အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန (ခ) အဗ်နာ သတင်းဌာန ၏ အုပ်ထိန်းသူအကြီးအကဲ ဟစန် ဆဒရာယီ နှင့် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အဓိပတိကောင်စီ ဥက္ကဋ္ဌ နှင့် အပြည်ပြည်ဆိုင်ရာ အာရှုရာ ဖောင်ဒေးရှင်း ၏ စီအီးအို ဖြစ်သူ ဟဇရသ် အာယာသွလ္လာဟ် မိုဟမ္မဒ်ဟစန် အက်ခ်သရီ တွေ့ဆုံ ခဲ့ကြပါတယ်။
ဟဇရသ် အာယာသွလ္လာဟ် အက်ခါသရီ မှ အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန (ခ) အဗ်နာ လုပ်ဖော် ကိုင်ဖက်များ နှင့် အဲဟ်လေ့ဘိုက်(သ) အစ်ဆ်မသ် ဝသွဟာရသ် (အလိုင်ဟေမွစ်စလာမ်)အား အချစ်မေတ္တာ ထားသူများ ကို မုဟရမ် လ အတွက် ဝမ်းနည်းကြေကွဲကြောင်းမိန့်ကြားပြီး အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေ မွစ်စလာမ်) သတင်းဌာန (ခ) အဗ်နာ သတင်းဌာန ၏ အုပ်ထိန်းသူအကြီးအကဲ ဟစန် ဆဒရာယီ ၏ အပြည်ပြည်ဆိုင်ရာ အာရှုရာ ဖောင်ဒေးရှင်းသို့ ကြွရောက်လာမှုအား ကြိုဆိုကြောင်း မိန့်ကြားခဲ့ပါတယ်။
ဆက်လက်ပြီး အာယာသွလ္လာဟ် မှ အပြည်ပြည်ဆိုင်ရာ အာရှုရာ ဖောင်ဒေးရှင်း သည် အာရှုရာ တော်လှန်ရေး တွင် အောမ်ဟိုစိုင်းန် (အ.စ) လှုပ်ရှား မှု ဆိုင်ရာ သတင်း စကားများကို ကမ္ဘာနှင့်အဝှမ်း သို့ ရောက်ရှိရန် လုပ်ဆောင် ပေးနေသည့် စင်တာ ဖြစ်ကြောင်း အဗ်နာသတင်းဌာန ၏ အုပ်ထိန်းသူအကြီးအကဲအား အောင်မြင်စေရန် ဆုမွန်ကောင်း တောင်းကြောင်း ထို့အပြင် ဤဆွေးနွေးပွဲနှင့် တွေ့ဆုံမှုသည် နိုင်ငံတကာ အဆင့်တွင် ကျယ်ပြန့်ပြီး ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံတစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ပါ ကြောင်း မိန့်ကြားခဲ့ ပါတယ်။
ဟဇရသ် အာယာသွလ္လာဟ် မိုဟမ္မဒ်ဟစန် အက်ခ်သရီ မှ မီဒီယာလုပ်ငန်းသည် လွယ်ကူသည်မဟုတ်ကြောင်းနှင့် ပံ့ပိုးကူညီမှုများ လိုအပ်ကြောင်း မိန့်ကြားရင်း ဤအဗ်နာ သတင်းဌာနသည် အရေးကြီးသောသတင်းများပေးပို့နိုင် ရန် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များထားရှိသင့်ပြီး အဗ်နာ၏ လုပ်ဆောင်ချက်များသည် တစ်နေ့ထက်တစ်နေ့ တိုးတက်ကောင်းမွန်လာစေရန် သင့်လျော်ကြောင်း မိန့်ကြားခဲ့ပါတယ်။
အဗ်နာသတင်းဌာန သည် “ သတင်းနှင့် ဖြစ်ရပ်များကို ခွဲခြမ်းစိတ်ဖြာခြင်း” နှင့် “ အရေးကြီးပုဂ္ဂိုလ်များ နှင့် အင်တာဗျူး များ “ အခြား အကြောင်း အရာ အမျိုးမျိုး ကို ဘာသာစကား မျိုးစုံ ဖြင့် ဘာသာပြန် ပေးရန် တာဝန် ဖြစ်ကြောင်း မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရမ်တွာန်နီ အဗ်နာ သတင်းဌာန ၊ ဝီကီ ရှီအဟ် နှင့် စကလိုင်း ရုပ်မြင်သံကြား ပတ်သက်သည့် တင်ပြချက်သည် ကောင်းမွန်သည့်တိုးပွားမှု အတွက် စိတ်ကူး ရှိသည် ကို ပြသနေကြောင်း မိန့်ကြားခဲ့ပါတယ်။
ပြီးနောက် အဗ်နာသတင်းဌာန ၏ အုပ်ထိန်းသူအကြီးအကဲ ဟစန် ဆဒရာယီ အား ခွန်အား နှင့် ယုံကြည်မှုဖြင့် အဗ်နာ သတင်းဌာန တိုးပွား တိုးတက်လာ စေရန်ကြိုးပမ်းရမည်ဖြစ်ကြောင်း ၊ အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေ မွစ်စလာမ်) ၏ နောက်လိုက်နောက်သား များနှင့် လိုက်လျောညီထွေမှု နှင့် ခိုင်မာအားကောင်းမှုကို ဖြစ်စေသော အကြံဥာဏ်တိုင်းကို အကောင်အထည်ဖော်ရမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
နှင့် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အဓိပတိကောင်စီ ဥက္ကဋ္ဌ နှင့် အပြည်ပြည်ဆိုင်ရာ အာရှုရာ ဖောင်ဒေးရှင်း ၏ စီအီးအို ဖြစ်သူ ဟဇရသ် အာယာသွလ္လာဟ် မိုဟမ္မဒ်ဟစန် အက်ခ်သရီ မှ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) အဖွဲ့ဝင်များ နှင့် အဆက်အသွယ်ရှိနေသည့် အဖွဲ့အစည်းများ အားလုံး ထံ ဤနှစ် အာရှုရာ ဆိုင်လှုပ်ရှားမှုများ ပမာအားဖြင့် ဓာတ်ပုံများ ၊ ဗီဒီယိုများဆောင်းပါးများ အထူးကဏ္ဍ များအဖြစ် ပြုလုပ်ထားသည့် ဒီဇိုင်းများကို အပြည်ပြည်ဆိုင်ရာ အာရှုရာ ဖောင်ဒေးရှင်း သို့ ပိုပေးရန် မေတ္တာ ရပ်ခံကြောင်း မိန့်ကြားခဲ့ပါတယ်။
ပြီးနောက် ဟဇရသ် အာယာသွလ္လာဟ် မိုဟမ္မဒ်ဟစန် အက်ခ်သရီ သာသနာ့ ကျောင်းသားဘဝမှယနေ့ထိ လှုပ်ရှားမှုများ သည် ဝလီယေဖကီဟ် ၏ ဆိုဆုံးမ ချက်များ အတိုင်း ဖြစ်ကြောင်း စသည်ဖြင့်မိန့်ကြားခဲ့ပါတယ်။
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန (ခ) အဗ်နာ သတင်းဌာန ၏ အုပ်ထိန်းသူအကြီးအကဲ ဟစန် ဆဒရာယီ မှလည်း ဤ တြွေဆုံ မှု အတွက် ကျေးဇူးတင်ရှိ ကြောင်းပြောကြားရင်း အဗ်နာသတင်းဌာန ၏ မကြာသေးမီလများအတွင်း ဆောင်ရွက်ခဲ့သော လုပ်ဆောင်ချက်အချို့ နှင့် လာမည့်အစီအစဉ်များဆိုင်ရာ အစီရင်ခံစာကို တင်ပြခဲ့ပါတယ်။
****************************************************************
END / 251