၂ ဇွန် ၂၀၂၃ - ၀၂:၃၇
အေမာမ်ခိုမေနီ (ရ.ဟ) ၏ မှတ်သားလိုက်နာရမည့် ဆုံးမစကား

အေမာမ် ခိုမေနီ (ရ.ဟ) အလ္လာဟ်အမိန့်ခံယူတော်မူ သည့် (၃၄) နှစ်မြောက် အောက်မေ့ဖွယ် အချိန်အခါ တွင် အေမာမ် ခိုမေနီ (ရ.ဟ) ၏ မှတ်သား လိုက်နာ ရမည့် စကားတစ်ခု အားတင်ပြ လိုက် ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
 
ဆယက်ဒ် ရူဟွလ္လာဟ် မူစာဝီ (ခ) အေမာမ် ခိုမေနီ (ရ.ဟ) အား ခရစ်သက္ကရာဇ် ၁၉၀၂ခုနှစ် စက်တင် ဘာလ ၂၄ ရက်နေ့တွင် အီရန် နိုင်ငံ ၏ မရ်ကဇ်ဇီ ပြည်နယ် ရှိ ခိုမိုင်ဆိုသည့် မြို့ တွင် မွေးဖွားခဲ့ပါတယ်။ အေမာမ် ခိုမေနီ (ရ.ဟ) ၏ဖခင်အမည် မှာ အာယာသွလ္လာဟ် ဆယက်ဒ် မွတ်စ်သဖွာ မူစဝီ ဖြစ်ပါတယ်။ အေမာမ်ခိုမေနီ မွေးပြီး ၅လ အကျော် တွက် ရှဟီးဒ် ဖြစ်ခဲ့ရပါတယ်။ အေမာမ် ခိုမေနီ (ရ.ဟ) ၏ကြိုးပမ်း မှုကြောင့် ခရစ်သက္ကရာဇ်၁၉၇၉ခုနှစ် ဖေဖော်ဝါရီလ  ၁၁ရက်နေ့ တွင် အီရန် အစ္စလာမ် မစ်တော် လှန်ရေး အောင်ပွဲခံခဲ့ပါတယ်။ ခရစ်သက္ကရာဇ် ၁၉၈၉ ခုနှစ် ဇွန်လ ၃ ရက်နေ့ သက်တော် ၈၃ နှစ်တွင် အလ္လာဟ်အမိန့်ခံ ယူခဲ့ပါတယ်။
ဤအတွက် ကြောင့် အေမာမ် ခိုမေနီ  (ရ.ဟ) အလ္လာဟ်အမိန့်ခံယူတော်မူ သည့် (၃၄) နှစ်မြောက် အောက်မေ့ဖွယ် အချိန်အခါ တွင် အေမာမ် ခိုမေနီ (ရ.ဟ) ၏ မှတ်သား လိုက်နာ ရမည့် စကားတစ်ခု အားတင်ပြ လိုက် ပါတယ်။
အေမာမ်ခိုမေနီ (ရ.ဟ) မိန့်တော်မူသည်မှာ -
“ စွန်နီများကရှီအဟ် များလက်ချ၍ နမာဇ် ဝတ်ပြုသည်ကို မပိုင်ဟုဆိုပြီး ရှီအဟ်များကလည်း စွန်နီများ လက်ပိုက်၍ နမာဇ် ဝတ်ပြု သည်ကိုမပိုင်ဟုဆိုနေချိန် တွင် အစ္စလာမ်ရန်သူ မှ စွန်နီ နှင့် ရှီအဟ် နှစ်ဦးစလုံး၏ လက်ကို ဘယ်ကစပြီး ဖြတ်တောက်ရမည်ကိုစဥ်းစားနေပါတယ်။ “
အေမာမ် ခိုမေနီ (ရ.ဟ)၏ ဆိုဆုံးမ မူ အား စွန်နီ မွတ်စ်လင်များ နှင့် ရှီအဟ်မွတ်စ်လင်များမှ မှတ်သား လိုက်နာ ရပါမည်။

****************************************************************
END / 251