၉ ဖေဖော်ဝါရီ ၂၀၂၃ - ၁၂:၂၅
( စွန္နသ်ဟာဘေ အစ်ဂျ်သေမာအီ အဇ် မန်ဇရ် ကုရ်အာန် နေကရီးမ် ဝ ကာရ်ကရ်ဒ် အောန် ဒဲရ် ) ပညာထိုင်ဝိုင်း ကျင်းပမည်

အပြည်ပြည်ဆိုင်ရာ အဲဟ်လေ့ဘိုက်(သ) (အ.စ) တက္ကသိုလ် အမျိုးသမီးဌာန နှင့် အေမာမ် ဆွာဒစ်က် (အ.စ) တက္ကသိုလ် အမျိုးသမီးဌာန တို့ ၏ ပူးပေါင်း ကြိုးပမ်း မှု ဖြင့် ဖွာရစီ ဘာသာြဖင့် ( စွန္နသ်ဟာဘေ အစ်ဂျ်သေမာအီ အဇ် မန်ဇရ် ကုရ်အာန် နေကရီးမ် ဝ ကာရ်ကရ်ဒ် အောန် ဒဲရ် ဂျအေမ်၏ဗရ်ဝရီ ) အမည် ရှိ ပညာထိုင် ဝိုင်းအား ကျင်းပမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အပြည်ပည်ဆိုင်ရာ အဲဟ်လေ့ဘိုက်(သ) (အ.စ) တက္ကသိုလ်နှင့် အေမာမ် ဆွာဒစ်က် (အ.စ) တက္ကသိုလ် တို့ ၏ ပူးပေါင်း ကြိုးပမ်း မှု ဖြင့်  ဖွာရစီ ဘာသာြဖင့် ( စွန္နသ်ဟာဘေ အစ်ဂျ်သေမာအီ အဇ် မန်ဇရ် ကုရ်အာန် နေကရီးမ် ဝ ကာရ်ကရ်ဒ် အောန် ဒဲရ် ဂျအေမ်၏ဗရ်ဝရီ ) အမည် ရှိ ပညာထိုင် ဝိုင်းအား ကျင်းပမည် ဖြစ်ပါတယ်။

ကျမ်းတော်မြတ်ကုရ်အာန်ပါ လူမှုဓလေ့ထုံးတမ်းများသည် အရေးကြီးဆုံးပြဿနာများထဲမှ တစ်ခုဖြစ်ပြီး အစ္စလာမ် လူ့အဖွဲ့အစည်းသည် ၎င်း၏မူလနှင့် အဓိ ကရပ် တည်ချက် သို့ရောက်ရှိရန် ဥပဒေများကို လိုက်နာရမည်ဖြစ်သောကြောင့် ၎င်းအား ဖြေရှင်းရန် လိုအပ်ပါတယ်။

အလ္လာဟ်အရှင်မြတ်သည် လူတို့၏ဘဝတွင် တည်ရှိပြီး  အကျွမ်းတဝင်ရှိတော်မူသည်။ အလ္လာဟ်ဟို အရှင်မြတ် ၏ စွန္နသ်တော်များ  (အလ္လာဟ် ဓလေ့တော်များ ) ဘက်သို့ ဂရု ပြု စေပြီး အသိတရားနှင့် အားအင် ချီးမြှင့် ြခင်း ဖြင့် မနုဿ လူသားများ အား ကောင်းမှုကုသိုလ်ပြုရန်၊ မှားယွင်းသော အကြံအစည်များနှင့် လုပ်ရပ်များကို ရှောင်ရှားရန်  စီစဥ် ပေးတော်မူထားပါတယ်။

ဤပညာထိုင်ဝိုင်း တွင် အေမာမ် ဆွာဒစ်က် (အ.စ) တက္ကသိုလ် ၏ အစ္စလာမ့်ပညာရေးနှင့် ပညာရေးသိပ္ပံ ဌာန မှ တွဲဖက်ပါမောက္ခ ဒေါက်တာ Niko Dayalmeh မှ ဖေဖော်ဝါရီလ ၁၃ရက်နေ့ တနင်္လာနေ့ ညနေ ၄ နာရီခွဲမှ  မှ ၅နာရီ ၄၅ မိန်စ် အထိ  ၄ ပတ်ကြာ အွန်လိုင်း https://meet.abu.ac.ir/b/mey-zzr-c16-zhk တွင် တင်ပြဆွေး‌နွေး မည် ဖြစ်ပါတယ်။

ဤပညာထိုင်ဝိုင်းတွင်  ပါဝင်ရန် စာရင်းပေးသွင်းလိုသူများ သည် ဖေဖော်ဝါရီ ၂၃ ရက် အထိ ပေးသွင်း နိုင်ပြီး  စိတ်ပါဝင်စားသူများအနေဖြင့်  မိုဗိုင်ဖုန်း 09025555823 သို့ မက်ဆေ့ခ်ျ ပေးပို့၍ စာရင်း ပေးနိုင် ကြောင်း သိရှိရပါတယ် ။

ဤ ပညာထိုင်ဝိုင်းအား အပြည်ပြည်ဆိုင်ရာ အဲဟ်လေ့ဘိုက်(သ) (အ.စ) တက္ကသိုလ်  အမျိုးသမီးဌာန နှင့် အေမာမ် ဆွာဒစ်က် (အ.စ) တက္ကသိုလ် အမျိုးသမီးဌာန  တို့ မှ ဦးစီးကျင်းပမည် ဖြစ်ပြီး တက်ရောက် သူများ အား သင်တန်းဆင်းလက်မှတ် ချီးမြှင့်မည်ဖြစ် ကြောင်း သိရှိရပါတယ်။


****************************************************************

END / 251