အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ ပေါ်တူဂီနိုင်ငံ၏ မြို့တော် လစ္စဘွန်းအပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ဒါဇင်နှင့်ချီသော နေရာများတွင် လူထောင်ပေါင်းများစွာ ပါဝင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး နေထိုင်စရိတ်နှင့် အိမ်ရာဈေးနှုန်းများ မြင့်တက်လာမှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူများသည် ဈေးနှုန်းမြင့်တက်မှုကို ဆန့်ကျင်သည့် ကြွေးကြော်သံများ ရေးသားထားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့ကြသည်။ ထို့အပြင် လုပ်ခလစာများ တိုးမြှင့်ပေးရန်လည်း တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြသူများက အိမ်ငှားခများ မြင့်တက်လာမှုကို ရပ်တန့်ပေးရန်နှင့် အိမ်ငှားနေထိုင်သူများအား အစိုးရအနေဖြင့် ငွေကြေးအထောက်အပံ့နှင့် အကာအကွယ်များ ပေးအပ်ရန် အလေးအနက် တောင်းဆိုခဲ့ကြပါတယ်။
အစိုးရ၏ တရားဝင်စာရင်းအင်းအချက်အလက်များအရ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း ပေါ်တူဂီနိုင်ငံ၌ အိမ်ခြံမြေဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခဲ့ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနက် အိမ်ခြံမြေဈေးနှုန်း အမြင့်ဆုံးနှုန်းဖြင့် မြင့်တက်ခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
သတင်းဖော်ပြချက်အရ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ပေါ်တူဂီနိုင်ငံရှိ မြို့အသီးသီးတွင် ပြည်သူ့ဆန္ဒပြပွဲများနှင့် ထိုင်သပိတ်များ ပိုမိုပြင်းထန်လာခဲ့သည်။ အချို့နေရာများတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့အကြား ထိပ်တိုက်တွေ့ဆုံမှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment