၂၇ ဇွန် ၂၀၂၃ - ၀၆:၄၁
ဘာရိန်း နိုင်ငံ သား ရှီအဟ် အာလင်မ် တစ်ပါး အား မက္ကာဟ် မြို့တော် တွင် အေမာမ်ဇမာန်း (အ.ဂျ) အတွက် ဒို အာ ဖတ်သည့် အတွက်ကြောင့် ဖမ်းဆီး

ဆော်ဒီအစိုးရက ဟွတ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်ခ် ဂျမီးလ်လိုလ်ဘာကဲရ်ရီ အား ဟဂျ် ဆိုင်ရာ ကျင့်စဥ်များ ကို ပြုလုပ်ဆောင်ရွက်နေချိန် တွင် ဖမ်းဆီး ခဲ့ကြောင်း သိရှိ ခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘာရိန်း နိုင်ငံရေး ပါတီ ဖြစ်သည့် ဖေဖော်ဝါရီ ၁၄ ရက် တော်လှန်ရေး  မှ ဆော်ဒီအစိုးရက ဘာရိန်း နိုင်ငံသား ဟွတ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်ခ် ဂျမီးလ်လိုလ်ဘာကဲရ်ရီ အား ဟဂျ် ဆိုင်ရာ ကျင့်စဥ်များ ကို ပြုလုပ်ဆောင်ရွက်နေချိန် တွင် ဖမ်းဆီး သွားခဲ့ကြောင်း သတင်း ပေးခဲ့ပါတယ်။

ဘာရိန်း နိုင်ငံရေး ပါတီ ဖြစ်သည့် ဖေဖော်ဝါရီ ၁၄ ရက် တော်လှန်ရေး  မှ မိမိ၏ ဝဘ်ဆိုဒ် တွင် ဟွတ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်ခ် ဂျမီးလ်လိုလ်ဘာကဲရ်ရီ  မတ်စဂျစ်ဒ် ဒိုဟရာမ် (ကအ်ဗဟ် ဝတ်ကျောင်း‌တော် ) တွင် အေမာမ် ဇမာန်း (အ.ဂျ) ၏ စလမသ်သီ (ကျန်းမာရေး) အတွက် ဒိုအာ ဖတ်နေသည့် ဗီဒီယို ဖိုင့်ကို အပ်လုဒ် လုပ်ပြီးနောက် မက္ကာဟ် မြို့ ရှိ ၎င်းနားနေသည့် နေရာ တွင် ဖမ်းဆီး ခံခဲ့ရ ခြင်း ဖြစ်ကြောင်း ရေးသားထားပါတယ်။

ဆော်ဒီအစိုးရသည် လက်ဘနွန်မှ လူငယ် ဟိုင်ဒဲရ် စလင်းမ် အား ယမန်နှစ် ဟဂျ် ကာလအတွင်း အေမာမ် ဇမာန်း (အ.ဂျ) အတွက်ဒိုအာ ရွတ်ဆိုမှုအတွက် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ကြောင်း မှတ်သားရမည် ဖြစ်ပါ တယ်။

အေမာမ်ဇမာန်း (အ.ဂျ) ၏ ရန်သူ တိုင်း ဖျက်စီးပြီး လအ်နသ် ကြိမ်ဖန်များစွာ ကြရောက်ပါစေ ။

****************************************************************

END / 251