အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဲဟ်ရ် သတင်းဌာန ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဟိုစိန် အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) နှင့်ကာတာ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးရှိက္ခ်မိုဟမ္မဒ် အဗ်ဒိုရဲဟ်မန် အာလေ စာနီ တို့သည် နှစ်နိုင်ငံဆက်ဆံရေးကို တယ်လီဖုန်းဖြင့် စကားပြောဆိုခဲ့ကြပါတယ်။ ခေါင်းဆောင်နှစ်ဦးသည် အီရန်နှင့် ကာတာနိုင်ငံတို့မှ အဆင့်မြင့်အရာရှိများ အပြန်အလှန်တွေ့ဆုံမှုနှင့် ကာတာနိုင်ငံတွင် ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်နောက်ပိုင်း ကာလတစ်လျှောက် ဖြစ်ပေါ်တိုးတက်မှုများကို အထူး ဆွေးနွေး ခဲ့ကြပါတယ် ။
စကားဝိုင်းအတွင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဟိုစိန် အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) သည် အီရန်သမ္မတ၏ ဂုဏ်ပြုသဝဏ်လွှာကို ကာတာ အမီးရ် (ဘုရင်) ထံ သို့ ပေးပို့ခဲ့ပြီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့သည့်အတွက် ကာတာအစိုး ရနှင့် ပြည်သူများအား ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ် ။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဟိုစိန် အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) မှ အဆိုပါပြိုင်ပွဲတွင် အီရန်ပရိသတ်များအတွက် ပံ့ပိုးကူညီမှုများအတွက် ကာတာအစိုးရအား ကျေးဇူး တင်ရှိ ကြောင်း ပြောကြားခဲ့ပါတယ် ။
ကာတာနိုင်ငံခြားရေး ဝန်ကြီးက ကာတာ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ အဆင့်မြင့် အရာရှိကြီးများအား ကာတာ အမီးရ် (ဘုရင်) ၏ စလာမ် ပေးပို၌ကြောင်းကို ပြောကြားပြီး ကာတာကမ္ဘာ့ဖလားတွင် အီရန်လက်ရွေးစင်အသင်း၏ စွမ်းဆောင်ရည်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
ကာတာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပြီး လက်ရှိကမ္ဘာ့ဖလားမှာ အီရန် နိုင်ငံ ၏ အပြည့်အဝပံ့ပိုးကူညီမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ရလဒ်များ မည်သို့ပင်ရှိစေကာမူ အီရန် အစ္စလာမ္မစ်သမ္မတ ပြည်သူ့ သမ္မတ နိုင်ငံ ဘောလုံးအသင်း၏ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့သည်။ အီရန်နှင့် ကာတာနိုင်ငံတို့မှ နိုင်ငံခြားရေး ၀န်ကြီးများသည် နှစ်နိုင်ငံလုံး၏ နိုင်ငံ့ကစားသမားများအတွက် အကောင်းဆုံးဆန္ဒကို ထုတ်ဖော်ခဲ့ကြပါတယ်၊။
****************************************************************
END / 251