၂၀ ဇူလိုင် ၂၀၂၃ - ၁၀:၀၈
အာယာသွလ္လာဟ် ရမ်တွာန် နီ နှင့် အတူ မဂျ်မအ် ၏ အရှေ့တောင် အာရှ ဒေသဆိုင်ရာ စည်းဝေးပွဲ ဒုတိယ အကြိမ်မြောက်ကျင်းပ + ဓာတ်ပုံများ

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏အရှေ့တောင် အာရှ ဒေသဆိုင်ရာ စည်းဝေးပွဲ ဒုတိယ အကြိမ်မြောက် အား မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရမ်တွာန်နီ ၏ ရှေ့မှောက်တွင် ကျင်းပ ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏အရှေ့တောင် အာရှ ဒေသဆိုင်ရာ စည်းဝေးပွဲ ဒုတိယ အကြိမ်မြောက် အား မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ်  ရမ်တွာန်နီ   ၏ ရှေ့မှောက်တွင် ဇူလိုင်လ ၁၉ရက်နေ့ ခရစ် သက္ကရာဇ် ၂၀၂၃ခုနှစ် အင်္ဂါနေ့ တွင် ကျင်းပခဲ့ပါတယ်။

ထိုင်း၊မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ဘာသာရေး နှင့် တရားဟောစင်တာများမှ ကိုယ်စားလှယ်တော်များ နှင့် ဦးဆောင်သူ များ   ၁၄ ဦး ပါဝင် တက်ရောက်ခဲ့ကြပါတယ်။

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ်  ရမ်တွာန်နီ   ၏ ရှေ့မှောက်တွင် ကျင်းပသည့် ဤ အစည်းအဝေး တွင် မုဟရမ် လတွင် မည်သို့ မည်ပုံ ပြုလုပ်                          အကျိုးပြရမည့်အကြောင်း ကို  အာယာသွလ္လာဟ် ရမ်တွာန်နီမှာ မိန့်မှာ ကြားခဲ့ပါတယ်။ အာယာသွလ္လာဟ် ရမ်တွာန်နီမိန့်မှာချက်များတွင် သက်ဆိုင်ရာနိုင်ငံ ရှိ ကိုယ်စားလှယ်များ အနေ ဖြင့် ဒေသဆိုင်ရာ အားလုံးနီးပါး ကို ပါဝင် အောင် ကြိုးစားရန် လည်း ပါဝင်ကြောင်း သိရှိရပါတယ်။

အစည်းအဝေးသို့ တက်ရောက်လာကြသည့် အဖွဲ့ဝင်များအားလုံးသည် ၎င်းတို့၏ သဘောထားအမြင်များနှင့် အကြံပြုချက်များကို ထုတ်ပြန်ကြေညာပြီး ဤဒေသဆိုင်ရာ စည်းဝေးပွဲ၏ တက်ကြွမှုအပေါ် အလေးပေးကာ ထိုင်း၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့မှ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးတွင် အများဆုံးလွမ်းခြုံနိုင်သည့်  သာသာရေး ယဥ်ကျေးမှု နှင့် တိုးတက် မြှင့်တင်ရေးဆိုင်ရာ ပေါင်းစပ်စီမံခန့်ခွဲမှုကို သဘောတူညီခဲ့ကြပါတယ်။

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အရှေ့တောင် အာရှ ဒေသဆိုင်ရာ စည်းဝေးပွဲ ဒုတိယ အကြိမ်မြောက် အား မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အထွေထွေဌာန၏ ကြိုးပမ်းမှုဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ပြီး မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အပြည်ပြည်ဆိုင်ရာ ဌာန ၏  ဥက္ကဋ္ဌ  အဗ်ဒိုလ်ရ်ရေဇာ ရာရှစ်ဒ် လည်း ပါဝင် တက်ရောက်ခဲ့ ကြောင်းသိရှိ ရပါတယ်။


****************************************************************

END / 251