၂၂ အောက်တိုဘာ ၂၀၂၂ - ၂၁:၅၂
အီရန် နိုင်ငံ၏ ရန်သူများ သည် အီရန် နိုင်ငံ ၏သိပ္ပံ ပညာတိုးတက်မှု ကို ဟန့်တားလိုကြပါတယ် / တော်လှန်ရေး အစောင့်တပ် ဗိုလ်ချုပ်

အီရန် အစ္စလာမ်မစ် ပြည်သူ့သမ္မတ နိုင်ငံ ၏ တော်လှန်ရေး အစောင့်တပ်၏ ဗိုလ်ချုပ်ကြီး ဟိုစိုင်းန်စလာမ်မီ မှ အီရန် ရန်သူများ ၏ အီရန်နိုင်ငံ အတွင်း မတည်မငြိမ်မှုများ အဒိကရုဏ်းများ ဖြစ်အောင် စီစဉ် ထားမှု သည် အီရန် နိုင်ငံ ၏သိပ္ပံ ပညာတိုးတက်မှု ကို ဟန့်တား ရန်အတွက် ရည်ရွယ် ပြီး ပြုကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့သမ္မတ နိုင်ငံ ၏ တော်လှန်ရေး အစောင့်တပ်၏ ဗိုလ်ချုပ်ကြီး ဟိုစိုင်းန်စလာမ်မီ သည် အီရန်နိုင်ငံ ၏ ပညာရွှေမြို့တော် ကွမ်းမြို့တွင် သာသနာ့ကျောင်းသားများ နှင့်အိုလမာ ဘက်မှ ပြုလုပ်သည့် စစ်တပ် ၊ အစိုးရ ဆိုင်ရာဌာနများ တရားဥပဒေစိုးမိုးရေး နှင့် လုံခြုံရေး ဆိုင်ရာ အဖွဲ့ကို အားပေးထောက်ခဲ့ ပွဲ တွင်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ဤအစည်းအဝေး အား အောက်တိုဘာလ ၂၀ ရက်နေ့ ကြာသပတေးနေ့က ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးမှ အီရန်နိုင်ငံ ရန်သူများ အနေဖြင့် အီရန်နိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်၍ အီရန်ကို သိက္ခာကျအောင် ၊အရှက်ရအောင်ပြီးနောက်အီရန် နိုင်ငံ၏တိုးတက်မှုကို ဟန်တားအောင် ၊ ဆင်းရဲပြီး အားနည်းသွားေွှာင် ကြိုးစားခဲ့ကြောင်း ၎င်းတို့၏ နောက်ဆုံး ရည်ရွယ်ချက်ပန်းတိုင်မှာ အီရန်နိုင်ငံ သားများ အနေဖြင့် လုံးလုံးလားလား  ဦးညွှတ် အညံ့ခံလာရန် ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။
ဆက်လက်ပြီး ဗိုလ်ချုပ်ကြီးမှ ရန်သူများ အနေဖြင့် အီရန်၏ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားလို ကြောင်း တက္ကသိုလ်များ၏ လှုပ်ရှားမှုများကို နှောင့်ယှက်ရန် ကြိုးစားခဲ့ ကြောင်း ဤ သို့ပြုလုပ်ရခြင်း မှာ အီရန် နိုင်ငံ၏ သိပ္ပံပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ရပ်တန့်ရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရန် အစ္စလာမ်မစ် ပြည်သူ့သမ္မတ နိုင်ငံ ၏ တော်လှန်ရေး အစောင့်တပ်၏ ဗိုလ်ချုပ်ကြီး ဟိုစိုင်းန် စလာမ်မီ မှဆက်လက်ပြီး အမေရိကန် အနေဖြင့် ကျွန်ုပ်တို့၏ တက္ကသိုလ်များနှင့် ကျောင်းများကို ပိတ်ပစ်ရန် စီစဉ်နေ ကြောင်း ၎င်း တက္ကသိုလ်  များ တွင် သိပ္ပံပညာနှင့် အသိပညာများ တိုးတက်နေသည့် အမေရိကန် မှ သိကြောင်း ၊အီရန် နိုင်ငံသည် ကြီးမားအောင်မြင်မှုများ ကို ဆွတ်ခူးနေကြောင်း အီရန် စစ်တပ်၏ အောင်မြင်မှုများ ပမာအားဖြင့် ဒရုန်းဖန်တီးမှု ၊ ဂြိုလ်တုများ လွတ်တင်ခြင်း ဖြစ်ကြောင်း ကမ္ဘာ ကြီးနိုင်ငယ် ညှဉ်းပြုလုပ်နေသည့် အင်အားကြီးနိုင်ငံ များသည် အစ္စလမ်မစ် အစိုးရကို နှိမ့်ချပြီး အီရန်နိုင်ငံကြီးကို ဖိအားပေးနေကြောင်း မိမိတို့၏ အနုနည်း (မီဒီယာ ...)   စိတ်ဓာတ် ပိုင်းရာစစ်ပွဲများ ပြုလုပ်ထားကြောင်း သို့ပေမဲ့ ၎င်း၏ ရည်ရွယ် ချက် သည် မည်သည့် အခါ မှအောင်မြင်ပြည့် မည် မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ် ။

အမေရိကန်ပြည်ထောင်စုသည် စစ်ရေးအရ တိုက်ခိုက်ခြင်းဖြင့် ဆက်ဒမ်အစိုးရကို ဖြုတ်ချနိုင်ခဲ့သော်လည်း ကျွန်ုပ်တို့ အနေဖြင့် တော်လှန်ရေးနှင့် အစ္စလာမ်အား အမေရိကန်ထက် အရင် အစပြု နိုင်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီးမှ ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး စလာမ်မီ မှ ဆက်လက်ပြိး ဤနှစ်များ တွင် ရန်သူ သည် ပြင်းထန်သည် ကျရှုံး မှု ကိုခံရကြောင်း အမေရိကန် အနေဖြင့် ငွေောကး အမြောက်အများ သုံးစွဲ ခံရသော်လည်း ၎င်းအတွက် အထူး အောင်မြင်မှု မရှိခဲ့ကြောင်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

ယနေ့ အမေရိကန်ပြည်ထောင်စုသည် သြဇာလွှမ်းမိုးမှု  နှင့်  နိုင်ငံရေးအာဏာမရှိတော်ဘဲ ဲ ထိခိုက်ဒဏ်ရာရမှုနှင့် မသန်စွမ်းမှုအခြေအနေတွင် အဖြစ်အပျက်များကို မြင်တွေ့နေရသည်ဟု ဗိုလ်ချုပ်ကြီးမှ ဆိုခဲ့ပါသည်။

ယနေ့ ရန်သူသည် ၎င်းတို့၏ ဗျူဟာမြောက် ပါဝါ၊ ကြွယ်ဝမှု၊ မီဒီယာနှင့် နိုင်ငံရေး ယုံကြည်ကိုးစားမှု အားလုံးကို တိုက်ခိုင်မှု တွင်ယူ ဆောင်လာကြောင်း၊ မတည်မငြိမ် ဖြစ်မှု နှင့် ဆူပူမှု   နှင့် မကြာသေး မီက ဖြစ်ပွားခဲ့သော အဓိကရုဏ်းများအစတွင် အမေရိကနှင့် ဥရောပတို့သည် ပွင့်ပွင့်လင်းလင်း စွက်ဖက်ခြင်းမပြုခဲ့ဘဲ ဆူပူမှု မီးလျှံများငြိမ်းသက် သွားသည်နှင့် အလ္လာဟ်ဟိုအဲက်္ကဗရ်  ၏အသံများ သည် ရှိုင်တွန် ၏ အသံများကို လွှမ်းမိုးသွားသည်နှင့်တပြိုင်နက် အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်နှင့် ဆော်ဒီအာရေးဗီးယားက ကြားဝင်စွက်ဖက်၍ ကွင်းထဲသို့ တိုက်ရိုက်ရောက်လာပြီး ဆူပူ၊ မငြိမ်သက်မှု အသက်ထက်သွင်းရန် ကြိုးစားခဲ့သော်လည်း အချည်းနှီးဖြစ်ပြီး ယနေ့တွင် ၎င်းတို့သည် ပြတ်ပြတ် သားသား ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ခဲ့ရကြောင်း ဗိုလ်ချုပ်ကြီး မှပြောကြားခဲ့ပါတယ်။

ရန်သူသည် အီရန်လူငယ်များကို လှည့်ဖြားပြီး ဆူပူမှု အဓိကရုဏ်းများကို ပံ့ပိုးခြင်းဖြင့် အစ္စလာမ်မစ် စနစ်ကို ဆန့်ကျင်ရန် ကြိုးပမ်းခဲ့သော်လည်း မကြာမီတွင် ၎င်းတို့သည် လူငယ်များကို လှည့်စားနိုင်မည်မဟုတ်ကြောင်း သိရှိလာခဲ့ကြောင်း အီရန်နိုင်ငံသည် ရန်သူများကို ကြီးမားသော ထိုးနှက်ချက်တစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းပြီး ၎င်းတို့၏ ယခုအချိန်အထိ အစ္စလာမ့်ယုံကြည်ချက်များကို ပစ်မှတ်ထား သည့် စိတ်ဓာတ်စစ်ဆင်ရေးကို အနိုင်ယူသွားမည်ဟု ဗိုလ်ချုပ်ကြီးမှ ဆက်လက် ဆိုခဲ့ပါ တယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့သမ္မတ နိုင်ငံ ၏ တော်လှန်ရေး အစောင့်တပ်၏ ဗိုလ်ချုပ်ကြီး ဟိုစိုင်းန်စလာမ်မီမှ ရန်သူများအား ကျွန်ုပ်တို့၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမှ ရှောင်ကြဉ် ပါရန် သတိပေးထားပြီး ဖြစ်ကြောင်း မဟုတ်ပါက လက်တုံ့ပြန်အရေးယူမှုများနှင့် ရင်ဆိုင် ရမည်ဖြစ် ကြောင်းပြောကြားခဲ့ပါတယ်။

အာလေဆော်အူဒ် (ခ) ဆော်ဒီ အနေဖြင့် မိမိတို့၏  မှန်နန်းတော်များတွင် သာ ခိုလှုံသင့်ပြီး အီရန်နိုင်ငနှင့်ပတ်သက်ပြီး အာရုံစူးစိုက်မှုကိုပြုခြင်းကို ရှောင်ရှားသင့် ကြောင်း ယနေ့တွင် ၎င်းတို့သည် ပြိုကျပျက်စီး နေသော ဇီယွန်ဝါဒီအစိုးရကို အားကိုးနေရကြောင်း စသည်ဖြင့် အီရန် အစ္စလာမ်မစ် ပြည်သူ့သမ္မတ နိုင်ငံ ၏ တော်လှန်ရေး အစောင့်တပ်၏ ဗိုလ်ချုပ်ကြီး ဟိုစိုင်းန်စလာမ်မီမှ ပြောကြားခဲ့ပါတယ်။

****************************************************************
END / 251