၁၀ ဇွန် ၂၀၂၃ - ၂၀:၂၆
ဟတ်ဒ်ဒေ သရခွတ်ဆ် ဆိုသည်မှာ အဘယ်နည်း ?

ဟတ်ဒ်ဒေ သရခွတ်ဆ် အကြောင်းကို ရှီအဟ် မွတ်စလင်မ် အရွယ်ယောက်သူတိုင်း သိထားရမည့် ကိစ္စ တစ်ခု ဖြစ်ပါတယ်။ဤအတွက် လေ့လာ သိရှိနိုင်ရန် အထောက်အထား များ နှင့် တစ်ကွ ဖော်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟတ်ဒ်ဒေ သရခွတ်ဆ် ဆိုသည်မှာ အကွာအဝေး တစ်ခု ဖြစ်ပြီး ခရီးသွားသူ အနေဖြင့် မလွဲမသွေ ထိုနေရာနောက်  မိမိနမာဇ်အား ကဆ်ရ် ( လေးရကတ် နမာဇ် များကို နှစ်ရကတ် ဝတ်ပြုရခြင်း ) ဝတ်ပြုရမည် ဖြစ်ပါတယ်။ မိမိရိုဇဟ် ကို ဝါဖြေရမည်ဖြစ်ပါတယ်။  ဟဒီးစ်တော်များအရ မြို့တွင်း မှ အဇါန်သံကို မကြားရသည့်နေရာ သို့မဟုတ် မြို့ ရိုးများ ကို မမြင်နိုင်တော့ သည့်နေရာ ဖြစ်ပါတယ်။  အမိ မြန်မာြပည် အနေအထား အရဆိုလျင် နှုတ်ခွန်း ဆက် သပါ၏ဆိုသည့် ဆိုင်းဘုတ် နေရာ  မှ စပြီ ၂ ကီလိုမီတာ အကွာ အဝေး လောက် နေရာကိုခေါ်ပါတယ်။

 မိုစာဖသ် နှင့် ဟတ်ဒ်ဒေ သရခွတ်ဆ် ကွားခြားချက် ကိုလည်းသိထားဖို့ လိုပါတယ်။နမာဇ်စေကဆ်ရ်  ဖြစ်ရသည့် စည်းမျည်းစည်းကမ်းများမှ တစ်ခုမှာ  ခရီးသွား(ခ) ခရီး သည် အနေဖြင့် မိမိနေအိမ်မှ ထွက်ပြီး အနည်းဆုံး ၈ ဖရ်ဇခ် ( ကီလိုမီတာ ၄၀ မှ ၄၅ ကြား) အထိ ခရီးသွားရန် ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။ဤ ၈ ဖရ်စခ်  ကို မိုစာဖသ်သေရှရီအီ ( တရားတော်အရ သတ်မှတ် ထားသည့် အကွာ အဝေး) ဟုခေါ် ပါတယ်။ ဟတ်ဒ်ဒေ သရခွတ်ဆ် ဆိုသည်မှာ မလွဲမသွေ ထိုနေရာနောက်  မိမိနမာဇ်အား ကဆ်ရ် ( လေးရကတ် နမာဇ် များကို နှစ်ရကတ် ဝတ်ပြုရခြင်း ) ဝတ်ပြုရမည် ဖြစ်ပါတယ်။ မိမိရိုဇဟ် ကို ဖြေနိုင်ပါသည်။ ဟဒီးစ်တော်များအရ မြို့တွင်း မှ အဇါန်သံကို မကြားရသည့်နေရာ သို့မဟုတ် မြို့ ရိုးများ ကို မမြင်နိုင်တော့ သည့် နေရာ ကိုခေါ်ဆို ခြင်းဖြစ်ပါတယ်။ ဤစံနှုန်း အရ မိမိမွေးရပ်မြေ သို့  ရောက်သည့် အခါ သို့မဟုတ် ၁၀ရက် ထက်ပို နေရန် ရည်ရွယ်ထားသည့်နေရာ လည်း အကျုံးဝင်ပါ တယ်။

ဟတ်ဒ်ဒေ သရခွတ်ဆ် ၏ ပမာဏ ကိုသိရမည် ဖြစ်ပါတယ်။ရှီအဟ် မွတ်စလင်မ်များ ၏ အေမာမ် များ (အ.စ) ၏ ဟဒီးစ်တော်များအရ ဟတ်ဒ်ဒေ သရခွတ်ဆ် ဆို သည်မှာ မြို့ သို့မဟုတ် ရွာ ၏ အဇါန်သံ ကို မကြားရသည့်နေရာ မြို့ရိုးများ ကို မမြင်ရတော့သည့်နေရာ  ဖြစ်ပါတယ်။ ရှီအဟ် ဓမ္မသတ် ပညာရှင်များ အကြား စည်းကမ်းချက် နှစ်ခုစလုံး မလွဲမသွေ ညီရမည်လား?သို့မဟုတ် တစ်ခုတည်း နှင့် ညီရမည်လား? နှင့်ပတ်သက်ပြီးအမြင်ကွဲလွဲမှု ရှိပါတယ်။ အီရန်  အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ အဝေးပြေး လမ်းမကြီး အချို့ တွင် ဟတ်ဒ်ဒေ သရခွတ်ဆ် ကို သိရှိနိုင်ရန် မြို့ အထွက်များ တွင် ဆိုင်းဘုတ်များ ထောင်ထားပေးပါတာကို အီရန် နိုင်ငံ ဇေယာရသ် ရောက်ဖူးပြီး သတိပြုမိသူတိုင်း အီရန် တွင်နေထိုင်သူတိုင်း သိရှိပါတယ်။

ဓမ္မသတ် ပညာရှင်များ ၏ မြို့ရိုးများ ဆိုင်ရာ စံသတ်မှတ်ချက် ကိုလည်းလေ့လာထားဖို့ လိုပါတယ်။ ဓမ္မသတ် ပညာရှင်များ ၏အမြင်အရ မြို့ရိုး မမြင်ရဟုဆိုသည်မှာ မြေပြန့် မြေတပြေးတည်း ရှိနေသည်နေရာကို ဆိုလိုပါတယ်။ မြို့ကြီးများ ဖြစ်လာပြီးနောက် ထိုနည်းတူစွာ အဇါန် သည် မီဒီယာ ကတဆင့် ထုတ်လွှင့် နေသည့်အတွက် ဟတ်ဒ်‌ဒေ သရခွတ်စ်  ကိုသတ်မှတ် ဆုံးဖြတ် ရန် ခက်ခဲလာပါတယ်။ အချို့ ဓမ္မသတ်ပညာရှင်များ မှ နိုင်ငံ ကြီး များ (မြို့ ကြီး) များ တွင် ဟတ်ဒ်‌ဒေ သရခွတ်စ် ၏ စံနှုန်း မှာ နောက်ဆုံး ရပ်ကွက် ၏ တံတိုင်များ ဖြစ် ပြီး မြို့ ၏ တံတိုင်များ ကိုဆိုလို သည် မဟုတ်ကြောင်း ခံယူ ထားကြပါတယ်။

ဥပဒေများ လည်းရှိပါတယ်။ရှီအဟ် ဓမ္မသတ်ပညာရှင်များ စွာ၏ ဖသ်ဝါ အရ ရိုဇဟ်  ထားသူသည် ခရီးသွားနေစဥ် ဟတ်ဒ်ဒေ သရခွတ်ဆ် မရောက်သေးမီ အလျင် ဝါဖြေလိုက်မည်ဆိုလျင် ၎င်း အနေဖြင့်   ရိုဇဟ် ကဇွာလည်း ထားရမည်။ပြီးနောက် ကဖာရဟ် (တရားတော် ဒဏ်ကြေး) လည်းပေး ဆောင်ရမည် ဖြစ်ပါတယ်။

အချို့ ဓမ္မသတ်ပညာရှင်များ၏ဖသ်ဝါ အရနေရာတစ်နေရာတွင် ၁၀ရက် နေရန် နီယသ် ပြုပြီးနောက် ဟတ်ဒ်ဒေ သရခွတ်ဆ် အပြင်သွားလျင် နမာဇ် ကဆ်ရ် ဖြစ်ပါသည်။သို့ သော် အချိုံ ပညာရှင်များ အနေဖြင့် နေ့ တွင် တစ်နာရီ နှစ်ရီ ဟတ်ဒ်ဒေ သရခွတ်ဆ် အပြင် ထွက်ခြင်း သို့မဟုတ် ဆယ်ရက်အတွင်း နာရီအချို့ သွားခြင်းသည် ပိုင်သည်ဟု ဆိုကြပါတယ်။ အချို့အနေဖြင့် သတ်မှတ် စံနှုန်း ကို အိုရ်ဖ် (သက်ဆိုင်ရာ ဒေသ သို့မဟုတ်နေရာ ၏ အများလက်ခံထားချက်) အရ ပြုကြပါတယ်။

ကျမ်းကိုးများ (မူရင်းဘာသာဖြင့်)

  • بنی‌هاشمی خمینی، محمدحسن، رساله توضیح المسائل مراجع، قم، دفتر انتشارات اسلامی جامعه مدرسین حوزه علمیه قم، بی‌تا.
  • «تابلوی حد ترخص در ۵ محور قم نصب نشده است»، خبرگزاری مهر، درج مطلب ۳ آذر ۱۳۹۷ش، مشاهده ۱ اسفند ۱۴۰۱ش.
  • حر عاملی، محمد بن حسن، وسايل الشیعه، قم، مؤسسه آل البیت لاحیا التراث، ۱۴۱۶ق.
  • طباطبایی یزدی، سید محمدکاظم، العروه الوثقی مع تعلیقات عده من الفقهاء‌ العظام، قم، مؤسسة النشر الاسلامی، ۱۴۲۰ق.
  • مؤسسه دایرة المعارف فقه اسلامی، فرهنگ فقه مطابق مذهب اهل‌بیت علیهم‌السلام، تحت اشراف سید محمود هاشمی شاهرودی، قم، ۱۳۹۰ش.
  • https://fa.wikishia.net/view/%D8%AD%D8%AF_%D8%AA%D8%B1%D8%AE%D8%B5

****************************************************************

END / 251