၁၀ ဇူလိုင် ၂၀၂၃ - ၂၀:၀၀
အီရန် ၏ တိုက်ခိုက်ရေး ရဟတ်ယာဉ်များတွင် အီလက်ထရွန်းနစ် စစ်ဆင်ရေး စွမ်းရည်များ တပ်ဆင် ထား

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ တပ်မတော် ကြီး ၏ လေကြောင်း တိုက်ခိုက်ရေး ရဟတ်ယာဉ် တွေမှာ အီလက်ထရွန်းနစ် စစ်ဆင်ရေး စွမ်းရည်များ တင်ဆင်ထားကြောင်းသိရှီရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၏ သတင်း အချက်အလက်များ အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ လေကြောင်းတပ် ၏ ဗိုလ်ချုပ်ကြီး ယူစွဖ်ကုရ်ဘာနီ မှ ဝေဟင်ရှိ ရဟတ် ယာဉ်များသည် စစ်မြေပြင်ရှိ ရန်သူရဟတ်ယာဉ်များ၏ စနစ်များကို ဟန့်တားရန်အတွက် ခေတ်မီသော စနစ်များ တပ်ဆင်ထားကြောင်း ပြောကြားခဲ့ပါတယ်။
ရန်သူရဟတ်ယာဉ်များကို ဤစနစ်များမှတစ်ဆင့် သတင်းမှားပေးခြင်းဖြင့် လှည့်စားနိုင်ကြောင်း ဗိုလ်ချုပ်ကြီး ယူစွဖ်ကုရ်ဘာနီ မှ ပြောကြားခဲ့ပါတယ်။ Cobra တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အပါအဝင် Airwing ရဟတ်ယာဉ်များ အားလုံးကို ဤ အီလက်ထရွန်းနစ် စနစ်များ တပ်ဆင်ထားကြောင်း အီရန် တပ်မတော် လေကြောင်း ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့ပါတယ်။
အစောပိုင်းက ရဟတ်ယာဉ်များပေါ်တွင် တပ်ဆင်ထားသော ရေဒါစနစ်များကို စစ်တပ်ပြပွဲတစ်ခုတွင် ပြသခဲ့သော် လည်း အသေးစိတ်အချက်အလက်များကို ထိုအချိန်က လူသိရှင်ကြား မထုတ်ပြန်ခဲ့ကြောင်း သိရှီခဲ့ရပါ တယ်။
အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတ နိုင်ငံ  ကြည ၏ လက်နက်ကိုင်တပ်ဖွဲ့များ လိုအပ်သော အရင်းအမြစ်များနှင့် လက်နက် အများစုကို နိုင်ငံအတွင်း ထုတ်လုပ်လျက်ရှိပြီး ယင်းရလဒ်ကြောင့် အီရန်သည် ဒေသတွင်း အာဏာချိန်ခွင်လျှာကို ၎င်း၏မျက်နှာသာဖြင့် လှည့်ပတ်သွားကြောင်း သတိပြုသင့်ပါတယ်။
****************************************************************
END / 251