၂ မတ် ၂၀၂၃ - ၂၀:၅၃
အီရန် နိုင်ငံ တွင် အာဖဂန် နစ္စတန် နိုင်ငံသား  ကျောင်းသား၊ ကျောင်းသူ  ၆၇၀,ဝဝဝ ပညာ သင်ကြားနေ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ တွင် အာဖဂန် နစ္စတန် နိုင်ငံသား ကျောင်းသား၊ ကျောင်းသူ ၆၇၀,ဝဝဝ ပညာ သင်ကြားနေ ကြောင်း လာမည့်ပညာသင်နှစ်အတွက် ဘတ်ဂျက်မှာ အမေရိကန် ဒေါ်လာ သုံးသိန်းငါးသောင်းနှစ်ထောင်ကျော်ရှိ နိုင်ကြောင်း သိရှိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ ၏ ညွှန်ကြားချက်အရ၊ တရားဝင်စာရွက် စာတမ်းများ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မည်သည့် အာဖဂန်နိုင်ငံသားကိုမဆို အီရန်တွင် သင်ကြား ခွင့် ရှိ ကြောင်း သိရှိ ရပါတယ်။

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ညွှန်ကြားချက် ကို အခြေခံ၍ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမမတ နိုင်ငံ ၏ နိုင်ငံတကာရေးရာနှင့် ကျောင်းများဌာန မှ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ အပါအဝင် ဝန်ကြီးဌာနအဆင့်တွင် အတားအဆီးများနှင့် ပိတ်ထားမှုများကို ဖယ်ရှားရန်နှင့် ပညာရေးပံ့ပိုးပေးရန်၊ အာဖဂန်ကျောင်းသားများအားလုံးကို ကူညီပံ့ပိုးပေးရန် ကြိုးပမ်းမှုများ ပြုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်နိုင်ငံအပေါ် အမေရိကန်၏ တရားမ၀င် ရက်စက်ကြမ်းကြုတ်ယုတ်မာသည့် ပိတ်ဆို့ အရေးယူမှု များကြောင့် အီရန်နိုင်ငံ အတွက် ပြဿနာများ အခက်အခဲများ နှင့်ရင်ဆိုင် ကြုံတွေ့နေရသည့် အခြေအနေ ဖြစ်နေလျက်  အာဖဂန်နစ္စတန် ကျောင်းသူ၊ ကျောင်းသားများ ပညာရေးဆိုင်ရာ ထောက်ပံ့ ပေးလျက်ရှိပါတယ်။

ဒါတင်မကသေးဘဲ၊ တရားဝင်စာရွက်စာတမ်းမရှိ သေးသည့် အာဖဂန် နိုင်ငံသား ကျောင်းသား ၊ ကျောင်းသူများ ကိုလည်း အဖိုးတန်အသိပညာတွေ တတ်နိုင်သမျှ  သင်ယူ နိုင်ပြီး တိုးတက်အောင် ကြိုးပမ်းဆောင်ရွက် ပေးနေကြောင်း သိရှိရပါတယ်။

****************************************************************

END / 251