၄ ဩဂုတ် ၂၀၂၃ - ၂၀:၁၇
မြင်းခြံတွင် ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာမှာ ဒီနေ့ သြဂုတ် ၄ ရက် မနက် ၇ နာရီခွဲက ကျေးရွာ ကြံ့ခိုင်ရေးပါတီ ကော်မတီဝင်တဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာမှာ ဒီနေ့ သြဂုတ် ၄ ရက် မနက် ၇ နာရီခွဲက ကျေးရွာ ကြံ့ခိုင်ရေးပါတီ ကော်မတီဝင်တဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ညောင်ဝန်းကျေးရွာကနေ နဘူးအိုင်ကျေးရွာကို ဆိုင်ကယ်နဲ့ စျေးသွားဝယ်စဥ် အနောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“သေတဲ့သူက ညောင်ဝန်းရွာက ပြည်ခိုင်ဖြိုး ရပ်ကျေးကော်မတီဝင်၊ ခေါင်းကိုထိသွားတာ၊ စစ်တပ်က ဆေးရုံကိုပို့လိုက်တယ်။”

သေနတ်နဲ့ပစ်ခတ်ခံရသူမှာ ညောင်ဝန်းကျေးရွာနေ ဦးတင့်နိုင် ဆိုသူဖြစ်ပြီး ကြံ့ခိုင်ရေးပါတီဝင်တယောက်ဖြစ်သလို ပြည်သူ့စစ် ဌာနေအဖွဲ့ဝင်တဦးလည်းဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“အခုရက်ပိုင်း ပစ်ခတ်ခံရတာတွေ ခဏခဏဖြစ်နေလို့ ပြည်ခိုင်ဖြိုးပါတီဝင်တွေရော အုပ်ချုပ်ရေးပိုင်းရော မှာထားတယ်၊ အခုအပစ်ခံရတဲ့သူက မြို့နယ်ပြည်သူ့စစ်အဖွဲ့မှာ ပါတယ်။”

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်ကလည်း မြင်းခြံမြို့နယ် သင်ပြွန်းကျေးရွာနဲ့ ကျီးပင်ကန်ကျေးရွာသွား လမ်းဘေးရှိ သရက်ခြံအတွင်းမှာ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

****************************************************************
END / 251