အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ABC Kabul၏ အစီရင်ခံစာ အရ ယီမင်နိုင်ငံရှိ အန်ဆွာရို လ္လာဟ် (ဟူသီ) တပ်ဖွဲ့များသည် ဘာဗ်ဗိုလ်မန်ဒက်ဗ် ရေလက်ကြားနှင့် မေယွန်းကျွန်းတို့တွင် တစ်လပြည့် ဝိုင်းဝန်းပိတ်ဆို့ခံထားရသော်လည်း ပြင်းထန်စွာ ခုခံတိုက်ခိုက်ခဲ့ပြီးနောက် ယနေ့တွင် နာရီအနည်းငယ်အတွင်း ဆော်ဒီအာရေဗျကို ထောက်ခံသည့် ယီမင်အစိုးရတပ်ဖွဲ့များကို အနိုင်ယူကာ နောက်ဆုတ်သွားစေနိုင်ခဲ့ကြောင်း သိရပါတယ်။
သတင်းမီဒီယာများ၏ ဖော်ပြချက်အရ ဘာဗ်ဗိုလ်မန်ဒက်ဗ် ရေလက်ကြားတွင် ဝိုင်းဝန်းပိတ်ဆို့ခံထားရမှုမှ ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းနေသည့် မိမိတို့ကို ထောက်ခံသော တပ်ဖွဲ့ဝင်အချို့ကို ဆော်ဒီအာရေဗျ၏ တိုက်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ယခုအခါ ပင်လယ်နီ နှင့် ဘာဗ်ဗိုလ်မန်ဒက်ဗ် ရေလက်ကြားဒေသများမှ ဆော်ဒီအာရေဗျ၏ ကျောထောက်နောက်ခံပြုထားသည့် တပ်ဖွဲ့အားလုံး ဆုတ်ခွာသွားကြပြီး အဆိုပါဒေသတစ်ခုလုံးကို ဟူသီတပ်ဖွဲ့များက ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ယခင်က ဆော်ဒီအာရေဗျနှင့် ပါကစ္စတန်မီဒီယာများသည် ဘာဗ်ဗိုလ်မန်ဒက်ဗ် ရေလက်ကြား၊ မေယွန်းကျွန်း၊ အလ်မိုခါဆိပ်ကမ်းနှင့် ဟူသီတပ်ဖွဲ့များ ယခင်က သိမ်းပိုက်ထားခဲ့သည့် နယ်မြေအားလုံးကို ဆော်ဒီအာရေဗျကို ထောက်ခံသည့် ယီမင်တပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြောဆိုခဲ့ကြပါတယ်။
သို့သော် ယနေ့တွင်မူ ၎င်းတို့သည် ဘာဗ်ဗိုလ်မန်ဒက်ဗ် ရေလက်ကြားနှင့် ပင်လယ်နီကမ်းရိုးတန်းအနီးရှိ နယ်မြေအချို့ကိုသာ ယာယီထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယနေ့တွင် အဆိုပါနယ်မြေများကိုလည်း ပြန်လည်လက်လွှတ်ဆုံးရှုံးခဲ့ရကြောင်း ထင်ရှားလာခဲ့ပါတယ်။
ယခုရက်ပိုင်းအတွင်း ဆော်ဒီအာရေဗျသည် ယီမင်စစ်ပွဲတွင် လုံးဝအထီးကျန်နေပြီး ၎င်း၏နယ်မြေများသည်လည်း ယီမင်ဘက်မှ အဆက်မပြတ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ခံနေရကြောင်း ဖော်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment