၅ နိုဝင်ဘာ ၂၀၂၂ - ၀၉:၅၈
သွာလက် (ခ) ကွာရှင်းပြတ်စဲ ခြင်း

အေမာမ်ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မှ ရီဝါယသ်တော် တစ်ခု တွင် သွာလက် (ခ) ကွာရှင်းပြတ်စဲ ခြင်းဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထားပါတယ်။


 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် မေရ်အာသိုလ်အိုကူးလ်  ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

 

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

  الإمامُ الصّادقُ عليه السلام :

 

 إنَّ اللّه َ عَزَّ و جلَّ يُحِبُّ البيتَ الذي فيهِ العُرسُ، و يُبغِضُ البيتَ الذي فيهِ الطلاقُ، و ما مِن شَيءٍ أبغَضَ إلى اللّه ِ عَزَّ و جلَّ مِن الطلاقِ .

 

အေမာမ်ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မိန့်တော် မူ၏။

 

ဧကန်မုချ အလ္လာဟ်ဟိုအရှင် မြတ်သည် အိမ်ထောင်ပြု သည့် အိမ် အား ချစ်မြတ်နိုး တော်မူပြီး သွာလက် (ခ) ကွာရှင်းပြတ်စဲ ခြင်း ပြုစည့် အိမ် မုန်းတီးတော်မူလေ၏။  ပြီးနောက် အလ္လာဟ် ဟို အရှင်မြတ် သည် သွာလက် (ခ) ကွာရှင်းပြတ်စဲ ခြင်းထက် အမုန်း တကာအမုန်းဆုံး မည်သည့် အရာ မျှ မရှိချေ ။

 

 

ကျမ်းကိုး ။ ။ မေရ်အာသိုလ်အိုကူးလ်  ကျမ်း ၊ အတွဲ ၂၁  ၊ စာမျက်နှာ ၉

 

****************************************************************

END / 251