
ကျမ်းတော်မြတ်ကုရ်အာန်တွင် မိန့်တော်မူထားလေသည်။
أَمْ حَسِبْتُمْ أَنْ تُتْرَكُوا وَلَمَّا يَعْلَمْ اللهُ الَّذِينَ جَاهَدُوا مِنْكُمْ وَلَمْ يَتَّخِذُوا مِنْ دُونِ اللهِ وَلاَ رَسُولِهِ وَلاَ الْمُؤْمِنِينَ وَلِيجَةً وَاللهُ خَبِيرٌ بِمَا تَعْمَلُونَ
ကြည့်-စူရာဟ်သောင်ဗာအာယတ်တော်အမှတ်(၁၆)။
အဓိပ္ပါယ်။။အသင်တို့သည် စမ်းသပ်စစ်ဆေးမှု မခံရဘဲ ဤအတိုင်းအလွတ်ပေးခြင်းခံ ရမည်ဟု ထင်နေပါသနည်း? အမှန်တကယ် အလ္လာဟ်ဟိုအရှင်မြတ်သခင်သည် ယခု အတိုင်း အသင်တို့အနက်မှ မည်သူများသည်ဂျေဟာဒ် ပြုသူများဖြစ်ပြီး၊၎င်းတို့သည် အလ္လာဟ်ဟိုအရှင်မြတ် ထိုအရှင်မြတ်၏ရစူလ်(ဆွ)နှင့်မိုမေနီများကိုလွတ်ပြီးမည်သူ ကိုမျှ မိတ်ဆွေ၊အချစ်မေတ္တာမထားသူများကိုပင်မကြည့်တော်မူသေးချေ။ အလ္လာဟ် ဟိုအရှင်မြတ်သခင်သည် အသင်တို့၏ လုပ်ရပ်များနှင့် ပတ်သက်ပြီး၊ကောင်းစွာ(အ လုံးစုံ) ကိုသိမြင်တော်မူသော်အရှင်မြတ် ဖြစ်ပေသည်။
မှန်လှပေသည်။အေမာမ်ဟိုစိုင်း(န)(အ.စ)သခင်၏ တော်လှန်ရေးစစ်ပွဲသည်
ကိုယ်တော်၏ နောင်တော်အေမာမ်ဟစန်(အ.စ)အနေဖြင့် ဘာအတွက်ကြောင့် မို အာဝေယာနှင့် ငြိမ်းချမ်းရေးလုပ်ခဲ့ရပါသနည်း? ကျွန်ုပ်တို့အနေဖြင့် နောက်ဆုံးထွက် သက်အထိ၊နောက်ဆုံးသွေးစက်အထိ အလ္လာဟ်ဟိုအရှင်မြတ်၏ လမ်းတော်တွင် တိုက်ပွဲ၊ဆင်နွဲဖို့ အသင့်ရှိနေပါသည်ဟု စောဒကတက်ခဲ့ကြသူများအတွက် အဖြေဖြစ် ပေသည်။
သို့သော် ကရ်ဗလာအဖြစ်အပျက်နှင့် ကြုံတွေ့လာရချိန်တွင် အေမာမ်ဟိုစိုင်း (န)(အ.စ)သည် ဤဖိတ်ခေါ်သံကို ပေးတော်မူခဲ့ပေသည်။
مَنْ كانَ فِينا باذِلا مُهْجَتَهُ، مُوَطِّناً نَفْسَهُ عَلى لِقاءِ اللهِ فَلْيَرْحَلْ مَعَنا
အဓိပ္ပါယ်။။အကြင်မည်သူမဆို မိမိ၏သွေးအား ကျွန်ုပ်၏လမ်းစဉ်တွင် စတေးဖို့အ သင့်ရှိမည်၊အလ္လာဟ်ဟိုအရှင်မြတ်သခင်နှင့်တွေ့ဖို့(ရှဟီးဒ်အဖြစ်ခံဖို့)အသင့်ရှိမည်ဆို လျှင် ကျွန်ုပ်နှင့်အတူ(အီရတ်နှင့်ကရ်ဗလာဖက်သို့)ထွက်ရပေမည်။
ကြည့်-ဗေဟာရွလ်အနဝါရ်ကျမ်းအတွဲ(၄၄)၊စာမျက်နှာ(၃၆၇)။
ထိုအချိန် ဤပုဂ္ဂိုလ်များသည် လက်ပေါ်၊လက်ထပ်ပြီး၊ဝမ်းနည်းကြေကွဲဖွယ် ကောင်းသည့် ကရ်ဗလာအဖြစ်အပျက်အား ထိုင်ပြီး(ပွဲအဖြစ်)ကြည့်နေခဲ့ကြပေသည်။
ပျော့နည်း၊အားနည်း၊ပျင်းရိသူကူဖာမြို့သူ၊မြို့သားများအချို့သည် ပြင်းထန် စိတ်တက်ကြွပြီး၊အားမာန်အပြည့်ပါသည့် စာများအမြောက်အများ ရေးသားပို့သခဲ့ကြ ပါသည်။ကူဖာမြို့သို့ အေမာမ်ဟိုစိုင်း(န)(အ.စ)အနေဖြင့် ကြွမြန်းလာပြီး အစ္စလာမ်မီ အချုပ်အချာအာဏာကို ထူထောင်ရန်ဖိတ်ခေါ် မေတ္တာရပ်ခံကြလေသည်။ကျော် ကြားသည့်ရီဝါယတ်တော်အရ ဤစာများသည်(၁၂၀၀၀)အထိရောက်သွားလေ သည်။
ကြည့်-ကစ်စာယေကရ်ဗလာကျမ်းစာမျက်နှာ(၉၀၊၉၁)။
အကယ်၍ အေမာမ်ဟိုစိုင်း(န)(အ.စ)အနေဖြင့် ကရ်ဗလာဖက်သို့မကြွမြန်းခဲ့ မည်ဆိုလျှင် ယေဘုယျအားဖြင့် ၎င်းတို့သည်လည်းပဲ အေမာမ်ဟစန်(အ.စ)သခင် အား ၎င်း၏သာဝကတော်များ စောဒကများ တက်ခဲ့ကြသလို အေမာမ်ဟိုစိုင်း(န) (အ.စ)အားလည်းပဲ စောဒကများတက်ခဲ့ကြပေလိမ့်မည်။
သို့သော် အေမာမ်ဟိုစိုင်း(န)(အ.စ)၏တော်လှန်ရေးစစ်ပွဲသည် အားလုံးသော စောဒကတက်ချက်များကို အဆုံးသတ်စေခဲ့ပြီး အားလုံးအတူတူ မိမိတို့၏ စမ်းသပ်မှု၊ အစစ်ဆေးခံရမှုတွင် ရှိခဲ့ကြပေသည်။
နဝမရည်ရွယ်ချက်မှပေးသည့် သင်ခန်းစာ
ဤအေမာမ်ဟိုစိုင်း(န)(အ.စ)၏ပြောဆိုမှုများသည် အေမာမ်ကိုအချစ်မေတ္တာ ထားသူများ၊သန့်စင်၊သန့်ရှင်းစွာ၊ကိုယ်တော်(အ.စ)ဖက်ပါသူူများ နောက်လိုက်၊ နောက်ပါများအားလုံးအား မိမိတို့သည် အေမာမ်(အ.စ)၏(ရှီအာဖြစ်သည်၊မိုဟစ်ဗေ အဟ်လေဘိုက်(အ.စ)ဖြစ်သည်)ဆိုသည့် ကြွေးကြော်သံများကို သက်သေပြနိုင်ဖို့လို ကြောင်း ဂရုပြု၊သတိပြုဖို့အရေးကြီးသည် ဆိုသည့် သင်ခန်းစာကို ပေးနေပါသည်။
အေမာမ်ဟိုစိုင်း(န)(အ.စ)၏ဇေယာရတ်နာမေတွင် ရေးသားထားသည်မှာ-
يا لَيْتَنا كُنّا مَعَكَ فَنَفُوزُ فَوزاً عَظيماً
ဆိုသည့်ဝါကျအားဖတ်ရွတ်ကြပေသည်။
(နေ့တိုင်းသည်အာရှုရာ၊မြေပထဝီတိုင်းသည် ကရ်ဗလာ)ဆိုသည့်အဆိုကို ဂရုပြုခြင်း အားဖြင့် ကျွန်တော်တို့ခေတ်ကာလ၏ ကရ်ဗလာများတွင်လည်း ပါဝင်ဆင်နွဲရပေ မည်။ထို့ပြင် အာရှုရာကဲ့သို့သော် တော်လှန်ရေးများတွင် စစ်မှန်စွာ၊မှန်ကန်စွာ၊ရပ် တည် ပါဝင်ကြရမည်။သစ္စာရှိကြရပေမည်။
မည်သို့ဆိုစေ ဤစမ်းသပ်မှု၊စစ်ဆေးမှုသည် ဆက်လက်တည်ရှိနေမည် ဖြစ်ပါ သည်။ဤစမ်းသပ်မှု၊စစ်ဆေးမှုမှ မည်သူမှ ရှောင်လို့ရမည်မဟုတ်ချေ။
ရယ်ရွယ်ချက် (၁၀)
ကြီးမားသည့်
ရှဖာအတ်၏
နေရာ
ကြီးမားသည့်ရှဖာအတ်၏နေရာ
ကျွန်တော်တို့အနေဖြင့် အေမာမ်ဟိုစိုင်း(န)(အ.စ)၏ဇေယာရတ်နာမေများ တွင် အလ္လာဟ်ဟိုအရှင်မြတ်သခင်ထံ အေမာမ်ဟိုစိုင်း(န)(အ.စ)ထံဝဇီလာပြုပြီး ရှဖာအတ်(အသနားခံပေးမှု)အားတောင်းဆို ထားကြပါသည်။ဇေယာရတ်အာရှုရာ၏ နောက်ဆုံး စဂျ်သာပြုရချိန်တွင် အလ္လာဟ်ဟိုအရှင်မြတ်သခင်အား ချီးမွမ်းထောပနာ မှုပြုပြီး ကိုယ်တော်(အ.စ)၏ဆင်းရဲ၊ဒုက္ခများအပေါ် သည်းခံနိုင်မှုအတွက် ကျေးဇူး တင်ကြောင်း ပြောကြပါသည်။
ပြီးနောက် ကျွန်တော်တို့အနေဖြင့် ဖတ်ရွတ်ကြပါသည်။
أَللّهُمَّ ارْزُقْني شَفاعَةَ الْحُسَيْنِ يَومَ الْوُرُودِ
အဓိပ္ပါယ်။။အို အလ္လာဟ်ဟိုအရှင်မြတ် ကေယာမသ်၊ကမ္ဘာတရားစီရင်မည့်နေ့တွင် အေမာမ်ဟိုစိုင်း(န)(အ.စ)၏ရှဖာအတ်(အသနားခံပေးမှု)ကို ပေးသနားတော်မူပါ။
ပြီးနောက်ဆက်ဖတ်ကြပါသည်။
وثَبِّتْ لِي قَدَمَ صِدْق عِنْدَكَ مَعَ الْحُسَيْنِ وَأَصْحابِ الْحُسَيْنِ الَّذينَ بَذَلُوا مُهَجَهُمْ دُونَ الْحُسَيْنِ
အဓိပ္ပါယ်။။ အို အလ္လာဟ်ဟိုအရှင်မြတ်သခင် ကျွန်တော်မျိုးတို့အား အေမာမ်ဟိုစိုင်း (န)(အ.စ)နှင့် ကိုယ်တော်၏သာဝကတော်များနှင့်အတူ ရပ်တည်နိုင်စွမ်းပေးသနား တော်မူပါ။ထိုသူများ(အေမာမ်(အ.စ)၏သာဝကတော်များ)သည် အရှင်၏ဟိုစိုင်း(န) (အ.စ)၏ ရှေ့တော်မှောက်တွင် မိမိတို့၏ အသက်များကို စတေးခဲ့ကြပေသည်။
အေမာမ်ဟိုစိုင်း(န)(အ.စ)၏ဂွန်ဗတ်တော်အောက်တွင် ဒိုအာကဗူလ်ဖြစ်ခြင်း၊ ခါကေရှဖာ(ကရ်ဗလာမြေတုံး၊မြေခဲ)မှပျောက်ကင်းမှု၊ရရှိမှု၊စသည့်အကျိုးအာနိသင် ကောင်းများသည် ကြီးမားသည့် ရှဖာအတ်တော်မှဖြစ်ပေသည်။
ဤအကြောင်းနှင့် ပတ်သက်ပြီး ရီဝါယတ်တော်များ လာရှိပေသည်။ အေမာမ် ဟိုစိုင်း(န)(အ.စ)သည် နောက်ဆုံးမိမိ၏ဘိုးတော် ရစူလ်လေခိုဒါ(ဆွ)၏ရောင်ဇာ တော်အား နောက်ဆုံးဇေယာရတ်ပြုပြီး အိပ်ပျော်သွားတော်မူလေသည်။အိမ်မက် တော်အတွင်း မိမိ၏ဘိုးတော်သည် ဤဩဝါဒတော်အား ကြားတော်မူခဲ့လေသည်။
اِنَّ لَكَ فِى الْجَنَّةِ دَرَجاتٌ لاتَنالُها اِلاّ بِالشَّهادَةِ
အဓိပ္ပါယ်။။မုချဧကန် ဂျန္နတ်၊သုခဘုံတွင် အသင်၏နေရာသည်အလ္လာဟ်ဟိုအရှင် မြတ်သခင်အနီးတွင် သတ်မှတ်ပြီးသား ဖြစ်ပေသည်။ထိုနေရာအား ရှဟာဒတ်(ရှ ဟီးဒ်အလုပ်ခံရမှု)မှအပ မရောက်နိုင်ချေ။မဆွတ်ခူးနိုင်ချေ။
ကြည့်-ဘေဟာရွလ်အနဝါရ်အတွဲ(၄၄)၊စာမျက်နှာ(၃၁၃၊၃၂၈)
စိတ်ချယုံကြည်စွာပြောနိုင်သည့်အချက်မှာ ဤနေရာ၏လုပ်ဆောင်မှုတစ်ခုမှာ ဤရှဖာအတ်(အသနားခံမှု)ဖြစ်ပေသည်။
သို့သော် ရှဖာအတ်(အသနားခံမှု)ဆိုသည့် အဓိပ္ပါယ်မှာ ကျွန်တော်အနေဖြင့် မိမိကြိုက်သည့် ဂိုနာအတိုင်းအား ကျူးကျော်မည်၊ဝါဂျစ်ဗ်အလုပ်တိုင်းကို မလုပ်ပဲနေ မည်၊ပြီးနောက် မျှော်လင့်ချက်ဖြင့် အေမာမ်ဟိုစိုင်း(န)(အ.စ)သခင်ထံ မေတ္တာရပ်ခံ မည်။ကိုယ်တော်အားမိမိ၏ ရှဖီးအ်(အသနားခံပေးသူ)အဖြစ် အလ္လာဟ်ဟိုအရှင်မြတ် ထံတော်ဝယ် တောင်းခံခြင်းကိုဆိုလိုပါသလား?
မုချဧကန် ဤကဲ့သို့ မဟုတ်ချေ။မာစူမီး(အ.စ)၊အောင်လီယာအေလာဟီ(အ. စ)၊နဘီများ(အ.စ)၏ ရှဖာအတ်သည် ဂိုနာများပြုလုပ်ဖို့ မီးစွမ်းပြခြင်းကို မဆိုလိုချေ။ တစ်နည်းဆိုရလျှင် ဆန့်ကျင်ဖက်ဖြစ်ပြီး ဂိုနာများကို ထိန်းသိမ်းပေးသည့် အရာတစ်ခု ဖြစ်ပါသည်။
အကြောင်းသည်ကား-ကျွန်တော်အနေဖြင့် ရှဖာအတ်ကို တောင်းခံလိုချိန်တွင် အကယ်၍ တိမ်းစောင်းသွားမှု၊လွဲချော်သွားမှု ဖြစ်ခဲ့မည်ဆိုလျှင် မလွဲမသွေ နောက် ထပ်၊ထပ်ပြီး ဂိုနာများ မကျူးလွန်မိစေရန် သတိတရားထားရပေမည်။ထိုမှသာ အလ္လာဟ်ဟိုအရှင်မြတ်၏အချစ်တော်များ(နဘီ(ဆွ)၊ရစူလ်များ(အ.စ)၊အဟ်လေ့ ဘိုက်(အ.စ)နှင့် ကျွန်တော်၏ အဆက်အသွယ် မပြတ်သွားမည်ဖြစ်ပေသည်။ဤ နည်းဖြင့် အလ္လာဟ်ဟိုအရှင်မြတ်၏အချစ်တော်များကို အလွန်တရာခွင့်လွတ်တော်မူ သော၊အလွန်တရာအသနားကြင်နာတော်မူသော အလ္လာဟ်ဟိုအရှင်မြတ်သခင်၏ထံ ဝယ် ရှဖီးအ်(အသနားခံပေးသူ)များအဖြစ် တောင်းဆိုနိုင် လိမ့်မည် ဖြစ်ပါသည်။
ဤဒသမရည်ရွယ်ချက်မှပေးသည့် သင်ခန်းစာ
ကျွန်တော်တို့အနေဖြင့် မဂျလစ်များတွင် တက်ရောက်ယူမည့် အချိန်တွင် ဓမ္မကထိကများထံမှ အေမာမ်ဟိုစိုင်း(န)(အ.စ)သခင်၏ အခြေအနေများကို ကြားနာ ကြရပါသည်။
အေမာမ်ဟိုစိုင်း(န)(အ.စ)နှင့် ကိုယ်တော်၏အိမ်တော်သူ၊အိမ်တော်သားများ၊ သာဝကတော်များ၏ ရဲရင့်၊သတ္တိ၊ဗျတ္တိရှိမှုများ၊စတေးအနစ်နာခံမှုများ၊ရှေရ်ခ်၊ဇိုလ်မ်၊အ မှားများအား တော်လှန်ချေမှုန်းမှုတို့ကို ကာကွယ်စောင့်ရှောက်ရန်မိမိ၏ဝိညဉ်အတွင်း ဖြစ်ပေါ်စေရပေမည်။ပြီးနောက် မိမိတို့၏ ကြီးမားသည့် ဦးသျှောင်၊ခေါင်းဆောင်များ၊ရ စူလ်(ဆွ)၊အာလေရစူလ်(အ.စ)တို့၏ အမိန့်တော်များကို မြေဝယ်မကျ လက်တွေ့ လိုက်နာ ကျင့်သုံးရန် စဉ်းစား၊ဆင်ခြင်ပေးဖို့ ကျွန်တော်တို့အတွက် အရေးကြီးပါ သည်။
အေမာမ်ဟိုစိုင်း(န)(အ.စ)၏ခြေလှမ်းများနှင့်အညီ မိမိခြေလှမ်းကိုလည်း လှမ်း နိုင်ဖို့ ကြိုးပမ်းရပေမည်။ကိုယ်တော်(အ.စ)၏(စစ်မှန်သည့်)အုပ်စုအတွင်း စာရင်းဝင် လာရန်ကြိုးစားရပေမည်။ဤသည်လည်း မိမိအတွက် ရှဖာအတ်၏အမျိုးအစား တစ် ခုဖြစ်သည့် ရှဖာအတ်သေသက်ဝီနီ ဆွတ်ခူးလိုက်ခြင်း ဖြစ်ပေသည်။
ပြီးနောက် မြင့်မြတ်သန့်စသ်သည့် ကရ်ဗလာမြေသို့ ဇေယာရတ်ပြုရန်သွား သည့် အချိန်အခါတွင် အေမာမ်(အ.စ)နှင့် သန့်စင်၊သန့်ပြန့်သည့် သခင်၏သာဝကအ ပေါင်းအပါများ ရှဟီးဒ်ဖြစ်ခဲ့သည့် နေရာများကို အနီးကပ်ကြည့်ပြီး ကျွန်ုပ်တို့သည် လည်း မလွဲမသွေ ဤပုဂ္ဂိုလ်ထူး၊ပုဂ္ဂိုလ်မြတ်များ၏ လမ်းစဉ်အတိုင်းလျှောက်လှမ်းရ မည်ဆိုသည့် တာဝန်အသိတရားကို ခံစားရယူရပေမည်။ထို့နောက် မိမိခေတ်ကာလ ၏ ယဇီးဒ်(လ.န)နောက်လိုက်များကို တော်လှန်ချေမှုန်းရပေမည်။ပြီးနောက် စစ်မှန် သည့် အစ္စလာမ်သာသနာတော်အား ရပ်တည်နိုင်ရန်၊တည်မြဲရန်၊ထိန်းသိမ်းရန်၊ စတေးလှူဒါန်းခဲ့ကြသည်။အေမာမ်ဟိုစိုင်း(န)(အ.စ)၏သွေးတော်၊ကိုယ်တော်၏အိမ် တော်သူ၊အိမ်တော်သားများနှင့် သာဝကအပေါင်းအဖေါ်များ၏ သွေးများကိုလည်းရှင် သန်အောင် စောင့်ရှောက် ကာကွယ်ရပေမည်။
ဤအတွက်လည်း လက်တွေ့ကြိုးစားကြရပေမည်။ကိုယ်တော်(အ.စ)၏ရောင် ဇာတော်ကို ထိန်းသိမ်းရပေမည်။စော်ကားမှု၊မရိုမသေပြုမှု၊အမျိုးမျိုးမှကာကွယ်စောင့် ရှောက် ရပေမည်။ခေတ်တိုင်း၊ခေတ်တိုင်းရှိမည် ဖြစ်သည့်ရန်သူများ အရှေ့ရပ်တည် တော်လှန်ပြီး ကာကွယ်ရပေမည်။ထိုမှသာ ဟဇရတ်အေမာမ်ဟိုစိုင်း(န)(အ.စ)သခင် ကြီး၏ ရှဖာအတ်ခံပေးရမည့်သူများ စာရင်းတွင် စာရင်းဝင်သွားမည်ဖြစ်ပေသည်။
ကိုယ်တော် အေမာမ်ဟိုစိုင်း(န)(အ.စ)၏မိန့်မှာသံ
هل من ناصر …
ကျွန်ုပ်အား ဖေးမကူညီဖို့ မည်သူအသင့် ရှိပါသနည်း? ဆိုသည့်အသံတော်အား ကျွန် တော်တို့ နားထောင်ကြပြီးلبیک))ကိုယ်တော်အတွက် အသင့်ပါဟုအဖြေပေးပြီး၊ကိုယ် တော်(အ.စ)အား ဖေးမကူညီကြရပေမည်။
ကျနော်မျိုးတို့အား ဤ ရည်ရွယ်ချက် များ အားလုံး ကို လက်တွေ့ အကောင်အထည် ဖော်နိုင် စွမ်း မြတ်အလ္လာဟ် ခွန်အား နှင့် သတ္တိ ပေးသနားတော်မူပါ ။
****************************************************************
END / 251