၃ ဇန်နဝါရီ ၂၀၂၃ - ၂၀:၅၁
လက်ဘနွန် ရှိ ဟေစ်ဘွလ္လာဟ် ခေါင်းဆောင် ကျန်းမာရေး ကောင်းမွန်လျက် ရှိ

ဟေစ်ဘွလ္လာဟ် ခေါင်းဆောင် H.I ဆရက်ဒ် ဟစန် နစရိုလ္လာဟ် ၏ ပကတိအခြေအနေနှင့် ပတ်သက်၍ ဇီယွန်ဝါဒီ နှင့် အာရပ်မီဒီယာများက ဖော်ပြသည့် ကောလာဟလများကို လက်ဘနွန်ရှိ ဟေစ်ဘွလ္လာဟ် သတင်းရင်းမြစ်တစ်ခုက မဟုတ်မမှန် သတင်း လိမ် ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟေစ်ဘွလ္လာဟ် ခေါင်းဆောင် H.I  ဆရက်ဒ် ဟစန် နစရိုလ္လာဟ် ၏ ပကတိအခြေအနေနှင့် ပတ်သက်၍ ဇီယွန်ဝါဒီ နှင့် အာရပ်မီဒီယာများက ဖော်ပြသည့် ကောလာဟလများကို လက်ဘနွန်ရှိ ဟေစ်ဘွလ္လာဟ် သတင်းရင်းမြစ်တစ်ခုက မဟုတ်မမှန် သတင်း လိမ် ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

လက်ဘနွန်နိုင်ငံ ဘေရွတ် မြို့ အခြေဆိုက် အီရ်နာ သတင်းဌာန မှ ဟေစ်ဘွလ္လာဟ် အဖွဲ့၏ သက်ဆိုင်သူနှင့် တွေ့ဆုံမေးမြန်းချိန်တွင် ဟေစ်ဘွလ္လာဟ် ခေါင်းဆောင် H.I  ဆရက်ဒ် ဟစန် နစရို လ္လာဟ် သည် တုပ်ကွေး ဖြစ်၍ ဖျားခဲ့ကြောင်း ယခု လုံးဝ ကျန်းမာရေးကောင်းမွန်နေပြီး ဖြစ် ကြောင်း ပြောြပခဲ့ပါတယ်။

ဟေစ်ဘွလ္လာဟ် ခေါင်းဆောင် H.I  ဆရက်ဒ် ဟစန် နစရို လ္လာဟ် သည် တုပ်ကွေး ဖြစ်ပြီး အသံ ဝင်သွားသည့်အတွက် ဒီဇင်ဘာလ ၃၀ရက် နေ့ ညနေပိုင်းတွင် ဟောပြောမည့် မိန့်ခွန်း အစီအစဥ် အား ပျက်သိမ်း ခဲ့ရ ကြောင်း သိရှိရပါတယ်။

ဟေစ်ဘွလ္လာဟ် ခေါင်းဆောင် H.I  ဆရက်ဒ် ဟစန် နစရို လ္လာဟ် အနေဖြင့် Quds Force ၏ ဗိုလ်ချုပ်ကြီး ရှဟီးဒ် ဆိုလိုင်မာနီ ၏ တတိ‌ယ မြောက် နှစ်ပတ်လည်နေ့  အား ဇန်နဝါရီလ ၃ရက် နေ့ တွင်  မိန့်ခွန်း ပြောကြား မည် ဖြစ်ပါတယ်။

ဤအစီအစဥ် သည် လက်ဘနွန် စံတော်ချိန်  ၆နာရီ အီရန်စံတော်ချိန် ၇း၃၀ နာရီတွင်  မဂျ်မအေ ဆရက်ဒ်ဒိုရှ် ရိုဟဒါအ် ဘေရွန်မြို့ တွင် ကျင်းပမည်ဖြစ်ပါတယ်။

လွန်ခဲ့သည့်ရက်များတွင် ဇီယွန်ဝါဒီနှင့် အာရပ်မီဒီယာများက ဟေစ်ဘွလ္လာဟ် ခေါင်းဆောင် H.I  ဆရက်ဒ် ဟစန် နစရို လ္လာဟ် အား ရောဂါအ‌ြေခအနေ ပြင်းထန်၍ အထူးစောင့်‌ရှောက်မှုခံယူရန် ဆေးရုံ တက်နေရသည်ဟု၍ အခြေအမြစ်မရှိသည့် ကောလာဟလ သတင်းများကို ထုတ်ပြန်ခဲ့ ကြောင်း သိရှိခဲ့ရပါတယ်။

****************************************************************

END / 251